အကာအကွယ်မဲ့လိင်ဆက်ဆံမိပြီးရင် ဘာလုပ်ရမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဖေ‌ဖော်ဝါရီ 19, 2021 . 2 mins read
Share now

အကာအကွယ်မဲ့လိင်ဆက်ဆံတာက နောက်ပိုင်းမှာ မမျှော်လင့်ဘဲဆိုတဲ့ မျှော်လင့်မထားတဲ့ ကိစ္စတွေဖြစ်လာနိုင်တာ တော်တော်လေးများပါတယ်။ အကာအကွယ်မဲ့လိင်ဆက်ဆံမိပြီးရင် စိတ်ပူစိုးရိမ်စရာတွေလည်းရှိပါတယ်။ တကယ်လို့ သားဆက်ခြားဆေးတစ်ခုခု မသုံးနေဘူးဆိုရင် လိင်ဆက်ဆံစဉ်မှာ အကာအကွယ်ရှိနေဖို့က လိုအပ်ပါတယ်။

အကာအကွယ်မဲ့လိင်ဆက်ဆံ မိလိုက်သလား

မတော်တဆ အကာအကွယ်မဲ့လိင်ဆက်ဆံမိပြီးရင် ဒါတွေလုပ်သင့်ပါတယ်။

ဆီးလမ်းကြောင်း ပိုးမဝင်အောင် ကာကွယ်ကြမယ်။ (အကာအကွယ်မဲ့လိင်ဆက်ဆံပြီး မိနစ် ၃၀ အတွင်း)

လိင်ဆက်ဆံ ပြီးပြီးချင်း အပေါ့သွားလိုက်တာက ဆီးလမ်းကြောင်းက ပိုးတွေကို လျော့နည်းစေပါတယ်။ ဆိးသွားရခက်နေရင် ရေများများ သောက်လိုက်ပါ။ ဆီးလမ်းကြောင်း ပိုးဝင်တဲ့အခါ ဆီးပူတာ၊ ဆီးကျဉ်တာ၊ ဆီးအောင့်တာ အပြင် ဗိုက်အောင့်တာပါ ခံစားရနိုင်ပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် ဆီးလမ်းကြောင်းတိုတဲ့အတွက် ပိုးဝင်နိုင်ချေ ပိုများပါတယ်။ အမျိုးသားပဲဖြစ်ဖြစ် အမျိုးသမီးပဲ ဖြစ်ဖြစ် အတူနေပြီး ခုနက လက္ခဏာတွေ ခံစားရရင် ဆရာဝန်နဲ့ ပြသဖို့ မမေ့ပါနဲ့။

Weeing soon after having sex will help flush out any bacteria that you might have been exposed to during sex. Drinking lots of water is also really helpful.

Bacteria that gets into your urethra (where wee comes out) can cause an infection, which means it can make it hurt to wee, you might need to wee more often, or you could have pain in your tummy.

Sex increases your risk of developing a UTI, and because of the way female bodies are set up, females are more likely to develop a UTI.

If you do later think you have a UTI, make an appointment at Family Planning or with your doctor to get some antibiotics. This will clear up most UTIs in a few days.

အကာအကွယ်မဲ့လိင်ဆက်ဆံမိပြီးရင် အရေးပေါ်သန္ဓေတားဆေး သောက်ပေးပါ (လိင်ဆက်ဆံပြီး ၇၂ နာရီ အတွင်း)

အကာအကွယ်မဲ့လိင်ဆက်ဆံပြီးတဲ့အခါ ၇၂ နာရီ (၃ရက်) အတွင်း အရေးပေါ်သန္ဓေတားဆေးသောက်ပေးရပါမယ်။ ဒါပေမယ့် မြန်မြန်သောက်လေ ပိုထိရောကာ်ဆိုတာတော့ မမေ့ပါနဲ့။

သားအိမ်တွင်းထည့်ပစ္စည်း (IUD) ထည့်ပါ ( နာရီ ၁၂၀ အတွင်း)

Copper IUD (သားအိမ်တွင်းထည့်ပစ္စည်း) ကလည်း အကာအကွယ်မဲ့လိင်ဆက်ဆံမိတာကြောင့် ကိုယ်ဝန်ရရှိနိုင် ခြေကို ကာကွယ်ရာမှာ အထိရောက်ဆုံးနည်းလမ်းပါ။ အမျိုးသမီးတိုင်း IUD ကိုအသုံးပြုနိုင်တယ်ဆိုပေမယ့် အထူးသဖြင့်ကတော့ အကာအကွယ်မဲ့လိင်ဆက်ဆံမိပြီး အရေးပေါ်သန္ဓေတားဆေးတွေ၊ သန္ဓေတားနည်းတွေအသုံးမပြုမိဘဲ အချိန်အရမ်းကြာနေတဲ့သူတွေ နဲ့ ကိုယ်အလေးချိန် ၇၀ ကီလိုဂရမ် ထက်ပိုများနေတဲ့အမျိုးသမီးတွေအတွက် အသင့်တော်ဆုံးပါ။

အကာအကွယ်မဲ့လိင်ဆက်ဆံပြီးတဲ့နောက် နာရီပေါင်း ၁၂၀ (၅ ရက်) အကြာမှာ သားအိမ်ထဲကို IUD ကိုထည့်သွင်းလို့ရပါတယ်။ IUD က ၅နှစ်ကနေ ဆယ်နှစ်လောက်ကြာတဲ့အထိ ကိုယ်ဝန်မရရှိအောင်တားဆီးပေးနိုင်ပြီး ၉၉ ရာခိုင်နှုန်းကျော်အထိ အကာအကွယ်ပေးနိုင်ပါတယ်။

STI (လိင်မှတဆင့်ကူးစက်သော ရောဂါပိုးများ) စစ်ဆေးမှုလုပ်ပါ ( ရက်သတ္တပတ် ၂ ပတ်ကြာမှာ လုပ်ရပါမယ်)

သင့်အနေနဲ့ သင့်မှာ STI ကူးစက်ခံထားရလားဆိုတာကို သေသေချာချာမသိနိုင်ပါဘူး။ ဒါကြောင့် အကာအကွယ်မဲ့လိင်ဆက်ဆံပြီး သီတင်းပတ် ၂ ပတ်ကနေ ၄ပတ် အကြာမှာ STI စစ်ဆေးမှုလုပ်ပေးပါ။

ကိုယ်ဝန်ရှိ၊မရှိ စစ်ဆေးမှုလုပ်ပါ ( ရက်သတ္တပတ် ၃ ပတ်ကြာမှာလုပ်ရပါမယ်)

အကာအကွယ်မဲ့ လိင်ဆက်ဆံပြီး ရက်သတ္တပတ် ၃ ပတ်လောက်ကြာပြီးတဲ့အခါမှာ ကိုယ်ဝန်ရှိ၊မရှိ စစ်ဆေးရပါမယ်။ ၃ ပတ်မတိုင်ခင်စစ်ဆေးမယ်ဆိုရင်တော့ အဖြေကိုသေသေချာချာသိရှိနိုင်ဖို့ မဖြစ်နိုင်ပါဘူး။ အိမ်မှာ ကိုယ်ဝန်ရှိ၊မရှိစစ်ဆေးတာက သေချာမှုမရှိဘူးလို့ယူဆတယ်ဆိုရင် ဆေးခန်းမှာ သွားရောက်စစ်ဆေးနိုင်ပါတယ်။

နောက်နောင်မှာ အရေးပေါ်အခြေအနေတွေကိုရှောင်ရှားနိုင်ဖို့ ပြင်ဆင်ထားပါ

အကာအကွယ်မဲ့လိင်ဆက်ဆံတာကြောင့် ဖြစ်လာနိုင်တဲ့ STI (လိင်မှတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေ) နဲ့ မလိုလားအပ်ဘဲ ကိုယ်ဝန်ရရှိသွားတဲ့ အနေအထားမျိုးကိုရှောင်ကြဉ်နိုင်စေဖို့ အတွက် လုံခြုံစိတ်ချရတဲ့လိင်ဆက်ဆံမှုမျိုးကိုပဲ လုပ်ဆောင်ဖို့ တိုက်တွန်းချင်ပါတယ်။ ဆေးတိုင်းမှာ တန်ဆေးလွန်ဘေးဆိုတာမျိုးက ရှိပြီးသားပါ။ အရေးပေါ်သန္ဓေတားဆေးကို ခဏခဏသုံးစွဲမယ်ဆိုရင် မမျှော်လင့်ဘဲ ကိုယ်ဝန်ရသွားတာမျိုးတွေ ဖြစ်နိုင်ပါတယ်။

အရေးပေါ်အခြေအနေမျိုးမဖြစ်ရအောင် ကာကွယ်နိုင်မယ့် အလွယ်ကူဆုံးသောနည်းလမ်းက ကွန်ဒုံးအသုံးပြုပေးဖို့ပါ။ ကွန်ဒုံးသုံးတဲ့အခါမှာလည်း ပေါက်ပြဲတာရှိ၊မရှိ။ ကွန်ဒုံးက သက်တမ်းလွန်နေ၊မနေကို စစ်ဆေးရပါမယ်။

အခုလောက်ဆိုရင် အကာအကွယ်မဲ့လိင်ဆက်ဆံမိပြီးတဲ့အခါ မမျှော်လင့်ဘဲဆိုတဲ့ အခြေအနေတွေ ဖြစ်မလာအောင် ဘာတွေလုပ်ရမလဲဆိုတာကို သိလောက်ပြီထင်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ယစ်ရွှေရည်ကို ဘယ်လို မှီဝဲကြမလဲ

လစ်မစ်၊ အရက်၊ ကျန်းမာရေး၊ တက်ကီလာ၊ ဝိုင်၊ အရက်သမား၊ အယ်လ်ကိုဟော၊ ကိုယ်ဝန်၊ လိင်၊ Drinking Games၊ ရေ၊ ဆိုဒါ၊ အချိုရည်၊ အစာစားပါ၊

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

ကလေးယူတော့မယ့် လေဒီ တို့ မဖြစ်မနေကြိုလုပ်သင့်တဲ့အရာတွေ

ကလေး လေဒီ ကလေးယူ ကိုယ်ဝန်ရ ကိုယ်ဝန်ဆောင် ပြင်ဆင်ခြင်း မိခင်ကျန်းမာရေး အမျိုးသမီးကျန်းမာရေး ခန္ဓာကိုယ်ကြံ့ခိုင်မှု အာဟာရဓာတ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

အလုပ်ကြောင့် စိတ်ဖိစီးရတဲ့ အမျိုးသမီးတွေမှာ ဆီးချိုအန္တရာယ် ပိုများ

ဆီးချိုအန္တရာယ် စိတ်ဖိစီးမှု အမျိုးအစား ၂ ဆီးချို အမျိုးသမီးကျန်းမာရေး အမျိုးသမီး အလုပ်ခွင် မိသားစု ဖိအား စိတ်ကျန်းမာရေး လူမှုဆက်ဆံရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

ဘီယာသောက်လို့ ဗိုက်ပူတာလား

ဘီယာဗိုက်၊ ကယ်လိုရီ၊ အဆီတွေ၊ ဗိုက်ခေါက်၊ အရက်၊ ဘီယာသောက်သုံးမှု၊ သွေးတိုးရောဂါ၊ နှလုံးသွေးကျောကျဉ်းရောဂါ၊ အသက်အရွယ်၊ လိင်နဲ့ ဟိုမုန်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

Sex education ကို ဘာကြောင့် သင်ပေးရတာလဲ။

Sex education ကို ဘာကြောင့် သင်ပေးရတာလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် မေ 21, 2020
ကျောင်းတွေမှာ ဘာလို့ sex education သင်ပေးသင့်တာလဲ။

ကျောင်းတွေမှာ ဘာလို့ sex education သင်ပေးသင့်တာလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် မေ 21, 2020

လိင်တူ၊ လိင်ကွဲ ၂မျိုးလုံးကို စိတ်ဝင်စားခြင်း (Bisexuality)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဧပြီ 27, 2020
ပန်းကလေးတို့ အမြဲသန့်ရှင်း လန်းဆန်းစေဖို့

ပန်းကလေးတို့ အမြဲသန့်ရှင်း လန်းဆန်းစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဧပြီ 20, 2020