အမျိုးသမီး ကျန်းမာရေး

အမျိုးသမီးတွေ ဘဝတလျှောက်မှာ ကျန်းမာနေစေဖို့ မှန်ကန်တဲ့ ကျန်းမာရေးအချက်အလက်တွေ သိထားဖို့ လိုပါတယ်။ ဒါမှ အမျိုးသမီးတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် အဖြစ်များတဲ့ ရောဂါတွေ (ဥပမာ ပိုးဝင်တာ၊ ဟော်မုန်းမမျှတတာ၊ အကျိတ်ဖြစ်တာ)ကနေ ကာကွယ်နိုင်မှာပါ။ ဒီစာမျက်နှာမှာ အပျိုဖော်ဝင်ချိန်ကစလို့ သွေးဆုံးသည်အထိ လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသမီး ကျန်းမာရေး

လေဒီလေးတွေမှာ ဆီးခုံမွေးတွေ ဖြူလာရတာ ဘာကြောင့်များဖြစ်မလဲ!

ရေချိုးဖို့ လုပ်ရင်းဖြစ်ဖြစ်၊ ရေအိမ်သွားရင်းဖြစ်ဖြစ် ရုတ်တရက်ကြည့်လိုက်ချိန်မှာ ဆီးခုံမွေးတွေ ဖြူနေတာ တွေ့လို့ လန့်များသွားပြီလား! ငါများ အရမ်းအိုနေပြီလား! ဘာကြောင့်များ ဆီးခုံမွေးတွေ ဖြူလာရတာလဲဆိုပြီး စဉ်းစားရခက်နေပြီဆိုရင်တော့ ဒီစာလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။ ကဲ …. လေဒီလေးတွေမှာ ဆီးခုံမွေးတွေ ဖြူလာရတာ ဘာကြောင့်များဖြစ်မလဲ! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ ဆီးခုံမွေးတွေ ဖြူလာတာက အသက်ကြီးလာလို့လား! ဆီးခုံမွေးတွေရဲ့ မွေးညှင်းပေါက်တွေမှာလည်း ဆံသားရဲ့ အမွေးအိတ်လေးတွေလိုပဲ ရောင်ခြယ်ပစ္စည်းလေးတွေ ရှိပါတယ်။ အသက်အရွယ် ရလာချိန်မှာ မွေးညှင်းအိတ်ထဲက ရောင်ခြယ် ပစ္စည်းလေးတွေ လျော့နည်းလာတာကြောင့် ဆီးခုံမွေးတွေက အရောင်ပြောင်းလာတာ၊ ဖြူလာတာမျိုးတွေ ရှိလာတာပါ။  ဒီလိုဆိုတာနဲ့ ဆီးခုံမွေးတွေ ဖြူလာတာက အသက်ကြီးလာလို့လားဆိုတော့ မဟုတ်ပါဘူး။ အရွယ်မတိုင်ခင် ဖြူတာလိုမျိုးလည်း ဖြစ်နိုင်တာပေါ့။ အသက်ကြီးလာမှ ဆီးခုံမွေးဖြူတာ မဟုတ်ဘဲ အခြားသော အကြောင်းအရင်းတွေကြောင့်လည်း ဆီးခုံမွေးတွေ […]

အမျိုးသမီး ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အမျိုးသမီး ကျန်းမာရေး ကို ရှာဖွေမည်။

မိန်းမကိုယ်ရောင်ရမ်းခြင်း

အဖြူဆင်းခြင်း

မိန်းမကိုယ်ကနေ အဖြူဆင်းခြင်း ပြဿနာဟာ မိန်းကလေးတိုင်းလိုလို ကြုံတွေ့ရတတ်တဲ့ အကြောင်းအရာတစ်ခုပါ။ အဖြူဆင်းခြင်းဟာ သာမန်အခြေအနေတစ်ခု ဖြစ်နိုင်သလို ရောဂါပိုးတစ်မျိုးမျိုး ကူးစက်သွားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ မှိုရောဂါနဲ့ ဘက်တီးရီးယားပိုးမွှားတွေကြောင့် ဖြစ်ရတဲ့ မိန်းမကိုယ် အရည်ဆင်းခြင်းတွေဟာ ပုံမှန်အဖြူဆင်းတဲ့ ပုံစံမျိုးနဲ့ ကွဲပြားပါတယ်။ အကယ်လို့ သင်ဟာ ပုံမှန်မဟုတ်ဘဲ အနံ့နံတဲ့ အဖြူဆင်းခြင်းမျိုးရှိနေပြီဆိုရင်တော့ ဆေးကုသမှုခံယူသင့်ပါပြီ။ အဖြူဆင်းခြင်း အဖြူဆင်းခြင်း အကြောင်းလေ့လာလိုက်ရအောင်နော်။ မိန်းမကိုယ်ကဆင်းတဲ့ အရည်အမျိုးအစားတွေကို ဖော်ပြပါမယ်။ အရောင်နဲ့ အပျစ်အကျဲပေါ် မူတည်ပြီး ခွဲခြားနိုင်ပါတယ်။ အချို့သော အဖြူဆင်းခြင်းတွေဟာတော့ ရောဂါပိုးကူးစက်ခြင်း ကြောင့်မဟုတ်ဘဲ အမျိုးသမီးသဘာဝပုံမှန်ဖြစ်စဉ်အနေနဲ့ ဆင်းခြင်းပါ။ အဖြူရောင်။  ။ လစဉ်ဓမ္မတာလာခါစနဲ့ သွေးဆုံးချိန်တွေမှာ အဖြူဆင်းတတ်ပါတယ်။ ဒါဟာ ပုံမှန်ပါပဲ။ သို့သော်လည်း မိန်းမကိုယ်ကနေ ယားယံလာမယ်၊ မလိုင်ခဲလိုမျိုး အနှစ်တွေပါ ဆင်းလာမယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသပါတော့။ မှိုရောဂါကူးစက်ခြင်းခံရတာကြောင့် ဖြစ်နိုင်ပါတယ်။ အရည်ကျဲကျဲနဲ့ […]


ရာသီလာခြင်း

သက်သာတာကိုမှ ကြိုက်တဲ့ လေဒီတို့အတွက် ရာသီဘောင်းဘီ

ဓမ္မတာလာတဲ့အခါ သုံးကြတဲ့ ပစ္စည်းအမျိုးမျိုးထဲကမှ ကိုယ်တို့လို ဟိုဟာလည်း လုပ်ရမှာပျင်း၊ ဒီဟာလည်း ချိန်ရမှာ ပျင်းနဲ့ အပျင်းတစ်တတ်တဲ့ လေဒီတို့အတွက် တအားအဆင်ပြေစေမယ့် ပစ္စည်းကတော့ Menstrual Pants လို့ခေါ်တဲ့ ရာသီလာရင်သုံးရတဲ့ အတွင်းခံ ဘောင်းဘီလေးပါပဲ။ (Period Panties မဟုတ်ဘူးနော်။) လေဒီတို့ မျက်စိထဲ မြင်အောင် ပြောရမယ်ဆိုရင် ဒါက ကလေးတွေကို ဝတ်ပေးတဲ့ ဒိုင်ပါလေးလိုပါပဲ။ လိုတဲ့အချိန်ဝတ်တယ်။ အချိန်ပြည့်သွားရင် ဖတ်ဆို ချွတ်ရင်ချွတ်၊ မချွတ်ရင် ဘေးက ဖြဲပြီး အွန့်ဆို လွှင့်ပစ်လိုက်ရုံပဲမို့ အချိန်ကုန်၊ စိတ်ပင်ပန်း အင်မတန် သက်သာသောပါပဲ။ ဒါဆို သူ ဘယ်လို အလုပ်လုပ်လဲ။ ကောင်းကျိုးတွေက ဘာတွေလဲ။ လေ့လာကြည့်ကြရအောင်။  ရာသီလာရင်သုံးရတဲ့ အတွင်းခံ ဘောင်းဘီလေးရဲ့ ကောင်းကျိုး ပုံမှန် Tampon နဲ့ M-cup […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

အမျိုးသမီးတိုင်း သိထားသင့်တဲ့ ကျန်းမာစွာ စားသောက်နည်းပုံစံ

နေ့စဉ် စားသုံးလိုက်တဲ့ အစားအစာ၊ သောက်သုံးလိုက်သမျှဟာ လက်ရှိ ကျန်းမာရေးကိုရော သက်ကြီးပိုင်းမှာပါ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ကျန်းမာတဲ့ အစားအစာတွေ ရွေးချယ်စားသုံးတာက ရောဂါတွေကို ကာကွယ်ရာ ရောက်သလို  ကျန်းမာရေးကို စောင့်ရှောက်ရာလည်း ကျပါတယ်။ လေ့လာမှုတွေအရ အမျိုးသမီးတွေ ကျန်းမာအောင် စားသုံးတာက ကိုယ်တိုင်ရော တစ်မိသားစုလုံးပါ ကျန်းမာစေဖို့ အထောက်အပံ့ ပေးနိုင်တယ်ဆိုတာပါ။ ဒီတော့ ကိုယ်တိုင်ရော မိသားစုတွေပါ ကျန်းမာစေဖို့ လေဒီတွေအနေနဲ့ ဘယ်လို ကျန်းမာအောင် စားသောက်နေထိုင်ရမလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ ကျန်းမာစွာ စားသောက်ခြင်းက ဘာတွေ အထောက်အကူပြုလို့လဲ........... ကျန်းမာစွာ စားသောက်တာက ခန္ဓာကိုယ်နဲ့ဦးနှောက်ကို အင်အားပြည့်စေတယ်။ တွေးတောဖို့ရော လှုပ်ရှားဖို့ပါ အင်အားပြည့်စေပါတယ်။ ကျန်းမာအသက်ရှည်စေဖို့ လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေကို ရရှိစေတယ်။ ဥပမာ သံဓာတ်က ကြွက်သားနဲ့ ကိုယ်တွင်းအင်္ဂါတွေဆီကို […]


မိန်းမကိုယ်ရောင်ရမ်းခြင်း

အသက်အရွယ်အလိုက် သိထားသင့်တဲ့ မိန်းမကိုယ်ကျန်းမာရေး

အသက်ကြီးလာတာနဲ့အမျှ ဟော်မုန်းအပြောင်းအလဲတွေဖြစ်ပြီး ကိုယ်တွင်းအင်္ဂါတွေ အားနည်းချို့ယွင်းလာနိုင်ပါတယ်။ ဒီလိုမျိုး ပြောင်းလဲတတ်တဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေထဲမှာ မိန်းမကိုယ် ယောနိ (Vagina) သည်လည်း တစ်ခုအပါအဝင်ပါပဲ။ ဒီဆောင်းပါးမှာတော့ ဘယ်အသက်အရွယ်မှာ မိန်းမကိုယ် ဘယ်လိုပြောင်းလဲသွားတတ်သလဲ၊ ဘာတွေကို ဂရုစိုက်ရမလဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ ကဲ .... အမျိုးသမီးတိုင်း သိထားသင့်တဲ့ အသက်အရွယ်အလိုက် သိထားသင့်တဲ့ မိန်းမကိုယ်ကျန်းမာရေး အကြောင်းလေး လေ့လာလိုက်ရအောင်နော်။ အသက်အရွယ်အလိုက် သိထားသင့်တဲ့ မိန်းမကိုယ်ကျန်းမာရေး မိန်းမကိုယ်ဆိုတာ အလွန်နူးညံ့တဲ့ တစ်ရှူးများဖြင့် ဖွဲ့စည်းထားတဲ့ လမ်းကြောင်းတစ်ခုဖြစ်ပါတယ်။ မိန်းမကိုယ်ရဲ့ထိပ်မှာ မမျိုးစေ့ (Clitoris)၊ မိန်းမကိုယ်နှုတ်ခမ်း (Labia) နဲ့ ဆီးခုံတို့ ပါဝင်ပါတယ်။ အတွင်းမှာရှိတဲ့ လမ်းကြောင်းသည် မိန်းမကိုယ်အပြင်ဘက်နဲ့ သားအိမ်ကို ဆက်စပ်ပေးထားပါတယ်။ အသက် ၂၀ အရွယ် မိန်းမကိုယ်ကျန်းမာရေး အသက်အရွယ်အားဖြင့် ကြည့်မယ်ဆိုရင် အမျိုးသမီးတစ်ယောက်ရဲ့ ပျိုမြစ်နုနယ်မှု၊ ကျန်းမာလန်းဆန်းမှု […]


ရာသီလာခြင်း

ရာသီသွေးမှာ သွေးတုံးသွေးခဲတွေ ပါနေတာ စိုးရိမ်စရာလား။

လစဉ်ရာသီလာရင်းနဲ့ ရုတ်တရက် ကိုယ့် padမှာ သွေးတုံးသွေးခဲတွေ တွေ့လိုက်ရတဲ့အခါ သိပ်လည်း လန့်မသွားပါနဲ့။ ဒါက ဖြစ်ရိုး ဖြစ်စဉ်ထဲက တစ်ခုပါ။ များသောအားဖြင့်တော့ ရာသီစလာလာချင်း ၁ရက် ၂ရက်မှာ သွေးဆင်းလည်း များတတ်သလို သွေးတုံးသွေးခဲလည်း ပါတတ်ပါတယ်။ အများစုအတွက်တော့ ဒါဟာ ပုံမှန် အခြေအနေပါ။ ဒါပေမယ့် တချို့သော ရောဂါကြီးကြီးမားမားတွေမှာလည်း ရာသီသွေးထဲမှာ သွေးတုံးသွေးခဲတွေ ပါလာတတ်ပါသေးတယ်။ ဒါကြောင့် ဘယ်လို အခြေအနေမျိုးဆိုရင် စိတ်ပူစရာ မလိုဘူးလဲ။ ဘယ်လိုမျိုးဆိုရင် ဆရာဝန်နဲ့ ပြသင့်သလဲဆိုတာ ပြောပြပေးသွားပါမယ်။ သွေးတုံးသွေးခဲတွေ ဘယ်က ဖြစ်လာတာလဲ။ ရာသီလာတဲ့အချိန်မှာ သားအိမ်နံရံက ဆဲလ်တွေ သေ၊ သွေးကြောတွေ ပုပ်ပြီး အချွဲတွေနဲ့ အတူ ကွာကျလာပါတယ်။ အလွယ်မြင်အောင် ပြောရရင် သားအိမ်နံရံ ကွာကျလာတာပါ။ ခန္ဓာကိုယ်ရဲ့ သဘာဝဖြစ်စဉ်အရ တစ်နေရာရာက သွေးထွက်လာရင် […]


ရာသီလာခြင်း

ဘာလို့ ရာသီသွေးတွေ အများကြီးဆင်းနေရတာလဲ။

ဒါက အမျိုးသမီးတိုင်း သိချင်ကြတဲ့ မေးခွန်းပါပဲ။ ရာသီလာတဲ့အချိန်တိုင်း တစ်ကိုယ်လုံးက သွေးတွေ ခမ်းသွားမလားတောင် ထင်ရတယ်။ ဆင်းလိုက်တဲ့ ရာသီသွေးတွေ ဆိုတာ၊ လဲလိုက်ရတဲ့ pad ဆိုတာလည်း မနည်းမနောပါပဲလား။ တချို့က ရာသီစလာတဲ့ရက်မို့လို့ အများကြီး ဆင်းတယ်။ ပြီးရင် နည်းသွားတယ်။ တချို့ကလည်း နေ့တိုင်း အများကြီးကို ဆင်းနေတာ။ ဆချို့က ဟိုအရင် ရာသီစလာတည်းက ဒီလိုပဲ အများကြီး ဆင်းနေတာ။ တချို့ကျတော့ အရင်က အဲ့ဒီလောက် မဟုတ်ပါဘူး။ ဒီလပိုင်းအတွင်းမှာမှ အရင်ကထက် ပိုများလာတာ။ ဟုတ်ကြလား လေဒီတို့။ ဒါတွေဟာ ဘာကြောင့်လဲ။ ပုံမှန်ပဲလား။ ဒါမှမဟုတ် ရောဂါတစ်ခုခုကြောင့်ပဲလား။ စိတ်ထဲက သံသယတွေ ရှင်းသွားအောင် ဆက်ကြည့်ကြဦးစို့။ ရာသီသွေးဆင်းများတယ်ဆိုတာ ဘယ်လိုဟာမျိုးလဲ။ ရာသီသွေးက ပုံမှန်ဆိုရင် ၃၀-၄၀ မီလီလီတာလောက် ဆင်းတတ်ပါတယ်။ တချို့ဆို ၈၀ […]


ရာသီလာခြင်း

ဒီအချိန်ရောက်မှာ ကြောက်နေပြီလား။

သြော် သူတောင် လာတော့မှာပါလား၊ သိပ်မလိုတော့ဘူးပဲ။ သူဆိုတာ မိန်းကလေးတိုင်းရဲ့ 'သူ'ပေါ့။ သူလာတိုင်း လူမှာ နုံးခွေပြီး ဘာမှလည်း မလုပ်ချင်၊ စိတ်တွေလည်းတိုနဲ့ နေလို့ကို အဆင်ပြေမနေဘူး။ တစ်လကို တစ်ခါလောက် ပုံမှန်တွေ့နေရတာ ဆိုတော့ တွေ့တိုင်း စိတ်ရော ကိုယ်ပါ ပင်ပန်းနေတာ သိပ်တော့ အထာမကျလှဘူး။ ကဲ 'သူ'ဆိုတာ ဘယ်သူလည်း သိပြီလား။ 'သူ့'ကို ရင်ဆိုင်ဖို့ လေဒီတို့ကို နည်းလမ်းလေးတွေ ပြောပြပေးမယ်နော်။ ဧည့်သည်မလာခင် ကြိုပြင်ပါ။ ရာသီလာတာကို တချို့တွေက ဧည့်သည်ရောက်နေလို့လို့ သုံးကြတယ်ဗျ။ တစ်လ တစ်ခါလာတဲ့ ဧည့်သည်ပေါ့လေ။ ရာသီချိန်မှာ အဖြစ်များတာတွေက စိတ်မကြည်တာ၊ ကိုယ်လက်ကိုက်ခဲတာ၊ ဗိုက်အောင့်တာ၊ ဗိုက်ပွတာတွေဖြစ်တတ်ပါတယ်။ အရင်ဆုံး လုပ်ရမှာတော့ ဘယ်နေ့ ရာသီလာမှာလဲဆိုတာ ကြိုတွက်ပါ။ ဒီမှာတွက်လို့ရပါတယ်။ အကောင်းဆုံးကတော့ ရာသီမလာခင် တစ်ပတ်လောက် ကြိုပြင်ပါ။ တခြားအချိန်မှာ ယောဂမလုပ်ရင်တော့ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

အမျိုးသမီးနဲ့ သိုင်းရွိုက်ကျန်းမာရေး

သိုင်းရွိုက် (Thyroid) ဆိုတာကို လူတိုင်းနီးပါး ကြားဖူးကြပါတယ်။ ဒါပေမယ့် ဘယ်နားက အစိတ်အပိုင်းလဲ ဘယ်လောက် အရေးပါလဲဆိုရင် တော်တော်များများက ရေရေရာရာ မသိကြတော့ပါဘူး။ တကယ်တော့ သိုင်းရွိုက်ဆိုတာ လည်ပင်းက အစိတ်အပိုင်းတစ်ခုပါ။ တကယ်တော့ သိုင်းရွိုက်ဆိုတာက လည်ပင်းမှာရှိတဲ့ လိပ်ပြာပုံစံ သိုင်းရွိုက်ဂလင်း (Thyroid Gland) ကို ဆိုလိုတာပါ။ လည်ပင်းကြီးရောဂါအကြောင်းကိုတော့ လူတိုင်းသိကြမယ်ထင်ပါတယ်။ လည်ပင်းကြီးရောဂါဆိုတာတကယ်တော့ သိုင်းရွိုက်ဂလင်း ကြီးထွားလာတာကို ဆိုလိုတာပါ။ သိုင်းရွိုက်ဂလင်းနဲ့ အမျိုးသမီး ကျန်းမာရေး သိုင်းရွိုက်ဆိုတာ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်း တော်တော်များများ အလုပ်လုပ်ဆောင်တဲ့နေရာမှာ ပါဝင်နေရတဲ့ သိုင်းရွိုက်ဟော်မုန်းတွေကို ထုတ်ပေးရတဲ့ ဂလင်းတစ်ခုဖြစ်ပါတယ်။ သူကောင်းကောင်း အလုပ်မလုပ်တော့တာနဲ့ သိုင်းရွိုက်ဟော်မုန်း နည်းတာ၊ များတာတွေ ဖြစ်သွားပြီး သင့်ရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် သိုင်းရွိုက်ဂလင်း ပုံမှန်အလုပ်လုပ်လား မလုပ်ဘူးလားဆိုတာကို ကိုယ့်ဘက်က သိထားဖို့လိုအပ်ပါတယ်။ သိုင်းရွိုက်ဂလင်း ပုံမှန် အလုပ်မလုပ်တဲ့အခါ […]


အမျိုးသမီးများတွင် ဖြစ်လေ့ရှိသည့် ဟော်မုန်းမမျှတခြင်း

ဟော်မုန်း မညီမျှမှု ဖြစ်နေပြီလား?

လူ့ခန္ဓာကိုယ်မှာ ဟော်မုန်းက အလွန်အရေးကြီးလှပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေအတွက်ဆိုရင် ဟော်မုန်း ညီမျှနေဖို့က သိပ်ကို အရေးကြီးလှပါတယ်။ ကိုယ်တွင်းမှာရှိတဲ့ ဟော်မုန်းတွေ ပမာဏ မညီမျှတဲ့အခါ အမျိုးသမီးတွေရဲ့ သဘာဝနဲ့သက်ဆိုင်တဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေရင်ဆိုင်ရတတ်တယ်လေ။ စိတ်ခံစားချက် မကောင်းတာတွေ၊ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ပြောင်းလဲတာတွေ အမျိုးမျိုးဖြစ်နိုင်တာမို့ ဂရုစိုက်သင့်တဲ့ ပြဿနာရပ်တစ်ခုပါ။ ဟော်မုန်းမညီမျှတဲ့အခါ ကျန်းမားရေးပြဿနာတွေရင်ဆိုင်ရတတ်ပြီးတော့ ဘယ်လိုပြဿနာရပ်တွေလဲဆိုတာကို အောက်မှာ စုစည်းဖော်ပြထားပါတယ်။ ပုံမှန်မဟုတ်ဘဲ ရာသီသွေးဆင်းခြင်း - ပုံမှန်အားဖြင့် အမျိုးသမီးတစ်ဦးဟာ ၂၁ ရက်ကနေ ၃၅ ရက်ကြား ရာသီသွေးဆင်းတတ်ပါတယ်။ တကယ်လို့ ဒီထက်မြန်နေတာ ဒါမှမဟုတ် နောက်ကျနေတာမျိုးဖြစ်လာပြီဆိုရင်တော့ သင့်ရဲ့ကျန်းမာရေးအခြေအနေကို ပြန်ဆန်းစစ်ဖို့ လိုနေပြီလို့ဆိုရပါမယ်။ တကယ်လို့ ကိုယ်က အသက် ၄၀ ကျော် ဒါမှမဟုတ် ၅၀ နားဝန်းကျင်မဟုတ်ဘူးဆိုရင် ပုံမှန်မဟုတ်တဲ့ ရာသီလာခြင်းတွေဟာ polycystic […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ပျိုမေတွေအတွက် နေမကောင်းပေမယ့် ကြည့်ကောင်းနေစေမယ့် နည်းလမ်းများ

နေကလည်းမကောင်း ရုံးတို့ ကျောင်းတို့တက်ရဖို့၊ အပြင်သွားဖို့ ကြုံလာရတဲ့အခါမျိုးဆိုရင် ပျိုမေတို့ သိပ်ကို စိတ်ညစ်ကြရတယ်မဟုတ်လား။ တစ်ခါတလေမှာ မလွှဲသာမရှောင်သာနဲ့ အပြင်သွားရတော့မယ်ဆိုရင် နေမကောင်းနေတဲ့ ရုပ်ကြီးနဲ့ ထထွက်သွားလို့ မကောင်းဘူးလေ။ ဒါပေမယ့် ကိုယ့်အခြေအနေနဲ့ မလိုက်ဖက်လောက်အောင် အတင်းကာရောကြီး ပြင်ဆင်ခြယ်သသွားမယ်ဆိုရင်လည်း အလှကုန်တွေကြောင့် ပိုပြီးနေလို့ထိုင်လို့မကောင်း၊ ပိုပြီးစိတ်ပင်ပန်းရတာပဲ အဖတ်တင်နိုင်ပါတယ်။ ဒါကြောင့် လိုအပ်လာလို့ အပြင်သွားရချိန်မှာ နေမကောင်းပေမယ့် ကြည့်ကောင်းနေစေမယ့် ၊ ကိုယ့်ကျန်းမာရေးကိုလည်း မထိခိုက်စေနိုင်တဲ့ ပြင်ဆင်ခြယ်သနည်းလေးတွေကို လမ်းညွှန်ပေးချင်ပါတယ်။ ပျိုမေတွေအတွက် နေမကောင်းပေမယ့် ကြည့်ကောင်းနေစေမယ့် နည်းလမ်းတွေကတော့ မျက်ဝန်းထောင့်တွေကို တောက်ပအောင် ခြယ်သပါ - မျက်ဝန်းလှလှလေးက နေမကောင်းတဲ့ အသွင်သဏ္ဍာန်ကို ဖုံးကွယ်ထားနိုင်ပါတယ်။ မျက်ဝန်းထောင့်နားတွေကို အနီ ဒါမှမဟုတ် အရောင်တောက်တောက် Eye Shadow မျိုးတွေနဲ့ ခြယ်သဖို့ ကျွမ်းကျင်သူတွေက လမ်းညွှန်ကြပါတယ်။ ရေစိုခံလေးနဲ့ လှပါ - […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Hello Sayarwon Medical Panel

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း