အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen

နေရောင်ခြည်နဲ့ ထိတွေ့မှုများရင် နေလောင်တာ၊ အရေပြားတွေ ပျက်စီးတာကိုတော့ သိထားကြမှာပါ။ နောက်ထပ် ပိုအရေးကြီးတဲ့အချက်က နေရောင်ခြည်မှာပါတဲ့ UVလှိုင်းတွေက အရေပြားကင်ဆာ ဖြစ်စေနိုင်တယ်ဆိုတာပါပဲ။ အရေပြားကင်ဆာဖြစ်စေတဲ့ အချက်တွေထဲမှာ နေရောင်ခြည်က ထိပ်ဆုံးက ပါနေပါတယ်။ ဒါကြောင့် နေရောင်ခြည်ကို ကာကွယ်တာက အရေပြားကင်ဆာကို ကာကွယ်နေတာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ Sunscreenတွေက အရေးကြီးလာပါပြီ။ Sunscreenတွေက နေရောင်ခြည်က UVလှိုင်းတွေကို ကာကွယ်ပေးနိုင်တာကြောင့် Sunscreenတွေကို ပုံမှန်လိမ်းတာက အရေပြားကင်ဆာကို ကာကွယ်နည်းတစ်မျိုးပါပဲ။ Sunscreenလိမ်းတာအပြင် နေပူထဲသွားတဲ့အခါ ထီး၊ ဦးထုပ်ဆောင်းမယ်၊ အဝတ်အစားကို လုံလုံခြုံခြုံဝတ်မယ်ဆိုရင် အရေပြားကင်ဆာ ဖြစ်နိုင်ခြေက တော်တော်ကြီး နည်းသွားမှာ ဖြစ်ပါတယ်။ အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen Sunscreenနဲ့ ပတ်သက်လာရင် သိထားဖို့လိုတဲ့ ‘W’ ၅လုံး ရှိပါတယ်။ WHO (ဘယ်သူတွေ လိမ်းဖို့လိုသလဲ) နေရောင်တဲ့ထိတွေ့တဲ့ ဘယ်သူမဆို […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

အခြားအရေပြားပြဿနာများ

အသက်ကြီးလာ၍ ပေါ်လာသော အစက်အပြောက်များ (Age spot) ဆိုတာဘာလဲ

Age spot ဆိုသည်မှာ နေလောင်များရင်၊ အသက်အရွယ်ရလာရင်ပေါ်လာတတ်ပြီး အသည်းထိခိုက်မှုရှိလျှင်လည်းပေါ်တတ်တဲ့ အရေပြားပေါ်က အညိုရောင်၊ မီးခိုးရောင် သို့မဟုတ် အမည်းရောင် အစက်အပြောက်တွေဖြစ်တယ်။ မျက်နှာ၊ လက်၊ ပုခုံးနဲ့ လက်မောင်းများကဲ့သို့ နေလောင်ခံများသော အရေပြားပေါ်မှာ ပေါ်လေ့ရှိတယ်။ အရွယ်အစားအမျိုးမျိုးရှိပြီး အရေပြားကင်ဆာနဲ့ ဆက်နွယ်ခြင်းမရှိပါဘူး။ အသက် ၅၀ နောက်ပိုင်းမှာ ပေါ်ပေါက်လေ့ရှိပြီး အသက်ငယ်သူတွေမှာတော့ နေရောင်အထိများသောလူများမှာ ပေါ်လေ့ရှိပါတယ်။ ဘယ်လိုပုံစံရှိလဲ များသောအားဖြင့် အသားလတ်သော၊ ဖြူသောသူများမှာ ထင်ရှားလေ့ရှိပြီး အသားညိုသူတွေမှာလည်း တွေ့ရတတ်ပါတယ်။ မှဲ့ခြောက်အရွယ်မှ တစ်စင်တီမီတာအထိ အရွယ်အမျိုးမျိုးရှိသော ဘဲဥပုံ ရှည်မျောမျောအစက်တွေဖြစ်တယ်။ ပုံမှန်အသားအရေ အရောင်ပေါ်မူတည်ပြီး အညိုဖျော့ဖျော့မှ အမည်းထိ အရောင်အမျိုးမျိုးရှိပါတယ်။ လက်ဖမိုး၊ ခြေဖမိုး၊ မျက်နှာ၊ ပုခုံး၊ ကျောပြင်အပေါ်ပိုင်းတွေလို နေရောင်ကို နှစ်ရှည်လများထိတွေ့လာရသော အစိတ်အပိုင်းတွေမှာ ပေါ်လေ့ရှိတယ်။ တစ်စက်တစ်စက်ဟာ သေးငယ်ပေမယ့် […]


အသားအရေ ထိန်းသိမ်းခြင်း

အသက်အရွယ်ကြီး၍ ပေါ်လာသော အစက်အပြောက် (Age spot) ဖြစ်ခြင်းကို ကာကွယ်ပေးသော အစားအသောက်များ

Age spot ဆိုတာ နေလောင်များရင်၊ အသက်အရွယ် ရလာရင်ပေါ်လာတတ်ပြီး အသည်းထိခိုက်မှုရှိလျှင်လည်း ပေါ်တတ်တဲ့ အရေပြားပေါ်က အညိုရောင်၊ မီးခိုးရောင် သို့မဟုတ် အမည်းရောင် အစက်အပြောက်တွေဖြစ်တယ်။ မျက်နှာ၊ လက်၊ ပုခုံးနဲ့ လက်မောင်းများကဲ့သို့ နေလောင်ခံများသော အရေပြားပေါ်မှာ ပေါ်လေ့ရှိတယ်။ အရွယ်အစား အမျိုးမျိုးရှိပြီး အရေပြားကင်ဆာနဲ့ ဆက်နွယ်ခြင်းမရှိပါဘူး။ အသက် ၅၀ နောက်ပိုင်းမှာ ပေါ်ပေါက်လေ့ရှိပြီး အသက်ငယ်သူတွေမှာတော့ နေရောင်အထိ များသောလူများမှာ ပေါ်လေ့ရှိတယ်။ ဒါပေမယ့် ထိုအစက်တွေဟာ စားသောက်မှုပုံစံ ပြောင်းလဲခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ တူနာငါး တူနာငါးဟာ niacin ၊ pyridoxine ၊ မဂ္ဂနီဆီယမ် ၊ ပိုတက်ဆီယမ် နဲ့ ဆယ်လီနီယမ် စသည့် အာဟာရဓါတ်တွေ ကြွယ်ဝသော စားစရာတစ်မျိုးဖြစ်တယ်။ နေရောင်ကြောင့်ဖြစ်တဲ့ အမည်းစက်တွေနဲ့ အရေပြားထိခိုက်မှုတွေကို ကာကွယ်ပြုပြင်နိုင်စွမ်းရှိပါတယ်။ ဓါတ်တိုးဆန့်ကျင်သော […]


အသားအရေ ထိန်းသိမ်းခြင်း

ကျန်းမာသော အသားအရေအတွက် လိုအပ်သော ဗီတာမင်ဓါတ် ၅ မျိုး

ဗီတာမင် တွေဟာ သင့်ကျန်းမာရေး နဲ့ ခန္ဓါကိုယ် လုပ်ငန်းစဉ်တွေအတွက် အရေးပါတဲ့အပြင်ဗီတာမင် မလုံလောက်မှုက သင့်ရဲ့အရေပြားကို ဆိုးကျိုးဖြစ်လာစေနိုင်ပါတယ်။ ဗီတာမင် စီ ချို့တဲ့ခြင်းက စကာဗီ လို့ခေါ်တဲ့ သွေးအားနည်းရောဂါတစ်ခုကိုဖြစ်စေပါတယ်။ ဗီတာမင် စီ နဲ့ အီး ဟာ သင့်အရေပြားကို နေရောင်မှကာကွယ်ပေးတဲ့အတွက် အဲဒီ ဗီတာမင်တွေ ချို့တဲ့ခြင်းက အရေပြားကင်ဆာကို ဖြစ်စေနိုင်ပါတယ်။ လေ့လာမှုတွေအရ အရေပြားကင်ဆာဟာ အမေရိကားနိုင်ငံ မှာ အဖြစ်အများဆုံး ကင်ဆာဖြစ်ပါတယ်။ အောက်မှာဖော်ပြသွားမှာကတော့ သင့်အရေပြားအတွက်လိုအပ်တဲ့ ဗီတာမင် ငါးမျိုးဖြစ်ပါတယ်။ ဗီတာမင် ဒီ ဗီတာမင် စီ ရဲ့ အဓိကကောင်းကျိုးက ကယ်လ်ဆီယံတွေစုပ်ယူပေးတာဆိုပေမယ့် သူက အရိုးတွေအတွက်ဘဲ ကောင်းတာမဟုတ်ပါဘူး။ ဗီတာမင် ဒီ က ဆိုရီရေးစစ် လို့ခေါ်တဲ့ အရေပြားရောဂါတစ်မျိုးကို ကုသရာမှာ အထောက်အကူဖြစ်ပါတယ်။ ကယ်လ်စီထရိုင်အော […]


အခြားအရေပြားပြဿနာများ

နှင်းခူရောဂါနောက်ဆက်တွဲပြဿနာများ

တခါတရံမှာ နှင်းခူဟာ အရေပြားပေါ်က စိတ်ညစ်စရာပြသနာတွေထက်ပိုတဲ့ ကျန်းမာရေးပြဿနာတွေဖြစ်စေတတ်ပါတယ်။ အမြဲတစေ အနာကိုကုတ်ဖဲ့နေလို့ အရေပြားကိုပိုးဝင်တာဟာ နှင်းခူ ရဲ့အဖြစ်များတဲ့ နောက်ဆက်တွဲပြသနာပါ။ ဒီပြသနာတွေကို ကြိုသိထားမယ်ဆိုရင်တော့ ဖြစ်နိုင်ခြေနည်းသွားအောင် လုပ်ဆောင်နိုင်ပါလိမ့်မယ်။ ကြိုတင်ကာကွယ်ရန်နဲ့ ကုသရန်အတွက် သင့်ရဲ့ဆရာဝန်ကလည်း အကြံဉာဏ်ပေးနိုင်ပါတယ်။ ဒီတော့ နှင်းခူရောဂါနောက်ဆက်တွဲပြဿနာများ အကြောင်း လေ့လာလိုက်ရအောင်နော်။ နှင်းခူရောဂါနောက်ဆက်တွဲပြဿနာများ နှင်းခူရောဂါနောက်ဆက်တွဲပြဿနာများ ကတော့ ပိုးဝင်ခြင်း ဘက်တီးရီးယားပိုးဝင်ခြင်း။ အရေပြားရောင်ရမ်းလာရခြင်းရဲ့ အဓိကကျန်းမာရေးပြသနာကတော့ staphylococcus aureus ဆိုတဲ့ ပိုးဝင်လာပြီး အရေပြားထဲမှာ နယ်မြေချဲ့ထွင်လာတာပါပဲ။ အရေပြားရောင်ရမ်းလာသူတွေရဲ့ ၆၀ ကနေ ၉၀ ရာခိုင်နှုန်းခန့်ဟာ staph ဘက်တီးရီးယားပိုးကူးစက်ခံရတတ်ပါတယ်။ ပိုးဝင်တာပိုများတာနဲ့အမျှ အရေပြားတင်းမာရောင်ရမ်းတာလည်း ဆိုးရွားလာတတ်ပါတယ်။ ဗိုင်းရပ်စ်ပိုးဝင်ခြင်း။ အရေပြားရောင်ရမ်းလာသူများဟာ ဗိုင်းရပ်စ်ပိုးဝင်ရောက်နိုင်ခြေ များပါတယ်။ ဥပမာပေးရရင် ရေယုန်ပိုးဝင်ရောက်ပြီး နှင်းခူနာနဲ့ ရေယုန်နာတွဲဖြစ်ပြီး အရေပြားအခြေအနေဟာ အရမ်းဆိုးသွားတတ်ပါတယ်။ ဒါ့အပြင် နှင်းခူကြောင့်အရေပြားရောင်ရမ်းနေသူများဟာ […]


ဆိုရီရေးစစ်ရောဂါ

ဆိုရီရေးစစ် (Psoriasis) ၏ နှလုံးရောဂါနောက်ဆက်တွဲပြဿနာ

Psoriasis ကို အလိုအလျောက်ခုခံအားစနစ်မှ တိုက်ခိုက်သောရောဂါဟု အသိများကြပြီး၊ အရေပြားတွင် ယားယံခြင်း၊ ရောင်ယမ်းခြင်း၊ နှင့် အရေပြားအနာများကြွတက်လာခြင်းတို့ ဖြစ်သည်။ သင်၏ Psoriasis လက္ခဏာသည် အပျော့စားဖြစ်သော်လည်း Heart attack ကဲ့သို့သော နှလုံးရောဂါနောက်ဆက်တွဲ ပြသနာများဖြစ်တတ်ကြောင်း သိထားဖို့ အရေးကြီးသည်။ Psoriasis ဖြစ်သော လူနာများသည် များသောအားဖြင့် နာတာရှည် အရေပြားရောဂါဖြစ်တတ်ပြီး Heart attack ဖြစ်နိုင်ချေများသည်။ ပုံမှန်လူများထက် ဖြစ်နိုင်ချေ သုံးဆများကြောင်း လေ့လာမှုများက ဖော်ပြထားသည်။ Psoriasis တွင် မတူညီသောပုံစံကွဲများရှိသည်။ Psoriasis ရှိသော လူများတွင် Psoriasis မရှိသောသူများထက် နှလုံးရောဂါနှင့် လေဖြတ် နိုင်ချေ သုံးဆမြင့်တက်ကြောင်း အခိုင်အမာ ပြဆိုထားသော လေ့လာချက်များ ပေါ်ထွက်လာသည်။ ထိုအရာသည် ပြင်းထန်သော Psoriasis ရောဂါရှိသောသူများအတွက် မှန်ကန်သည်။ […]


ဆိုရီရေးစစ်ရောဂါ

ဆိုရီရေးစစ် (Psoriasis) ကို Phototheraphy နှင့်Pulse Dye Laser ဖြင့်ကုသခြင်း

သင့်တွင် Psoriasis ရောဂါ အနုစား သို့မဟုတ် အပြင်းစားရှိနေလျင် ယင်းရောဂါသည် ရေတာရှည်ဖြစ်သည့်အတွက် သင်တတ်နိုင်သမျှ လေ့လာမှတ်သားထားရန်အရေးကြီးပါသည်။ Psoriasis ကို မည်ကဲ့သို့ သက်သာအောင်ပြုလုပ်မည်ဆိုသည့် ဗဟုသုတနှင့် ရနိုင်သောကုသမှုများအကြောင်းကို သိရှိထားရန်အရေးကြီးသည်။ Phototherapy နှင့် Pulse Dye Laser သည် psoriasis အတွက် အသုံးများသော ကုသမှုများဖြစ်သည်။   Phototherapy for Psoriasis Phototherapy သည် ရောဂါဖြစ်သော အရေပြားနေရာကို တိုက်ရိုက်ကုသသည်။ ultraviolet light therapy ဟုလည်းခေါ်ပြီး ခရမ်းလွန်ရောင်ခြည် A နှင့် Bတို့ကို အသုံးပြု၍ ကုသသည်။ ခရမ်းလွန်ရောင်ခြည် B သည် A ထက် ရလဒ်ကောင်းပိုရနိုင်ပါသည်။ ကုသရာတွင် အောင်မြင်မှုရစေရန် ပုံမှန်အစီအစဉ်ဖြင့် ဆေးသွင်းခြင်းဖြင့် ကုသသင့်သည်။ ဤကုထုံး၏ကောင်းသောအချက်မှာ သင့်ဆရာဝန်၏ […]


ဆိုရီရေးစစ်ရောဂါ

ဆိုရီရေးစစ် (Psoriasis) ကို ကုသသော လိမ်းဆေး၊သောက်ဆေး၊ထိုးဆေးများ။

Psoriasis ရောဂါ ကို ကုသမှုများသည် ရောဂါပြင်းထန်မှုနှင့် ရောဂါပေါ် စိတ်ပိုင်းဆိုင်ရာတုံ့ပြန်မှုများပေါ်တွင် မူတည်သည်။ ကုသမှုများတွင် လိမ်းဆေး၊ အလင်းကုထုံးနှင့် သောက်ဆေး၊ ထိုးဆေးများဖြစ်ကြသည်။ ထိုကုသမှုများအားလုံးသည် တစ်ခုချင်းလဲသုံးနိုင်သည်၊ အခြားကုသမှုများနှင့်လည်း တွဲသုံးနိုင်သည်။   လိမ်းဆေးနှင့် သောက်ဆေးဖြင့်ကုသမှုများ လိမ်းဆေးများသည် သောက်ဆေးနှင့် ထိုးဆေးများနှင့် နှိုင်းယှဉ်လျင် သွေးကြောထဲသို့ စုပ်ယူမှုနှင့် အခြားနေရာများသို့ အကျိုးသက်ရောက်နိုင်ချေ အနည်းဆုံးဖြစ်သည်။ အသုံးများသော လိမ်းဆေးများတွင် hydrocortisone,fluocinonide, ortriamcinolone ကဲ့သို့သော corticosteroids များ၊ moisturizers,anthralin,calcipotriene, calcitriol,coal tar,tacrolimus, နှင့် tazarotene တို့ ပါဝင်သည်။ ခရမ်းလွန်ရောင်ခြည်ဖြင့်ကုသသော အလင်းကုထုံးသည်လည်း အရေပြားနေရာတစ်ခုပေါ်တွင်သာ သက်ရောက်မှုရှိခြင်းဖြစ်သည်။ သောက်ဆေးနှင့်ထိုးဆေးများသည် ခန္ဓါကိုယ်တစ်ခုလုံးတွင် သက်ရောက်မှုရှိပြီး တခါတရံတွင် ခုခံအားစနစ်ပေါ်တွင်လည်း အကျိုးသက်ရောက်မှုရှိသည်။ ထိုကုသမျှုများကို အလတ်စားနှင့် အပြင်းစားရောဂါများနှင့် psoriasis ကြောင့်ဖြစ်သော အဆစ်ရောင်ခြင်းများတွင် […]


ဆိုရီရေးစစ်ရောဂါ

ဆိုရီရေးစစ် (psoariasis), နှင်းခူ (eczema), အရေပြားရောင်ရမ်းခြင်း (dermatitis) တို့ဘယ်လိုကွာခြားသလဲ

အရေပြားပေါ်အနီကွက်ပေါ်၍ ယားယံခြင်း၊ ရောင်ယမ်းခြင်း သည် လူအများစုအတွက် အဆင်မပြေဖြစ်နိုင်ပါသည်။ အဖြစ်များသော အကြောင်းရင်းများမှာ psoriasis, eczema, and dermatitis တို့ဖြစ်ကြပါသည်။ ထိုရောဂါများသည် ဘယ်ရောဂါဖြစ်နေသည်ကို ခွဲခြား ရောဂါအမည်တပ်ရန်ခက်ပါသည်။ Dermatitis (အရေပြားရောင်ယမ်းခြင်း) အရေပြားရောင်ယမ်းခြင်းသည် အရေပြားပေါ်တွင် ကွက်၍ ရောင်ယမ်းနေသောအခြေအနေကိုပြသော ကျယ်ဝန်းသောအသုံးအနှုန်းဖြစ်သည်။ အကယ်၍ သင့်အရေပြားကို တစ်ခုခုနှင့်ထိတွေ့မိသောအခါဖြစ်သောအခါ ထိုသို့ဖြစ်ပါက သင့်တွင်ထိတွေ့ခြင်းကြောင့် ဖြစ်သောအရေပြားရောင်ရောဂါရှိသည်ဟုပြောနိုင်သည်။ ထိုအခြေအနေကို နှစ်မျိုးခွဲနိုင်ပါသည်၊ နီရဲနာကျင်စေသောပစ္စည်းနှင့်ထိတွေ့မိခြင်းနှင့် ဓါတ်မတည့်ခြင်းတို့ဖြစ်ပါသည်။ အများစုတွင် နီရဲခြင်း၊ ယားယံသောအကွက်များထွက်ခြင်း လက္ခဏာများဖြစ်ကြသည်။ Irritant contact dermatitis (ICD) သည် အဖြစ်များသော အရေပြားရောင်ယမ်းမှုဖြစ်ပြီး ဓါတုပစ္စည်းများ၊ အက်ဆစ်များ၊ ဆပ်ပြာများ၊ နှင့် ဆပ်ပြာမှုန့်များကဲ့သို့သော မတည့်သောပစ္စည်းနှင့် ထိတွေ့သည့်အခါ အရေပြားတွင် ရောင်ယမ်းလာခြင်းဖြစ်သည်။ Irritant contact dermatitis သည် […]


ဝက်ခြံ

ဝက်ခြံပေါက်ခြင်းနှင့် စိတ်ဖိစီးမှု ဘယ်လို ဆက်စပ်နေသလဲ

ကျွန်ုပ်တို့အများစုသည် ကိုယ်တွေးထားသည်ထက်ပို၍ စိတ်ဖိစီးမှုများသောဘဝများတွင် နေထိုင်နေကြရပါသည်။ အလုပ်တွင်သာမက မိသားစုတွင်ပါ အလုပ်များသောသူများသည် ဖိအားများသော ဘဝတွင်နေထိုင်ကြရသည်။ လေ့လာမှုအများစုတွင် စိတ်ဖိစီးမှုနှင့် နေမကောင်းဖြစ်ခြင်းတို့ ဆက်စပ်မှုရှိကြောင်း ဖော်ပြကြသည်။ စိတ်ဖိစီးမှုကို ဖြေဖျောက်ရန် ကျွန်ုပ်တို့သုံးကြသော နည်းလမ်းများသည်လည်း မကောင်းသောကျန်းမာရေးရလဒ်များဖြစ်လာစေသည်။ ထိုအခြေအနေများတွင် ဝက်ခြံပေါက်ခြင်းသည်လည်း ကျွန်ုပ်တို့ကို စိတ်ဖိစီးမှုများစေသော အကြောင်းရင်းတစ်ရပ်ဖြစ်လာပြန်သည်။ သို့သော် စိတ်ဖိစီးမှုသည် ဝက်ခြံပေါက်ခြင်းကို ဖြစ်စေသလား ဟူသောမေးခွန်းကို မူ မဟုတ်ပါ ဟုဖြေရပေမည်။ စိတ်ဖိစီးမှုသည် အဘယ်နည်း။ ကျွန်ုပ်တို့သည် စိုးရိမ်ပူပန်ရသော အခြေအနေတော်တော်များများ နှင့် ထိုအခြေအနေများအတွက် ကျွန်ုပ်တို့၏ တုံ့ပြန်မှုများကို ဖုံးကွယ်ရန် စိတ်ဖိစီးမှု ဆိုသော စကားလုံးကို သုံးကြသည်။ အကြမ်းမျဉ်းအားဖြင့် စိတ်ပိုင်းဆိုင်ရာဖိအားပေးမှုများကို ဆိုလိုခြင်းဖြစ်ပါသည်။ စိတ်ဖိစီးမှုသည် လူတစ်ယောက်နှင့်တစ်ယောက်ကြားကွာခြားနိုင်ပါသည်။ ဥပမာ လမ်းပေါ်တွင်သွားလာနေချိန်တွင် လူတစ်ယောက်သည် ကားမောင်းရခြင်းကို သက်တောင့်သက်သာဖြစ်ပြီး […]


ကူးစက်နိုင်သော အရေပြားရောဂါများ

အရေပြား မှိုရောဂါအမျိုးမျိုး

အရေပြားတွင်မှိုစွဲခြင်း ဆိုသည်မှာအဘယ်နည်း။ မှိုစွဲရောဂါများသည် မှိုအမျိုးအစားအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပြီး အရေပြားယားယံခြင်း၏ အကြောင်းရင်းတစ်ခုလည်း ဖြစ်သည်။ မှိုရောဂါပိုးသည် အရေပြား၏ ဆဲလ်အသေများတွင် ခိုအောင်းကြီးထွားကြသည်။ မှိုရောဂါပိုးပေါ်တွင် မူတည်ပြီး အုပ်စုများခွဲခြားထားသည်။ အရေပြားတွင် မှိုစွဲသောရောဂါအမျိုးမျိုး ကစားသမားခြေထောက် (ခြေပွေး) (Tinea pedis) ထိုရောဂါသည် ခြေချောင်းများကြားနေရာကဲ့သို့သော နွေးပြီး စိုစွတ်သော အရေပြားနေရာများတွင် ပေါက်ပွားသည်။ ထိုရောဂါပိုးသည် သင့်ခြေဖဝါးကို နီရဲယားယံစေပြီး အရေပြားများကွာကျစေသည်။ သင်၏ခြေထောက်သည် တဖြည်းဖြည်းနှင့် ခြောက်သွေ့အက်ကွဲလာပြီး အရေကြည်ဖုများလည်းဖြစ်ပေါ်နိုင်သည်။ ထိုရောဂါကို စိုစွတ်၍ ရောဂါပိုးရှိနေသောကြမ်းပြင်များ ဥပမာအားဖြင့် အများသုံးရေချိုးခန်းများ၊ ရေကူးကန်များ နှင့် ချွေးထုတ်ခန်းများတွင် ဖိနပ်မပါဘဲ သွားသည့်အခါတွင် ကူးစက်ခံရနိုင်သည်။ ခြေထောက်မှတဆင့် ခန္ဓါကိုယ်၏ အခြားနေရာများသို့လည်း ပျံနှံ့နိုင်သည်။ လက်သည်းခြေသည်းတွင် မှိုစွဲခြင်း (Tinea unguium) လက်သည်းခြေသည်းတွင် မှိုစွဲခြင်း သည် များသောအားဖြင့် လက်သည်းခြေသည်းထောင့်တွင် စဖြစ်ပြီး အောက်ခြေဘက်သို့ တဖြည်းဖြည်း ပျံနှံ့သည်။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Hello Sayarwon Medical Panel

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း