အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen

နေရောင်ခြည်နဲ့ ထိတွေ့မှုများရင် နေလောင်တာ၊ အရေပြားတွေ ပျက်စီးတာကိုတော့ သိထားကြမှာပါ။ နောက်ထပ် ပိုအရေးကြီးတဲ့အချက်က နေရောင်ခြည်မှာပါတဲ့ UVလှိုင်းတွေက အရေပြားကင်ဆာ ဖြစ်စေနိုင်တယ်ဆိုတာပါပဲ။ အရေပြားကင်ဆာဖြစ်စေတဲ့ အချက်တွေထဲမှာ နေရောင်ခြည်က ထိပ်ဆုံးက ပါနေပါတယ်။ ဒါကြောင့် နေရောင်ခြည်ကို ကာကွယ်တာက အရေပြားကင်ဆာကို ကာကွယ်နေတာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ Sunscreenတွေက အရေးကြီးလာပါပြီ။ Sunscreenတွေက နေရောင်ခြည်က UVလှိုင်းတွေကို ကာကွယ်ပေးနိုင်တာကြောင့် Sunscreenတွေကို ပုံမှန်လိမ်းတာက အရေပြားကင်ဆာကို ကာကွယ်နည်းတစ်မျိုးပါပဲ။ Sunscreenလိမ်းတာအပြင် နေပူထဲသွားတဲ့အခါ ထီး၊ ဦးထုပ်ဆောင်းမယ်၊ အဝတ်အစားကို လုံလုံခြုံခြုံဝတ်မယ်ဆိုရင် အရေပြားကင်ဆာ ဖြစ်နိုင်ခြေက တော်တော်ကြီး နည်းသွားမှာ ဖြစ်ပါတယ်။ အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen Sunscreenနဲ့ ပတ်သက်လာရင် သိထားဖို့လိုတဲ့ ‘W’ ၅လုံး ရှိပါတယ်။ WHO (ဘယ်သူတွေ လိမ်းဖို့လိုသလဲ) နေရောင်တဲ့ထိတွေ့တဲ့ ဘယ်သူမဆို […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

အသားအရေ ထိန်းသိမ်းခြင်း

အသားအရေထိန်းသိမ်းဖို့ နည်းလမ်းကောင်းများ

လူတိုင်းဟာ ပြီးပြည့်စုံတယ်ဆိုတာ မရှိပေမယ့် အတတ်နိုင်ဆုံးတော့ ကြည့်ကောင်းအောင် ပြုပြင်နေကြတာပါပဲ။ ကောင်းမွန်တဲ့ အသားအရေ ရရှိဖို့ နံမည်ကြီး တံဆိပ်ပေါင်းစုံကို ပိုက်ဆံအကုန်အကျခံပြီး ဝယ်ယူအသုံးပြုဖို့ မလိုအပ်ပါဘူး။ ပုံမှန် အရေပြား ထိန်းသိမ်းဖို့သာ လိုပါတယ်။ ပိုမိုကောင်းမွန်တဲ့ အသားအရေရဖို့အတွက် အခြေခံကျတဲ့ အချက်တွေကို ဒီဆောင်းပါးမှာ ဖော်ပြလိုက်ပါတယ်။ နေလောင်ဒဏ်ကနေ ကာကွယ်ပါ။ နှစ်ပေါင်းများစွာတု့ံးက အလှအပဆိုင်ရာ နည်းလမ်းတိုင်းမှာ အဆင့်လေးဆင့် ပါဝင်ပါတယ်။ အခုခေတ်မှာတော့ နောက်တစ်ဆင့်ပါ ထပ်ထည့်ရမှာပါ။ နေပူဒဏ် လိမ်းဆေးတွေ လိမ်းပေးဖို့ပဲ ဖြစ်ပါတယ်။ အရေပြားကို ကျန်းမာစေဖို့ နေပူဒဏ်က ကာကွယ်နိုင်ဖို့ အရေးကြီးပါတယ်။ နေလောင်ခြင်းဟာ အရေးအကြောင်းတွေ၊ အစက်အပြောက်တွေနဲ့ အခြားအရေပြား ပြဿနာတွေကို ရရှိစေပါတယ်။ ပြီးတော့ အရေပြား ကင်ဆာဖြစ်ပွားနှုန်းကိုလည်း တိုးတက်စေပါတယ်။ အရေပြား ရောဂါတွေကနေ ကာကွယ်နိုင်စေဖို့အတွက် အောက်ဖော်ပြပါ […]


ဝက်ခြံ

ဝက်ခြံပေါက်နေစဉ် ရှောင်သင့်သော အစားအစာများ

ဝက်ခြံရှိနေရင် ဆေးသောက်စရာမလိုဘဲ ကုနိုင်တဲ့နည်းတွေ အများကြီး ရှိပါတယ်။ အကောင်းဆုံးကတော့ စားသောက်ပုံကို ပြောင်းလဲပစ်တာပါပဲ။ ဝက်ခြံနဲ့ အစားအသောက်နဲ့ ဆက်စပ်မှုရှိတယ်ဆိုတာ ပြသထားတဲ့ လေ့လာမှုတွေ အများကြီး ရှိပါတယ်။ ဝက်ခြံဖြစ်စေတဲ့ အစားအစာတွေကိုရှောင်ကြဉ်ခြင်းဟာ ဝက်ခြံလျော့နည်းစေရုံတင်မကပဲ ဝက်ခြံထွက်ခြင်းကိုပါ ထိန်းချုပ်နိုင်ပါတယ်။ အောက်ဖော်ပြပါ အစားအစာတွေကတော့ ရှောင်ကြဉ်သင့်တဲ့ အစားအစာ ခြောက်ခု ဖြစ်ပါတယ်။ ၁။ ချောကလက် ချောကလက်ဟာ ဝက်ခြံကိုဖြစ်စေတယ်လို့ ကြားဖူးပါလိမ့်မယ်။ အမှန်ကတော့ ချောကလက်က တိုက်ရိုက်တော့ ဝက်ခြံမဖြစ်စေပါဘူး။ ချောကလက်က ဝက်ခြံဖြစ်စေတယ်ဆိုတာကို ပြနိုင်တဲ့ သက်သေ အလွန်နည်းပါးပါတယ်။ တကယ်ကတော့ သူ့မှာ သကြားဓါတ်နဲ့ အဆီဓါတ်များစွာ ပါဝင်တာမို့ ကိုယ်ခန္ဓါမှာ အဆီထွက်ခြင်းကို အားပေးပါတယ်။ ပြီးတော့ ချွေးပေါက်တွေကို ပိတ်စေတာမို့ ရောင်ရမ်းခြင်းတွေ ဖြစ်ပြီး ဝက်ခြံပေါက်လာပါ လိမ့်မယ်။ ဒါဟာ ချောကလက်မစားသင့်ဘူးလို့ မဆိုလိုပါဘူး။ […]


အခြားအရေပြားပြဿနာများ

မှဲ့ နဲ့တင်းတိပ် ခြားနားချက်

အရေပြားပေါ်က အစက်တစ်ခုဟာ မှဲ့လား တင်းတိပ်လားဆိုတာ စဉ်းစားဖူးပါသလား။ သူတို့နှစ်ခု ဘာကွာလဲရော သိပါသလား။ လူအတော်များများက ဒါကို ဂရုမစိုက်ကြပါဘူး။ သူတို့ဘယ်လို ကွာခြားတယ်ဆိုတာကို ဒီဆောင်းပါးက ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။ Nevi လို့ အသိများတဲ့ မှဲ့တွေဟာ အညို (သို့) အမည်းရောင် အစက်တွေအနေနဲ့ အရေပြားပေါ်မှာ ရှိပါတယ်။ မှဲ့တွေဟာ melanocytes တွေ စုပြုံပြီး ဖြစ်ပေါ်လာခြင်း ဖြစ်ပြီး သူတို့ဟာ အရေပြားကို အရောင်ဖြစ်စေတဲ့ အရာတွေ ဖြစ်ပါတယ်။ မှဲ့တွေဟာ နေရောင်နဲ့ ထိတွေ့ရင်၊ ဆယ်ကျော်သက်အရွယ်မှာနဲ့ ကိုယ်ဝန်ဆောင်နေစဉ်မှာ အရောင်ရင့်လာတတ်ပါတယ်။ ကလေးအရွယ်မှာ စတင်ပေါ်လာပြီးတော့ အချို့ကတော့ အသက် ၃၀ ကျော်မှာမှ စတင်ဖြစ်ပေါ်တတ်ပါတယ်။ သူတို့ဟာ ကိုယ်ခန္ဓာ အနှံ့မှာ ဖြစ်ပွားနိုင်ပြီးတော့ အချိန်ကြာလာတာနဲ့ အမျှ […]


အခြားအရေပြားပြဿနာများ

မှဲ့ကနေ ကင်ဆာဖြစ်နိုင်ပါသလား

မှဲ့ဆိုတာဘာလဲ။ မှဲ့ဟာ အရည်ပြားကို အရောင်ထုတ်ပေးတဲ့ melanocytes လို့ခေါ်တဲ့ ဆဲလ်တွေ ပေါင်းစည်းဖြစ်ပေါ်လာတဲ့ သေးငယ်တဲ့ အစက်ဖြစ်ပါတယ်။ မှဲ့ကို melanocytic naevi လို့လည်း ခေါ်ကြပါတယ်။ မှဲ့ဟာ အများအားဖြင့် အညိုရောင် ရှိပြီး အချို့ကတော့ အရောင်ပိုရင့် (သို့) အရေပြားရောင် ရှိတတ်ပါတယ်။ ပြားနေတဲ့ မှဲ့ရှိသလို ဖေါင်းတဲ့ မှဲ့လည်းရှိပါတယ်။ ချောမွတ် (သို့) ကြမ်းတမ်းတဲ့ ပုံစံလည်း ရှိနိုင်ပါတယ်။ အချို့မှဲ့တွေဟာ သူတို့မှာ ပေါက်နေတဲ့ အမွှေးရှိတတ်ပါတယ်။ မှဲ့အများစုဟာ အဝိုင်း (သို့) ဘဲဥပုံရှိပြီး ချောမွတ်တဲ့ အစွန်းတွေ ရှိကြပါတယ်။ မှဲ့တွေဟာ အရေအတွက်နဲ့ ပုံသဏ္ဍာန်ပြောင်းလဲနိုင်ပါတယ်။ အချို့ဟာ အချိန်ကြာလာတာနဲ့အမျှ သတိတောင် မထားမိပဲ ပျောက်သွားတတ်ပါတယ်။ သူတို့ဟာ ဟောမုန်းပြောင်းလဲမှုတွေကိုလည်း တုန့်ပြန်တတ်ပါတယ်။ ဥပမာ ကိုယ်ဝန် ရှိချိန် - […]


အသားအရေ ထိန်းသိမ်းခြင်း

အိုမင်းရင့်ရော်လာတဲ့ အသားအရေကို ဘယ်လို ဂရုစိုက်မလဲ

တစ်နေ့မှာ သင့်အရေပြားဟာ တွန့်လာပြီး အရေးအကြောင်းတွေ ထင်လာပါလိမ့်မယ်။ သွေးကြောတွေနဲ့ အရိုးတွေဟာ ပိုမို ထင်ရှားလာပြီး ထိရှဒဏ်ရာတွေဟာ အနာကျက်ဖို့ အချိန်ပိုယူလာရပါလိမ့်မယ်။ ဒီလိုနေ့ကိုရောက်ဖု့ိ ကို ကြောက်လန့်နေကြသော်လည်း ဒါဟာ လူတိုင်းအတွက် မဖြစ်မနေ ဖြစ်လာမယ့် အရာတွေပါပဲ။ နှစ်ပေါင်းများစွာ အသားညိုစေဖို့ နေရောင်ခံခြင်း (သို့) နေရောင်အောက်မှာ အကြာကြီးနေခြင်းတွေဟာ အရေးအကြောင်းတွေ၊ အရေပြား ခြောက်သွေ့မှုတွေ၊ အစက်အပြောက်တွေနဲ့ ကင်ဆာရောဂါကိုတောင် ဖြစ်စေနိုင်ပါတယ်။ ဒီလို အရေပြား တွန့်လာခြင်းကို အနည်းငယ်တော့ နှေးကွေးအောင် ပြုလုပ်နိုင်ပေမယ့် ရှောင်လွှဲလို့တော့ မရပါဘူး။ ဒါပေမယ့် သင့်အသားအရည်ကို ကာကွယ်ပေးပြီး ပိုမိုကြည့်ကောင်းစေတဲ့ နည်းလမ်းတွေ ရှိပါတယ်။ အရေပြားခြောက်သွေ့ခြင်းနဲ့ ယားယံခြင်း အရေပြားဟာ အသက်ကြီးလာတာနဲ့ အမျှ ရေဓါတ်ဆုံးရှုံးလာတတ်ပါတယ်။ လူကြီးအတော်များများဟာ သူတို့ရဲ့ အရေပြားပေါ်၊ အထူးသဖြင့် ခြေထောက်၊ တံတောင်ဆစ်နဲ့ […]


အသားအရေနှင့် အလှအပ

အရေးအကြောင်းတွေ ဘယ်လိုဖြစ်လာတာလဲ

အရေးအကြောင်းတွေဟာ ဘာတွေလဲ။ အရေးအကြောင်းတွေဟာ အသက်ကြီးလာလို့ သဘာဝအလျောက် ဖြစ်လာတာဖြစ်ပြီး နေနဲ့ ထိတွေ့မှုများတဲ့ အရေပြားမှာ အများဆုံးဖြစ်တတ်ပါတယ်။ မျက်နှာ၊ လည်ပင်း၊ လက်နဲ့ လက်မောင်းတွေမှာ ပိုအဖြစ်များပါတယ်။ မျိုးရိုးဗီဇကလည်း အရေပြားရဲ့ တည်ဆောက်ပုံနဲ့ အသားကို လွှမ်းမိုးမှုရှိပေမယ့် နေရောင်ထိတွေ့ခြင်းဟာတော့ အရေးအကြောင်းတွေဖြစ်စေတဲ့ အဓိက အကြောင်းရင်းပဲဖြစ်ပါတယ် (အထူးသဖြင့် အသားဖြူတဲ့ သူတွေမှာ ပိုဆိုးပါတယ်။) အခြား အချက်တွေဖြစ်တဲ့ ညစ်ညမ်းစေတဲ့ ပစ္စည်းတွေနဲ့ ဆေးလိပ်သောက်ခြင်းတွေကလည်း အရေးအကြောင်းတွေကို ဖြစ်စေပါတယ်။ တကယ်လို့ အရေးအကြောင်းတွေက သင့်ကို အနှောင့်အယှက်ဖြစ်စေတယ်ဆိုရင် သူတို့ကို ချောမွေ့သွားစေဖို့ (သို့) သိပ်မမြင်သာစေဖို့အတွက် နည်းလမ်းတွေ ရှိပါတယ်။ ဆေး၊ အရေပြား ပြန်လည်တည်ဆောက်မှု နည်းလမ်းများ၊ fillers၊ ဆေးထိုးခြင်းနဲ့ ခွဲစိတ်ခြင်းတို့ဟာ အရေးအကြောင်းကို ထိရောက်စွာ ကုသပေးနိုင်တဲ့ နည်းတွေ ဖြစ်ပါတယ်။ အကြောင်းရင်း အရေးအကြောင်းတွေဟာ ဘာကြောင့် […]


အခြားအရေပြားပြဿနာများ

နှင်းခူရောဂါနောက်ဆက်တွဲပြဿနာများ

တခါတရံမှာ နှင်းခူဟာ အရေပြားပေါ်က စိတ်ညစ်စရာပြသနာတွေထက်ပိုတဲ့ ကျန်းမာရေးပြဿနာတွေဖြစ်စေတတ်ပါတယ်။ အမြဲတစေ အနာကိုကုတ်ဖဲ့နေလို့ အရေပြားကိုပိုးဝင်တာဟာ နှင်းခူ ရဲ့အဖြစ်များတဲ့ နောက်ဆက်တွဲပြသနာပါ။ ဒီပြသနာတွေကို ကြိုသိထားမယ်ဆိုရင်တော့ ဖြစ်နိုင်ခြေနည်းသွားအောင် လုပ်ဆောင်နိုင်ပါလိမ့်မယ်။ ကြိုတင်ကာကွယ်ရန်နဲ့ ကုသရန်အတွက် သင့်ရဲ့ဆရာဝန်ကလည်း အကြံဉာဏ်ပေးနိုင်ပါတယ်။ ဒီတော့ နှင်းခူရောဂါနောက်ဆက်တွဲပြဿနာများ အကြောင်း လေ့လာလိုက်ရအောင်နော်။ နှင်းခူရောဂါနောက်ဆက်တွဲပြဿနာများ နှင်းခူရောဂါနောက်ဆက်တွဲပြဿနာများ ကတော့ ပိုးဝင်ခြင်း ဘက်တီးရီးယားပိုးဝင်ခြင်း။ အရေပြားရောင်ရမ်းလာရခြင်းရဲ့ အဓိကကျန်းမာရေးပြသနာကတော့ staphylococcus aureus ဆိုတဲ့ ပိုးဝင်လာပြီး အရေပြားထဲမှာ နယ်မြေချဲ့ထွင်လာတာပါပဲ။ အရေပြားရောင်ရမ်းလာသူတွေရဲ့ ၆၀ ကနေ ၉၀ ရာခိုင်နှုန်းခန့်ဟာ staph ဘက်တီးရီးယားပိုးကူးစက်ခံရတတ်ပါတယ်။ ပိုးဝင်တာပိုများတာနဲ့အမျှ အရေပြားတင်းမာရောင်ရမ်းတာလည်း ဆိုးရွားလာတတ်ပါတယ်။ ဗိုင်းရပ်စ်ပိုးဝင်ခြင်း။ အရေပြားရောင်ရမ်းလာသူများဟာ ဗိုင်းရပ်စ်ပိုးဝင်ရောက်နိုင်ခြေ များပါတယ်။ ဥပမာပေးရရင် ရေယုန်ပိုးဝင်ရောက်ပြီး နှင်းခူနာနဲ့ ရေယုန်နာတွဲဖြစ်ပြီး အရေပြားအခြေအနေဟာ အရမ်းဆိုးသွားတတ်ပါတယ်။ ဒါ့အပြင် နှင်းခူကြောင့်အရေပြားရောင်ရမ်းနေသူများဟာ […]


ဝက်ခြံ

ဝက်ခြံအကြောင်းသိသင့်တဲ့အချက်ငါးချက်

ဝက်ခြံဆိုတာဘာလဲ ဝက်ခြံပေါက်တယ်ဆိုတာကြီးထွားဖွံ့ဖြိုးတဲ့ဖြစ်စဉ်မှာပုံမှန်ဇီဝကမ္မဗေဒကိစ္စတခုဖြစ်ပါတယ်။ ကလေးဘဝကနေကြီးကောင်ဝင်လာပြီ၊လူပျိုဖော်အပျိုဖော်စဝင်လာပြီဆိုရင်ဝက်ခြံတွေစထွက်လာပါပြီ။ သားတို့သမီးတို့ငယ်ငယ်တုန်းကပထမဆုံးဝက်ခြံပေါက်တုန်းကဆိုရင်အဖေအမေဆီ၊အကိုတွေအမတွေဆီဒါမှမဟုတ်သူငယ်ချင်းတွေဆီပြေးပြီးဘာလုပ်ရမလဲလို့အလန့်တကြားမေးကောင်းမေးခဲ့ဖူးပါလိမ့်မယ်။ ဒါပေမယ့်အဲ့သလိုမျိုးတခြားသူတွေကိုမမေးခင်၊ဒါမှမဟုတ်ဝက်ခြံကိုအားပါးတရညှစ်မထုတ်ခင်ဝက်ခြံနဲ့ပတ်သက်ပြီးသားတို့သမီးတို့သိထားတယ်လို့ထင်ပေမယ့်မှားယွင်းနေတဲ့အချက်ကလေးတွေကိုဖတ်ကြည့်လိုက်ပါဦး။   အမှား။။ ဝက်ခြံပေါက်ရင်ညှစ်ထုတ်လိုက်တာအကောင်းဆုံးပဲ။ အမှန်။။ မှန်ရှေ့ကနေအခုခွာလိုက်ပါ။ တချို့လူတွေကမင်းကိုပြောပါလိမ့်မယ်၊ဝက်ခြံပေါက်ရင်ညှစ်ထုတ်လိုက်တာပိုကောင်းတယ်၊ဒါမှမသိသာတော့မှာ၊မြန်မြန်သက်သာသွားမှာစသဖြင့်ပေါ့။ ဒါတွေအကုန်လုံးကအမှားတွေချည်းပါပဲ။ ဝက်ခြံကိုညှစ်တာ၊ကလိနေတာ၊ဆိတ်ဆွနေတာဟာရောဂါပိုးမွှားတွေကိုမင်းရဲ့အရေပြားဟိုးအောက်ထဲကိုအားပါးတရထိုးထည့်နေသလိုဖြစ်စေတာကြောင့်မသက်သာစေတဲ့အပြင်ပိုပြီးနီလာ၊နာလာစေမှာဖြစ်ပြီးအခန့်မသင့်ရင်အနာဆိုးဆိုးရွားရွားတောင်ဖြစ်သွားနိုင်ပါတယ်။ ပြီးတော့ဝက်ခြံညှစ်ခြင်းဟာဘယ်တော့မှမပျောက်တော့မယ့်အမာရွတ်တွေကိုလည်း ဖြစ်စေမှာပါ။ တကယ်လို့ဝက်ခြံပေါက်တာဟာသားတို့သမီးတို့အလှပြရမယ့်အခမ်းအနားတခုနဲ့တိုက်တိုက်ဆိုင်ဆိုင်ကြီးဖြစ်နေတယ်ဆိုရင်ဖေဖေမေမေတို့နဲ့တိုင်ပင်ပြီး ပြနေကျမိသားစုဆရာဝန်ဒါမှမဟုတ်အရေပြားနဲ့အလှအပရေးရာဆရာဝန်နဲ့ ပြနိုင်ပါတယ်။ ဆရာဝန်ကကူညီပေးမှာပါ။   အမှား။။ စိတ်ဖိစီးမှုများရင်ဝက်ခြံပေါက်တယ်။ အမှန်။။ မနက်ဖြန်ဖြေရမယ့်စာမေးပွဲဒါမှဟုတ်နောက်အပတ်မှာကစားရမယ့်အားကစားပွဲကြီးဟာသားတို့သမီးတို့အသားအရေကိုဒုက္ခပေးမယ်လို့စိုးရိမ်ပူပန်နေပါသလား။ မပူပါနဲ့။ ကလေးဘဝရဲ့စိတ်ဖိစီးမှုလောက်နဲ့တော့ဝက်ခြံမပေါက်ပါဘူး။ အကယ်၍သားတို့သမီးတို့အနေနဲ့တကယ့်အကြီးစားစိတ်ဖိစီးမှုတွေကြုံရတဲ့အခါကျရင် (ဥပမာ။။ အိမ်ပြောင်းရတာ၊မိဘတွေအိမ်ထောင်ရေးအဆင်မပြေတာ) သားတို့သမီးတို့ခန္ဓါကိုယ်ကနေဆီဘမ်(sebum)လို့ခေါ်တဲ့အဆီတမျိုးကိုပိုပြီးထုတ်ပေးပါလိမ့်မယ်။ ဒါပေမဲ့ဒီလိုအခြေအနေမျိုးမှာတောင်ဝက်ခြံကျိန်းသေပေါက်ထွက်ပြီလို့ပြောလို့မရသေးဖူးနော်။   အမှား။။ နေပူဆာလှုံရင်ဝက်ခြံပျောက်တယ်။ အမှန်။။ နေပူဆာလှုံတာနဲ့ဝက်ခြံနဲ့ဘာမှမဆိုင်ပါဘူး။ နေလောင်ပြီးခဏလောက်အသားညိုသွားရင်ဝက်ခြံကသိပ်မသိသာတော့တာမျိုးတော့ရှိတာပေါ့။ ဒါပေမယ့်နေလောင်တာပျောက်သွားပြီးအသားပြန်ဖြူလာရင်သားတို့သမီးတို့ရဲ့ဝက်ခြံကရှိနေဦးမှာပဲ။ ဒါ့အပြင်လုံလောက်တဲ့အကာအကွယ်မပါဘဲနေရောင်ထဲမှာအကြာကြီးနေမယ်ဆိုရင်အသားအရေကိုခြောက်သွေ့ထိခိုက်စေပါတယ်။ နောက်ဆက်တွဲအနေနဲ့အသက်ကြီးလာတဲ့အခါအရေးအကြောင်းတွေပေါ်လာတာ၊အရေပြားကင်ဆာစတာတွေကိုပါ ဖြစ်ဖို့အခွင့်အလမ်းကပိုများလာမှာအသေအချာပါပဲ။ သားတို့သမီးတို့အပြင်မထွက်ခင်တိုင်း SPF(Sun protection factor) အနည်းဆုံး၃၀ပါတဲ့နေလောင်ခံခရင်မ်ကိုလည်းလိမ်းဖို့မမေ့ကြပါနဲ့။ နေလောင်ခံခရင်မ်လိမ်းတဲ့အခါ ဝက်ခြံမဖြစ်စေပါ (nonacnegenic)လို့ ဗူးမှာအမှတ်အသားပါတဲ့ခရင်မ်ကို ရွေးလိမ်းကြပါ။ အဓိပ္ပါယ်ကချွေးပေါက်တွေကိုမပိတ်စေတဲ့အတွက်ဝက်ခြံကိုပိုမဆိုးစေဖူးဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။ ဒါ့အပြင်လှပပြီးမြင်သူတိုင်းငေးရမယ့်အသားအရေမျိုးကိုပိုင်ဆိုင်စေဖို့အတွက်အပြင်ထွက်တိုင်းထွက်တိုင်းမှာဦးထုပ်ဆောင်းဖို့ဒါမှမဟုတ်နေကာမျက်မှန်တပ်ဖို့မမေ့ကြပါနဲ့။ ပြီးတော့ကမ်းခြေမှာဒါမှမဟုတ်ရေကူးကန်ဘေးမှာခုံလေးချပြီးရုပ်ရှင်ထဲကလိုနေပူဆာလှုံချင်တယ်ဆိုရင်သားတို့သမီးတို့သိထားရမှာကအဲ့ဒီလိုလုပ်တာကပိုက်ဆံကုန်တယ်၊ပျင်းဖို့လည်းကောင်းတယ်၊ ပြီးတော့အဓိကအချက်ကဒီလိုနေဆာလှုံတာဟာအရေပြားကင်ဆာဖြစ်ဖို့အခွင့်အလမ်းလည်းပိုများတယ်ဆိုတာပါပဲ။   အမှား။။ မျက်နှာခဏခဏသစ်ရင်ဝက်ခြံမဖြစ်ဘူး။ အမှန်။။ မျက်နှာကိုပုံမှန်သစ်ပေးခြင်းဟာမျက်နှာမှာရှိတဲ့အညစ်အကြေးတွေ၊ပိုလျှံနေတဲ့အဆီတွေနဲ့အရေပြားဆဲလ်အဟောင်းတွေကိုဖယ်ရှားပေးတဲ့အတွက်ယေဘုယျအားဖြင့်ကောင်းတယ်လို့ပြောလို့ရပါတယ်။ ဒါပေမဲ့လိုတာထက်ပိုပြီးမျက်နှာခဏခဏသစ်တာ၊မျက်နှာအရေပြားကိုကြမ်းကြမ်းတမ်းတမ်းပွတ်တိုက်တာတွေဟာမျက်နှာအရေပြားကိုခြောက်သွေ့စေပြီးပျက်စီးစေတဲ့အတွက်ဝက်ခြံကိုပိုဆိုးစေဖို့ပဲရှိပါတယ်။ ဒါဆိုရင်အသားအရေထိန်းသိမ်းဖို့အကောင်းဆုံးနည်းလမ်းကဘာတွေလဲ။ ယေဘုယျအားဖြင့်မျက်နှာကိုတစ်နေ့နှစ်ခါထက်ပိုမများစေဘဲဆပ်ပြာအပျော့စားဒါမှာမဟုတ်မျက်နှာသစ်ဆေးနဲ့ညင်သာစွာသစ်ပေးသင့်ပါတယ်။ မျက်နှာသစ်ပြီးတဲ့အခါမှာမျက်နှာကိုနူးညံ့တဲ့မျက်နှာသုတ်ပုဝါလေးနဲ့မျက်နှာကိုအသာအယာတို့ပေးရပါမယ်။ ဂျီးချွတ်ပွတ်တိုက်တာသားတို့သမီးတို့ရဲ့ဝက်ခြံကိုပိုဆိုးစေတဲ့အတွက်ရှောင်ကြဉ်ရပါမယ်။ အရက်ပြန်ပါဝင်တဲ့အလှကုန်ပစ္စည်းတွေဟာလည်းအသားအရေကိုခြောက်သွေ့ထိခိုက်စေတဲ့အတွက်အသုံးမပြုသင့်ပါဘူး။   အမှား။။ ဝက်ခြံမထွက်ချင်ရင်မိတ်ကပ်မလိမ်းနဲ့။ အမှန်။။ ငယ်ရွယ်နုပျိုသူတွေအဖို့မိတ်ကပ်မလိမ်းဘဲနဲ့လည်းကြည့်လို့ကောင်းပါတယ်။ ဒါပေမဲ့မိတ်ကပ်တွေ၊အလှကုန်တွေသုံးရတာကြိုက်တယ်ဆိုရင် "အဆီဓါတ်မပါဝင်ပါ"၊ "ချွေးပေါက်မပိတ်စေပါ"၊"ဝက်ခြံကိုပိုမဆိုးစေပါ" […]


အခြားအရေပြားပြဿနာများ

နေလောင်ခံခရင်မ် ရွေးချယ်တဲ့အခါ သိထားသင့်တဲ့ အချက်၇ချက်

ရေသွားကူးမှ ဒါမှမဟုတ် ကမ်းခြေသွားမှ နေလောင်ခံခရင်မ် လိမ်းရမယ်ဆိုတဲ့ ခေတ်ကုန်သွားပါပြီ။ လေ့လာတွေ့ရှိချက်တွေအရ နေလောင်ခံခရင်မ် နေ့စဉ်လိမ်းခြင်းဟာ အရေပြားကင်ဆာကို ကာကွယ်ပေးရုံသာမက အရေပြားကိုလည်းနုပျိုကျန်းမာစေတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် တခြားသော နေ့စဉ်ဝယ်နေရတဲ့ လူသုံးကုန်ပစ္စည်းတွေလိုပဲ နေလောင်ခံခရင်မ် ဝယ်တာဟာလည်း အရေးပါလာပါပြီ။ နေလောင်ခံခရင်မ် ဝယ်ယူတဲ့အခါ အောက်မှာ ဖော်ပြထားတဲ့ အချက်တွေက သင့်ကို ကူညီပေးပါလိမ့်မယ်။   နေလောင်ဒါဏ် ကာကွယ်ပေးနိုင်တဲ့ အဆင့်ကို ကြည့်ပြီးရွေးချယ်ပါ။ သင်ဝယ်ယူတဲ့ နေလောင်ခံခရင်မ် ဟာ ခရမ်းလွန်ရောင်ခြည် A ကိုရော Bကိုပါ ကာကွယ်ပေးနိုင်ရပါမယ်။(UVB and UVA)။ SPF ကလည်း ၃၀နဲ့ အထက် ရှိရပါမယ်။ ကိုယ့်ရဲ့ နေထိုင်သွားလာလှုပ်ရှားမှုနဲ့ ကိုက်ညီရပါမယ်။ တခြားတခြားသော အသားအရေထိန်းသိမ်းတဲ့ အလှကုန်ပစ္စည်းတွေလိုပါပဲ။ နေလောင်ခံခရင်မ် တွေလုပ်ပေးနိုင်တဲ့ အချက်၃ချက်ရှိပါတယ်။ ဒါတွေကတော့ သုံးစွဲရတာ အဆင်ပြေစိတ်ကျေနပ်မှု၊အသားအရေ လှပစေမှု […]


အသားအရေ ထိန်းသိမ်းခြင်း

မျက်ကွင်းတစ်ဝိုက်လိမ်းဖို့ အကောင်းဆုံး ခရင်မ် eye cream ရွေးချယ်ရာမှာ သိထားသင့်တဲ့အချက်၄ချက်

မျက်ကွင်းတစ်ဝိုက်လိမ်းဖို့ အကောင်းဆုံး ခရင်မ် eye cream ရွေးချယ်ရာမှာ သိထားသင့်တဲ့အချက်၄ချက်က ဘာတွေဖြစ်မလဲ! သင့်အနေနဲ့မျက်နှာကို moisturizer လိမ်းပြီးပြီဆိုရင် မျက်ကွင်းတဝိုက်ကို ခရင်မ် သက်သက်ထပ်လိမ်းဖို့ မလိုဖူးလို့ ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမဲ့ မျက်လုံးပတ်လည်မှာရှိတဲ့ အသားအရေဟာ အင်မတန်နူးညံ့တာမို့ သူတို့ကိုလည်း ကျန်းမာသန်စွမ်းအောင် ရေဓာတ် အနည်းငယ် ထပ်ဖြည့်ပေးဖို့ လိုပါတယ်။ မျက်ကွင်းတစ်ဝိုက်လိမ်းဖို့ အကောင်းဆုံး ခရင်မ် eye cream ရွေးချယ်ရာမှာ သိထားသင့်တဲ့အချက်၄ချက် အခုအောက်မှာ ပြောပြမှာကတော့ မျက်လုံးတဝိုက်ကို ခရင်မ်လိမ်းပေးခြင်းအားဖြင့် ရလာနိုင်မယ့် အကျိုးကျေးဇူးတွေအပြင်မျက်ကွင်းတစ်ဝိုက်လိမ်းဖို့ အကောင်းဆုံး ခရင်မ် eye cream ရွေးချယ်ရာမှာ သိထားသင့်တဲ့အချက်လေးတွေကိုပါ ပြောပြပေးမှာ ဖြစ်ပါတယ်။ eye cream ကို ဘာလို့ သုံးသင့်တာလဲ? ကျွန်တော်တို့ ခန္ဓာကိုယ်မှာရှိတဲ့ အရေပြားဟာ တစ်နေရာနဲ့တစ်နေရာ မတူညီပါဘူး။ မျက်လုံးပတ်ချာလည်မှာ ရှိတဲ့ အရေပြားဟာ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Hello Sayarwon Medical Panel

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း