ဘာတွေ ရှောင်ရမလဲ။
ရောင်ရမ်းမှုတွေက နောက်ပိုင်းမှာ ဆဲလ်တွေ ပျက်စီးတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ ဒါ့ပြင် တချို့သော အစားအစာတွေက ဆဲလ်တွေ ရောင်ရမ်းတာ၊ ဓာတ်တိုးပျက်စီးတာကို အားပေးတဲ့အတွက် ဒါတွေကို တတ်နိုင်သမျှရှောင်သင့်ပါတယ်။
သွေးပြန်ကြော သွေးမခဲစေဖို့ ရှောင်ရမယ့် အစားအစာတွေကတော့
- ဖြူနေအောင် ဖွပ်ထားတဲ့ ဆန်တွေ၊ ပေါင်မုန့်၊ ခရက်ကာ၊ အာလူးကြော်၊ အချိုထည့်ထားတဲ့ ဆီရီယယ်၊ အသင့်စားအစားအစာတွေ (ဒါတွေက နေ့စဉ်စားနေကြအစားအစာတွေ ဖြစ်တဲ့အတွက် လုံးဝမရှောင်နိုင်သေးရင်တောင် လျှော့စားဖို့ အကြံပေးလိုပါတယ်။)
- ဆိုဒါနဲ့ အချိုရည်တွေ
- သကြားလုံး
- မာဂျရင်းလို အသွင်ပြောင်းဆီတွေ
- အဆီများတဲ့ အနီရောင်အသားတွေ၊ ကြာရှည်ခံအောင် ပြုပြင်ထားတဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။
ဆားစားတာ များလေလေ၊ သွေးတိုးလေလေ၊ ကိုယ်ထဲမှာ အရည်တွေ များလေလေပါပဲ။ ဒီအရည်တွေကို ညှစ်ထုတ်ရတဲ့ နှလုံးလည်း ဖိအားပိုများလားပြီး သွေးစီးနှေးတာ၊ ခဲတာတွေ ဖြစ်လာပါတယ်။
ဒါကြောင့် ဆားပါဝင်မှု များတဲ့ အသင့်စားအစားအစာတွေကို တတ်နိုင်သမျှရှောင်ပါ။ လူတစ်ယောက်က တစ်နေ့ကို ဆား လက်ဖက်ရည်ဇွန်း ၁ဇွန်းထက် ပိုမစားသင့်ပါဘူး။ ဒီလိုဆိုလို့ ဆားလုံးဝမစားရတာတော့ မဟုတ်ပါဘူး။ ဟင်းချက်တဲ့အခါ သတိထားဖို့ရယ်၊ ပြင်ပအစားအစာတွေက ဆားပါဝင်နှုန်းတွေကို သတိထားဖို့ အဓိက ပြောချင်တာပဲ ဖြစ်ပါတယ်။
ဝိုင်တစ်ခွက်လောက်ဆို သွေးကျဲပြီး နှလုံးကို ကောင်းစေပေမယ့် တစ်နေ့ကို အရက် ၂ servingsထက် ပိုသောက်မယ်ဆိုရင်တော့ သွေးဥမွှားတွေ များပြီး သွေးခဲဖြစ်နိုင်ခြေ များလာပါလိမ့်မယ်။
(၁ serving = ဘီယာ ၁၂အောင်စ၊ ၁ပုလင်းနီးပါး =ဝိုင် ၅အောင်စ = အရက် ၁အောင်စခွဲ၊ 1 shot)
ဒါ့ပြင် အရက်က သွေးကျဲဆေးတွေရဲ့ အာနိသင်ကို ထိခိုက်တာကြောင့် ဆေးသောက်ရမယ်ဆို ဆရာဝန်ကို အရက်သောက်တတ်တဲ့အကြောင်း ပြောပြပါ။
သွေးပြန်ကြော သွေးခဲတာက အခန့်မသင့်ရင် အသက်အန္တရာယ်ရှိနိုင်တာကြောင့် စားသောက်မှုပုံစံ ပြောင်းလဲပြီး ကြိုတင်ကာကွယ်ထားသင့်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။