သွေးပြန်ကြော သွေးမခဲစေဖို့ ဘာတွေ စားကြမလဲ။
လှုပ်ရှားမှုနည်းတဲ့အခါ၊ သွေးပျစ်တဲ့အခါ၊ ဆဲလ်တွေ ရောင်ရမ်းတဲ့အခါ သွေးပြန်ကြော မှာ သွေးခဲတတ်ပါတယ်။ အထူးသဖြင့် ခြေထောက်သွေးပြန်ကြောတွေမှာပါ။ ဒီသွေးခဲတွေက မတော်တဆ ပြုတ်ထွက်သွားတဲ့အခါ ခန္ဓာကိုယ်ရဲ့ နေရာအနှံ့မှာ ပိတ်ဆို့နိုင်ပါတယ်။ အဆိုးဆုံးကတော့ အဆုတ်သွေးကြောမှာ သွားပိတ်ပြီး လူကို အန္တရာယ်ဖြစ်စေနိုင်တာပါပဲ။ ဒါ့ပြင် ခုလိုမျိုး ကိုဗစ်အဖြစ်များတဲ့ ကာလမှာ ကိုဗစ်ကြောင့် သွေးပြန်ကြောတွေ သွေးခဲတာကို မကြာခဏ ကြားနေရပါတယ်။ ဒါကြောင့် ကိုဗစ်လူနာတွေမှာ သွေးပြန်ကြောသွေးခဲတာကို ကာကွယ်ဖို့ ဘာတွေကျွေးကြမလဲ။ သွေးပြန်ကြော သွေးမခဲစေဖို့ စားရမယ့် အစားအစာများ သွေးပြန်ကြော သွေးခဲတာကို ကာကွယ်ပေးနိုင်တဲ့ အစားအစာတွေက ထူးထူးခြားခြားတွေတော့ မဟုတ်ပါဘူး။ အရင်စားနေကြ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေပါပဲ။ ဒါတွေကတော့ ငါး ကြက်သား အသီးအနှံ ဟင်းသီးဟင်းရွက် အစေ့အဆန် အခွံမာအသီး ပဲ ကြက်သွန်ဖြူ ကျန်းမာစေတဲ့ […]