backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ဆီးသွားနည်းခြင်းသည် ကျန်းမာရေးအတွက်မကောင်းပါ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Ye Pyae Hein မှ ရေးသားသည်။ · 31/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဆီးသွားနည်းခြင်းသည် ကျန်းမာရေးအတွက်မကောင်းပါ

လက္ခဏာများ

သင်သည် တစ်နေ့လျှင် နှစ်ကြိမ်မှ သုံးကြိမ်မျှသာ ဆီးသွားလျှင် သင့်အနေဖြင့် ရေဓါတ်နည်းပါးနေပြီဟု ဆိုနိုင်သည်။ ဆီးဝါခြင်း (သို့မဟုတ်) ဆီးအရောင်ရင့်ခြင်းက သင်သည် လုံလောက်သော ရေပမာဏ မသောက်သုံးဖြစ်သည်ကို ပြနေသည်။

ဆီးကိုအောင့်ထားခြင်းသည် ကောင်းပါသလား

အပေါ့စွန့်ခြင်း (သို့မဟုတ်) ဆီးသွားခြင်းကို အောင့်ထားခြင်း သည် အလေးသွားခြင်း (သို့မဟုတ်) ဝမ်းသွားခြင်းကို အောင့်ထားခြင်း ကဲ့သို့ပင် မကောင်းပါ။ အချို့သူများသည် ဝမ်းကိုထိန်းထားခြင်း၌ အခက်အခဲ ရှိတတ်သည်။ ဝမ်းသွားချင်လာလျှင် အခက်တွေ့တတ်ပြီး စအိုရှုံ့ကြွက်သားများကို ပင်ပန်းစေသည်။ ဆီးသွားခြင်းသည်လည်း ထိုနည်းတူပင် ဖြစ်သည်။ ဆီးကို အချိန်ကြာကြာအောင့်ထားသောအခါ ကြွက်သားများက သွားချက်ရက် မသွားနိုင်သည်မျိုး ဖြစ်လေ့ရှိသည်။ ထိုကဲ့သို့ဖြစ်ခြင်းသည် ကျန်းမာရေးအတွက် မကောင်းပါ။

တစ်နေ့လျှင် အချိန်မည်မျှကြာသောအခါ တစ်ခါဆီးသွားရမည်နည်း

ရေများများ သောက်သောအခါ တစ်နာရီခြား တစ်ခါ၊ နှစ်နာရီကြားတစ်ခါ ဆီးသွားမည်ဖြစ်သည်။ ခန္ဓါကိုယ်က ပိုလျှံသောရေကို စွန့်ထုတ်ချိန်တွင် ကျောက်ကပ်မှလည်း ဓါတ်ဆားများကိုပါ ရော၍စွန့်ထုတ်စေခြင်းဖြင့် သင် ဆီးများများသွားဖြစ်လိမ့်မည်။

ရေဓါတ်ကုန်ဆုံးသောအခါ

ကျွုန်ုပ်ကတစ်နေ့လျှင်ရေ ၆၄ မှ ၈၀ အောင်စ ခန့်သောက်ဖြစ်နေလျှင် ဆီးမှန်မှန်သွားပြီး အဆင်ပြေနေသည်။ ရေဝဝမသောက်မိသောအခါ ဖြစ်ပေါ်လာသော ထူးခြားချက်ကို ကျွန်ုပ်သတိပြုမိသည်။ ခန္ဓါကိုယ်မှ ရေဓါတ်ဆုံးရှုံးလျှင် အာခေါင်၊ ပါးစပ်များ ခြောက်လာမည်။ မောပန်းလွယ်လာမည်။ အချိန်မီရေဓါတ် ပြန်လည်ဖြည့်တင်းမပေးလျှင် မူးဝေခြင်းကိုပါ ခံစားရမည်။ ထိုလက္ခဏာများသည် ရေကို လုံလောက်အောင် မသောက်ခြင်းကြောင့် ဖြစ်ပေါ်လာရသည်။

ဤဝါကျင့်ကျင့်အရည်များကိုကြည့်၍မည်သည့် ဆီးအရောင်ကပုံမှန်ဖြစ်ပြီးမည်သည်ကပြဿနာ ရှိကြောင်းခွဲခြားပြပါ

ကျွန်ုပ်အနေဖြင့် အဝါဖျော့ရောင် ဆီးသည် ပုံမှန်ဖြစ်ပြီး နီညိုရောင်ဆီးသည် ရေဓါတ်ခန်းခြောက်နေသူ၏ ဆီးဟုပြောဆိုပါသည်။

တစ်နေ့လျှင်ရေမည်မျှသောက်သင့်သနည်း

ပျမ်းမျှလူတစ်ဦးသည ်တစ်နေ့လျှင် ၈ အောင်စဝင်ရေ ၈ ခွက် (၆၄အောင်စ) ခန့်သောက်သင့်သည်။ ထိုပမာဏမှာ ပေါင်၁၀၀ ခန့်ရှိ လူတစ်ဦးအတွက် ဖြစ်ပါသည်။

ရေအများကြီးသောက်တိုင်းကောင်းပါသလား

လူအများသည် ရေကို ဂါလံနှင့်ချီ၍ သောက်သုံးလျှင် ဓါတ်ဆားအချိုးအစား မညီမျှမှု ဖြစ်လာနိုင်သည်။ ဥပမာ – ဆိုဒီယမ်ဓါတ်သည် ရေများလျှင် နည်းသွားတတ်သော သဘောရှိသဖြင့် ဆိုဒီယမ်နည်းနေသော လူနာတစ်ဦးသည် ရေကိုချင့်ချိန်၍ သောက်သုံးသင့်သည်။ ထို့ကြောင့် သင်၏ ကိုယ်အလေးချိန်ပေါ်မူတည်၍ မည်မျှထိ အများဆုံးသောက်နိုင်ကြောင်း ပြောရခြင်းဖြစ်သည်။

ရေသောက်ခြင်းအပြင် အခြားနည်းလမ်းများဖြင့် ရေဓါတ်ကို ရနိုင်ပါသလား

အချို့သောအသီးများ ဥပမာ- ဖရဲသီး၊ လိမ္မော်သီး၊ ဘယ်ရီသီးတို့သည် ရေဓါတ်ကြွယ်ဝစွာ ပါဝင်သည်။ ကျွန်ုပ်အနေဖြင့် သင်သည် ၁နေ့ ရေ ၈ ဖန်ခွက်သောက်ပြီး ဖရဲသီးလည်းစားလျှင် ရေဓါတ်ပြည့်ဝနေမည်ဟု ကျိန်းသေတော့ မပြောနိုင်ပါ။ ရေ ၈ အောင်စပါ ၈ ဖန်ခွက်သောက်၍ ၆၄ အောင်စရှိရေကို သောက်ဖြစ်ရေးသာ ဆိုလိုပါသည်။

အားကစားလုပ်ခြင်းနှင့်ချွေးထွက်များသောအခြေအနေများတွင်မည်သို့ပြုလုပ်ရမည်နည်း

ကျွန်ုပ်အနေဖြင့်အားကစားမလုပ်မီ၊ လုပ်နေစဉ်နှင့် အားကစား လုပ်ပြီးချိန်များတွင် ရေဓါတ်နှင့် ဓါတ်ဆားများ ပိုမိုဆုံးရှုံးမှုမရှိစေရန် ရေပိုသောက်ပေးဖို့ အကြံပြုလိုပါသည်။ ဝမ်းသွားသောအခါတွင်ပင် ဆီးပါ တစ်ခါတည်း သွားခြင်းဖြစ်ရာ ရေဆုံးရှုံးမှုဖြစ် နေပါသေးသည်။ ခန္ဓါကိုယ်တွင် ရေဓါတ်နှင့် အဓိကဖွဲ့စည်းထားရာ ခန္ဓါကိုယ် ကျန်းမာပြီး ရေဓါတ်ပြည့်ဝနေစေရန် ရေဓါတ် လုံလောက်အောင် ပြန်လည်ဖြည့်တင်းပေးဖို့ လိုပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr. Ye Pyae Hein မှ ရေးသားသည်။ · 31/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement