တခြားတခြားသော အသားအရေထိန်းသိမ်းတဲ့ အလှကုန်ပစ္စည်းတွေလိုပါပဲ။ နေလောင်ခံခရင်မ် တွေလုပ်ပေးနိုင်တဲ့ အချက်၃ချက်ရှိပါတယ်။ ဒါတွေကတော့ သုံးစွဲရတာ အဆင်ပြေစိတ်ကျေနပ်မှု၊အသားအရေ လှပစေမှု နဲ့ လက်တွေ့တကယ်အသုံးဝင်မှုတို့ပဲဖြစ်ပါတယ်။ နေလောင်ခံခရင်မ် တွေက နောက်ဆုံးအချက်ကို ပိုပြီးဦးတည်တယ် ဆိုသော်ငြား ရှေ့ကအချက်၂ချက်ကိုလည်း လျစ်လျူမရှုသင့်ပါဘူး။ဥပမာ ပြောရရင် ဒီနွေရာသီမှာ သင့်အနေနဲ့ အချိန်အတော်များများ ရေကူးဖြစ်မယ်ဆိုရင် ရေစိုခံတဲ့ နေလောင်ခံခရင်မ် ကို လိုမှာဖြစ်ပါတယ်။ ရေကူးတာ၊သင်္ကြန် နဲ့ချွေးထွက်များတဲ့သူတွေ၊ချွေးခဏခဏ သုတ်ပစ်တတ်၊ပွတ်ပစ်တတ်တဲ့သူတွေအတွက် ရေစိုခံတဲ့ နေလောင်ခံခရင်မ် ကိုဝယ်ယူသုံးစွဲဖို့ အရေးကြီးလှပါတယ်။
နေလောင်ခံခရင်မ် ရဲ့ အထူအပါး၊အပျစ်အကျဲကို မှန်မှန်ကန်ကန်ရွေးချယ်ရပါမယ်။
အရေပြားပေါ်မှာ ဖြူဖြူအဖတ်တွေ ကျန်ခဲ့တတ်တဲ့ နေလောင်ခံခရင်မ် မျိုးကို ဘယ်သူမှ သဘောမကျပါဘူး။ ဒါ့ကြောင့်မို့ စေးကပ်ကပ်မဖြစ်စေမယ့် နေလောင်ခံခရင်မ် ကို ရွေးချယ်ဝယ်ယူရပါမယ်။ အရမ်းပြောင်လက်လက်ဖြစ်မနေတဲ့ ခရင်မ်မျိုးဟာ ယေဘုယျအားဖြင့် မသိသာပေမယ့် သင့်အသားအရေအတွက် အကျိုးတကယ်ရှိပါတယ်။ ဒီလို နေလောင်ခံခရင်မ် အမျိုးအစားကို ရွေးချယ်ခြင်းအားဖြင့် ပါးပါးလျလျလေးနဲ့ မြန်မြန်ဆန်ဆန်ခြောက်သွေ့တဲ့ အကျိုးကိုခံစားရမှာ ဖြစ်ပါတယ်။
လိမ်းလိုက်ရင် နေလို့ကောင်းရပါမယ်။
နေလောင်ခံခရင်မ် ကောင်းကောင်းတခုဟာ လိမ်းလိုက်တာနဲ့အရေပြားအောက်ကို မြန်မြန်ဆန်ဆန် စုပ်ယူသွားတယ်လို့ သင်ခံစားရပါလိမ့်မယ်။ နေလောင်ခံခရင်မ် လိမ်းရတာကို အလုပ်ကြီးတခုလို ထင်မှတ်မနေစေဘဲ နိစ္စဓူဝ လုပ်နေကြ ပျော်စရာ အလုပ်လေးတခုလို့ သင့်ကိုခံစားမိစေသင့်ပါတယ်။ အဓိကအချက်က လိမ်းလိုက်တာနဲ့ မျက်စိနဲ့ကြည့်လို့ ဘာမှမမြင်ရတော့အောင် လျင်လျင်မြန်မြန် အရေပြားထဲ စိမ့်ဝင်သွားရပါမယ်။ ကိုင်ကြည့်ရင် ကပ်စေးစေးကြီးဖြစ်မနေသင့်သလို ပြောင်ပြောင်လက်လက်ကြီးလည်း မဖြစ်ရပါဘူး။ ဒါ့အပြင် သင်ရွေးချယ်တဲ့ နေလောင်ခံခရင်မ် ဟာ ချွေးပေါက်တွေကို မပိတ်ဆို့စေသင့်သလို ဝက်ခြံတွေ အစက်အပြောက်တွေကိုလည်း မဖြစ်စေရပါဘူး။
သင့်အသားအရေနဲ့ ကိုက်ညီရပါမယ် —– ဝက်ခြံခဏခဏ ထွက်တတ်တဲ့သူလား၊ အဆီပြန်တတ်တဲ့ အသားအရေပိုင်ရှင်လား
ဒါဆိုရင်တော့ ပိုပြီး ပါးပါးလျလျရှိတဲ့ ခပ်ကျဲကျဲ နေလောင်ခံခရင်မ် ဒါမှမဟုတ် ဂျလ်အခြေခံပြီး ထုတ်လုပ်ထားတဲ့ နေလောင်ခံခရင်မ် ကို သုံးဖို့ အချိန်တန်ပါပြီ။ ဂျလ်အခြေခံထုတ်လုပ်ထားတဲ့ နေလောင်ခံခရင်မ် ဟာ ပိုပါးပြီးကျဲတဲ့ အထိအတွေ့ရှိပြီးတော့ အဆီပြန်သူတွေအတွက် သင့်တော်ပါတယ်။ ဇင့်အောက်ဆိုဒ် ပါဝင်တဲ့ နေလောင်ခံခရင်မ် ကတော့ ဝက်ခြံခဏခဏ ထွက်တတ်သူတွေနဲ့ အဆင်ပြေပါလိမ့်မယ်။ အဆီအရမ်းပြန်တတ်သူတွေဆိုရင်တော့ တံဆိပ်တမျိုးတည်းထက် လေးငါးမျိုးလောက်ကို နှိုင်းယှဉ်သုံးကြည့်ကာ အသင့်တော်ဆုံးကို ရွေးချယ်သင့်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။