– အသက်ငယ်လွန်းခြင်း၊ ကြီးလွန်းခြင်း
– ကိုယ်ခံစွမ်းအားလျော့နည်းသော ပြဿနာများရှိနေခြင်း (ဥပမာ AIDS၊ သွေးကင်ဆာ ရောဂါများ ခံစားနေရခြင်း)
– ဆီးပိုက်ထည့်ထားခြင်း၊ သွေးကြောအတွင်း ဆေးထိုးရန် ပိုက်ပြွန်များ ချိတ်ထားခြင်း
– အသက်ရှူစက်ကိရိယာတပ်ထားခြင်း စတာတွေဖြစ်ပါတယ်။
သွေးဆိပ်တက်တဲ့ လက္ခဏာတွေဟာ မြန်ဆန်စွာ ပေါ်လာတတ်ပါတယ်။ ထိခိုက်ဒဏ်ရာရခြင်း၊ ခွဲစိတ်မှုခံယူခြင်း၊ အခြား ရောဂါကူးစက်မုတခုခုဖြစ်ပွားခြင်း စတဲ့အခြေအနေတွေ ကြုံရပြီးတဲ့နောက်မှာ လူနာဟာ အလွန်အမင်း နေထိုင်မကောင်းဖြစ်သွားပါတယ်။ ပြလာတတ်တဲ့လက္ခဏာတွေကတော့
– ချမ်းတုန်ခြင်း
– အဖျားတက်ခြင်း
– အသက်ရှူမြန်ခြင်း
– နှလုံးခုန်မြန်ခြင်း စတာတွေ ဖြစ်ပါတယ်။
ဒီထက်ပိုဆိုးလာတဲ့ အခြေအနေမှာတော့
– အာရုံရှုပ်ထွေးခြင်း
– ပျို့အန်ခြင်း
– ဆီးနည်းသွားခြင်း
– အရေပြားပေါ် အနီစက်များပေါ်လာခြင်း
– သွေးလည်ပတ်မှုမကောင်းခြင်း
– သွေးလန့်ခြင်း စတာတွေ ကြုံလာရပါတယ်။
ဘယ်လိုကုသမလဲ
သွေးဆိပ်တက်တဲ့အခြေအနေဟာ ကိုယ်ခန္ဓာတခုလုံးကို ရောဂါပိုးပျံ့နှံ့စပြုတဲ့ အခြေအနေဖြစ်တာကြောင့် အရေးပေါ်ကုသမှု ခံယူဖို့ လိုအပ်ပါတယ်။ ဆေးရုံတက်ပြီး ကုသမှုခံယူရမယ့် အခြေအနေ ဖြစ်ပါတယ်။
ပဋိဇီဝဆေးများပေးခြင်း၊ အရည်ဓာတ်များ ဖြည့်သွင်းကုသခြင်း၊ လိုအပ်ပါက အောက်ဆီဂျင်ပေးခြင်း စတဲ့နည်းလမ်းတွေနဲ့ ဆရာဝန်နဲ့သူနာပြုများက အခြေအနေပေါ်မူတည်ပြီး ကုသပါလိမ့်မယ်။ ဆရာဝန်နဲ့ နားလည်တတ်ကျွမ်းသူများရဲ့ ညွှန်ကြားချက်တွေကို အတိအကျ လိုက်နာပေးဖို့ပဲ ဖြစ်ပါတယ်။
သွေးဆိပ်တက်ခြင်းဟာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ ပြဿနာဖြစ်ပါတယ်။ ဒါကြောင့် ထိခိုက်ဒဏ်ရာ ရရှိရင်၊ ရောဂါပိုးတမျိုးမျိုးဝင်ရောက်တဲ့ လက္ခဏာပြနေရင် ဆရာဝန် ဒါမှမဟုတ် နားလည်တတ်ကျွမ်းသူတွေနဲ့ တိုင်ပင်ပြသသင့်ပါတယ်။ အထူးသဖြင့် ကိုယ်ခံစွမ်းအားနည်းပါးသူတွေမှာ ပိုမိုဂရိုစိုက်သင့်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။