ဆီးနှင့်ကျောက်ကပ်ကျန်းမာရေး

ခန္ဓာကိုယ်က အာဟာရတွေကို စုပ်ယူပြီးတဲ့နောက်မှာ မလိုတဲ့ အညစ်အကြေးတွေကို သွေးနဲ့ အူမကြီးကို ပို့ထားခဲ့ပါတယ်။ သွေးထဲက အညစ်အကြေးတွေကို စစ်ထုတ်ပြီး ဆီးအဖြစ် အပြင်ကို စွန့်ထုတ်တာက ဆီးနဲ့ ကျောက်ကပ်ရဲ့ အရေးကြီးတဲ့ အလုပ်တစ်ခုပါ။ ဆီးနဲ့ ကျောက်ကပ်ကျန်းမာနေဖို့ဆိုရင် သူ့မှာပါတဲ့ ကျောက်ကပ်၊ ဆီးပို့ပြွန်၊ ဆီးလွှတ်ပြွန်၊ ဆီးအိမ်တွေ ကောင်းကောင်း အလုပ်လုပ်နိုင်ဖို့ လိုပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆီးနှင့်ကျောက်ကပ်ကျန်းမာရေး

ရေချိုးနေတုန်း ဆီးသွားရင် ဆီးကျောက်တည် တတ်သလား

ငယ်ငယ်တုန်းက ရေချိုးနေတုန်း ဆီးမသွားရဘူး။ ရေချိုးနေတုန်း ဆီးသွားရင် ဆီးကျောက်တည် တတ်တယ်ဆိုပြီး လူကြီးတွေ ပြောတာ ကြားဖူးမှာပါ။ ဆီးကျောက်က ရေချိုးနေရင်း ဆီးသွားလို့ ဖြစ်တာလား။ ရေချိုးနေတုန်း ဆီးမသွားသင့်ဘူးလား။ ဆီးကျောက်တွေက ဘယ်ကဖြစ်လာတာလဲ ရေချိုးနေတုန်း ဆီးသွားရင် ဆီးကျောက်တည်တတ်သလားဆိုတာကို မပြောခင် ဆီးကျောက်ဘာကြောင့် တည်တာလဲဆိုတာကို အရင်သိထားဖို့ လိုပါတယ်။ ဒါမှ ဖြစ်နိုင် မဖြစ်နိုင် စဉ်းစားလို့ ရမှာပါ။ ကျောက်ကပ်အပါအဝင် ဆီးလမ်းကြောင်းရဲ့ ဘယ်နေရာမှာမဆို ဆီးကျောက်တည်တတ်ပါတယ်။ ကျောက်ကပ်မှာ တည်မလား၊ ဆီးပြွန်မှာ တည်မလား၊ ဆီးအိမ်မှာ တည်မလား နေရာစုံမှာ တည်နိုင်ပါတယ်။ ဆီးကျောက်တည်ရတာက ဆီးထဲမှာ အနည်ကျပြီး ‌ကျောက်ဖြစ်နိုင်တဲ့ ကယ်ဆီယမ်၊ အောက်ဆဲလိတ်နဲ့ ယူရစ်အက်စစ်တွေ လိုတာထက်ပိုပါလာလို့ပါ။ တစ်ချိန်တည်းမှာပဲ သင့်ဆီးထဲမှာ ဒီကျောက်တွေ အနည်မကျအောင် ကာကွယ်ပေးနိုင်တဲ့ ပစ္စည်းတွေ မရှိဘူးဆိုရင် ခဲပြီး […]

ဆီးနှင့်ကျောက်ကပ်ကျန်းမာရေး ကို ရှာဖွေမည်။

အခြားဆီးလမ်းကြောင်းပြဿနာများ

Urethritis (ဆီးထုတ်ပြွှန်ရောင်ရမ်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Urethritis (ဆီးထုတ်ပြွှန်ရောင်ရမ်းခြင်း) ကဘာလဲ။ ဆီးထုတ်ပြွန်မှာဘတ်တီးရီးယားပိုးဝင်ခြင်းကြောင့်ဖြစ်တယ်။ ဘတ်တီးရီးယားတွေများလာတဲ့အခါ ဒါမှမဟုတ် ကိုယ်ခံအားနည်းတဲ့အခါဖြစ်တတ်ပါတယ်။ အမျိုးအစားနှစ်မျိုးဖြစ်နိုင်ပြီး gonococci လို့ခေါ်သော ဘတ်တီးရီးယားကြောင့်ဖြစ်သောရောင်ရမ်းခြင်းနဲ့ ထိုဘတ်တီးရီးယားကြောင့်မဟုတ်ဘဲ တခြားပိုးများကြောင့်ဖြစ်သောရောင်ရမ်းခြင်းတို့ဖြစ်တယ်။ Urethritis (ဆီးထုတ်ပြွှန်ရောင်ရမ်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ အလွန်ကိုအဖြစ်များပြီး လိင်လမ်းကြောင်းမှတဆင့်ကူးစက်တတ်သောရောဂါများ အဖြစ်များတဲ့ဒေသတွေမှာ ပိုတွေ့ရတတ်ပါတယ်။ အသက်အရွယ်မရွေးဖြစ်တတ်ပြီး ကာမအာရုံတက်ကြွသော သူတွေမှာအဖြစ်များပြီး အသက် ၂၀ မှ ၂၄ နှစ်ကြားမှာ အဖြစ်အများဆုံးဖြစ်တယ်။ အမျိုးသားရော၊ အများသမီးများမှာပါဖြစ်တတ်ပီး အမျိုးသမီးတွေမှာ ဆီးထုတ်ပြွှန်ပိုတိုတာကြောင့် ပိုဖြစ်နိုင်ချေရှိပါတယ်။ ရောဂါဖြစ်ခြင်းကိုအားပေးသောအချက်တွေကို လျှော့ချခြင်းဖြင့် ဖြစ်နိုင်ချေကိုထိန်းသိမ်းနိုင်တယ်။ အသေးစိတ်အချက်အလက်အတွက် ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။ လက္ခဏာများUrethritis (ဆီးထုတ်ပြွှန်ရောင်ရမ်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ပုံမှန်အားဖြင့် ဆီးသွားချိန်မှာနာကျင်တတ်ပြီး ဆီးသွားလိုစိတ်တိုးတတ်ပါတယ်။ တခြားလက္ခဏာတွေကတော့- အမျိုးသားရောအမျိုးသမီးမှာပါ ဆီးထုတ်ပြွန်မှ ပြည်ထွက်ခြင်း ဆီးလမ်းကြောင်းအဝတွင် ယားယံခြင်း၊ ပူစပ်ခြင်း သုတ်ရည်၊ ဆီးတို့တွင်သွေးများပါခြင်း အထူးသဖြင့်အမျိုးသမီးတွေမှာ သတိထားမိနိုင်လောက်သော လက္ခဏာမပြတာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့်လည်း တကယ်လို့ လိင်မှတဆင့်ကူးစက်တတ်သောရောဂါတစ်မျိုးမျိုး ကူးစက်ထားပါက စစ်ဆေးကြည့်ဖို့လိုပါတယ်။   ဖော်ပြထားတဲ့လက္ခဏာတွေအပြင် တခြားလက္ခဏာတွေလည်းရှိနိုင်တာကြောင့် သိလိုသည်များရှိပါက […]


ကျောက်ကပ်ရောဂါများ

Chronic Kidney Disease (နာတာရှည်ကျောက်ကပ်ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Chronic Kidney Disease (နာတာရှည်ကျောက်ကပ်ရောဂါ) ကဘာလဲ။ ကျောက်ကပ်လုပ်ဆောင်နိုင်စွမ်း တဖြည်းဖြည်းကျဆင်းလာခြင်းဖြစ်ပါတယ်။ ကျောက်ကပ်က အညစ်အကြေးနဲ့ပိုလျှံနေတဲ့အရည်တွေကို သွေးထဲမှစစ်ထုတ်ပေးပြိး ဆီးထဲမှာစွန့်စေပါတယ်။ ရောဂါကျွမ်းလာတာတဲ့အခါမှာ အရည်တွေ၊ ပုံဆောင်ခဲတွေ၊ နဲ့အညစ်အကြေးတွေက ကိုယ်ထဲမှာအန္တရာယ်ပေးနိုင်လောက်တဲ့အထိ စုပုံလာပါတယ်။ Chronic Kidney Disease (နာတာရှည်ကျောက်ကပ်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများChronic Kidney Disease (နာတာရှည်ကျောက်ကပ်ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ နာတာရှည်ကျောက်ကပ်ရောဂါ ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့- မူးဝေခြင်း အော့အန်ခြင်း အစားစားချင်စိတ်မရှိဖြင်း မောပန်းအားနည်းခြင်း အိပ်စက်ခြင်းဆိုင်ရာပြဿနာများ ဆီးပမာဏအပြောင်းအလဲ စိတ်အာရုံစူးရှမှုကျသွားခြင်း ကြွက်သားများတောင့်တင်းခြင်းတွန့်ခြင်း ခြေထောက်ခြေချင်းဝတ်များရောင်ခြင်း နာတာရှည်ယားယံခြင်း ရင်ဘတ်အောင့်ခြင်း( နှလုံးတစ်ဝိုက်အရည်တွေပုံလာခြင်းေကြေင့်) အသက်ရှူမဝခြင်း( အဆုတ်အတွင်းအရည်များပုံလာခြင်းကြေင့်) သွေးတိုးခြင်း အစောပိုင်းဆင့်မှာ လက္ခဏာတွေကရေရေရာရာမရှိပါဘူး။ ကျောက်ကပ်လုပ်ဆောင်ရည်သိသိသာသာမကျသွားမခြင်း လက္ခဏာတွေက သိသာမှာမဟုတ်ပါဘူး။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ […]


ကျောက်ကပ်ရောဂါများ

Proteinuria (ဆီးတွင် ပရိုတိန်းပါခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Proteinuria (ဆီးတွင် ပရိုတိန်းပါခြင်း) ကဘာလဲ။ ဆီးတွင် ပရိုတိန်းပါခြင်းဆိုသည်မှာ ဆီးထဲတွင် ပရိုတိန်း ပမာဏ ပုံမှန်မဟုတ်စွာ ပါဝင်နေခြင်း ဖြစ်သည်။ ကျောက်ကပ် ရောဂါ၏ လက္ခဏာတစ်ခု ဖြစ်သည်။ ကျန်းမာသော ကျောက်ကပ်သည် သိသာသော ပရိုတိန်း ပမာဏ စစ်ထုတ်ခြင်း မလုပ်ပါ။ သို့သော်လည်း ကျောက်ကပ် ရောဂါကြောင့် စစ်ထုတ်သည့် အရာများ ပျက်စီးသွားပါက သွေးမှ albumin ကဲ့သို့ ပရိုတိန်းများ ဆီးထဲသို့ ရောက်ရှိသွား သည်။ Proteinuria (ဆီးတွင် ပရိုတိန်းပါခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဆီးတွင်ပရိုတိန်းပါခြင်းသည် အသက်အရွယ်မရွေး ဖြစ်နိုင် သည်။ အန္တရာယ် ဖြစ်စေသော အချက်များကို လျော့ချခြင်းဖြင့် ဆီးတွင် ပရိုတိန်းပါခြင်းကို ထိန်းချုပ်နိုင်သည်။ ပိုမိုသော အချက် အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင် ပါ။ လက္ခဏာများProteinuria (ဆီးတွင် […]


ကျောက်ကပ်ရောဂါများ

Acute Renal Failure (ရုတ်တရက်ကျောက်ကပ်အလုပ်မလုပ်တော့ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Acute Renal Failure (ရုတ်တရက်ကျောက်ကပ်အလုပ်မလုပ်တော့ခြင်း) ကဘာလဲ။ သွေးထဲရှိ စွန့်ပြစ်ပစ္စည်းများ ကျောက်ကပ်ကရုတ်တရက် မစွန့်ပြစ်နိုင်တော့တဲ့ အခြေအနေကို ရုတ်တရက်ကျောက်ကပ်ပျက်စီးခြင်းလို့ ခေါ်ပါတယ်။ ကျောက်ကပ်ရဲ့စွန့်ထုတ်နိုင်မှုစွမ်းရည် ဆုံးရှုံးသွားတဲ့အခါမှာ အန္တရယ်ရှိတဲ့ စွန့်ပြစ်ပစ္စည်းတွေ စုပုံလာပြီး သွေးရဲ့ဓါတုမျှခြေပျက်စီးသွားပါမယ်။ ယင်းအခြေအနေဟာ နာရီအနည်းငယ်၊ရက်အနည်းငယ်အတွင်း မြန်မြန်ဆန်ဆန် ဆိုးရွားလာပါလိမ့်မယ်။ ဆေးရုံတင်ပြီးသားလူများ အထူးသဖြင့် အတွင်းလူနာများမှာ အဖြစ်အများဆုံးဖြစ်ပါတယ်။ ရုတ်တရက်ကျောက်ကပ်ပျက်စီးခြင်းဟာ အသက်အန္တရယ်လည်းရှိသလို၊ အထူးကြပ်မတ်ကုသဖို့လည်း လိုအပ်ပါတယ်။ ဒါပေမယ့်လည်း ကုသနိုင်တဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ ကျန်းမာရေးအခြေအနေကောင်းမွန်တဲ့ လူတစ်ယောက်ဆိုရင်တော့ ပုံမှန် ဒါမှမဟုတ် ပုံမှန်နီးပါးကျောက်ကပ်စွမ်းရည်ကို ပြန်လည်ရရှိနိုင်ပါတယ်။ Acute Renal Failure (ရုတ်တရက်ကျောက်ကပ်အလုပ်မလုပ်တော့ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အသက်အရွယ်မရွေးခံစားရနိုင်ပါတယ်။ အန္တရယ်ရှိအချက်များကို ရှောင်ကျဉ်ပြီး ရင်ဆိုင်နိုင်ပါတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ လက္ခဏာများAcute Renal Failure (ရုတ်တရက်ကျောက်ကပ်အလုပ်မလုပ်တော့ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ရုတ်တရက်ကျောက်ကပ်ပျက်စီးခြင်းရဲ့ အဖြစ်များတဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။ ဆီးသွားတာက […]


ကျောက်ကပ်ရောဂါများ

Kidney Cyst (ကျောက်ကပ်အကျိတ်)

အဓိပ္ပါယ်ဖွင့်ဆိုချက်Kidney Cyst (ကျောက်ကပ်အကျိတ်) ကဘာလဲ။ ဘဲဥပုံ၊ အဝိုင်းပုံ ၁စင်တီအောက်ကနေ၁၀စင်တီအထက် ပုံသဏ္ဍန်အမျိုးမျိုး၊ အရွယ်အမျိုးမျိုးရှိနိုင်ပါတယ်။ အတွေ့များတတ်ပြီး တစ်လုံးတည်း၊မြောက်များစွာနဲ့ ကျေက်ကပ်နှစ်လုံးလုံးမှာဖြစ်နိုင်ပါတယ်။ Kidney Cyst (ကျောက်ကပ်အကျိတ်) က ဘယ်လောက်အဖြစ်များသလဲ ကျောက်ကပ်ကျိတ်ရိုးရိုးက အတွေ့ရများဆုံးဖြစ်ပြီး ဖြစ်ရပ်တွေရဲ့ အကြမ်းဖျင်း၆၅-၇၀%ဖြစ်ပါတယ်။ ကျောက်ကပ်နှစ်ဘက်လုံးအကျိတ်ဖြစ်ခြင်းက အဖြစ်နည်းပြီး အသက်၅၀အောက်တွေမှာရှားပြီး အသက်ကြီးသူတွေမှာ ပိုဖြစ်တတ်ပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများKidney Cyst (ကျောက်ကပ်အကျိတ်) ရဲ့လက္ခဏာတွေကဘာတွေလဲ ကျောက်ကပ်အကျိတ်တွေက လက္ခဏာတွေပြလေ့မရှိပါဘူး။ လက္ခဏာတွေနဲ့ပတ်သက်ပြီး ကွဲကွဲပြားပြားမသိသေးပါဘူး။ အကျိတ်က ကျောက်ကပ်ကိုပိတ်ဆို့မနေဘူးဆိုရင် ကျောက်ကပ်အလုပ်ကို မထိခိုက်စေနိုင်ပါဘူး။ ငယ်ရွယ်သူတွေမှာတေတာ့ ကျောက်ကပ်အကျိတ်က ကျေက်က်အလုပ်ကိုထိခိုက်နိုင်စေပါတယ်။ လူနာတော်တော်များများဖြစ်တတ်တဲ့လက္ခဏာတွေကတော့ သာမန်ထက်ကျေက်ကပ်လုပ်ဆောင်နိုင်စွမ်းကျသွားခြင်းဖြ်စစစပါတယ်။ အကျိတ်ပေါက်သွားခြင်းကနေ သွေးဆီးသွားခြင်းသို့ ပြင်းပြင်းထန်ထန်နာခြင်းကို ဖြစ်စေနိုင်ပါတယ်။ ကျောက်ကပ်အကျိတ်ကူးစက်ပိုးဝင်ခြင်းကနေ ကူးစက်ပိုးဝင်တဲ့လက္ခဏာတွေ ဖြစ်ုနငိပါတယ်။ အနီးနားတစ်ဝိုက်ကို ဖိခြင်ေးကြာင့် သွေးတိုးခြင်းကိုဖြစ်စေနိုင်ပါတယ်။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ […]


ဆီးမထိန်းနိုင်ခြင်း

Overactive Bladder (ဆီးမထိန်းနိုင်ခြင်းနှင့်ပတ်သက်၍ သိမှတ်စရာများ )

အဓိပ္ပါယ်ဖွင့်ဆိုချက်Overactive Bladder (ဆီးမထိန်းနိုင်ခြင်းနှင့်ပတ်သက်၍ သိမှတ်စရာများ ) ကဘာလဲ။ ဆီးမထိန်းနိုင်တဲ့ရောဂါဆိုတာ ဆီးရုတ်တရက် မကြာခဏသွားတတ်တဲ့ ဆီးအိမ်-သိုလှောင်မှု ပြဿသနာဖြစ်ပါတယ်။ ဒီလိုပြသနာဟာ ရပ်တန့်ဖို့ခက်ခဲပြီး ဆီး အမြောက်အများဆုံးရှုံးမှုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ ကြွက်သားအတော်များများက ဆီးသွားခြင်းမှာ ပါဝင်ပတ်သက်တဲ့ အတွက် ဒါကပြဿသနာဖြစ်နိုင်တဲ့နေရာအများအပြားဖန်တီးပေးပါတယ်။ ဆီးအိမ်နှင့်ကျောက်ကပ်ကျန်းမာရေး, ပိတ်ဆို့ခြင်းများနှင့်ကြွက်သားပြဿနာများအားလုံးက ဆီးအိမ်တုံ့ပြန်မှုလွန်ကဲခြင်းပြသနာဖြစ်ပေါ်စေနိုင်ပါသည်။ Overactive Bladder (ဆီးမထိန်းနိုင်ခြင်းနှင့်ပတ်သက်၍ သိမှတ်စရာများ ) က ဘယ်လောက်အဖြစ်များသလဲ ဆီးမထိန်းနိုင်တဲ့ရောဂါက ကမ္ဘာတစ်ဝှမ်းကလူသန်းပေါင်းများစွာမှာ သက်ရောက်နေပါတယ်။National Association for Continence(NAFC) ၏အဆိုအရ, 40 အသက်အရွယ်အထက်လူကြီးများတွင် ငါးဦးမှာ တဦး ဆီးအိမ်တုံ့ပြန်မှုလွန်ကဲခြင်းပြသနာ သို့မဟုတ် ဆီးသွားမှု ကြိမ်နှုန်းများခြင်း ဆီးမထိန်းနိုင်ခြင်း လက္ခဏာတွေရှိနေကြတာတွေ့ရပါတယ်။ ဤလူများရဲ့ ရှစ်ဆယ့်ငါးရာခိုင်နှုန်းကအမျိုးသမီးများဖြစ်ပါတယ်။ ထို့အပြင် အမျိုးသမီး လေးဦးမှာ တဦးက တစ်ကြိမ်မဟုတ်တစ်ကြိမ် ဆီးယိုစိမ့်မှုပြသနာ တွေ့ကြုံရပါတယ်။ သို့ရာတွင် သင့်ရဲ့ဖြစ်ပွားနိုင်တဲ့ အခြေအနေတွေ […]


အခြားဆီးလမ်းကြောင်းပြဿနာများ

Painful Urination (ဆီးသွားရာတွင်နာကျင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Painful Urination (ဆီးသွားရာတွင်နာကျင်ခြင်း) ကဘာလဲ။ ဆီးသွားရာတွင်နာကျင်ခြင်း(ဆီးမသွားနိုင်ခြင်း) သည် ဆီးသွားရာတွင်နာကျင်ခြင်း၊ မသက်မသာဖြစ်ခြင်း သို့ ပူလောင်မှုကိုခံစားရခြင်းတို့ဖြစ်ပါတယ်။ နာကျင်မှုဟာ ဆီးအိတ်၊ဆီးပို့ပြွန် သို့ စအိုနှင့် အင်္ဂါများ၏ကြားနေရာမှစတင်ဖြစ်ပေါ်ပါတယ် ။ ဆီးပို့ပြွန်ဆိုတာကတော့ ဆီးကိုခန္ဓါကိုယ်အပြင်သို့စွန့်ထုတ်ပေးသောပြွန်တစ်ခုဖြစ်ပါတယ် ။ ယောက်ျားလေးများတွင်တော့စအိုနှင့်ကပ်ပယ်အိတ်ကြားနေရာကို perineum ဟုခေါ်ပြီး မိန်းကလေးများတွင်တော့စအိုနှင့် အမျိုးသမီးအင်္ဂါကြားနေရာကို perineum ဟုခေါ်ပါတယ်။ Painful Urination (ဆီးသွားရာတွင်နာကျင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဆီးသွားရာတွင်နာကျင်ခြင်းဟာအရမ်းအဖြစ်များပါတယ် ။ မိန်းကလေးများသည်ယောက်ျားလေးများထက်ပိုအဖြစ်များပြီး ယောကျာ်းလေးထဲတွင်တော့အသက်ကြီးပိုင်းများသည် အသက်ငယ်ပိုင်းများထက်ပိုအဖြစ်များကြပါတယ် ။ သို့သော်လည်း အန္တရာယ်ရှိသည်များကိုရှောင်ရှား၍ နာကျင်မှုကိုသက်သာအောင်စီမံနိုင်ပါတယ်။ အသေးစိတ်အကြောင်းအရာများအတွက်ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။ လက္ခဏာများPainful Urination (ဆီးသွားရာတွင်နာကျင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ဆီးမသွားခြင်းကိုဖြစ်စေတဲ့အကြောင်းအရာပေါ်မူတည်၍ နာကျင်မှုအပြင်အခြားလက္ခဏာများလည်းရှိနိုင်ပါသေးတယ် ။ လက္ခဏာတွေကတော့… – ဆီးလမ်းကြောင်းအောက်ပိုင်းကူးစက်ခံရခြင်းတွင် ဆီးခဏခဏသွားခြင်း ၊ ဆီးအရမ်းသွားချင်ခြင်း၊ ဆီးမထိန်းနိုင်ခြင်း ၊ ဝမ်းဗိုက်အောက်ပိုင်းနားတွင်နာကျင်ခြင်း၊ ဆီးဟာနောက်ကျိနေပြီး အနံ့ပြင်း၍ သွေးများပါလာခြင်း တို့ပဲဖြစ်ပါတယ်။ – ဆီးလမ်းကြောင်းအပေါ်ပိုင်းကူးစက်ခံရခြင်းများတွင် […]


ကျောက်ကပ်ရောဂါများ

Kidney Injury ( ကျောက်ကပ်ပျက်စီးခြင်း )

ခန္ဓာကိုယ်မှာ ကျောက်ကပ်က အညစ်အကြေးတွေ စွန့်ထုတ်ပေးတာ၊ ဗီတာမင်ဒီနဲ့ သွေးနီဥတွေ ထုတ်လုပ်ပေးတာ၊ ကိုယ်တွင်းအက်စစ်ဓာတ်တွေ မျှတအောင် ထိန်းညှိပေးတာ စတဲ့ အရေးပါတဲ့လုပ်ငန်းတွေကို လုပ်ဆောင်ပေးပါတယ်။ ကျောက်ကပ်ထိခိုက်ရင် ဒီလုပ်ငန်းတွေ အားလုံး ထိခိုက်သွားနိုင်တာကြောင့် ကျောက်ကပ်ပျက်စီးခြင်း အကြောင်း လေ့လာလိုက်ရအောင်နော်။ Kidney Injury ( ကျောက်ကပ်ပျက်စီးခြင်း ) ဆိုတာ ဘာလဲ။ ကျောက်ကပ်ဆိုတာ ခါးအောက်ပိုင်းမှာ တည်ရှိနေတဲ့ အင်္ဂါတစ်စုံဖြစ်ပါတယ်။ ကျောက်ကပ်တစ်လုံးစီက ကျောရိုးရဲ့ တစ်ဘက်တစ်ချက်စီမှာ ရှိနေပါတယ်။ သွေးတွေကို စစ်ပေးပြီး ကိုယ်အတွင်းအဆိပ်တွေကို ဖယ်ရှားပေးပါတယ်။ ကျောက်ကပ်တွေဟာ အဆိပ်တွေကို ဆီးအိတ်ဆီပို့ပေးပါတယ်။ ခန္ဓာကိုယ်က ဆီးသွားစဉ်မှာ အဆိပ်တွေကိုဖယ်ထုတ်လိုက်ပါတယ်။ ကျောက်ကပ်တွေက ခန္ဓာကိုယ်အတွင်းအညစ်အကြေးတွေကို လုံလုံလောက်လောက်မစစ်ပေးနိုင်တော့တဲ့အခါ ကျောက်ကပ်ပျက်စီးခြင်း ဖြစ်လာပါတယ်။ ကျောက်ကပ်ပျက်စီးခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ ကျောက်ကပ်ပျက်စီးခြင်းရဲ့ အဖြစ်အများဆုံး ရောဂါလက္ခဏာတွေကတော့ ဆီးသွားနည်းခြင်း ကျောက်ကပ်က အညစ်အကြေးတွေကို မဖယ်ထုတ်ပေးနိုင်တော့တာကြောင့် […]


ကျောက်ကပ်ရောဂါများ

Kidney Dialysis ( ကျောက်ကပ်ဆေးခြင်း)

ကျောက်ကပ်ဆေးခြင်းဆိုသည်မှာ အဘယ်နည်း။ ကျောက်ကပ်သည် တစ်စုံရှိသော အင်္ဂါဖြစ်သည်။ တစ်ခုသည် လက်သ်ီးဆုပ်တစ်ခုအရွယ်ရှိပြီး၊ ခါးရိုး၏ ဘေးတစ်ဘက်စီတွင်ရှိသည်။၎င်းတို့သည် ခန္ဓါကိုယ်ထဲမှ အညစ်အကြေးနှင့် ရေအပိုများကို စွန့်ထုတ်ပေးခြင်းဖြင့် သွေးကို သန့်စင်အောင် ဆောင်ရွက်ပေးသော အဓိက အင်္ဂါဖြစ်သည်။ ကျောက်ကပ်မှ အလုပ်မလုပ်လျှင်ကျောက်ကပ်ဆေးခြင်းကို ပြုလုပ်ပေခြင်းဖြင့် ကျောက်ကပ်၏ လုပ်ဆောင်ချက်များကို ပြုလုပ်စေသည်။ ၎င်းကို ကျောက်ကပ်ဆေးခြင်းဟုခေါ်သည်။ ကျောက်ကပ်ဆေးခြင်း အမျိုးမျိုးရှိသည်။ သွေးမှတဆင့် ဆေးခြင်း။ ဆေးသည့်စက်နှင့်တပ်၍ သွေးမှအညစ်အကြေးများကို စစ်ထုတ်ပေးသည်။ ဝမ်းဗိုက်မှတဆင့် ဆေးကြောခြင်း။ ဝမ်းဗိုက်ထဲသို့ ဆေးရည်တစ်မျိုးထည့်ပြီး သွေးထဲရှိအညစ်အကြေးများကို စစ်ယူသည်။ ယခုခေတ်တွင် လူပေါင်းများစွာသည် ကျောက်ကပ်ဆေးရန်လိုအပ်သော ကျောက်ကပ်ရောဂါများ ဖြစ်ပွားလျက်ရှိသည်။ ကျောက်ကပ်ဆေးခြင်းကို ဘာကြောင့်လုပ်ဆောင် ရပါသလဲ။ ကျောက်ကပ်သည်ကောင်းစွာ အလုပ်မလုပ်လျှင် သွေးထဲရှိ စွန့်ထုတ်ရန်လိုအပ်သည့် အညစ်အကြေးများကို မထုတ်နိုင်ပေ။ ထို့အပြင် ခန္ဓါကိုယ်သည်လည်း အရည်များမထုတ်နိုင်သည့်အတွက် အန္တရာယ်ရှိလာသည်။ မကုသပဲထားလျင် သေလောက်သည်အထိ ပြင်းထန်သောရောဂါလက္ခဏာများဖြစ်လာနိုင်ပါသည်။ ကျောက်ကပ်ဆေးခြင်းအားဖြင့် ခန္ဓါကိုယ်မှ မလိုအပ်သော […]


ကျောက်ကပ်ရောဂါများ

Kidney Abscess (ကျောက်ကပ်ပြည်တည်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Kidney Abscess (ကျောက်ကပ်ပြည်တည်ခြင်း) ကဘာလဲ။ ကျောက်ကပ်ပြည်တည်ခြင်းသည် ကျောက်ကပ်တွင် ပြည်များစုဝေးလာပြီး ရောဂါပိုးများဝင်ရောက်လာသော နေရာတဝိုက်တွင် ပြည်များစုဝေးလာခြင်း ဖြစ်သည်။ ကျောက်ကပ်ပြည်တည်ခြင်းသည် အဖြစ်များသော ရောဂါတော့မဟုတ်ပါ။ ထိခိုက်ဒဏ်ရာရခြင်း၊ ကျောက်ကပ်တွင် ကျောက်တည်ခြင်းတို့မှ ရောဂါပိုးဝင်ရာမှတဆင့် ဖြစ်လာခြင်းဖြစ်သည်။ ကျောက်ကပ်တွင် ပြည်တည်နာ အသေး နှင့် အကြီးဟူ၍ ၂ မျိုးရှိပါသည်။ ပြည်တည်နာ အသေးသည် ကျောက်ကပ်အသားထဲတွင်ဖြစ်ပြီး ယင်းသည် ရှားပါးသော်လည်း ဖြစ်လာပါက ကျောက်ကပ်၏လုပ်ဆောင်မှုများကို ပျက်စီးသွားစေသည်။ ပြည်တည်နာ အကြီးသည် ကျောက်ကပ်အသားပတ်လည်တွင်ဖြစ်ခြင်းဖြစ်သည်။ ကျောက်ကပ်ရောင်ခြင်းကြောင့် သွေးကြောများကျဉ်းခြင်း ဖြစ်ကာ နောက်ဆက်တွဲအနေနှင့် ကျောက်ကပ်ပြည်တည်ခြင်းများဖြစ်လာရသည်။ Kidney Abscess (ကျောက်ကပ်ပြည်တည်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ကျောက်ကပ်ပြည်တည်ခြင်းသည်လူ ၁၀၀၀၀ တွင် ၁ယောက်မှ ၁၀ယောက်အထိဖြစ်နိုင်ပါသည်။ အမျိုးသားနှင့် အမျိုးသမီးများဖြစ်နိုင်ချေတူညီပါသည်။ ကျောက်ကပ်ပြည်တည်သူများ၏ ၃ပုံ ၁ပုံသည် ဆီးချိုရောဂါရှိသူများ ဖြစ်ပါသည်။ ထိုဖြစ်စဉ်ကို ဖြစ်စေနိုင်သော အချက်များကို လျှော့ချခြင်းများပြုလုပ်နိုင်သော်လည်း တိကျသော […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်