မိန်းမကိုယ်ကနေ အဖြူဆင်းခြင်း ပြဿနာဟာ မိန်းကလေးတိုင်းလိုလို ကြုံတွေ့ရတတ်တဲ့ အကြောင်းအရာတစ်ခုပါ။ အဖြူဆင်းခြင်းဟာ သာမန်အခြေအနေတစ်ခု ဖြစ်နိုင်သလို ရောဂါပိုးတစ်မျိုးမျိုး ကူးစက်သွားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ မှိုရောဂါနဲ့ ဘက်တီးရီးယားပိုးမွှားတွေကြောင့် ဖြစ်ရတဲ့ မိန်းမကိုယ်အရည်ဆင်းခြင်းတွေဟာ ပုံမှန်အဖြူဆင်းတဲ့ ပုံစံမျိုးနဲ့ ကွဲပြားပါတယ်။ အကယ်လို့ သင်ဟာ ပုံမှန်မဟုတ်ဘဲ အနံ့နံတဲ့ အဖြူဆင်းခြင်းမျိုးရှိနေပြီဆိုရင်တော့ ဆေးကုသမှုခံယူသင့်ပါ ပြီ။
ရာသီစက်ဝန်းကို တွက်ချက်ပါ။