ဆီးနှင့်ကျောက်ကပ်ကျန်းမာရေး

ခန္ဓာကိုယ်က အာဟာရတွေကို စုပ်ယူပြီးတဲ့နောက်မှာ မလိုတဲ့ အညစ်အကြေးတွေကို သွေးနဲ့ အူမကြီးကို ပို့ထားခဲ့ပါတယ်။ သွေးထဲက အညစ်အကြေးတွေကို စစ်ထုတ်ပြီး ဆီးအဖြစ် အပြင်ကို စွန့်ထုတ်တာက ဆီးနဲ့ ကျောက်ကပ်ရဲ့ အရေးကြီးတဲ့ အလုပ်တစ်ခုပါ။ ဆီးနဲ့ ကျောက်ကပ်ကျန်းမာနေဖို့ဆိုရင် သူ့မှာပါတဲ့ ကျောက်ကပ်၊ ဆီးပို့ပြွန်၊ ဆီးလွှတ်ပြွန်၊ ဆီးအိမ်တွေ ကောင်းကောင်း အလုပ်လုပ်နိုင်ဖို့ လိုပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆီးနှင့်ကျောက်ကပ်ကျန်းမာရေး

ရေချိုးနေတုန်း ဆီးသွားရင် ဆီးကျောက်တည် တတ်သလား

ငယ်ငယ်တုန်းက ရေချိုးနေတုန်း ဆီးမသွားရဘူး။ ရေချိုးနေတုန်း ဆီးသွားရင် ဆီးကျောက်တည် တတ်တယ်ဆိုပြီး လူကြီးတွေ ပြောတာ ကြားဖူးမှာပါ။ ဆီးကျောက်က ရေချိုးနေရင်း ဆီးသွားလို့ ဖြစ်တာလား။ ရေချိုးနေတုန်း ဆီးမသွားသင့်ဘူးလား။ ဆီးကျောက်တွေက ဘယ်ကဖြစ်လာတာလဲ ရေချိုးနေတုန်း ဆီးသွားရင် ဆီးကျောက်တည်တတ်သလားဆိုတာကို မပြောခင် ဆီးကျောက်ဘာကြောင့် တည်တာလဲဆိုတာကို အရင်သိထားဖို့ လိုပါတယ်။ ဒါမှ ဖြစ်နိုင် မဖြစ်နိုင် စဉ်းစားလို့ ရမှာပါ။ ကျောက်ကပ်အပါအဝင် ဆီးလမ်းကြောင်းရဲ့ ဘယ်နေရာမှာမဆို ဆီးကျောက်တည်တတ်ပါတယ်။ ကျောက်ကပ်မှာ တည်မလား၊ ဆီးပြွန်မှာ တည်မလား၊ ဆီးအိမ်မှာ တည်မလား နေရာစုံမှာ တည်နိုင်ပါတယ်။ ဆီးကျောက်တည်ရတာက ဆီးထဲမှာ အနည်ကျပြီး ‌ကျောက်ဖြစ်နိုင်တဲ့ ကယ်ဆီယမ်၊ အောက်ဆဲလိတ်နဲ့ ယူရစ်အက်စစ်တွေ လိုတာထက်ပိုပါလာလို့ပါ။ တစ်ချိန်တည်းမှာပဲ သင့်ဆီးထဲမှာ ဒီကျောက်တွေ အနည်မကျအောင် ကာကွယ်ပေးနိုင်တဲ့ ပစ္စည်းတွေ မရှိဘူးဆိုရင် ခဲပြီး […]

ဆီးနှင့်ကျောက်ကပ်ကျန်းမာရေး ကို ရှာဖွေမည်။

ကျောက်ကပ်ရောဂါများ

Chronic Glomerulonephritis (နာတာရှည် ဂလိုမာရူးလပ်ကျောက်ကပ်ရောင်ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Chronic Glomerulonephritis (နာတာရှည် ဂလိုမာရူးလပ်ကျောက်ကပ်ရောင်ရောဂါ) ကဘာလဲ။ နာတာရှည် ကျောက်ကပ်ရောင်ရောဂါဆိုသည်မှ ကျောက်ကပ်ရောဂါများကို စုခေါ်သော ရောဂါဖြစ်ပြီး ၎င်းတွင် အညစ်အကြားများအား ဆီးအဖြစ် ဖယ်ရှားပေးသော ဂလိုမာရူလိုင်များ – ကျောက်ကပ်၏ ကောတက်အပိုင်းတွင် တွေ့ရသော ဆံချည်သွေးကြော အစုအဝေးများ- အချိန်နှင့်အမျှ တဖြည်းဖြည်း ပျက်စီးလာခြင်းဖြစ်သည်။ နာမည်ကဲ့သို့ပင် နာတာရှည် ဂလိုမာရူလပ်ကျောက်ကပ်ရောင်ရောဂါသည် အချိန်အကြာကြီးဖြစ်နေသော အခြေအနေဖြစ်သည်။ နာတာရှည်ကျောက်ကပ်အလုပ်မလုပ်တော့ခြင်း ဖြစ်ရသည့် ထိပ်ဆုံးအကြောင်းရင်း တစ်ချက်ဖြစ်ပြီး နောက်ဆုံးအဆင့် ကျောက်ကပ်ရောဂါများဖြစ်ရသည့် အကြောင်းရင်းလဲဖြစ်သည်။ နာတာရှည် ဂလိုမာရူလပ် ကျောက်ကပ်ရောင်ရောဂါအတွက် ကုသရန်နည်းမရှိပါ။ ၎င်းသည် အသက်ဆုံးရှုံးနိုင်သည့်ရောဂါ ဖြစ်ပါသည်။ သို့သော် စောလျင်စွာ သိရှိကုသခြင်းဖြင့် နာတာရှည် ဂလိုမာရူလပ်ကျောက်ကပ်ရောင်ရောဂါကြောင့် အသက်ဆုံးနိုင်ချေ နည်းသွားနိုင်ပါသည်။ Chronic Glomerulonephritis (နာတာရှည် ဂလိုမာရူးလပ်ကျောက်ကပ်ရောင်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ နာတာရှည် ဂလိုမာရူလပ်ကျောက်ကပ်ရောင်ရောဂါသည် အသက်အရွယ်မရွေးဖြစ်နိုင်သည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို […]


အခြားဆီးလမ်းကြောင်းပြဿနာများ

Nocturia (ညဘက် ဆီးသွားလွန်ရောဂါ)

Nocturia(ညဘက် ဆီးသွားလွန်ရောဂါ) ဆိုတာဘာလဲ။ Nocturia ကို nocturnal polyuria လို့ ခေါ်ပြီး ညအချိန်ဆီးအလွန်အမင်းသွားတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ အိပ်ချိန်မှာ သင့်ကိုယ်ခန္ဓါဟာ ပိုပြီး ပျစ်တဲ့ ဆီးကို အနည်းငယ်သာ ထုတ်လုပ်ပါတယ်။ လူအများစုဟာ ဒါကြောင့် ဆီးသွားဖို့အတွက် ညတစ်ရေးနိုးခြင်း မရှိပဲ ခြောက်နာရီမှ ရှစ်နာရီအထိ အနှောင့်အယှက်မရှိပဲ အိပ်နိုင်ကြပါတယ်။ ညအချိန်မှာ ဆီးသွားဖို့ အကြိမ်ကြိမ်အခါခါ နိုးနေပြီဆိုရင် သင်ဟာ ညအချိန်ဆီးအသွားလွန်ခြင်းကို ခံစားနေရပြီ ဖြစ်ပါတယ်။ အိပ်ချိန်ကို အနှောင့်အယှက်ဖြစ်ရုံသာမက Nocturia ဟာ ကျန်းမာရေး အခြေအနေတစ်ခုရဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။     Nocturia(ညဘက် ဆီးသွားလွန်ရောဂါ) ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ Nocturia ဟာ အလွန်အဖြစ်များပြီး အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။     Nocturia(ညဘက် ဆီးသွားလွန်ရောဂါ) […]


ဆီးအိမ်ရောဂါများ

Bladder Stone (ဆီးအိတ်ကျောက်တည်ခြင်း)

Bladder stones ဆိုတာဘာလဲ။ ဆီးအိမ်ကျောက်တည်ခြင်းဟာ ဆီးအိမ်အတွင်းမှာ သတ္တုအပိုင်းအစလေးတွေ ရှိနေခြင်း ဖြစ်ပါတယ်။ ဆီးအိမ်ကျောက်တည်ခြင်းဟာ ဆီးအိမ်က ဆီးတွေကို ကုန်စင်အောင်မထုတ်တာကြောင့် ဆီးတွေက ဆီးအိမ်အတွင်း စုပြီး ကျောက်ဖြစ်လာခြင်းဖြစ်ပါတယ်။   Bladder stones ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ ဒီအခြေအနေဟာ ဆီးပုံမှန်မသွားတဲ့သူတွေမှာအဖြစ်များပါတယ်။ ဒါပေမယ့် အသက် ၅၀ကျော် အမျိုးသားတွေမှာအဖြစ်အများဆုံး ဖြစ်ပြီး အမျိုးသမီးတွေမှာ အဖြစ်နည်းပါတယ်။   ရောဂါလက္ခဏာများ။ Bladder stones ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ Bladder stones ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ ဗိုက်အောက်ပိုင်းနာခြင်း၊ အလွန်နာကျင်ခြင်း၊ အမျိုးသားတွေမှာ လိင်တံနာကျင်ခြင်း ဖြစ်နိုင်ပါတယ်။ ဆီးသွားစဉ် ခက်ခဲခြင်း၊ နာကျင်ခြင်း ဆီး မကြာခဏသွားခြင်း ( အထူးသဖြင့် ညအချိန်) အရောင်ရင့်သော ဆီးသွားခြင်း ဆီးအတွင်း သွေးပါခြင်း အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် […]


ကျောက်ကပ်ရောဂါများ

Polycystic Kidney (ကျောက်ကပ်ရေအိတ်တည်ခြင်း)

Polycystic Kidney (ကျောက်ကပ်ရေအိတ်တည်ခြင်း)ဆိုတာဘာလဲ။ Polycystic Kidney ဟာ ကျောက်ကပ်မှာ အရည်အိတ်တွေ ဖြစ်စေတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ ကျောက်ကပ်အိတ်ဟာ အရည်တွေနဲ့ ပြည့်နေတဲ့ ပုံမှန်မဟုတ်တဲ့ အိတ်တစ်မျိုးဖြစ်ပါတယ်။ Polycystic kidney disease cysts တွေဟာ ကျောက်ကပ်တွေရဲ့ ပုံမှန် တည်ဆောက်ပုံကို အစားထိုးပြီး ကျောက်ကပ်တွေ ကြီးလာကာ နာတာရှည်ကျောက်ကပ်ရောဂါကိုဖြစ်စေပြီး အချိန်ကြာလာတာနဲ့ အမျှ ကျောက်ကပ် လုပ်ငန်းဆောင်တာကို လျော့ကျစေပါတယ်။ Polycystic kidney disease ရဲ့ အဓိက အမျိုးအစား နှစ်မျိုးကတော့ autosomal dominant Polycystic kidney disease နဲ့ autosomal recessive Polycystic kidney disease တို့ပဲ ဖြစ်ပါတယ်။ Polycystic kidney disease cysts တွေဟာ […]


ဆီးကျိတ်ကျန်းမာရေး

Enlarged Prostate (ဆီးကျိတ်ကြီးခြင်း)

Enlarged Prostate (ဆီးကျိတ်ကြီးခြင်း) အကြောင်းကို လေ့လာလိုက်ရအောင်နော်။ အဓိပ္ပါယ်ဖွင့်ဆိုချက် Enlarged Prostate (ဆီးကျိတ်ကြီးခြင်း) ကဘာလဲ။ အမျိုးသားတွေရဲ့ ဆီးကျိတ် မူလအရွယ်ထက် ပိုပိုပြီးကြီးလာတာကို ဆိုလိုပါတယ်။ လိင်ဆက်ဆံချိန်မှာ သုက်ကောင်လေးတွေကို အပြင်သယ်ဆောင်ပေးတဲ့ အရည်ကို ဆီးကျိတ်က ထုတ်ပေးပါတယ်။ ဆီးကျိတ်ဟာ ဆီးစွန့်ပြွန် ရဲ့ ဘေးပတ်လည်မှာ ရှိနေပါတယ် (ဆီးစွန့်ပြွန် ဆိုတာဟာ ဆီးတွေကို ခန္ဓါကိုယ်ထဲကနေ အပြင်ထုတ်ပေးတဲ့ ပြွန်လေးဖြစ်ပါတယ်)။ အသက်အရွယ် ကြီးရင့်လာတဲ့ အမျိုးသားအားလုံးလိုလိုမှာ ဆီးကျိတ်ကြီးလာတတ်ပါတယ်။ ဒီရောဂါကို ဆေးပညာ အသုံးအနှုန်းနဲ့ benign prostatic hyperplasia (BPH) လို့ခေါ်ပါတယ်။ ဒါဟာ ကင်ဆာမဟုတ်သလို ဆီးကျိတ်ကင်ဆာဖြစ်နိုင်ချေကိုလည်း ပိုမများစေပါဘူး။ Enlarged Prostate (ဆီးကျိတ်ကြီးခြင်း) က ဘယ်လောက်အဖြစ်များသလဲ။ ရှင်းရှင်းပြောရရင် ဆီးကျိတ်ဘာလို့ ကြီးရတာလဲဆိုတာ အခုထိတော့ အတိအကျ မသိရသေးပါဘူး။ အသက်အရွယ်ကြီးရင့်တာ […]


ဆီးကျိတ်ကျန်းမာရေး

Benign Prostatic Hyperplasia (BPH) (ဆီးကျိတ်ကြီးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Benign Prostatic Hyperplasia (BPH) (ဆီးကျိတ်ကြီးခြင်း) ကဘာလဲ။ ဆီးကျိတ်ကြီးခြင်းဆိုသည်မှာအမျိုးသားတွေမှာ ဆီးကျိတ်ဂလင်းကြီးလာတာကို ဆိုလိုပါတယ်။ ဆီးကျိတ်ဂလင်းဆိုတာ အမျိုးသားမျိုးပွားစနစ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး သစ်ကြားသီး အရွယ်အစားရှိပါတယ်။ အမျိုးသားတွေ သန္ဓေအောင်ဖို့ အတွက် အရေးပါတဲ့အရည်တစ်မျိုးကို ထုတ်ပေးပါတယ်။ ကြီးထွားမှုကာလကို နှစ်ပိုင်းခွဲထားပြီး ပထမပိုင်းက လုူပျိုဖော်ဝင်စမှာ စပြီး ဒုတိယပိုင်းကတော့ အသက်၂၅၀န်းကျင်မှုာ စပါတယ်။ ဆီးကျိတ်ကြီးခြင်းကို များသောအားဖြင့်ဒုတိယပိုင်းကာလမှ တွေ့ရပါတယ်။ ဆီးကျိတ်ဂလင်းဟာ ဆီးစွန့်ပြွန်အထက်ပိုင်း ပတ်ပတ်လည်မှာ ရှိနေပါတယ်။ ဆီးကျိတ်ဂလင်းကြီးလာတဲ့အခါမှာ ဆီးစွန့်ပြွန်ကိုသွားဖိမိပြီး ဆိးမစွန့်နိုင်တဲ့အတွက်ကြောင့် ဆီးအိမ်တင်းလာ နိုင်ပါတယ်။ အချိန်တွေကြာလာတဲ့အခါမှာ ဆီးအိမ်နံရံတွေလျော့ရဲလာပြီး အာရုံကြောတွေက ဆီးအိမ်ကိုမထိန်းချုပ်နိုင်တဲ့အတွက် ဆီးမထိန်းနိုင်ခြင်းစတဲ့ ဆီးသွားခြင်းနဲ့ဆိုင်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။   Benign Prostatic Hyperplasia (BPH) (ဆီးကျိတ်ကြီးခြင်း) က ဘယ်လောက်အဖြစ်များသလဲ။ အမျိုးသားတွေမှာသာဖြစ်တဲ့ တွေ့ရများတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ အသက်၅၀ကျော်တွေမှာ […]


ဆီးအိမ်ရောဂါများ

Bladder Infections (ဆီးအိမ်ပိုးဝင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Bladder Infections (ဆီးအိမ်ပိုးဝင်ခြင်း) ကဘာလဲ။ ဆီးအိမ်ပိုးဝင်ခြင်း(သို့) ဆီးအိမ်ရောင်ရမ်းခြင်း ဆိုသည်မှာ ဆီးအိမ်ထဲမှာရှိနေတဲ့ ဘက်တီးရီးယားကြောင့်ဖြစ်ရတဲ့ ပြင်းထန်တဲ့ဆီးလမ်းကြောင်းပိုးဝင်မှုမျိုးပဲ ဖြစ်ပါတယ်။ အချို့ကိစ္စတွေမှာ ဒီလိုပိုးဝင်တာကို ပြန်လည်ကုသရာမှာအရမ်းကြာတတ်ပါတယ်။ တစ်ချို့သောဆေးများနှင့်ဓါတ်မတည့်ခြင်း၊ ဓါတ်ရောင်ခြည် ကုသမှုခံယူခြင်းနှင့် တစ်ခြားသောရောဂါတွေရဲ့နောက်ဆက်တွဲအနေနဲ့လည်း ဆီးအိမ်ရောင်နိုင်ပါသေးတယ်။ သင့်တော်တဲ့ကုသမှုတစ်ခု ခံယူလိုက်မယ်ဆိုရင်တော့ ဆီးအိမ်ပိုးဝင်ခြင်းကြောင့် ဖြစ်ရတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကနေ သက်သာစေမှာပါ။ အပြင်းထန်ဆုံးရောဂါလက္ခဏာကတော့ကျောက်ကပ်ပါပိုးဝင်ခြင်းဖြစ်ပါတယ်။ ဘက်တီးရီးယားကြောင့် ဆီးအိမ်ရောင်ရမ်းမှုအတွက်ပုံမှန်ကုသမှုတွေကတော့ ပဋိဇီဝပိုးသတ်ဆေးတွေပေးခြင်းပဲဖြစ်ပါတယ်။ တခြားဆီးအိမ်ရောင်ခြင်းတွေအတွက် ကုသမှုကတော့ ဖြစ်တဲ့အကြောင်း ရင်းပေါ်မူတည်ပြီးကွဲပြားကြပါတယ်။ Bladder Infections (ဆီးအိမ်ပိုးဝင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဆီးအိမ်ပိုးဝင်တာဟာ တော်တော်ကိုအဖြစ်များကြပါတယ်။ ပုံမှန်အားဖြင့် မိန်းကလေးတွေဟာ ယောက်ျားလေးတွေထက်ပိုဖြစ်ကြပါတယ်။ မိန်းကလေးအားလုံးရဲ့၅၀ ရာခိုင်နှုန်း ထက်မနည်းတဲ့ဦးရေဟာ သူတို့ဘဝမှာအနည်း ဆုံးတစ်ကြိမ်တော့ဖြစ်ဖူးကြပါတယ်။ မည်သည့် အသက်အရွယ်မှာ မဆိုဖြစ်နိုင်ပါတယ်။ ယောက်ျားလေးတွေမှာတော့ အသက်ကြီးလာတာနဲ့အမျှ ဆီးအိမ် ပိုးဝင်နိုင်ခြေပိုများလာကြပါတယ်။ အန္တရာယ်ဖြစ်နိုင်တာတွေကိုလျှော့ချခြင်းဖြင့် ပိုးဝင်ခြင်းကိုသက်သာအောင် လုပ်နိုင်ပါတယ်။ […]


ကျောက်ကပ်ရောဂါများ

Glomerulonephritis (ကျောက်ကပ်ရောင်ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Glomerulonephritis (ကျောက်ကပ်ရောင်ရောဂါ) ကဘာလဲ။ ဒီရောဂါဟာ ကျောက်ကပ်ထဲမှာရှိတဲ့ ပြွန်တွေရောင်ခြင်းကြောင့် ဖြစ်ပေါ်လာတယ်။ သင့်ကျောက်ကပ်ထဲမှာ သွေးကြောသေးသေးလေးတွေနဲ့ လုပ်ထားတဲ့ ဇကာစစ်လေးတွေအများကြီးရှိပြီး သင့်သွေးအတွင်းက ပိုလျှံနေတဲ့ အရည်တွေ၊ သတ္တုဓါတ်တွေနဲ့ အညစ်အကြေးတွေကို ဆီးအဖြစ်စွန့်ထုတ်ပေးပါတယ်။ ကျောက်ကပ်ပြွန်တွေ ပျက်ဆီးတဲ့အခါ သင့်ကျောက်ကပ်က ကောင်းစွာအလုပ်မလုပ်နိုင်ဘဲ ကျောက်ကပ်ပျက်ဆီးနိုင်ပါတယ်။ Glomerulonephritis (ကျောက်ကပ်ရောင်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ ကျောက်ကပ်ရောင်ခြင်းဆိုတာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အဖြစ်များပါတယ်။ ဒီရောဂါဟာ အသက်အရွယ်မရွေး ဖြစ်တတ်ပါတယ်။ ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေကို လျှော့ချပြီး ရောဂါကာကွယ်နိုင်ပါတယ်။ ထပ်မံသိလိုသောအချက်များရှိပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ လက္ခဏာများGlomerulonephritis (ကျောက်ကပ်ရောင်ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ ကျောက်ကပ်ရောင်ခြင်းရဲ့ အဖြစ်များတဲ့ ရောဂါလက္ခဏာတွေမှာ သွေးနီဥတွေ ဆီးထဲပါတဲ့အတွက် ပန်းရောင် သို့မဟုတ် ကိုလာအရောင် ဆီးတွေသွားခြင်း ပရိုတင်းတွေများတဲ့အတွက် ဆီးအရောင်နောက်ခြင်း သွေးပေါင်တက်ခြင်း၊ ကိုလက်စရောများခြင်း ရေစုပုံခြင်းကြောင့် မျက်နှာ၊ လက်၊ ခြေထောက် နှင့် ဝမ်းဗိုက်ဖောခြင်း ကျောက်ကပ်ပျက်ဆီးခြင်း သို့မဟုတ် သွေးအားနည်းခြင်းကြောင့် မောပန်းခြင်း အဝလွန်ခြင်း မွေးရာပါ […]


ဆီးအိမ်ရောဂါများ

Bedwetting (အိပ်ယာထဲ ဆီးသွားခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်အိပ်ယာထဲ ဆီးသွားတယ်ဆိုတာ ဘာလဲ။ အိပ်ယာထဲဆီးသွားခြင်းဆိုတာ ညအိပ်နေတုန်းမှာ ဆီးအိမ်ကို ထိန်းချုပ်နိုင်စွမ်းမရှိတာကို ဆိုလိုတာဖြစ်ပါတယ်။ ဆေးပညာအသုံးအနှုန်းနဲ့ nocturnal (night time)enuresis လို့ခေါ်ပါတယ်။ အိပ်ယာထဲ ဆီးသွားတာဟာ ရှက်စရာဖြစ်ပေမယ့် ယေဘုယျအားဖြင့်ဆိုးရွားတဲ့ ပြဿနာ၊ ရောဂါတစ်ခုတော့ မဟုတ်ပါဘူး။ အိပ်ယာထဲဆီးသွားတာ ဘာလို့ဖြစ်တယ်၊ ဘာလို့ပျောက်သွားတယ်ဆိုတာကို အတိအကျ မသိရှိရသေးပါဘူး။ ဒါဟာ ကြီးထွားဖွံ့ဖြိုးမှုဖြစ်စဉ်ရဲ့ တစိတ်တဒေသမျှသာ ဖြစ်ပြီး ကလေးတွေအသက်ကြီးလာတဲ့အခါ ပျောက်သွားလေ့ရှိပါတယ်။ ပုံမှန်အားဖြင့် အိပ်ယာထဲဆီးသွားတာဟာ စိုးရိမ်ရတဲ့ထူးထူးခြားခြားအကြောင်းရင်းခံ (ရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရ) မရှိတတ်ပါဘူး။ အိပ်ယာထဲဆီးသွားတာ တော်တော်နဲ့မပျောက်ဘူးဆိုရင် သင့်အနေနဲ့စိတ်ရှည်သီးခံ၊ နားလည်ပေးပြီး ပြဿနာကို ဖြေရှင်းရပါမယ်။ ဆီးကိုအချိန်နဲ့သွားတဲ့အကျင့် လုပ်ပေးတာမျိုး၊ ဆီးသွားတတ်တဲ့အချိန်ကို မှတ်ထားပြီး လိုက်တည်ပေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကုသတာမျိုး ပြုလုပ်ပေးမယ်ဆိုရင် အိပ်ယာထဲဆီးသွားတာကို သက်သာပျောက်ကင်းစေမှာ ဖြစ်ပါတယ်။ အိပ်ယာထဲဆီးသွားခြင်းဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ ဒါဟာ အလွန်အဖြစ်များပါတယ်။ အမျိုးသမီးတွေထက် အမျိုးသားတွေမှာ […]


ဆီးအိမ်ရောဂါများ

Cystitis (ဆီးအိမ်ရောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Cystitis (ဆီးအိမ်ရောင်ခြင်း) ကဘာလဲ။ ဆီးအိမ်ရောင်ခြင်းဆိုသည်မှာ ဆီးအိမ်နှင့် ဆီးစွန့် ပြွန်ထိပ်ပိုင်း ရောင်လာသော (နီရဲပြီး ဖောင်းလာသော) အခြေအနေတစ်ခုဖြစ်သည်။ အများအားဖြင့် ရောင်ရမ်းခြင်း သည် ဘက်တီးရီးယား ကူးစက်မှုကြောင့်ဖြစ်ပြီး ဆီးလမ်း ကြောင်း ရောဂါပိုးကူးစက်မှုဟု ခေါ်သည်။ ဆီးအိမ်တွင် ကူးစက်မှုသည် နာကျင်ပြီး အနှောင့်အယှက်ဖြစ်စေပါသည်။ ကူးစက်မှုသည် ကျောက်ကပ်သို့ ပျံ့နှံ့သွားပါက ဆိုးရွားသော ကျန်းမာရေး ပြဿနာတစ်ခု ဖြစ်လာနိုင်သည်။ Cystitis (ဆီးအိမ်ရောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဆီးအိမ်ရောင်ခြင်းသည် မည်သူမဆို ဖြစ်နိုင်သည်။ အမျိုးသားများထက် အမျိုးသမီးများတွင် ပိုဖြစ်သည်။ တစ်ခါ တစ်ရံ ဆီးအိမ်ရောင်ခြင်းသည် နာတာရှည် (ထပ်ကာ ထပ် ကာ ဖြစ်ပွား) ဖြစ်ပြီး ကုသရန် ခက်ခဲလာပါသည်။ အန္တရာယ် ဖြစ်စေသော အချက်များကို လျော့ချခြင်းဖြင့် ရောဂါကို ထိန်းချုပ် နိုင်ပါသည်။ […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်