backup og meta

ဆီးက ပြောပြနေတဲ့ သင့်ကျန်းမာရေး ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆီးက ပြောပြနေတဲ့ သင့်ကျန်းမာရေး ။ ။

    ဆီးတို့ ဝမ်းတို့ဆိုတာ လူ့ကိုယ်ခန္ဓာရဲ့ စွန့်ပစ်ပစ္စည်းတွေဆိုပေမယ့်လည်း သူတို့က ကျန်းမာရေးအတွက် အရေးကြီးတဲ့အရာတွေပါ။ ဝမ်းတို့ ဆီးတို့ကောင်းပါမှ ခေါင်းတစ်လုံး မခဲမှာ ဆိုတဲ့ စကားတွေ ကြားဖူးကြတယ်မလား။ ဆေးရုံဆေးခန်းတွေမှာလည်း ရောဂါ ရှာဖွေဖို့အတွက် ဆီးစစ်ကြတယ်လေ။ ဒါဆို ဆီး အရောင်၊ အနံ့၊ ဆီး အကျဲ အပျစ်တို့က သင့်ကျန်းမာရေးကို ဘယ်လိုပြောပြမှာလဲ ။ ။

    ဆီးအရောင်။ ။

    အဝါဖျော့ရောင် – ပုံမှန် ဆီးအရောင်ဟာ အဝါဖျော့ရောင်ဖြစ်နေရပါမယ်။ ရေအများကြီးသောက်ထားတဲ့ အခါမျိုးမှာဆို ရေကြောင့် ဆီး ဘာအရောင်မှ မရှိတာမျိုးလည်းဖြစ်နိုင်ပါတယ်။

    ပန်းရောင် ( ဒါမှမဟုတ်) အနီရောင် – မုန်လာဥနီ၊ သကြားမုန်လာတို့လို အရောင်ရင့်တဲ့ အသီးအနှံတွေ စားတဲ့အခါ ဆီးအရောင်က ပန်းရောင်လေး သန်းနေတတ်ပါတယ်။ rifampinလိုမျိုး ပဋိဇီဝ ပိုးသတ်ဆေးတို့၊ ဆီးလမ်းကြောင်းပိုးဝင် တဲ့ အခါသောက်ရတဲ့ phenazopyridine တို့ကြောင့်လည်း ဆီး အရောင် ပန်းရောင်သန်းတတ်ပါတယ်။ ဆီးအရောင် အနီရောင်ဖြစ်နေတဲ့ အခါမျိုးဆိုရင် ဆီးထဲသွေးပါတာ ဖြစ်နိုင်တဲ့အတွက် ဆရာဝန်ဆီမှာ သေချာသွားစစ်ကြည့်သင့်ပါတယ်။ ဆီးထဲသွေးပါတယ်ဆိုတာ ကျောက်ကပ်ရောဂါ၊ ဆီးလမ်းကြောင်းထဲ ပိုးဝင်တာနဲ့ ဆီးကျိတ်ကင်ဆာတို့ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မပေါ့ဆတာ အကောင်းဆုံးပါ။

    လိမ္မော်ရောင် – ချဉ်လွန်းတဲ့ ဖျော်ရည်တွေ၊ ဗီတာမင် B12 ဖြည့်စွက်အားဆေးတွေ၊ ဆီးလမ်းကြောင်းပိုးဝင်ရင် သောက်ရတဲ့ phenazopyridine ၊ နဲ့ ပဋိဇီဝ ပိုးသတ်ဆေးတစ်မျိုးဖြစ်တဲ့ isoniazid တို့ကြောင့်လည်း ဆီးအရောင် လိမ္မော်ရောင် ပြောင်းသွားနိုင်ပါတယ်။ ဒါ့ပြင် အသည်းနဲ့ သည်းခြေ လမ်းကြောင်းဆိုင်ရာ ပြဿနာတွေကြောင့်လည်း ဆီးအရောင် ပြောင်းနိုင်ပါသေးတယ်။

    အပြာ ( သို့မဟုတ်) အစိမ်းရောင် – သင်စားလိုက်တဲ့ အစားအသောက်တွေထဲမှာ အပြာရောင်ပါတာမျိုး၊ မေ့ဆေး တစ်မျိုးဖြစ်တဲ့ propofol နဲ့ ပန်းနာရင်ကြပ်ဖြစ်တဲ့သူတွေ သောက်တဲ့ promethazine ဆေးကြောင့်လည်း ဆီး အရောင် အပြာရောင် ပြောင်းသွားနိုင်ပါတယ်။

    ဆီးအမြုပ်ထခြင်း ။ ။

    ဆီးအရောင်က ပုံမှန်ဖြစ်နေပေမယ့်လည်း ဆီးထဲမှာ အမြုပ်ပါနေတာမျိုး၊ ဆီးနောက်နေတာမျိုးတွေက သင့်မှာ ကျောက်ကပ် ပြဿနာ ရှိနေပြီဆိုတာကို ပြောချင်တာဖြစ်ပါတယ်။

    ဆီး အနံ့ ။ ။

    ပုံမှန် ဆီးအနံ့ က သိပ်မပြင်းတတ်ပါဘူး။ ဆာလ်ဖာ ဓာတ်ပေါင်းတွေပါတဲ့ ရေကညွန့်စားမိရင်၊ ဗီတာမင် B6 အားဆေးတွေ သောက်မိရင်လည်း ဆီးအနံ့ ပြင်းလာတာမျိုးတွေ ဖြစ်တတ်ပါတယ်။ သင် ရေသိပ်မသောက်တဲ့ နေ့တွေ မှာဆိုရင်လည်း ဆီးအရောင်ရင့်နေပြီး အနံ့လည်း ပြင်းနေတတ်ပါတယ်။

    ဆီးက ပုံမှန် တစ်နေ့ဘယ်နှစ်ကြိမ်သွားသင့်တာလဲ ။ ။

    ပုံမှန်ဆို လူတစ်ယောက်က တစ်နေ့ကို ၈ကြိမ်လောက်ထိ ဆီးသွားနိုင်ပါတယ်။ ဒါတွေက စားတဲ့သောက်တဲ့ အပေါ်မှာလည်း မူတည်နိုင်ပါသေးတယ်။ အထူးသဖြင့် ကဖင်းဓါတ်ပါတဲ့ ကော်ဖီတို့၊ အရက် ဘီယာတို့၊ သောက်တဲ့နေ့တွေဆို ဆီး အကြိမ်များများသွားတတ်ပါတယ်။ ကိုယ်ဝန်ဆောင်တွေ အနေနဲ့လည်း အခြားသူတွေ ထက် ဆီးသွားရတဲ့အကြိမ် ပိုများနိုင်ပြီး ကိုယ်သောက်လိုက်တဲ့ ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေ အဖြစ် ဆီးသွားများတာလည်း ဖြစ်နိုင်ပါတယ်။

    အပေါ် မှာ ပြောခဲ့သလိုမျိုးတွေ ဘာမှ မရှိဘဲနဲ့ ဆီးသွားများတယ်ဆိုရင် ဆီးလမ်းကြောင်းပိုးဝင်တာ၊ ဆီးချိုရောဂါ၊ ဆီးကျိတ်နဲ့ပက်သက်တဲ့ရောဂါတွေနဲ့ ဆီးအိမ်ရောင်တဲ့ ရောဂါတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။

    ဆီးသွားရခက်နေတာ။ ဆီးသွားရင် နာကျင်တာ။

    ဆီးသွားရခက်နေတာ၊ ဆီးသွားရင် နာကျင်နေတာမျိုးတွေ သင်ဖြစ်နေပြီဆိုရင်တော့ သင့်မှာ

    ဆီးမထိန်းနိုင်တာ။

    ပုံမှန် လူတစ်ယောက်ရဲ့ ဆီးအိမ်မှာ အထိန်းကြွက်သားကောင်းကောင်း အလုပ်လုပ်နေသေးသရွေ့ ဆီးသွားချင်နေပေမယ့်ထိန်းထားလို့ ရပါတယ်။ အသက်ကြီးလာတဲ့အခါမျိုး ၊ အာရုံကြော အားနည်းတဲ့ ဝေဒနာ ခံစားနေရတဲ့ အခါမျိုးမှာဆို အထိန်းကြွက်သား အားလျော့သွားတာကြောင့် ဆီးမထိန်းနိုင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

    ဒါတွေကတော့ ဆီးက ပြောပြနေတဲ့ သင့်ကျန်းမာရေး အခြေအနေတွေ ပဲဖြစ်ပါတယ်။ ဆီးသွားရတာ ကောင်းဖို့အတွက်ဆို ရေက အရေးအကြီးဆုံးပဲမို့ တစ်နေ့ကို ရေ ၃ ပုလင်း ( ဒါမှမဟုတ်) ရေ ၈ ဖန်ခွက်လောက်တော့ ပုံမှန် သောက်ပေးသင့်တယ်နော်။ ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement