backup og meta

ဟော်မုန်း မညီမျှမှု ဖြစ်နေပြီလား?

ဟော်မုန်း မညီမျှမှု ဖြစ်နေပြီလား?

လူ့ခန္ဓာကိုယ်မှာ ဟော်မုန်းက အလွန်အရေးကြီးလှပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေအတွက်ဆိုရင် ဟော်မုန်း ညီမျှနေဖို့က သိပ်ကို အရေးကြီးလှပါတယ်။

ကိုယ်တွင်းမှာရှိတဲ့ ဟော်မုန်းတွေ ပမာဏ မညီမျှတဲ့အခါ အမျိုးသမီးတွေရဲ့ သဘာဝနဲ့သက်ဆိုင်တဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေရင်ဆိုင်ရတတ်တယ်လေ။ စိတ်ခံစားချက် မကောင်းတာတွေ၊ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ပြောင်းလဲတာတွေ အမျိုးမျိုးဖြစ်နိုင်တာမို့ ဂရုစိုက်သင့်တဲ့ ပြဿနာရပ်တစ်ခုပါ။

ဟော်မုန်းမညီမျှတဲ့အခါ ကျန်းမားရေးပြဿနာတွေရင်ဆိုင်ရတတ်ပြီးတော့ ဘယ်လိုပြဿနာရပ်တွေလဲဆိုတာကို အောက်မှာ စုစည်းဖော်ပြထားပါတယ်။

  • ပုံမှန်မဟုတ်ဘဲ ရာသီသွေးဆင်းခြင်း – ပုံမှန်အားဖြင့် အမျိုးသမီးတစ်ဦးဟာ ၂၁ ရက်ကနေ ၃၅ ရက်ကြား ရာသီသွေးဆင်းတတ်ပါတယ်။ တကယ်လို့ ဒီထက်မြန်နေတာ ဒါမှမဟုတ် နောက်ကျနေတာမျိုးဖြစ်လာပြီဆိုရင်တော့ သင့်ရဲ့ကျန်းမာရေးအခြေအနေကို ပြန်ဆန်းစစ်ဖို့ လိုနေပြီလို့ဆိုရပါမယ်။ တကယ်လို့ ကိုယ်က အသက် ၄၀ ကျော် ဒါမှမဟုတ် ၅၀ နားဝန်းကျင်မဟုတ်ဘူးဆိုရင် ပုံမှန်မဟုတ်တဲ့ ရာသီလာခြင်းတွေဟာ polycystic ovarian syndrome (PCOS) လို ဟော်မုန်းဆိုင်ရာ ပြဿနာဖြစ်နိုင်ပါတယ်။
  • အိပ်စက်ပုံမမှန်ခြင်း – အိပ်ရေးမဝတာ၊ အိပ်မပျော်တာမျိုးတွေ ခဏခဏဖြစ်နေပြီဆိုရင် သင့်ရဲ့ အိပ်စက်ခြင်းနဲ့သက်ဆိုင်တဲ့ Sleep Estrogen ဟော်မုန်းနဲ့ ပတ်သက်ပြီး ပြဿနာတစ်စုံတစ်ရာ ဖြစ်နေတာဖြစ်နိုင်ပါတယ်။
  • ဝက်ခြံပြဿနာ – ဝက်ခြံတွေတာရှည် ထွက်နေပြီဆိုရင်လည်း ဟော်မုန်းဆိုင်ရာ ပြဿနာတစ်မျိုးဖြစ်နိုင်ပါတယ်။ ပုံမှန်အားဖြင့်တော့ အမျိုးသမီးအများစုဟာ ရာသီသွေးဆင်းချိန်နဲ့ မဆင်းခင်မှာ ဝက်ခြံထွက်တတ်ပါတယ်။ ဒါပေမယ့် ရာသီသွေး ပြီးချိန်မှာတောင် ဝက်ခြံတွေ ထွက်နေတယ်ဆိုရင်တော့ Androgens ဟော်မုန်း လွန်ကဲပြီး အဆီဂလင်းတွေ အလုပ်ပိုလုပ်နေတာကြောင့် ဖြစ်နိုင်ပါတယ်။
  • သတိမေ့တတ်လာခြင်း – ဟော်မုန်းတွေဟာ ဦးနှောက်ရဲ့ မှတ်ဉာဏ်ပိုင်းကိုလည်း ထိခိုက်စေတတ်ပါတယ်။ Estrogen နဲ့ Progesterone ဟော်မုန်းအပြောင်းအလဲတွေကြောင့် ရုတ်တရက် သတိမေ့တာမျိုး၊ မမှတ်မိတာမျိုး ဖြစ်တတ်ပါတယ်။
  • ဝမ်းဗိုက်ပိုင်းပြဿနာ – အစာအိမ်မှာရှိတဲ့ Receptor လို့ခေါ်တဲ့ ဆဲလ်အသေးစားလေးတွေဟာ Estrogen နဲ့ Progesterone ဟော်မုန်းအပြောင်းအလဲတွေဖြစ်တိုင်း တုန့်ပြန်မှုပြုလုပ်ကြပါတယ်။ အဆိုပါဟော်မုန်းတွေ နည်းလွန်းတာ၊ များလွန်းတာတွေဖြစ်ခဲ့မယ်ဆိုရင် ဝမ်းသွားတာ၊ ဗိုက်နာတာ၊ ဗိုက်အောင့်တာနဲ့ အော့အန်တာတွေဖြစ်တတ်ပါတယ်။
  • မောပန်းနွမ်းနယ်ခြင်း – အချိန်တိုင်း မောပန်းနွမ်းနယ်နေတာကလည်း ဟော်မုန်းမညီမျှခြင်းကြောင့် ဖြစ်တတ်တဲ့ လက္ခဏာတစ်ခုပါ။ အထူးသဖြင့် Progesterone လွန်ကဲချိန်မှာ အဖြစ်များပါတယ်။ သိုင်းရွိုက်ဟော်မုန်း နည်းလွန်းရင်လည်း ခုလို ဝေဒနာခံစားရတတ်ပါတယ်။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.webmd.com/women/ss/slideshow-hormone-imbalance

ယခုပုံစံ

24/02/2022

Ye Zon Aung မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မ သဘာဝ ရဲ့ အဓိက ဇာတ်ဆောင် Estrogen

Dopamine (ဒိုပါမင်း)


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 24/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement