ဂရိတ်ဖရုစ် ဂရိတ်ဖရုစ်မှာ သားအိမ်ခေါင်း ကျန်းမာရေးကို ထောက်ကူပေးနိုင်တဲ့ lycopene ပါဝင်နေပါတယ်။ ဂရိတ်ဖရုစ်ထဲမှာ ကာရိုတီးနွိုက်နွယ်ဝင် ဘီတာကယ်လ်ရိုတင်း ပါဝင်နေပါတယ်။ ဒီအာဟာရဓာတ်က သားအိမ်ခေါင်းကင်ဆာ ဖြစ်စေနိုင်တဲ့ HPV ကူးစက်မှုကို ကုသရာမှာလည်း အသုံးပြုကြပါတယ်။ ဒါကြောင့် သားအိမ်ခေါင်း ကျန်းမာစေဖို့ဆိုရင် ပန်းရောင်သမ်းနေတဲ့ ဂရိတ်ဖရုစ်စားပေးလို့ ရပါတယ်။
ခရမ်းချဉ်သီးမှာ သားအိမ်ခေါင်း ကျန်းမာရေးကို ထောက်ကူပေးနိုင်တဲ့ lycopene ပါဝင်နေပါတယ်။ အကြောင်းကတော့ ခရမ်းချဉ်သီးမှာ ကာရိုတီးနွိုက်နွယ်ဝင် ဘီတာကယ်လ်ရိုတင်း ပါဝင်နေတာကြောင့်ပါ။ ဒီအာဟာရဓာတ်က သားအိမ်ခေါင်းကင်ဆာ ဖြစ်စေနိုင်တဲ့ HPV ကူးစက်မှုကို ကုသရာမှာလည်း အသုံးပြုကြပါတယ်။ ဒါကြောင့် သားအိမ်ခေါင်း ကျန်းမာစေဖို့ဆိုရင် ခရမ်းချဉ်သီးကို စားပေးလို့ ရပါတယ်။
ဖောလိတ်လို့ သိကြတဲ့ ဗီတာမင် B9 ပါဝင်နေတဲ့ ပန်းဂေါ်ဖီစိမ်းက မျိုးဆက်ပွားစနစ်ကို ကျန်းမာစေဖို့ ထောက်ကူပေးသလို သားအိမ်ခေါင်း ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် သားအိမ်ခေါင်း ကျန်းမာစေဖို့ဆိုရင် ပန်းဂေါ်ဖီစိမ်းကို စားပေးလို့ ရပါတယ်။
ငရုတ်ပွမှာ ဗီတာမင် C ပါဝင်နေတာကြောင့် အအေးမိတာကို တိုက်ဖျက်ပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒါ့အပြင် ဗီတာမင် C ကြွယ်ဝတာက သားအိမ်ခေါင်းကို ကျန်းမာစေသလို သားအိမ်ခေါင်းကင်ဆာ ဖြစ်စေနိုင်တဲ့ HPV ဗိုင်းရပ်စ်ကို အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် သားအိမ်ခေါင်း ကျန်းမာစေဖို့ဆိုရင် ငရုတ်ပွကို စားပေးလို့ ရပါတယ်။
ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ဖြစ်ကြတဲ့ ဗီတာမင် C နဲ့ ဗီတာမင် E တို့ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ခန္ဓာကိုယ်ကို သန်စွမ်းကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဟင်းနုနွယ်မှာ အမျိုးသမီးတွေ ကျန်းမာရေးကို ထောက်ကူပေးနိုင်တဲ့ အာဟာရဓာတ်တွေ များစွာ ပါဝင်နေပါတယ်။ ဒါကြောင့် သားအိမ်ခေါင်း ကျန်းမာစေဖို့ဆိုရင် ဟင်းနုနွယ်ရွက်ကို စားပေးဖို့ အကြံပြုပါရစေ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။