Phosphorus –ကျောက်ကပ်ထိခိုက်ထားတဲ့သူက ကိုယ်တွင်းက ပိုလျှံနေတဲ့Phosphorusတွေကို မစစ်ထုတ်နိုင်တော့ပါဘူး။ ဒီဓါတ်ကလည်းနေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာတော်တော်လေးပါဝင်နေတဲ့ ဓါတ်တစ်ခုပေါ့။Phosphorus ပမာဏများပြားမှုက ခန္ဓါကိုယ်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဒီဓါတ်ကိုလည်း တတ်နိုင်သမျှလျှော့ရပါမယ်။
ဒါတွေအပြင်ကျောက်ကပ်ရှိသူတွေအနေနဲ့နောက်ထပ်သတိထားရမှာက ပရိုတင်းအများကြီးမစားမိစေဖို့နဲ့ ကယ်လ်ဆီယမ်ကိုလျှော့စားဖို့ပါ။
ကျောက်ကပ်ရောဂါရှိသူတွေစားသုံးပေးသင့်တဲ့ အစားအစာများ
ပန်းဂေါ်ဖီ
ဗီတာမင် C၊ ဗီတာမင် K နဲ့ ဗီတာမင် B တို့အပါအဝင် အာဟာရဓါတ်များစွာပါဝင်နေပါတယ်။ အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်သလိုရောင်ရမ်းမှုကိုလျော့ပါးစေနိုင်တဲ့indoles လိုမျိုးဒြပ်ပေါင်းတွေလည်း ပါဝင်နေပါတယ်။ အာလူးနေရာမှာ အစားထိုးစားသုံးပေးသင့်တဲ့ ပိုတက်ဆီယမ်ပါဝင်မှုနည်းတဲ့ အရန်ဟင်းလျာတစ်မျိုးပေါ့။
စပျစ်သီး
အရသာရှိရုံတင်မဟုတ်ပါဘူး။ အာဟာရလည်း ကြွယ်ဝပါတယ်။ ဗီတာမင် C နဲ့ရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့ ဖလေဗာနွိုက် လိုမျိုး ဓါတ်တိုးဆန့်ကျင် ပစ္စည်းတွေပါဝင်နေပါတယ်။ နှလုံးကျန်းမာစေနိုင်သလို ဆီးချိုကာကွယ်ပေးပြီး သိမြင်မှုစွမ်းရည်ကျဆင်းတာကို ကာကွယ်ပေးနိုင်ပါတယ်။ကျောက်ကပ်အတွက်အကောင်းဆုံး အချိုပွဲလေးတစ်ခုပေါ့။
ကြက်ဥအကာ
ကြက်ဥအနှစ်က အာဟာရဓါတ်ကြွယ်ဝပေမယ့်phosphorus ပါဝင်မှုများတာကြောင့်ကျောက်ကပ်ရှိသူတွေအတွက် အကောင်းဆုံးက ကြက်ဥအကာပါ။ ပရိုတင်းဓါတ်ရနိုင်ပေမယ့်ကျောက်ကပ်ကိုမထိခိုက်စေနိုင်တဲ့ အဆာပြေစားစရာလေးတစ်ခုပါ။
ကြက်သွန်ဖြူကဆေးဖက်ဝင်တယ်လို့သိထားပြီးဖြစ်မှာပါ။ ကြက်သွန်ဖြူက ဟင်းလျာတွေရဲ့ အရသာကို ပိုကောင်းသွားစေနိုင်ပါတယ်။ အာဟာရကြွယ်ဝသလို မဂ္ဂနိ၊ ဗီတာမင် C နဲ့ ဗီတာမင် B6 တို့ပါဝင်နေပြီး နာကျင်ရောင်ရမ်းမှုကိုလျော့ကျစေနိုင်တဲ့ Sulfurဒြပ်ပေါင်းပါဝင်နေပါတယ်။ကျောက်ကပ်ကောင်းဖို့ တစ်နေ့ကို အနည်းဆုံး ကြက်သွန်ဖြူ ၃ မွှာစားပေးပါ။
ဂေါ်ဖီထုပ်
ဂေါ်ဖီထုပ်မှာ ဗီတာမင် K၊ ဗီတာမင် C နဲ့ ဗီတာမင် B တို့ အများအပြားပါဝင်နေပါတယ်။ အမျှင်ဓါတ်ကြွယ်ဝမှုက အစာခြေစနစ်ကို ကျန်းမာစေသလို ဝမ်းမှန်စေနိုင်ပါတယ်။ ပိုတက်ဆီယမ်၊phosphorus နဲ့ ဆိုဒီယမ်ပါဝင်မှုနည်းတာကြောင့်ကျောက်ကပ်ရောဂါရှိသူတွေအတွက် သင့်တော်တဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးပေါ့။
အရေခွံမပါတဲ့ ကြက်သား
ကျောက်ကပ်ရောဂါရှိသူတွေအနေနဲ့ ပရိုတင်းလျှော့စားရမယ်ဆိုပေမယ့် ခန္ဓါကိုယ်ကျန်းမာဖို့ လိုအပ်တဲ့ ပရိုတင်းဓါတ်ကိုတော့ပြည့်ဝအောင်စားရပါမယ်။ ဒါကြောင့်ကျောက်ကပ်သမားတွေရှောင်ရမယ့်ပိုတက်ဆီယမ်၊phosphorus နဲ့ ဆိုဒီယမ်ပါဝင်မှုနည်းတဲ့ အရေခွံမပါတဲ့ ကြက်ရင်အုံသားကို စားသုံးပေးလို့ရပါတယ်။
ငရုတ်ပွ
ငရုတ်ပွက အာဟာရကြွယ်ဝပေမယ့် အခြားဟင်းသီးဟင်းရွက်တွေနဲ့မတူဘဲ ပိုတက်ဆီယမ်ပါဝင်မှုနည်းပါတယ်။ ငရ်ုပွအရောင်တောက်တောက်လေးတွေက ဗီတာမင် A၊ ဗီတာမင် C တို့ကြွယ်ဝစွာပါဝင်နေပြီးကျောက်ကပ်ရောဂါရှိသူတွေ စားသုံးပေးသင့်တဲ့ အစားအစာတစ်ခုပါ။
ကြက်သွန်နီ
ဆိုဒီယမ်ပါဝင်မှုနည်းတဲ့ကျောက်ကပ်အကျိုးပြုဆေးဖက်ဝင်စားစရာတစ်မျိုးပေါ့။ ဗီတာမင် C၊ မဂ္ဂနိ၊ ဗီတာမင် B နဲ့ အမျှင်ဓါတ်ပါဝင်တာကြောင့်ကျောက်ကပ် ကိုရော အစာခြေစနစ်ကိုပါကျန်းမာစေမှာပါ။
မုန်လာဥဖြူ
ကျောက်ကပ်အတွက် သင့်တော်တဲ့ ဟင်းသီးဟင်းရွက်တစ်ခုပေါ့။ ပိုတက်ဆီယမ် နဲ့ phosphorus ပါဝင်မှုနည်းပြီး ခန္ဓါကိုယ်အတွက် အရေးပါတဲ့ အခြားအာဟာရဓါတ်တွေတော့ ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒါကြောင့်ကျောက်ကပ်အတွက်ကောင်းဖို့ဆိုရင် မုန်လာဥဖြူစားပေးပါ။
လိမ္မော်သီး၊ ငှက်ပျောသီးနဲ့ ကီဝီသီးတွေထက် ပိုတက်ဆီယမ်ပါဝင်မှုနည်းတာကြောင့်ကျောက်ကပ်ရောဂါရှိသူတွေအတွက် သင့်တော်ပါတယ်။နောက်တစ်ချက်က နာနတ်သီးမှာ အမျှင်ဓါတ်၊ ဗီတာမင် B၊ မဂ္ဂနိ၊ရောင်ရမ်းမှုကိုလျော့ကျစေနိုင်တဲ့ အင်ဇိုင်းတစ်မျိုးဖြစ်တဲ့bromelain တို့ပါဝင်နေပါတယ်။
ရှီတာကီမှိုမှာ ဗီတာမင် B၊Copper၊ မဂ္ဂနိ နဲ့ ဆီလီနီယမ်တို့ကြွယ်ဝစွာပါဝင်နေပါတယ်။ အပ်ငကနေရတဲ့ ပရိုတင်းနဲ့ အမျှင်ဓါတ်တွေလည်း ပါဝင်နေတာကြောင့်ကျောက်ကပ်ရောဂါရှိသူတွေအတွက် သင့်တော်တဲ့ စားစရာတစ်မျိုးပေါ့။
ဒါတွေတော့ရှောင်ပါ
- အနီရောင်အသားတွေ
- ဘဲသား
- ငါးခြောက်
- နို့ထွက်ပစ္စည်း
- ငပိ
- ပဲအမျိုးမျိုး
- ဆီသွတ်ဗူးတွေ
- သစ်သီးခြောက်တွေ
- အာလူး
- ခရမ်းချဉ်သီး
- ကြက်ဥအနှစ်
- လိမ္မော်သီး
- ငှက်ပျောသီး
- အချိုရည်တွေ
- အရက်
- ဆေးလိပ်
- ဆော်ဒါ
- ပေါင်မုန့်
ကဲကျောက်ကပ်ရောရှိသူတွေ အခုပြောခဲ့တဲ့အတိုင်းလေးစားသောက်နေထိုင်ရင်းကျောက်ကပ်လေးကို ဂရုစိုက်လိုက်ပါနော်။
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။