ဆီးပိုက်ထည့်ထားတာကြောင့် အခြားရနိုင်သေးတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက
- ဆီးပိုက်မှာသုံးထားတဲ့ latex ( ရော်ဘာ တစ်မျိုး) နဲ့ ဓါတ်မတည့်ခြင်း
- ဆီးတွေအနည်ကျပြီး ဆီးကျောက်တည်ခြင်း
- ဆီးပိုက်ထည့်တဲ့အချိန် ထိခိုက်မိသွားပြီး ဆီးထဲသွေးပါတာ
- ကျောက်ကပ်ထဲကိုပါ ပိုးတွေဝင်သွားနိုင်ပြီး ကျောက်ကပ်ရောင်ခြင်း
- ဆီးလမ်းကြောင်း ပိုးဝင်ပြီး သွေးဆိပ်တက်ခြင်း တွေက ဆီးပိုက်ထည့်ခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်ပါတယ်။
ဆီးပိုက်ကို ဘယ်လို ဂရုစိုက်ရမလဲ။ ။
မထည့်လို့ကလည်းမရတော့ ဆီးပိုက်ထည့်လိုက်ရပြီ ဆိုပါတော့။ အပေါ်မှာ ပြောထားတဲ့ ဆီးပိုက်ထည့်ခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ မရအောင် ဆီးပိုက်ကို ဘယ်လိုဂရုစိုက်ရမလဲ။ ။
ဆီးပိုက်တွေမှာ တစ်ခါသုံး ဆီးပိုက်နဲ့ ပြန်ဆေးပြီး သုံးလို့ရတဲ့ ဆီးပိုက်ဆိုပြီး ၂ မျိုးရှိပါတယ်။
တစ်ခါသုံး ဆီးပိုက်တွေကတော့ ရှင်းပါတယ်။ သုံးပြီးတာနဲ့စွန့်ပစ်လိုက်ရုံပါပဲ။
ပြန်ဆေးပြီးသုံးလို့ရတဲ့ ဆီးပိုက်ထည့်တဲ့ သူဆိုရင်တော့ ဆီးပိုက်ကို ရေတွေ၊ ဆပ်ပြာတွေနဲ့ သေချာသန့်စင်နေအောင် ဆေးဖို့ဆိုတာ တော်တော်လေးကို အရေးကြီးပါတယ်။ ဆီးပိုက်တင်မဟုတ်ပါဘူး။ ဆီးပိုက်ထည့်ခါနီးတိုင်း ဆီးခုံနားတစ်ဝိုက်ကိုလည်း သေချာ သန့်ရှင်းပေးဖို့လိုပါတယ်။ ဒါမှဆီးလမ်းကြောင်းပိုးဝင်တာကို ကာကွယ်နိုင်မှာပါ။
ဆီးပိုက်နဲ့ဆက်ထားတဲ့ ဆီးအိတ်ကို ၈နာရီတစ်ခါ ဒါမှမဟုတ် ဆီးအိတ်ပြည့်သွားတိုင်း အထဲက ဆီးတွေကို ဖောက်ထုတ်ပေးပါ။ ရှာလကာရည် + ရေ ( ဒါမှမဟုတ်) အရောင်ချွတ်ဆေး + ရေ ရောပြီး ဆီးအိတ်ကို သန့်စင်ပေးလို့ရပါတယ်။
နောက်တစ်ခုကတော့ ရေများများသောက်ဖို့ပါ။ ရေများများသောက်မှ ဆီးများများသွားြ့ပီး ဆီးအနည်ထိုင်တာ၊ ဆီးလမ်းကြောင်းပိုးဝင်တာတွေ နည်းသွားမှာပါ။
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။