backup og meta

ပျိုမေတွေအတွက် နေမကောင်းပေမယ့် ကြည့်ကောင်းနေစေမယ့် နည်းလမ်းများ

ပျိုမေတွေအတွက် နေမကောင်းပေမယ့် ကြည့်ကောင်းနေစေမယ့် နည်းလမ်းများ

နေကလည်းမကောင်း ရုံးတို့ ကျောင်းတို့တက်ရဖို့၊ အပြင်သွားဖို့ ကြုံလာရတဲ့အခါမျိုးဆိုရင် ပျိုမေတို့ သိပ်ကို စိတ်ညစ်ကြရတယ်မဟုတ်လား။

တစ်ခါတလေမှာ မလွှဲသာမရှောင်သာနဲ့ အပြင်သွားရတော့မယ်ဆိုရင် နေမကောင်းနေတဲ့ ရုပ်ကြီးနဲ့ ထထွက်သွားလို့ မကောင်းဘူးလေ။

ဒါပေမယ့် ကိုယ့်အခြေအနေနဲ့ မလိုက်ဖက်လောက်အောင် အတင်းကာရောကြီး ပြင်ဆင်ခြယ်သသွားမယ်ဆိုရင်လည်း အလှကုန်တွေကြောင့် ပိုပြီးနေလို့ထိုင်လို့မကောင်း၊ ပိုပြီးစိတ်ပင်ပန်းရတာပဲ အဖတ်တင်နိုင်ပါတယ်။

ဒါကြောင့် လိုအပ်လာလို့ အပြင်သွားရချိန်မှာ နေမကောင်းပေမယ့် ကြည့်ကောင်းနေစေမယ့် ၊ ကိုယ့်ကျန်းမာရေးကိုလည်း မထိခိုက်စေနိုင်တဲ့ ပြင်ဆင်ခြယ်သနည်းလေးတွေကို လမ်းညွှန်ပေးချင်ပါတယ်။

ပျိုမေတွေအတွက် နေမကောင်းပေမယ့် ကြည့်ကောင်းနေစေမယ့် နည်းလမ်းတွေကတော့

  • မျက်ဝန်းထောင့်တွေကို တောက်ပအောင် ခြယ်သပါ – မျက်ဝန်းလှလှလေးက နေမကောင်းတဲ့ အသွင်သဏ္ဍာန်ကို ဖုံးကွယ်ထားနိုင်ပါတယ်။ မျက်ဝန်းထောင့်နားတွေကို အနီ ဒါမှမဟုတ် အရောင်တောက်တောက် Eye Shadow မျိုးတွေနဲ့ ခြယ်သဖို့ ကျွမ်းကျင်သူတွေက လမ်းညွှန်ကြပါတယ်။
  • ရေစိုခံလေးနဲ့ လှပါ – မျက်လုံးက အိပ်ချင်မူးတူးဖြစ်နေတာ၊ နီရဲနေတာ၊ ဖောင်းတင်းနေတာမျိုးကို ရှောင်လွှဲချင်တယ်ဆိုရင်တော့ Coating သုံးတာမျိုး၊ Waterproof Mascara သုံးတာမျိုး လုပ်ပေးနိုင်ပါတယ်။
  • အရောင်ချိန်ညှိပါ – မျက်ဝန်းပတ်လည်မှာ နီရဲနေရင် color corrector အစိမ်းရောင်သုံးပြီး အရောင်ချိန်ညှိ ခြယ်သနိုင်ပါတယ်။ နှာခေါင်းဖျားနားရောက်တဲ့အထိ ခြယ်သလို့ရပါတယ်။
  • စိုပြေနေအောင်နေပါ – နေမကောင်းတဲ့အခါ ရေဓာတ်ခမ်းခြောက်တာမျိုးဖြစ်နေတတ်ပါတယ်။ ဒီလိုဆိုရင်တော့ အသားအရေကို စိုပြေနေအောင် ထားဖို့ လိုမှာပါ။ အစိုဓာတ်ထိန်းသိမ်းပေးမယ့် ခရင်မ်မျိုးတွေ၊ သံလွင်ဆီလို အဆီမျိုးတွေ လိမ်းကျံပေးနိုင်ပါတယ်။
  • နွေးထွေးစေဖို့ဆိုရင် – ကိုယ်က အအေးမိနေလို့ နွေးချင်တယ်ဆိုရင် မေးရိုးတစ်လျှောက်ကို Creamy ဖြစ်တာလေးတွေကို အောက်ကနေ အပေါ်ဘက်ကို ဆွဲပြီး ခြယ်သပေးတာဟာ နွေးထွေးတဲ့ ခံစားချက်ကို ရစေနိုင်ပါတယ်။ နဖူး၊ မေးစေ့နဲ့ နှာခေါင်းတလျှောက်လည်း ဒီလိုလုပ်ပေးလို့ရပါတယ်။
  • နှုတ်ခမ်း မခြောက်ချင်ရင် – တကယ်လို့ ကိုယ်နှုတ်ခမ်းက အရမ်းခြောက်နေရင် မြင်လို့လည်းမကောင်းသလို နေလို့ထိုင်လို့လည်း အဆင်ပြေမှာမဟုတ်ပါဘူး။ petroleum jelly-based lip balm ဒါမှမဟုတ် moisturizer ပါဝင်တဲ့ နှုတ်ခမ်းဆိုးဆေးမျိုး သုံးပေးပါ။
  • ရေများများသောက်ပေးပါ – ရေများများသောက်ပေးတာက ရေဓာတ်မခမ်းခြောက်စေဖို့ တစ်ခုတည်းအတွက် မဟုတ်ပါဘူး။ အသားအရေ မခြောက်ဖို့နဲ့ အစိုဓာတ်ထိန်းပေးဖို့အတွက်လည်း အကျိုးပြုပါသေးတယ်။
  • မျက်လုံးတွေ ဖောင်းနေရင် – ညက အိပ်တာလွန်သွားပြီး မျက်ဝန်းတစ်လျှောက် ဖူးရောင် ဖောင်းကားနေရင် မျက်ဝန်းရဲ့ အောက်နားမှာ ရေခဲအိတ်လေး ၁၅ မိနစ်လောက် ကပ်ပေးလိုက်ပါ။ သက်သာသွားပါလိမ့်မယ်။
  • သန့်ရှင်းတဲ့ Brush တွေ သုံးပါ – နေမကောင်းဖြစ်နေချိန်မှာလည်း မိတ်ကပ်တွေ အလှပြင်တာတွေ လုပ်ဖို့ လိုအပ်လာတတ်ပါတယ်။ ဒီလိုဆိုရင် နေမကောင်းရတဲ့ကြားထဲ ဘက်တီးရီးယားတွေပါ ထပ်မကူးစက်အောင်လို့ Brush တွေကို သန့်ရှင်းစင်ကြယ်အောင် လုပ်ပြီးမှ အသုံးပြုရပါမယ်။
  • အာရုံလွှဲပါ – နေမကောင်းချိန်မှာ ကိုယ့်ရဲ့နေမကောင်းနေတဲ့ ရုပ်ကြီးကို လူတွေရော ကိုယ်ကိုယ်တိုင်ပါ အာရုံမစိုက်မိအောင်နေဖို့ လိုအပ်ပါတယ်။ အာရုံလွှဲခြင်း အနုပညာပေါ့လေ။ ကိုယ့်စိတ်ကို တက်ကြွစေမယ့် ဝတ်စုံလေးတွေ ချဝတ်ကြည့်တာက နည်းလမ်းကောင်းပါ။
  • အစကနေ ပြင်ဆင်ပါ – မျက်နှာမှာ မိတ်ကပ်ဟောင်းတွေ ရှိနေရင် မထားပါနဲ့။ လန်းလန်းဆန်းဆန်းဖြစ်နေဖို့ဆိုရင် အစကနေစတာကောင်းပါတယ်။ ဖောင်ဒေးရှင်းစမတင်ခင် ၅ မိနစ်လောက်အလိုမှာ မျက်နှာကို လုံးဝ သန့်စင်ချပစ်လိုက်ဖို့လည်း ကျွမ်းကျင်သူတွေက လမ်းညွှန်ကြပါတယ်။
  • သဘာဝကျကျလှနေပါစေ – မျက်နှာကို အစိုဓာတ်လေးလည်းထိန်းသိမ်းရင်း လှလည်းလှစေဖို့ သဘာဝကျကျလေးပဲ ပြင်ဆင်ပါ။ အရမ်းထူထူထဲထဲတွေ ပြင်ဆင်မိရင် စိတ်မသက်မသာပိုဖြစ်စေနိုင်ပါတယ်။ သဘာဝကျတဲ့ ပြင်ဆင်မှုလေးက နေထိုင်လို့ကောင်းစေသလို ယုံကြည်မှုလည်း ပိုတိုးစေမှာပါ။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.webmd.com/cold-and-flu/ss/slideshow-looking-best-with-colds

ယခုပုံစံ

22/11/2022

Hello Sayarwon Panel မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မျက်နှာလေး Glow ချင်တဲ့ ပျိုမေတွေအတွက် အလွယ်ဆုံးဘတ်ဂျက်နည်းလမ်း (၇) ခု

ပျိုပျိုမေတို့ရဲ့ ခေါင်းအစခြေအဆုံးအလှကို သံပုရာသီး နဲ့ပြင်ကြမယ်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Hello Sayarwon Panel


Hello Sayarwon Panel မှ ရေးသားသည်။ · 22/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement