ဆီးနှင့်ကျောက်ကပ်ကျန်းမာရေး

ခန္ဓာကိုယ်က အာဟာရတွေကို စုပ်ယူပြီးတဲ့နောက်မှာ မလိုတဲ့ အညစ်အကြေးတွေကို သွေးနဲ့ အူမကြီးကို ပို့ထားခဲ့ပါတယ်။ သွေးထဲက အညစ်အကြေးတွေကို စစ်ထုတ်ပြီး ဆီးအဖြစ် အပြင်ကို စွန့်ထုတ်တာက ဆီးနဲ့ ကျောက်ကပ်ရဲ့ အရေးကြီးတဲ့ အလုပ်တစ်ခုပါ။ ဆီးနဲ့ ကျောက်ကပ်ကျန်းမာနေဖို့ဆိုရင် သူ့မှာပါတဲ့ ကျောက်ကပ်၊ ဆီးပို့ပြွန်၊ ဆီးလွှတ်ပြွန်၊ ဆီးအိမ်တွေ ကောင်းကောင်း အလုပ်လုပ်နိုင်ဖို့ လိုပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆီးနှင့်ကျောက်ကပ်ကျန်းမာရေး

ရေချိုးနေတုန်း ဆီးသွားရင် ဆီးကျောက်တည် တတ်သလား

ငယ်ငယ်တုန်းက ရေချိုးနေတုန်း ဆီးမသွားရဘူး။ ရေချိုးနေတုန်း ဆီးသွားရင် ဆီးကျောက်တည် တတ်တယ်ဆိုပြီး လူကြီးတွေ ပြောတာ ကြားဖူးမှာပါ။ ဆီးကျောက်က ရေချိုးနေရင်း ဆီးသွားလို့ ဖြစ်တာလား။ ရေချိုးနေတုန်း ဆီးမသွားသင့်ဘူးလား။ ဆီးကျောက်တွေက ဘယ်ကဖြစ်လာတာလဲ ရေချိုးနေတုန်း ဆီးသွားရင် ဆီးကျောက်တည်တတ်သလားဆိုတာကို မပြောခင် ဆီးကျောက်ဘာကြောင့် တည်တာလဲဆိုတာကို အရင်သိထားဖို့ လိုပါတယ်။ ဒါမှ ဖြစ်နိုင် မဖြစ်နိုင် စဉ်းစားလို့ ရမှာပါ။ ကျောက်ကပ်အပါအဝင် ဆီးလမ်းကြောင်းရဲ့ ဘယ်နေရာမှာမဆို ဆီးကျောက်တည်တတ်ပါတယ်။ ကျောက်ကပ်မှာ တည်မလား၊ ဆီးပြွန်မှာ တည်မလား၊ ဆီးအိမ်မှာ တည်မလား နေရာစုံမှာ တည်နိုင်ပါတယ်။ ဆီးကျောက်တည်ရတာက ဆီးထဲမှာ အနည်ကျပြီး ‌ကျောက်ဖြစ်နိုင်တဲ့ ကယ်ဆီယမ်၊ အောက်ဆဲလိတ်နဲ့ ယူရစ်အက်စစ်တွေ လိုတာထက်ပိုပါလာလို့ပါ။ တစ်ချိန်တည်းမှာပဲ သင့်ဆီးထဲမှာ ဒီကျောက်တွေ အနည်မကျအောင် ကာကွယ်ပေးနိုင်တဲ့ ပစ္စည်းတွေ မရှိဘူးဆိုရင် ခဲပြီး […]

ဆီးနှင့်ကျောက်ကပ်ကျန်းမာရေး ကို ရှာဖွေမည်။

အခြားဆီးလမ်းကြောင်းပြဿနာများ

ဆီးတွင်သွေးပါခြင်း အကြောင်းရင်းများ

ဆီးတွင်သွေးပါခြင်း ကို သင်ကိုယ်တိုင် ဒါမှမဟုတ် သင့်မိသားစုအသိမိတ်ဆွေတွေဆီမှာ ကြုံတွေ့ရနိုင်ပါတယ်။ ဒါဆိုတော့ အဲဒီရောဂါရဲ့ အကြောင်းအရင်းကဘာလဲ၊ ဘယ်လိုကုသရမယ်ဆိုတာကို သိသင့်ဖိုလိုပါပြီ။ ယခုဖော်ပြမဲ့ဆောင်းပါးကတော့ အဲဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး သိသင့်သိထိုက်တာတွေ ပြောပြပါလိမ့်မယ်။ ဆီးတွင်သွေးပါခြင်း ဖြစ်စေသောအရာများ ဆီးတွင်သွေးပါခြင်း ကတော့ ကျောက်ကပ် ဒါမှမဟုတ် ဆီးလမ်းကြောင်းတစ်နေရာရာက သွေးတွေပါနေအောင် လုပ်ပေးနေလို့ဖြစ်ပါတယ်။ ဆီးထဲမှာသွေးပါစေတဲ့ အကြောင်းအရင်း များစွာရှိပါတယ်။ အဲဒါတွေကတော့ ဆီးလမ်းကြောင်းပိုးဝင်ခြင်း ဆီးပြွန်ကနေတစ်ဆင့် ရောဂါပိုးတွေဟာ ခန္ဓာကိုယ်ထဲ ဝင်သွားပြီးနောက် ဆီးအိတ်ထဲမှာ ပွားများဖို့ အခွင့်သာလာတဲ့အခါမှာ ဆီးလမ်းကြောင်းပိုးဝင်တာ ဖြစ်တာပါပဲ။ ရောဂါလက္ခဏာတွေကတော့ ဆီးခဏခဏသွားချင်နေခြင်၊ ဆီးသွားနေချိန် နာကျင်ခြင်းနဲ့ ဆီးနံ့ပြင်းနေခြင်းတွေပဲ ဖြစ်ပါတယ်။ ကျောက်ကပ်ပိုးဝင်ခြင်းများ ကျောက်ကပ်ပိုးဝင်ခြင်း (Pyelonephritis) ဟာ ရောဂါပိုးတွေက ဆီးလမ်းကြောင်းကနေ ကျောက်ကပ်ကို ရောက်သွားတဲ့အခါ ဒါမှမဟုတ် ရောဂါပိုးတွေက သွေးထဲကနေ ကျောက်ကပ်ကို ရောက်သွားတဲ့ အခါတွေမှာ […]


အခြားဆီးလမ်းကြောင်းပြဿနာများ

ဆီးသွားလျှင်နာကျင်ရသည့်အကြောင်းအရင်း

အဓိပ္ပါယ်ဖွင့်ဆိုချက်ဆီးသွားလျှင်နာကျင်ခြင်း (သို့မဟုတ်) ဆီးအောင့်ခြင်း ၊ ဆီးကျင်ခြင်းသည် အဖြစ်များသော ရောဂါဖြစ်ပြီး လူနာများသည် ဆီးသွားသောအခါ မသက်မသာဖြစ်၍ နာကျင်ခြင်းကို ခံစားရသည်။ ခံစားရလေ့ရှိသူများဆီးသွားလျှင်နာကျင်ခြင်းကိုမည်သူတို့ကခံစားရလေ့ရှိသနည်း အမျိုးသားများနှင့်ယှဉ်လျှင် အမျိုးသမီးများက ပို၍ဖြစ်နိုင်ချေရှိသည်။ အမျိုးသားများ အနေဖြင့်လည်း အသက်ကြီးသူများက အသက်ငယ်သူများ ထက်ပို၍ အဖြစ်များသည်။ ကိုယ်ဝန်ဆောင်မိခင်များ ၊ ဆီးချိုဝေဒနာရှင်များနှင့် ဆီးအိမ်ရောဂါရှိသူများသည် ဆီးသွားလျှင် နာကျင်ခြင်းကို အခံစားရဆုံးသူများဖြစ်ကြသည်။ လက္ခဏာများဆီးသွားလျှင်နာကျင်ခြင်း၏လက္ခဏာများ ရောဂါဖြစ်သူ အမျိုးသားရော အမျိုးသမီးများပါ ဆီးသွားလျှင် ပူစပ်ပူလောင်ဖြစ်ခြင်း ၊ နာကျင်ခြင်း ၊ ယားယံခြင်းတို့ကို ခံစားရလေ့ရှိသည်။ အချို့သူများတွင် ဆီးစွန့်ရာထွက်ပေါက်မှ နာကျင်မှုမျိုးလည်း ရှိတတ်သည်။ အချို့တွင်မူ ခန္ဓါကိုယ် အတွင်းပိုင်းနှင့် ဆီးအိမ် ၊ ဆီးကျိတ်တို့ တည်ရှိရာ နေရာတွင် နာကျင်တတ်သည်။ ရောဂါဖြစ်ပွားစဉ် ကာလတွင် လူနာသည် ဆီးခဏခဏ သွားလိုခြင်းကိုပါ ခံစားရသည်။ ဖြစ်ပွားနိုင်ချေမြင့်မားစေသောအကြောင်းရင်းများဆီးသွားလျှင်နာကျင်ရခြင်း၏အကြောင်းအရင်းများ ဆီးကျင်ခြင်း […]


ဆီးလမ်းကြောင်း ကျောက်တည်ခြင်း

ဆီးကျောက်များကိုဖယ်ရှားနိုင်ရန် ရိုလာကိုစတာစီးပါ

အဓိပ္ပါယ်ဖွင့်ဆိုချက်ဆီးကျောက်များသည် သေးငယ်မာကျောသော သတ္ထုနှင့်ဆားအမှုန်အခဲများဖြစ်ပြီး ကျောက်ကပ်ထဲတွင်တည်ရှိသည်။ ကျောက်ကပ်မှသည်ဆီးအိမ်အထိဆီးလမ်းကြောင်း၏ မည်သည့်နေရာတွင် မဆိုဆီးကျောက်ဖြစ်ပေါ်နိုင်သည်။ အချိန်ကြာလာသည့်အခါ ပြင်းထန်သောနာကျင်ခြင်းနှင့်ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကိုလည်း ဖြစ်စေနိုင်သည်။ ဆီးကျောက်၏ အရွယ်အစားပေါ်မူတည်၍ ဆရာဝန်ဆီမှ အကြံဉာဏ်နှင့်ကုသမှုကို ခံယူရပါသည်။ ယုံကြည်စိတ်ချရသောအခြားကုထုံးများကဲ့သို့ပင် ဆီးကျောက်ရောဂါကို ကုသရန်သုတေသီများက အခြားနည်လမ်းတစ်ခုကို လေ့လာစူးစမ်းလျက်ရှိသည်။ ဤသို့ဖြင့် ရိုလာကိုစတာစီးခြင်းသည် နည်လမ်းတစ်ခုအဖြစ်ဖြစ်လာဖွယ်ရှိပါသည်။ နည်းလမ်းသစ်အပေါ်သုတေသန ပြုလုပ်ခြင်းအမေရိကန်အရိုးရောဂါအဖွဲ့မှထုတ်ဝေသောဂျာနယ်တွင် ရိုလာကိုစတာစီးခြင်းကဆီးကျောက်ရောဂါအတွက်အံ့သြဖွယ်ကုထုံးတစ်ခုဖြစ်လာနိုင်သည့် လေ့လာချက်ကိုဖော်ပြထားသည်။ ထိုလေ့လာချက်ကဖြစ်ရပ်မှန်အချို့ကိုအခြေခံထားပါသည်။ ဆီးကျောက်ရောဂါခံစားရသူအမျိုးသားတစ်ဦးကရိုလာကိုစတာစီးပြီးသောအခါ သူ၏ဆီးကျောက်များ ကျသွားကြောင်းအခိုင်အမာဆိုခဲ့သည်။ ထိုဇာတ်လမ်းသည် ဆေးပညာရှင်များကိုလေ့လာမှုပြုလုပ်ရန် ဆွဲဆောင်နိုင်ခဲ့သည်။ လေ့လာမှုဖြစ်စဉ် သုတေသီများသည် လူနာ၏ကျောက်ကပ်နှင့်တူသောသုံးဖက်မြင်ပုံစံတစ်ခပြုလုပ်ခဲ့ကြသည်။ ထိုကျောက်ကပ်ထဲတွင် ဆီးများဖြည့်ပြီးသောအခါ ဆီးကျောက်အစစ်များကိုဆီးလမ်းကြောင်း၏ အထက်ပိုင်း၊ အလယ်ပိုင်းနှင့် အောက်ပိုင်းတို့တွင် ထည့်သွင်းခဲ့ကြသည်။ လေ့လာချက်ကိုBig Thunder Mountain ဟုခေါ်သောနေရာတွင် ပြုလုပ်ခဲ့ပြီးသုတေသီများကရိုလာကိုစတာအပတ်ရေ ၂၀ ခန့်ဆက်တိုက်စီးနင်း စေခဲ့သည်။ တွေ့ရှိချက်များ ရိုလာကိုစတာစီးမှုပြီးဆုံးလျှင်လေ့လာမှုပြုသောအခါအံ့အားသင့်စရာပင် ဆီးလမ်းကြေင်းအပေါ်ပိုင်းရှိ ကျောက်များသည် အောက်သို့ကျလာသည်ကိုတွေ့ရသည်။ သို့သော် ဆီးလမ်းကြောင်း၏ အလယ်ပိုင်းနှင့် အောက်ပိုင်းရှိကျောက်များမှာမူထူးခြားမှု […]


အခြားဆီးလမ်းကြောင်းပြဿနာများ

ဆီးသွားနည်းခြင်းသည် ကျန်းမာရေးအတွက်မကောင်းပါ

လက္ခဏာများသင်သည် တစ်နေ့လျှင် နှစ်ကြိမ်မှ သုံးကြိမ်မျှသာ ဆီးသွားလျှင် သင့်အနေဖြင့် ရေဓါတ်နည်းပါးနေပြီဟု ဆိုနိုင်သည်။ ဆီးဝါခြင်း (သို့မဟုတ်) ဆီးအရောင်ရင့်ခြင်းက သင်သည် လုံလောက်သော ရေပမာဏ မသောက်သုံးဖြစ်သည်ကို ပြနေသည်။ ဆီးကိုအောင့်ထားခြင်းသည် ကောင်းပါသလားအပေါ့စွန့်ခြင်း (သို့မဟုတ်) ဆီးသွားခြင်းကို အောင့်ထားခြင်း သည် အလေးသွားခြင်း (သို့မဟုတ်) ဝမ်းသွားခြင်းကို အောင့်ထားခြင်း ကဲ့သို့ပင် မကောင်းပါ။ အချို့သူများသည် ဝမ်းကိုထိန်းထားခြင်း၌ အခက်အခဲ ရှိတတ်သည်။ ဝမ်းသွားချင်လာလျှင် အခက်တွေ့တတ်ပြီး စအိုရှုံ့ကြွက်သားများကို ပင်ပန်းစေသည်။ ဆီးသွားခြင်းသည်လည်း ထိုနည်းတူပင် ဖြစ်သည်။ ဆီးကို အချိန်ကြာကြာအောင့်ထားသောအခါ ကြွက်သားများက သွားချက်ရက် မသွားနိုင်သည်မျိုး ဖြစ်လေ့ရှိသည်။ ထိုကဲ့သို့ဖြစ်ခြင်းသည် ကျန်းမာရေးအတွက် မကောင်းပါ။ တစ်နေ့လျှင် အချိန်မည်မျှကြာသောအခါ တစ်ခါဆီးသွားရမည်နည်းရေများများ သောက်သောအခါ တစ်နာရီခြား တစ်ခါ၊ နှစ်နာရီကြားတစ်ခါ ဆီးသွားမည်ဖြစ်သည်။ ခန္ဓါကိုယ်က […]


အခြားဆီးလမ်းကြောင်းပြဿနာများ

ဆီးပြွန်ကျဉ်းမြောင်းခြင်း

ဆီးပြွန်အတွင်းထဲမှာ ကျဉ်းမြောင်းမှုဖြစ်လာရင် ဆီးတွေကို ခန္ဓါကိုယ်ပြင်ပကို ထုတ်ဖို့ ခက်ခဲလာတတ်ပါတယ်။ ကံကောင်းစွာနဲ့ပဲ ဆီးပြွန်ကျဉ်းခြင်းဟာ ကုသလို့ရနိုင်ပါတယ်။ ကျဉ်းမြောင်းနေတဲ့ အစိတ်အပိုင်းလေးကို ချဲ့လိုက်ရုံပါပဲ။ အမျိုးသားတွေရဲ့ ဆီးပြွန်က ရှည်လျားတာမို့ ဆီးပြွန်ကျဉ်းခြင်း ပိုအဖြစ်များပြီး အမျိုးသမီးတွေမှာတော့ အင်မတန်မှကို တွေ့ရနည်းပါတယ်။   ဆီးပြွန်ကျဉ်းခြင်း ဘာကြောင့် ဖြစ်တာလဲ ဆီးပြွန်တစ်ဝိုက်မှာ ဒဏ်ရာကြောင့် အမာရွတ်ဖြစ်ကျန်နေခဲ့တာကနေ ဖြစ်တာပါ။ အနည်းအပါးကနေ ပြင်းထန်တဲ့အခြေအနေမျိုးထိ ရှိနိုင်ပါတယ်။ တစ်စင်တီမီတာလောက် အမာရွတ်ဖြစ်နေတာမျိုးကနေ ဆီးပြွန်တစ်လျှောက်လုံး ဖြစ်နေတာမျိုးအထိ ရှိပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ အခြေအနေမျိုးရှိတဲ့လူတွေမှာတော့ ပိုပြီးဖြစ်နိုင်ချေများပါတယ်။ အကာအကွယ်မဲ့ လိင်ဆက်ဆံရာကတစ်ဆင့် ရောဂါပိုးဝင်ဖူးသူ ဆီးပြွန်ထဲကို ကုသမှုဆိုင်ရာ ပစ္စည်းတခုခုထည့်ရင်း ထိခိုက်မိဖူးသူ ဆီးပိုက်ကို အချိန်ကြာမြင့်စွာ သုံးနေရသူ ဆီးပြွန်နဲ့ တင်ပါးဆုံကို တိုက်ရိုက်ထိခိုက်မှု ဖြစ်ဖူးသူ ဆီးကြိတ်ကြီးနေသူ နဲ့ ဆီးကြိတ်ကိုဖယ်ရှားဖို့ ခွဲစိတ်မှုပြုလုပ်ဖူးသူ […]


ဆီးလမ်းကြောင်း ကျောက်တည်ခြင်း

Kidney Stones (ဆီးကျောက်တည်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Kidney Stones (ဆီးကျောက်တည်ခြင်း) ကဘာလဲ ဆီးကျောက်ဆိုသည်မှာ ဆီးအတွင်း၌ပါသော ပစ္စည်းများမှ ကျောက်ကပ်အတွင်း မာခဲခဲအနည်များကျခြင်းကြောင့် ဖြစ်ရခြင်းဖြစ်သည်။ ဒီဖြစ်စဉ်အား ဆီးကျောက်တည်ခြင်းဖြစ်စဉ် ဟုခေါ်သည်။ ဆီးကျောက်များသည် သေးသေးလေးမှ လက်မလောက်ထိ ကြီးတတ်ပါ၏။ ကျောက်ကပ်မှ ဆီးအိမ်ဆီသို့ ဆီးသယ်ပေးသောပြွန် (ဆီးပြွန်) များတွင် ပြည့်နေသည့် ဆီးကျောက်အကြီးကြီးများကိုStaghorn (စတက်ဟွန်း)ကျောက်ဟုခေါ်သည်။ Kidney Stones (ဆီးကျောက်တည်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဆီးကျောက်တည်ခြင်းသည် တွေ့ရများ၏။ ၎င်းသည် အသက် ၄၀ ကျော်သော လူနာများတွင် တွေ့ရများသည်။ ၎င်းဖြစ်ပွားနိုင်ခြေကို မြင့်စေသည့် အကြောင်းရင်းများအား လျှော့ချခြင်းဖြင့် စီမံနိုင်သည်။ အချက်အလက်များ ထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။ လက္ခဏာများKidney Stones (ဆီးကျောက်တည်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ဆီးကျောက်တည်သူလူနာတွေမှာ တစ်ဝက်လောက်သာ လက္ခဏာများ ပြတတ်သည်ဖြစ်သည်။ လက္ခဏာ မပေါ်လျှင်တောင်မှ ဆီးကျောက်များသည် ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ ဆီးလမ်းကြောင်းပိတ်ခြင်းများကဲ့သို့ ပြဿနာများ […]


ဆီးမထိန်းနိုင်ခြင်း

Urinary Incontinence (ဆီးမထိန်းနိုင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Urinary Incontinence (ဆီးမထိန်းနိုင်ခြင်း) ကဘာလဲ။ ဆီးမထိန်းခြင်းဆိုသည်မှာ လူတစ်ယောက်သည် ဆီးသွားမှုအားမထိန်းချုပ်နိုင်သည့်အခြေအနေဖြစ်သည်။ ထို့ကြောင့် ဆီးမသွားချင်သော်လည်း ဆီးများထွက်နေသောအခြေအနေဖြစ်သည်။ ဆီးညှစ်ကြွက်သားထိန်းချုပ်မှုမရတော့ခြင်း အားနည်းသွားခြင်းတို့ကြောင့်ဖြစ်နိုင်သည်။ ဆီးမထိန်းခြင်းသည် လူအများစုနားလည်သည်ထက် ပိုရှုပ်ထွေးသော ပြဿနာဖြစ်ပါသည်။   လက္ခဏာများUrinary Incontinence (ဆီးမထိန်းနိုင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အဓိကလက္ခဏာသည် ဆီးမသွားချင်ပဲထွက်ကျလာခြင်းဖြစ်သည်။ ဘယ်အချိန် ဘယ်လိုဖြစ်မလဲဆိုတာ ဆီးမလုံခြင်းအမျိုးအစားပေါ်သာမူတည်သည်။ ဖိအားကြောင့်ဆီးမလုံခြင်း တွေ့ရများသော အမျိုးအစားဖြစ်သည်။ မွေးပြီးစအမျိုးသမီးငယ်များနှင့် သွေးဆုံးပြီးအမျိုးသမီးကြီးများတွင် တွေ့ရများ၏။ ဤနေရာတွင် ဖိအားဆိုသည်မှာ စိတ်ဖိစီးမှုမဟုတ်ပဲ ရုပ်ပိုင်းဆိုင်ရာဖိအားကိုဆိုလိုပါသည်။ ဆီးအိမ်နှင့် ဆီးထိန်းကြွက်သားများကို ဖိအားပိုဖိခံရသည့်အခါ စိတ်နှင့်မထိန်းနိုင်ပဲ ဆီးသွားခြင်းဖြစ်ပေါ်နိုင်သည်။ အောက်ပါအချက်များသည် ဖိအားကြောင့်ဆီးမလုံခြင်းကို ဖြစ်စေနိုင်သည်။ ရုတ်တရတ်ချောင်းဆိုးခြင်း နှာချေခြင်း ရယ်မောခြင်း အလေးအပင်မခြင်း လေ့ကျင့်ခန်းလုပ်ခြင်း   သွားချင်လွန်း၍မလုံခြင်း Reflex ကြောင့်မလုံခြင်း သို့ ဆီးအိမ်အလွန်လှုပ်ရှားခြင်းဟုလဲခေါ်ပြီး ဒုတိယတွေ့ရအများဆုံးဖြစ်သည်။ ရုတ်တရတ် စိတ်ဖြင့်မဟုတ်ပဲ ဆီးအိမ်ကြွက်သားညှစ်ခြင်းကို ဖြစ်ပေါ်စေပြီး မရပ်နိုင်သည့် ဆီးအမြန်သွားချင်စိတ်ကိုဖြစ်ပေါ်စေသည်။ ဆီးအလွန်သွားချင်မှုဖြစ်လာသည့်အခါ ဆီးမထွက်ခင်အချိန်ခဏလောက်ရနိုင်၏။ ဆီးအလွန်သွားချင်မှုသည် အောက်ပါအခြေအနေများတွင် ဖြစ်ပေါ်နိုင်သည်။ ရုတ်တရတ်ကိုယ်ဟန်ပြောင်းခြင်း ရေသံကြားရခြင်း (တချို့လူများသာ) လိင်ဆက်ဆံခြင်း (အထူးသဖြင့် orgasm ချိန်) ဆီးအိမ်ရှိအာရုံကြောများ၊ အာရုံကြောစနစ်နှင့် […]


ဆီးကျိတ်ကျန်းမာရေး

Prostatitis (ဆီးကျိတ်ရောင်ခြင်း )

အဓိပ္ပာယ်ဖွင့်ဆိုချက် Prostatitis (ဆီးကျိတ်ရောင်ခြင်း ) ကဘာလဲ။ Prostatitis ဆိုတာ prostate gland ( ဆီးကျိတ်) ရောင်ခြင်းကို ခေါ်တာ ဖြစ်ပါတယ်။ ဖြစ်ပွားမှုအပေါ်မူတည်ပြီး ဆီးကျိတ်ရောင်တာက ရုတ်တရက်ဖြစ်လာနိုင်သလို တဖြည်းဖြည်းလည်း ဖြစ်လာနိုင်ပါတယ်။ ဆီးကျိတ်ရောင်တာ ၃ မျိုး ရှိပါတယ်။ ရုတ်တရက် ဘက်တီးရီးယား ဝင်ပြီး ဆီးကျိတ်ရောင်ခြင်း။ ။ ဆီးကျိတ်ကို ရောင်စေတဲ့ ဘက်တီးရီးယား ပိုးဝင်ခြင်း နာတာရှည် ဘက်တီးရီးယား ဆီးကျိတ်ရောင်ရောဂါ။ ။ တစ်ဖန်ပြန်လည်ကာ ဘက်တီးရီးယားဝင်ခြင်းကြောင့် ဆီးကျိတ်ရောင်ခြင်းနဲ့ မကြာခဏ ဆီးပိုးဝင်ခြင်း ဘက်တီးရီးယားကြောင့် မဟုတ်ဘဲ ဆီးကျိတ်ရောင်ခြင်း။ ။ ဘက်တီးရီးယားကြောင့် မဟုတ်ဘဲလည်း ဆီးကျိတ်ရောင်နိုင်ပါတယ်။ ဖြစ်ပွားရတဲ့ အကြောင်းပေါ်မူတည်ပြီး ဆီးကျိတ်ရောင်တာက တခါတရံ သူ့ဖာသာ သက်သာသွားနိုင်သော်လည်း တခါတလေ သင့်တော်တဲ့ ဆေးဝါးကုသမှုတော့ လိုအပ်ပါတယ်။ Prostatitis […]


ကျောက်ကပ်ရောဂါများ

Pyelonephritis (ကျောက်ကပ် ပိုးဝင်သောရောဂါ)

Pyelonephritis (ကျောက်ကပ် ပိုးဝင်သောရောဂါ) အကြောင်း လေ့လာလိုက်ရအောင်နော်။ အဓိပ္ပါယ်ဖွင့်ဆိုချက် Pyelonephritis (ကျောက်ကပ် ပိုးဝင်သောရောဂါ) ကဘာလဲ။ Pyelonephritis ခေါ် ကျောက်ကပ်ပိုးဝင်တဲ့ ရောဂါဟာ ဆီးလမ်းကြောင်းပိုးဝင်တဲ့ ရောဂါတွေ (UTI) ထဲက ထူးခြားတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး ဆီးအိမ် (သို)့ ဆီးပြွန်တွင်းမှ စဖြစ်နိုင်ပါတယ်။ pyelonephritis ဟာ ဆီးလမ်းကြောင်းတွင်းသို့ ဘက်တီးရီးယားပိုး ဝင်ရာမှ ဖြစ်တတ်ပါတယ်။ ပုံမှန်အားဖြင့် ဆီးကို ခန္ဓါထဲမှ မစွန့်ထုတ်ခင် ဆီးအိမ်ထဲမှာ အရင် သိုလှောင်ထားပါတယ်။ ဘက်တီးရီးယားပိုးဟာ ဆီးပြွန်(ဆီးအိမ်မှ ခန္ဓါကိုယ်အပြင်ဘက်သို့ဆီးစွန့်ထုတ်ပေးသောပြွန်) မှတစ်ဆင့် ဆီးအိမ်အတွင်းသို့ ဝင်ပြီး ဆီးအိမ်နဲ့ ဆီးလမ်းကြောင်းကို ရောဂါပိုးကူးစေပါတယ်။ အဲ့ဒီနောက် ကျောက်ကပ်ကို ကူးကာ ကျောက်ကပ်ပိုးဝင်သောရောဂါ pyelonephritis ကို ဖြစ်စေပါတယ်။ ကျောက်ကပ်ပိုးဝင်တဲ့ ရောဂါဟာ တခြား ဆီးလမ်းကြောင်းပိုးဝင်တဲ့ရောဂါတွေထက် ဖြစ်တာနည်းပေမဲ့ စိုးရိမ်ရပါတယ်။ နောက်တစ်ဖန်ပြန်ဖြစ်တဲ့ […]


ကျောက်ကပ်ရောဂါများ

Renal Artery Stenosis (ကျောက်ကပ်သွေးကြောကျဉ်းခြင်းကြောင့် သွေးတိုးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Renal Artery Stenosis (ကျောက်ကပ်သွေးကြောကျဉ်းခြင်းကြောင့် သွေးတိုးခြင်း) ကဘာလဲ။ Renovascular hypertension ဆိုတာ ကျောက်ကပ်ကိုသွားတဲ့ သွေးစီးကြောင်းပုံမှန်မဟုတ်ပဲ ပြောင်းလဲမှုဖြစ်ရာမှတစ်ဆင့်ဖြစ်တဲ့ သွေးတိုးခြင်းတစ်မျိုးဖြစ်ပါတယ်။ ဒီသွေးတိုးရောဂါမျိုးကို ကျောက်ကပ်ရောဂါရှိတဲ့လူနာတွေမှာ တန်းတွေ့နိုင်သော်လည်း အချိန်အတိုင်းတာတစ်ခုထိ စောင့်ကြည့် စစ်ဆေးခြင်းဖြင့်သာ များသောအားဖြင့် တွေ့ရတတ်ပါတယ်။ ကျောက်ကပ်အလုပ်လုပ်ပုံကြောင့် ဒီသွေးတိုးရောဂါက မကုပဲထားလျှင် ပိုဆိုးစေနိုင်ပါတယ်။ အကြောင်းရင်းများRenal Artery Stenosis (ကျောက်ကပ်သွေးကြောကျဉ်းခြင်းကြောင့် သွေးတိုးခြင်း) ကိုဘာတွေကဖြစ်စေသလဲ အလယ်အလတ်အရွယ်အစားရှိတဲ့ ကျောက်ကပ်သွေးကြောတွေက ကျောက်ကပ်ကို သွေးပုံမှန်စီးဆင်းစေပြီး စစ်ထုတ်ပေးခြင်းဖြင့် ခန္ဒါကိုယ်တွင်းသို့ ပြန်လည်ပတ်စေပါတယ်။ ကျောက်ကပ်ရဲ့စစ်ထုတ်ပေးခြင်းအလုပ်ကို သွေးပေါင်ချိန်က စွမ်းအင်ပေးတာကြောင့် ကျောက်ကပ်ဟာ သွေးပေါင်ချိန်အပြောင်းအလဲဖြစ်တာကို ကောင်းစွာ သိရှိပါတယ်။ အကယ်၍ ကျောက်ကပ်က သွေးပေါင်ချိန်ကျနေတယ်လို့ သတိထားမိတာနဲ့ သွေးပေါင်ပြန်တက်အောင် ဟော်မုန်းတွေထုတ်ပေးပါတယ်။ ကျောက်ကပ်သွေးကြောတွေထဲက သွေးဆင်းမှုဟာ အကြောင်းအမျိုးမျိုးကြောင့် စီးဆင်းတာ နည်းသွားလျှင် ကျောက်ကပ်က သွေးပေါင်ကျတယ်လို့ အထင်မှားသွားနိုင်ပါတယ်။ ဥပမာ- […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်