ဆီးနှင့်ကျောက်ကပ်ကျန်းမာရေး

ခန္ဓာကိုယ်က အာဟာရတွေကို စုပ်ယူပြီးတဲ့နောက်မှာ မလိုတဲ့ အညစ်အကြေးတွေကို သွေးနဲ့ အူမကြီးကို ပို့ထားခဲ့ပါတယ်။ သွေးထဲက အညစ်အကြေးတွေကို စစ်ထုတ်ပြီး ဆီးအဖြစ် အပြင်ကို စွန့်ထုတ်တာက ဆီးနဲ့ ကျောက်ကပ်ရဲ့ အရေးကြီးတဲ့ အလုပ်တစ်ခုပါ။ ဆီးနဲ့ ကျောက်ကပ်ကျန်းမာနေဖို့ဆိုရင် သူ့မှာပါတဲ့ ကျောက်ကပ်၊ ဆီးပို့ပြွန်၊ ဆီးလွှတ်ပြွန်၊ ဆီးအိမ်တွေ ကောင်းကောင်း အလုပ်လုပ်နိုင်ဖို့ လိုပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆီးနှင့်ကျောက်ကပ်ကျန်းမာရေး

ရေချိုးနေတုန်း ဆီးသွားရင် ဆီးကျောက်တည် တတ်သလား

ငယ်ငယ်တုန်းက ရေချိုးနေတုန်း ဆီးမသွားရဘူး။ ရေချိုးနေတုန်း ဆီးသွားရင် ဆီးကျောက်တည် တတ်တယ်ဆိုပြီး လူကြီးတွေ ပြောတာ ကြားဖူးမှာပါ။ ဆီးကျောက်က ရေချိုးနေရင်း ဆီးသွားလို့ ဖြစ်တာလား။ ရေချိုးနေတုန်း ဆီးမသွားသင့်ဘူးလား။ ဆီးကျောက်တွေက ဘယ်ကဖြစ်လာတာလဲ ရေချိုးနေတုန်း ဆီးသွားရင် ဆီးကျောက်တည်တတ်သလားဆိုတာကို မပြောခင် ဆီးကျောက်ဘာကြောင့် တည်တာလဲဆိုတာကို အရင်သိထားဖို့ လိုပါတယ်။ ဒါမှ ဖြစ်နိုင် မဖြစ်နိုင် စဉ်းစားလို့ ရမှာပါ။ ကျောက်ကပ်အပါအဝင် ဆီးလမ်းကြောင်းရဲ့ ဘယ်နေရာမှာမဆို ဆီးကျောက်တည်တတ်ပါတယ်။ ကျောက်ကပ်မှာ တည်မလား၊ ဆီးပြွန်မှာ တည်မလား၊ ဆီးအိမ်မှာ တည်မလား နေရာစုံမှာ တည်နိုင်ပါတယ်။ ဆီးကျောက်တည်ရတာက ဆီးထဲမှာ အနည်ကျပြီး ‌ကျောက်ဖြစ်နိုင်တဲ့ ကယ်ဆီယမ်၊ အောက်ဆဲလိတ်နဲ့ ယူရစ်အက်စစ်တွေ လိုတာထက်ပိုပါလာလို့ပါ။ တစ်ချိန်တည်းမှာပဲ သင့်ဆီးထဲမှာ ဒီကျောက်တွေ အနည်မကျအောင် ကာကွယ်ပေးနိုင်တဲ့ ပစ္စည်းတွေ မရှိဘူးဆိုရင် ခဲပြီး […]

ဆီးနှင့်ကျောက်ကပ်ကျန်းမာရေး ကို ရှာဖွေမည်။

အခြားဆီးလမ်းကြောင်းပြဿနာများ

ဆီးပိုက်ထည့်ထားတဲ့ သူတွေ သိထားသင့်တဲ့ အချက်များ ။ ။

ဆီးမသွားနိုင်လို့ ဘယ်သူကတော့ ဆီးပိုက်ကြီးနဲ့ နေရတာ၊ ဆီးမထိန်းနိုင်လို့ ဆီးပိုက်တန်းလန်းနဲ့နေမှ အဆင်ပြေတယ်ဆိုတာမျိုးတွေ ကြားဖူးမှာပါ။ တကယ်တော့ ဆီးပိုက်ထည့်တယ်ဆိုတာ အထည့်ခံရတဲ့သူအတွက် တကယ်ကို နေရထိုင်ရတာ သက်တောင့်သက်သာ မရှိစေတဲ့ အရာတစ်ခုပါ။ ခံစားနေရတဲ့ ဝေဒနာသက်သာအောင် လုပ်ပေးတယ်ဆိုပေမယ့် ဆီးပိုက်ကို သေချာ ဂရုမစိုက်ရင် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေ ကလည်း အများကြီးပါ။ ဘာဆိုးကျိုးတွေ ရှိလဲဆိုတာသိမှ သေချာ ဂရိုစိုက်လို့ရမှာဖြစ်တာကြောင့် ဆီးပိုက်ထည့်ခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက ဘာတွေလဲဆိုတာ ကြည့်ရအောင် ။ ။ ဆီးပိုက်ထည့်ထားတာကို သေချာ ဂရုမစိုက်ရင် ရလာနိုင်တဲ့ ဆိုးကျိုးတွေ ။ ။ ဆိုးကျိုးတွေကို အရင်မပြောခင် ဘာကြောင့် ဆီးပိုက်ထည့်ရတာလဲဆိုတာကို အရင်ပြောရအောင် ။ ရောဂါအခံကြောင့်၊ ဆီးကျောက်တည်နေလို့၊ ဆီးအိမ်ကြွက်သားအားမကောင်းလို့၊ အသက်ကြီးလာလို့ ဆီးလမ်းကြောင့် မလုံလို့နဲ့ ခွဲစိတ်ပြီးခါစမှာ ဆီးလုံးဝ […]


ဆီးအိမ်ရောဂါများ

ဆီးသွားချင်နေပေမယ့် ဆီးပေါက်လို့မရတာ ဘာကြောင့်လဲ။ ဘယ်လိုဖြေရှင်းကြမလဲ ။ ။

ဆီးသွားရတာခက်တာ၊ ဆီးကျန်နေတယ်လို့ ခံစားရတာတွေ၊ ဆီးအိမ်ကြီးတင်းနေပေမယ့် ဆီးသွားလို့ မရတာမျိုးတွေကို တော်တော်များများ ကြုံဖူးကြားဖူးကြမှာပါ။ ဒါတွေ ဘာကြောင့် ဖြစ်ရတာလဲ။ ဆီးမထိန်းနိုင်တာကပြဿနာတစ်ခုဆိုပေမယ့် ဆီးသွားချင်ရက်နဲ့ ဆီးပေါက်လို့ မရတဲ့ ပြဿနာက ပိုဆိုးပါတယ်။ ဆီးသွားချင်နေပေမယ့် ဆီးပေါက်လို့မရတာ ဘာကြောင့်လဲ။ ဘယ်လိုဖြေရှင်းကြမလဲ ။ ။ ဆီးသွားချင်နေပေမယ့် ဆီးပေါက်လို့မရတာ ဘာကြောင့်လဲ။ ဘယ်လိုဖြေရှင်းကြမလဲ ။ ။ ယောက်ျားမှာဆီး မိန်းမမှာမီးဆိုတဲ့အတိုင်း ဆီးနဲ့ပတ်သက်တဲ့ ပြဿနာတွေက အမျိုးသားတွေမှာ ပိုဖြစ်တတ်ပါတယ်။ ဒီဆီးပြဿနာတွေက အသက် ၄၀ကျော်ကနေ အသက် ၈၀ ကြားထဲရှိတဲ့ အမျိုးသား ၁၀၀၀ မှာ ၅ ယောက် ဖြစ်နေတဲ့ ပြဿနာဖြစ်ပါတယ်။ သူ့မှာ ချက်ချင်းလတ်တလောဖြစ်တဲ့ ဆီးမသွားနိုင်တဲ့ပြဿနာ ( acute urinary retention) နဲ့ နာတာရှည် […]


ဆီးလမ်းကြောင်း ကျောက်တည်ခြင်း

ရတနာစိန်ကျောက်မဟုတ်တဲ့ ကိုယ်တွင်းကျောက်များ

ရတနာစိန်ကျောက်ဇယ်တောက်တမ်းကစားကြမယ်လေ။ကျောက်တော့ကျောက်ပဲ၊ စိန်တွေ၊ပတ္တမြားတွေတော့မဟုတ်ဘူး။ ခန္ဓါကိုယ်ထဲကကျောက်ကတော့ကြောက်ဖို့ကောင်းပါတယ်။ မရှိကောင်းတဲ့အရာတွေဖြစ်သလို ရှိလာရင်လည်း အတော်ဒုက္ခပေးပါလိမ့်မယ်။ ထုန်ရောင်းလို့လည်းမရတော့လေ။ ဒီကျောက်တွေက ဘယ်နားမှာရှိတတ်တာလဲ၊ ခန္ဓါကိုယ်ရဲ့ဘယ်အပိုင်းမှာ အဖြစ်များလဲဆိုတာရောသိကြလား။ကျောက်ကပ်ကျောက်တည်တာ၊ ဆီးကျောက်တည်တာတော့ ကြားဖူးနေကျပါပဲ။ ကိုယ်မထင်ထားတဲ့ တခြားဘယ်အစိတ်အပိုင်းတွေမှာ ကျောက်တည်နိုင်လဲဆိုတာ ဆက်ပြီးဖတ်ကြည့်ပါဦး။ ကျောက်ကပ် ဆီးလမ်းကြောင်းမှာ ကယ်လ်စီယမ်အပါအဝင် သတ္တုဓါတ်တွေစုလာတဲ့အခါကျောက်တည်လာပါတယ်။ ကျောက်ကပ်ကျောက်တည်ရင် တင်ပါးနဲ့နံရိုးနားတဝိုက် ခါးနာမယ်။ ဆီးသွားမရအောင် ပိတ်ဆို့နိုင်လောက်အောင် အရွယ်အစားကြီးရင်ပေါ့။ ဆီးသွားရင်သွေး သို့မဟုတ်ကျောက်လေးတွေပါလာနိုင်တယ်။ကျောက်ကသေးရင် ဆီးထဲမှာသူ့အလိုလိုပါလာတတ်ပေမယ့် ကြီးရင်တော့ ခွဲစိတ်ဖယ်ရှားရနိုင်ပါတယ်။ လည်ချောင်း အာသီးဆိုတာရောဂါပိုးမွှားတွေကိုစစ်ထုတ်ဖယ်ရှားဖို့ကူညီပေးတဲ့ လည်ချောင်းအနောက်ဘက်က တစ်ရှူးအစုနှစ်ခုဖြစ်ပါတယ်။ အစားအစာတွေ၊ အရေပြားဆဲလ်သေတွေ၊ တခြားအစအနတွေ အဲဒီမှာကပ်ကျန်နေနိုင်ပြီးtonsilloliths လို့ခေါ်တဲ့ကျောက်တွေဖြစ်လာတတ်ပါတယ်။ ဒါဆို လည်ချောင်းနာတယ်၊ ခံတွင်းနံ့ဆိုးတယ်၊ အာသီးရောင်တယ် ဆိုတဲ့ လက္ခဏာတွေခံစားရနိုင်တယ်။ ဒီကျောက်တွေကို သွားပွတ်တံနဲ့ ဒါမှမဟုတ် ဂွမ်းစလေးနဲ့အသာအယာဖယ်ရှားနိုင်တယ်၊ ဆားရည်နဲ့ပလုပ်ကျင်းလို့ရတယ်။ မရရင်တော့ ဆရာဝန်ပြသင့်ပါတယ်။ ဆီးအိမ် ဆီးကောင်းကောင်းမသွားနိုင်တဲ့အခါ ဆီးကျောက်တည်လာနိုင်ပါတယ်။ ဒါမှမဟုတ် ဆီးထဲမှာ သတ္တုဓါတ်တွေများနေပြီး တခြားဓါတ်တွေနည်းနေလို့လည်းဖြစ်နိုင်တယ်။ […]


ဆီးအိမ်ရောဂါများ

ကလေးလည်း မဟုတ်ဘဲ အိပ်ကောင်းတုန်း ညဘက်အိပ်ရာထဲ ဆီးတွေသွားမိတာ ဘာကြောင့်လဲ ။ ။

တစ်ချို့ဖြစ်ဖူးကြမှာပါ။ အသက်က တော့ ၂၀ ကျော်နေပြီ ညဘက် အိပ်ရာထဲ သေးပေါက်ချမိနေတုန်း။ အိပ်ကောင်းနေတဲ့အချိန်မှာ ပြန်ပြီး သန့်ရှင်းရေး လုပ်ရတာလောက် အသဲပေါက်ဖို့ကောင်းတာ မရှိပါဘူး။ ပုံမှန်ဆို အသက်ကလေး ရလာပြီ ၁၀ နှစ်ကျော်လာပြီဆိုတာနဲ့ အိပ်ရာထဲမှာ ဆီးသွားတာမျိုးတွေ မရှိတော့ပါဘူး။ လူနည်းစုမှာတော့ နေ့တိုင်း မဟုတ်တောင် ၁လ တစ်ခါ ၂ လတစ်ခါ ( ဒါမှမဟုတ်) ၁ပတ်၁ ခါ အိပ်ရင်းနဲ့ ဆီးတွေသွားမိတာ ရှိတတ်ကြပါတယ်။ ဒါတွေက ဘာကြောင့်ဖြစ်ရတာလဲ။ ရောဂါတစ်ခုခုကြောင့် ဖြစ်နေရတာလား ။ ။ အိပ်ရင်းနဲ့ အိပ်ရာထဲ ဆီးသွားမိတဲ့ အကြောင်းအရင်းများ ။ ။ Antidiuretic hormone ဆီးမသွားချင်အောင်ထိန်းတဲ့ ဟော်မုန်း ပုံမှန် မဟုတ်ခြင်း ။ ။ Antidiuretic […]


အခြားဆီးလမ်းကြောင်းပြဿနာများ

ဆီးသွားချင်တာကို အောင့်ထားတတ်တဲ့ လူတွေရှိလား။ ဘယ်လို ဆိုးကျိုးတွေ ရှိနိုင်လဲ ။ ။

ဆီးသွားချင်တာကို အောင့်ထားတဲ့အခါ ဘာတွေ ဖြစ်လာမလဲ ။ ။ အားလုံးတစ်ချိန်မဟုတ်တစ်ချိန်မှာတော့ ဖြစ်ဖူးကြမှာပါ။ ဆီးသွားချင်ပေမယ့် မအားသေးလို့၊ အိမ်သာမရှိလို့ အောင့်ထားရတဲ့ အဖြစ်မျိုး ။ တစ်ချို့ဆိုလည်း အိပ်ချင်နေတဲ့အချိန် ဆီးသွားချင်ရင် အိမ်သာမသွားတော့ဘဲ အောင့်ထားလိုက်တာမျိုး။ ဒီလိုမျိုး ဆီးသွားချင်နေရက်နဲ့ အောင့်ထားတတ်တဲ့ အကျင့်ရှိလာရင် ကြာလာတဲ့အခါ ကျန်းမာရေးကို ဘယ်လိုထိခိုက်နိုင်မှာလဲ ။ ။ ဆီးအိတ်က ဆီးပမာဏ ဘယ်လောက်ကို ထိန်းထားနိုင်သလဲ ။ ။ ဆီးအောင့်ထားတာကို အရင်မပြောခင် ဆီးအိတ်ကနေ ဆီးပမာဏ ဘယ်လောက်ကို သိုလှောင်ထားနိုင်သလဲဆိုတာ အရင်ပြောပြပါမယ် ။ ပုံမှန် ဆီးအိတ်တစ်ခုဟာ ဆီးပမာဏ ၁၆ အောင်စ ( ဒါမှမဟုတ်) ဆီး ၂ ခွက်လောက်ကို ထိန်းထားနိုင်ပါတယ်။ ၂ နှစ် အရွယ်ကလေးတွေမှာဆို ဆီးအိတ်က ၄ […]


အခြားဆီးလမ်းကြောင်းပြဿနာများ

ဘာကြောင့် ဆီးခဏခဏ သွားချင်ရတာလဲ။ ဆီးချိုရှိနေပြီလား ။ ။

ဆီးတို့ ဝမ်းတို့ဆိုတာ ကိုယ်ခန္ဓါရဲ့ စွန့်ပစ်ပစ္စည်းတွေ ဖြစ်ပေမယ့် ကိုယ့်ကျန်းမာရေး အခြေအနေကို တစ်ဘက်တစ်လမ်းကနေ ဖော်ပြပေးနေတဲ့ အရာတွေဆိုလည်း မမှားပါဘူး။ လူတိုင်းနီးပါးသိထားကြတာကတော့ နာမည်ကြီး ဆီးချို ရောဂါရဲ့ လက္ခဏာတစ်ခုက ဆီးခဏခဏ သွားချင်တာပါပဲ။ အဲလို ဆီးခဏခဏ သွားနေပြီဆိုတာနဲ့ လူတိုင်း စတွေးကြတာ ငါမှာ့ဆီးချိုရှိနေပြီလားဆိုတဲ့ အတွေးပါ။ ကဲ ဆီးခဏခဏ သွားတိုင်း ဆီးချို ဖြစ်ရောလား ဆိုတာကို ကြည့်ရအောင်။ ။ ဆီး ပုံမှန်တစ်နေ့ကို ဘယ်နှစ်ကြိမ်သွားရမလဲ ။ ။ ဆီး ခဏခဏ သွားတဲ့ အကြောင်းမပြောခင် အရင်ဆုံး ပုံမှန် ဆီးသွားတဲ့ အကြိမ်အရေအတွက် ကိုသိဖို့လိုပါတယ်။ ပုံမှန်ဆို လူတစ်ယောက်ဟာ တစ်နေ့ကို ဆီး ၇ကြိမ်ကနေ ၈ကြိမ်လောက်အထိ ၂၄ နာရီအတွင်း သွားလေ့ရှိပါတယ်။ ညဘက်အိပ်နေရင်း […]


အခြားဆီးလမ်းကြောင်းပြဿနာများ

ဆီးက ပြောပြနေတဲ့ သင့်ကျန်းမာရေး ။ ။

ဆီးတို့ ဝမ်းတို့ဆိုတာ လူ့ကိုယ်ခန္ဓာရဲ့ စွန့်ပစ်ပစ္စည်းတွေဆိုပေမယ့်လည်း သူတို့က ကျန်းမာရေးအတွက် အရေးကြီးတဲ့အရာတွေပါ။ ဝမ်းတို့ ဆီးတို့ကောင်းပါမှ ခေါင်းတစ်လုံး မခဲမှာ ဆိုတဲ့ စကားတွေ ကြားဖူးကြတယ်မလား။ ဆေးရုံဆေးခန်းတွေမှာလည်း ရောဂါ ရှာဖွေဖို့အတွက် ဆီးစစ်ကြတယ်လေ။ ဒါဆို ဆီး အရောင်၊ အနံ့၊ ဆီး အကျဲ အပျစ်တို့က သင့်ကျန်းမာရေးကို ဘယ်လိုပြောပြမှာလဲ ။ ။ ဆီးအရောင်။ ။ အဝါဖျော့ရောင် - ပုံမှန် ဆီးအရောင်ဟာ အဝါဖျော့ရောင်ဖြစ်နေရပါမယ်။ ရေအများကြီးသောက်ထားတဲ့ အခါမျိုးမှာဆို ရေကြောင့် ဆီး ဘာအရောင်မှ မရှိတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ပန်းရောင် ( ဒါမှမဟုတ်) အနီရောင် - မုန်လာဥနီ၊ သကြားမုန်လာတို့လို အရောင်ရင့်တဲ့ အသီးအနှံတွေ စားတဲ့အခါ ဆီးအရောင်က ပန်းရောင်လေး သန်းနေတတ်ပါတယ်။ rifampinလိုမျိုး ပဋိဇီဝ ပိုးသတ်ဆေးတို့၊ […]


အခြားဆီးလမ်းကြောင်းပြဿနာများ

ဆီးသွားရင် နာကျင်ရတာ ဘာကြောင့်လဲ

ဆီးသွားရင် နာကျင်ရတာ၊ ဆီးသွားရခက်နေတာမျိုး တစ်ခါတစ်ခါ ခံစားရတတ်ပါတယ်။ ဆီးပုံမှန်မသွားတာ၊ ဆီးသွားတိုင်း နာကျင်တာ၊ ဆီးအရောင် မကောင်းတာ စသည်ဖြင့် ဆီးနဲ့ပတ်သက်တဲ့ ပြဿနာတွေက အဖြစ်များတဲ့အထဲမှာ ပါဝင်ပါတယ်။ ဆီးသွားတိုင်း နာကျင်ရတာ ဘာကြောင့်ဖြစ်နိုင်လဲဆိုတာ ဆက်ပြီးဖတ်ကြည့်ရအောင်။ ဆီးသွားရင် နာကျင်ရတာ ဘာကြောင့်လဲ ဆီးလမ်းကြောင်းပိုးဝင်ခြင်း (UTI) ဆီးသွားတဲ့အခါ နာကျင်တယ်ဆိုတာ ဆီးပြွန်မှာ ရောဂါပိုးဝင်တာကြောင့် ဖြစ်နိုင်ပါတယ်။ ဆီးသွားလိုက်တဲ့အခါ ပူတဲ့ခံစားချက်ဖြစ်တာ၊ ဆီးက အနံ့တစ်မျိုးဖြစ်နေတာတွေလည်း ရှိနိုင်ပါတယ်။ ဆီးအရောင်က နီကျင်ကျင်၊ အရောင်ရင့်တာတွေအပြင် ဆီးအရောင်နောက်နေတာတွေဖြစ်နိုင်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်ရင်တော့ ပဋိဇီဝဆေးတွေကို လိုအပ်သလို ဆရာဝန်ညွှန်ပါလိမ့်မယ်။ ကျောက်ကပ်ရောဂါ ဆီးလမ်းကြောင်းပိုးဝင်ရာကနေ ကျောက်ကပ်အထိ ရောဂါဝင်လာနိုင်ပြီး ပိုပြင်းထန်လာနိုင်ပါတယ်။ အဲဒီအဆင့်ရောက်ပြီဆိုရင်တော့ အဖျားတက်လာမယ်၊ မအီမသာဖြစ်လာမယ်၊ ပျို့အန်မယ်၊ ဆီးအရောင်နောက်မယ်၊ ရင့်မယ်၊ သွေးပါလာမယ်၊ အနံ့ဆိုးမယ်။ ဒါမျိုးတွေက ဆရာဝန်ညွှန်တဲ့ ပိုးသတ်ဆေးနဲ့မှ […]


ကျောက်ကပ်ရောဂါများ

ကျောက်ကပ်ရောဂါရှိသူများ သိထားသင့်တဲ့ စားသောက်မှုပုံစံ

ကျောက်ကပ်ရောဂါခံစားရမှုက အရင်ကသိပ်ကြားရလေ့မရှိပေမယ့် အခုနောက်ပိုင်းတော့တော်တော်လေးကြားလာရတယ်နော်။ ကမ္ဘာ့လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းလောက်ကကျောက်ကပ်ရောဂါခံစားနေကြရတယ်လေ။ ဒီတစ်ခေါက်တော့ Helloဆရာဝန်က စာဖတ်ပရိသတ်ကြီးအတွက်ကျောက်ကပ်ရောဂါရှိနေသူတွေ ဘယ်လိုစားသောက်နေထိုင်ရမလဲဆိုတာကိုပြောပြပေးမယ်နော်။ ကျောက်ကပ်ရဲ့ တာဝန် ကျောက်ကပ်က အရွယ်အစားသေးငယ်ပေမယ့် ခန္ဓါကိုယ်ရဲ့ အရေးပါတဲ့ လုပ်ငန်းဆောင်တာအများစုကို တာဝန်ယူထားတာပါနော်။ကျောက်ကပ်က စားသုံးလိုက်တဲ့အစားအစာတွေထဲမှာပါတဲ့ အဆိပ်အတောက်တွေနဲ့ အကျိုးမပြုတဲ့ ပစ္စည်းတွေကို စွန့်ထုတ်ပေးတယ်။ သွေးပေါင်ချိန်ထိန်းညှိဖို့ လိုအပ်တဲ့ဟော်မုန်းကို ထုတ်ပေးတယ်။ ကိုယ်တွင်းအရည်ဓါတ်ကို ထိန်းညှိပေးတယ်။ ဆီးသွားစေတယ်။ ဒါတွေအပြင် အခြားသောခန္ဓါကိုယ်အတွက်အရေးပါတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ပေးပါသေးတယ်။ ကျောက်ကပ်ထိခိုက်စေနိုင်တဲ့ အချက်များ ကျောက်ကပ်ကိုထိခိုက်စေနိုင်တဲ့အချက်တွေကမနည်းပါဘူး။ကျောက်ကပ်ကို အများဆုံးထိခိုက်စေတဲ့အကြောင်းအရင်းတွေကတော့ ဆီးချိုရောဂါ နဲ့သွေးတိုးဝေဒနာပါ။ အဝလွန်တာ၊ဆေးလိပ်နဲ့ အရက်သောက်သုံးမှုတွေကြောင့်လည်းကျောက်ကပ်ထိခိုက်နိုင်ပါသေးတယ်။ မျိုးရိုးရှိတာ၊ အမျိုးသား၊အမျိုးသမီးကွာခြားတာ နဲ့ အသက်အရွယ်တွေကြောင့်လည်းကျောက်ကပ်ထိခိုက်စေနိုင်ပါတယ်။ သွေးချိုကိုသေချာမထိန်းတာ၊သွေးတိုးကိုသေချာထိန်းညှိမှုမရှိတာတွေကြောင့်ကျောက်ကပ်တွင်းသွေးကြောလေးတွေထိခိုက်လာပြီးကေျာက်ကပ်ပျက်စီးနိုင်ပါတယ်။ကျောက်ကပ်ကကောင်းကောင်းအလုပ်မလုပ်နိုင်တော့တဲ့အခါသွေးတွင်းမှာ အနယ်အနှစ်တွေများလာပြီး ခန္ဓါကိုယ်မှာရောဂါတွေဝင်လာနိုင်ပါတယ်။ ကျောက်ကပ်ကျန်းမာနေစေဖို့ အဓိကလိုက်နာရမယ့်အချက် ၃ ချက် နေ့စဉ်စားသုံးတဲ့အစားအစာတွေကကျောက်ကပ်ကျန်းမာရေးအပေါ်တော်တော်လေးသက်ရောက်မှုရှိနေတာပါတယ်။ ဒီတော့ကျောက်ကပ်ကျန်းမာနေစေဖို့ ဒီအချက်လေးတွေကို သတိပြုဆင်ခြင်ပေးပါနော်။ ဆိုဒီယမ် (အငန်)လျှော့ပါ - အရသာခပ်လေးလေးမှကြိုက်တတ်သူတွေ လျှာကိုအလိုမလိုက်ပါနဲ့။ အငန်ဓါတ်ကကျောက်ကပ်ပျက်စီးရခြင်းရဲ့ အဓိကအကြောင်းတရားတစ်ခုပါ။ […]


ကျောက်ကပ်ရောဂါများ

Townes-Brocks syndrome (တောင်းဘရော့ခ် ဆင်ဒရုန်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်တောင်းဘရော့ခ် ဆင်ဒရုန်း ဆိုတာဘာလဲ။ တောင်းဘရော့ခ် ဆင်ဒရုန်း (TBS) ဆိုတာ စအိုပေါက်မပါခြင်း၊ နားရွက်ပုံသဏ္ဍန်မမှန်ခြင်း၊ အကြားအာရုံမကောင်းခြင်း၊ လက်မပုံသဏ္ဍန်မမှန်ခြင်းတို့ပါဝင်သော မျိုးရိုးဗီဇရောဂါတစ်မျိုးဖြစ်ပါတယ်။ တောင်းဘရော့ခ် ဆင်ဒရုန်း ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ တောင်းဘရော့ခ် ဆင်ဒရုန်းရဲ့ ဖြစ်ပွားနှုန်းကို မသိရှိရသေးသော်လည်း လူအယောက်၂၅၀၀၀၀မှာ ၁ယောက်နှုန်းရှိမယ်လို့ ခန့်မှန်းရပါတယ်။ ထိုအခြေအနေက ယောက်ျားလေးနဲ့ မိန်းကလေးကို တူညီစွာသက်ရောက်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ရောဂါလက္ခဏာများတောင်းဘရော့ခ် ဆင်ဒရုန်း ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ တောင်းဘရော့ခ် ဆင်ဒရုန်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ အောက်ပါတို့ဖြစ်ပါတယ်။ စအိုအပေါက်မပွင့်ခြင်း (၈၄ရာခိုင်နှုန်း) နားရွက်ပုံသဏ္ဍန်မမှန်ခြင်း (၈၇ရာခိုင်နှုန်း) လက်မပုံသဏ္ဍန်မမှန်ခြင်း (၈၉ရာခိုင်နှုန်း) (ဥပမာ အရိုး၃ခုပါသောလက်မ၊ လက်မ၂ချောင်း၊ အရမ်းသေးသောလက်မ) ထိုရောဂါရှိတဲ့သူအများစုမှာ အောက်ပါလက္ခဏာ၃ခုထဲမှ အနည်းဆုံး၂ခုတွေ့ရှိနိုင်ပါတယ်။ အကြားအာရုံမကောင်းခြင်း ကျောက်ကပ်မကောင်းခြင်း (ဥပမာ ဂိတ်ဆုံးရောက်နေသော ကျောက်ကပ်ရောဂါ (ESRD)၊ ထိုရောဂါမှာ ကျောက်ကပ်ပုံသဏ္ဍန်မမှန်တာမျိုးမရှိပါဘူး ဥပမာ (ပုံမှန်မလည်ခြင်း၊ အနေအထားမမှန်ခြင်း (Ectopia)၊ မြင်းခွာပုံကျောက်ကပ်၊ […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်