ဆီးသွားရတာခက်တာ၊ ဆီးကျန်နေတယ်လို့ ခံစားရတာတွေ၊ ဆီးအိမ်ကြီးတင်းနေပေမယ့် ဆီးသွားလို့ မရတာမျိုးတွေကို တော်တော်များများ ကြုံဖူးကြားဖူးကြမှာပါ။ ဒါတွေ ဘာကြောင့် ဖြစ်ရတာလဲ။ ဆီးမထိန်းနိုင်တာကပြဿနာတစ်ခုဆိုပေမယ့် ဆီးသွားချင်ရက်နဲ့ ဆီးပေါက်လို့ မရတဲ့ ပြဿနာက ပိုဆိုးပါတယ်။