အမျိုးသမီးနဲ့ သိုင်းရွိုက်ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇန်နဝါရီ 6, 2021 . 2 mins read
Share now

သိုင်းရွိုက် (Thyroid) ဆိုတာကို လူတိုင်းနီးပါး ကြားဖူးကြပါတယ်။ ဒါပေမယ့် ဘယ်နားက အစိတ်အပိုင်းလဲ ဘယ်လောက် အရေးပါလဲဆိုရင် တော်တော်များများက ရေရေရာရာ မသိကြတော့ပါဘူး။ တကယ်တော့ သိုင်းရွိုက်ဆိုတာ လည်ပင်းက အစိတ်အပိုင်းတစ်ခုပါ။

တကယ်တော့ သိုင်းရွိုက်ဆိုတာက လည်ပင်းမှာရှိတဲ့ လိပ်ပြာပုံစံ သိုင်းရွိုက်ဂလင်း (Thyroid Gland) ကို ဆိုလိုတာပါ။ လည်ပင်းကြီးရောဂါအကြောင်းကိုတော့ လူတိုင်းသိကြမယ်ထင်ပါတယ်။ လည်ပင်းကြီးရောဂါဆိုတာတကယ်တော့ သိုင်းရွိုက်ဂလင်း ကြီးထွားလာတာကို ဆိုလိုတာပါ။

သိုင်းရွိုက်ဂလင်းနဲ့ အမျိုးသမီး ကျန်းမာရေး

သိုင်းရွိုက်ဆိုတာ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်း တော်တော်များများ အလုပ်လုပ်ဆောင်တဲ့နေရာမှာ ပါဝင်နေရတဲ့ သိုင်းရွိုက်ဟော်မုန်းတွေကို ထုတ်ပေးရတဲ့ ဂလင်းတစ်ခုဖြစ်ပါတယ်။

သူကောင်းကောင်း အလုပ်မလုပ်တော့တာနဲ့ သိုင်းရွိုက်ဟော်မုန်း နည်းတာ၊ များတာတွေ ဖြစ်သွားပြီး သင့်ရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် သိုင်းရွိုက်ဂလင်း ပုံမှန်အလုပ်လုပ်လား မလုပ်ဘူးလားဆိုတာကို ကိုယ့်ဘက်က သိထားဖို့လိုအပ်ပါတယ်။

သိုင်းရွိုက်ဂလင်း ပုံမှန် အလုပ်မလုပ်တဲ့အခါ သိုင်းရွိုက်ဟော်မုန်းများတာ (Hyperthyroidism) နဲ့ သိုင်းရွိုက်ဟော်မုန်းနည်းတာပါ။ (Hypothyroidism) ဆိုပြီး ပြဿနာ ၂ ရပ် ရင်ဆိုင်ရတတ်ပါတယ်။ သူတို့နှစ်ခုပေါ် မူတည်ပြီး ခန္ဓာကိုယ်ပေါ်မှာ ပြောင်းလဲမှုတွေ အများကြီးဖြစ်ပါတယ်။

သိုင်းရွိုက်ပြဿနာတစ်စုံတရာရှိလာပြီဆိုရင် အောက်ပါ လက္ခဏာတွေ ပြသလာနိုင်ပါတယ်။ ဒါဆိုရင်တော့ အလေးအနက်ထား ဂရုစိုက်ပြီး ကုသဖို့ လိုအပ်နေပြီဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

  • ကိုယ်အလေးချိန် တက်/ကျတာ – သိုင်းရွိုက်ဟော်မုန်းများရင် ဘယ်လောက်စားစားမဝတဲ့ ပြဿနာကြုံရနိုင်ပြီး၊ နည်းရင်တော့ အဝလွန်တဲ့ ပြဿနာဖြစ်နိုင်ပါတယ်။ ကိုယ်အလေးချိန်ပြဿနာဟာ သိုင်းရွိုက်ပြဿနာရဲ့ သိသာလှတဲ့ လက္ခဏာတစ်ရပ်ပါ။
  • လည်ပင်းကြီးလာတာ – သိုင်းရွိုက်ပြဿနာ တစ်စုံတစ်ရာ ဖြစ်လာပြီဆိုရင် လည်ပင်းပတ်ဝန်းကျင်မှာ သိသိသာသာ အလုံးအကျိတ်ဖြစ်လာလေ့ရှိပါတယ်။ ဒါဟာသိုင်းရွိုက်ချို့ယွင်းမှုနဲ့ ပတ်သက်ပြီး သိသာထင်ရှားမှုအရှိဆုံး လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။
  • နှလုံးခုန်နှုန်း ပြောင်းလဲတာ – သိုင်းရွိုက်ဟော်မုန်းက ခန္ဓာကိုယ်ရဲ့ ကိုယ်တွင်းအစိတ်အပိုင်းအားလုံးနဲ့ ဆက်နွယ်နေပါတယ်။ ဒါကြောင့် သိုင်းရွိုက်ပြဿနာတစ်စုံတရာရှိလာရင် နှလုံးခုန်နှုန်းမြန်တာ ဒါမှမဟုတ် နှေးသွားတာမျိုး ဖြစ်တတ်ပါတယ်။ ဟော်မုန်းများရင် နှလုံးခုန်နှုန်းမြန်မှာဖြစ်ပြီး ဟော်မုန်းနည်းရင် နှေးမှာဖြစ်ပါတယ်။
  • စိတ်ခံစားချက် ပြောင်းလဲတာ – သိုင်းရွိုက်ဟော်မုန်းမြင့်မားနေရင် ပင်ပန်းတာ၊ စိတ်ဖိစီးတာနဲ့ စိတ်ဓာတ်ကျတာတွေဖြစ်တတ်ပြီးတော့ ဟော်မုန်းနည်းနေရင်တော့ သောကများတာ၊ အိပ်မပျော်တာ၊ ပင်ပန်းနွမ်းနယ်တာတွေ ကြုံရတတ်ပါတယ်။
  • ဆံပင်ကျွတ်တာ – သိုင်းရွိုက်ချို့ယွင်းပြီဆိုတာနဲ့ ဆံပင်ကျွတ်တာက ဆက်ပါလာတာပါပဲ။ ဟော်မုန်း ထုတ်လုပ်မှု နည်းနည်း၊ များများ ဆံပင်ကျွတ်မှာပါ။
  • ခန္ဓာကိုယ်အေးလွန်း၊ ပူလွန်းတာ – Hypothyroidism သမားတွေက ခန္ဓာကိုယ် အပူချိန် ကျဆင်းတာမျိုးဖြစ်မှာဖြစ်ပြီးတော့ Hyperthyroidism သမားတွေကတော့ ကိုယ်အပူချိန်မြင့်မားနေတတ်ပါတယ်။

ဒါ့အပြင်

  • အစာစားချင်စိတ်များလွန်းတာ၊ နည်းလွန်းတာ
  • ဝမ်းခဏခဏ သွားနေတာ၊ ဒါမှမဟုတ် ဝမ်းချုပ်လွန်းတာ၊
  • အသက်ရှူမြန်တာ၊ အသက်ရှူရခက်တာ၊
  • ကိုယ်၊ လက် ကတုန်ကရင်ဖြစ်နေတတ်တာ၊
  • ရာသီလာချိန် မမှန်တာ၊ ရာသီပျောက်သွားတာ၊ ပုံမှန်ထက် ရာသီသွေးပိုဆင်းတာ၊
  • အဆစ်အမြစ်နဲ့ ကြွက်သားတွေ မှာ ရောင်ရမ်းပြီး နာကျင်နေတာမျိုးတွေလည်း ဖြစ်တတ်ပါသေးတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

စိုးရိမ်ပူပန်မှုလွန်ကဲနေချိန် အသုံးတည့်စေမယ့် လေ့ကျင့်ခန်းလေးများ

စိုးရိမ်ပူပန်မှုလွန်ကဲနေချိန် မှာ သက်သာစေဖို့ လုပ်ပေးသင့်တဲ့လေ့ကျင့်ခန်းလေးတွေ ရှိပါတယ်။ ဒါကတော့ အသက်ရှူလေ့ကျင့်ခန်းနဲ့ကြွက်သားပြေလျော့စေမယ့်လေ့ကျင့်ခန်းပါ။

ရေးသားသူ Aye Thi Mon

တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ…….

တစ်နေကုန် နေပူထဲမှာ သွားလာရတယ်ဆိုရင် ရေသောက်ဖြစ်ဖို့က အခွင့်အလမ်း နည်းသွားသလို ရေဓာတ်ပြည့်ဝဖို့ကလည်း အတော်လေး ခက်ခဲ သွားနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

နေပူထဲ တစ်နေကုန်နေရသူ က energy drink သောက်သင့်လား ဓာတ်ဆားရည်သောက်သင့်လား

နေပူထဲ တစ်နေကုန်နေရသူ က energy drink သောက်သင့်လား ဓာတ်ဆားရည်သောက်သင့်လား...... အဖြေက ဘာဖြစ်မယ် ထင်လဲ...... ဆေင်းပါးလေးထဲ ဖတ်ကြည့်နော်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အသက်အရွယ် ကြီးရင့်လာတဲ့အခါ ကြုံတွေ့ရနိုင်မယ့် ပြောင်းလဲမှုများ

အသက်အရွယ် ကြီးရင့်မှုက သွားတွေ၊ နှလုံး၊ အသည်းကစလို့ မှတ်ဉာဏ်ပိုင်းဆိုင်ရာတွေမှာရော အသားအရေတွေ အပေါ်မှာပါ  သက်ရောက်မှု ရှိတာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

sleep-benefits-health ပင်ပန်းလာရင် အိပ်

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်လို့ ဘာအကျိုးရှိနိုင်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 1, 2021 . 2 mins read
အကြောက်တရား နဲ့ ကျန်းမာရေး

အကြောက်တရား နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 17, 2021 . 2 mins read
ကြောက်စိတ်တွေ များနေတယ် ဆိုရင် ဒါတွေ မစားပါနဲ့။

ကြောက်စိတ်တွေ များနေတယ် ဆိုရင် ဒါတွေ မစားပါနဲ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
ချစ်မဝတဲ့လိင်မှုဘဝ မျိုး ပိုင်ဆိုင်ချင်တယ်ဆိုရင်

ချစ်မဝတဲ့လိင်မှုဘဝ မျိုး ပိုင်ဆိုင်ချင်တယ်ဆိုရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read