အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen

နေရောင်ခြည်နဲ့ ထိတွေ့မှုများရင် နေလောင်တာ၊ အရေပြားတွေ ပျက်စီးတာကိုတော့ သိထားကြမှာပါ။ နောက်ထပ် ပိုအရေးကြီးတဲ့အချက်က နေရောင်ခြည်မှာပါတဲ့ UVလှိုင်းတွေက အရေပြားကင်ဆာ ဖြစ်စေနိုင်တယ်ဆိုတာပါပဲ။ အရေပြားကင်ဆာဖြစ်စေတဲ့ အချက်တွေထဲမှာ နေရောင်ခြည်က ထိပ်ဆုံးက ပါနေပါတယ်။ ဒါကြောင့် နေရောင်ခြည်ကို ကာကွယ်တာက အရေပြားကင်ဆာကို ကာကွယ်နေတာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ Sunscreenတွေက အရေးကြီးလာပါပြီ။ Sunscreenတွေက နေရောင်ခြည်က UVလှိုင်းတွေကို ကာကွယ်ပေးနိုင်တာကြောင့် Sunscreenတွေကို ပုံမှန်လိမ်းတာက အရေပြားကင်ဆာကို ကာကွယ်နည်းတစ်မျိုးပါပဲ။ Sunscreenလိမ်းတာအပြင် နေပူထဲသွားတဲ့အခါ ထီး၊ ဦးထုပ်ဆောင်းမယ်၊ အဝတ်အစားကို လုံလုံခြုံခြုံဝတ်မယ်ဆိုရင် အရေပြားကင်ဆာ ဖြစ်နိုင်ခြေက တော်တော်ကြီး နည်းသွားမှာ ဖြစ်ပါတယ်။ အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen Sunscreenနဲ့ ပတ်သက်လာရင် သိထားဖို့လိုတဲ့ ‘W’ ၅လုံး ရှိပါတယ်။ WHO (ဘယ်သူတွေ လိမ်းဖို့လိုသလဲ) နေရောင်တဲ့ထိတွေ့တဲ့ ဘယ်သူမဆို […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

အခြားအရေပြားပြဿနာများ

အင်ပြင်ကွက်ထခြင်း (Hives) ကုသနည်းလမ်းညွှန်

Hives ကို ဘယ်လိုကုသမလဲ။ သင့်ဆရာဝန်ကတော့ ကိုယ်တိုင် ဆေးဆိုင်က ဝယ်ပြီးကုသနိုင်တဲ့ ဆေးတွေ (antihistamine) တွေကို သောက်ခိုင်းနိုင်ပါတယ်။ တကယ်လို့ ကိုယ်တိုင်လုပ်ရမယ့်အဆင့်တွေက အသုံးမဝင်ဘူးဆိုရင်တော့ ဆရာဝန်ကို ဆေးညွှန်းတောင်းနိုင်ပြီးတော့ သင့်အတွက် အကောင်းဆုံးဖြစ်စေမယ့် ဆေးတွေကို ပေါင်းစပ်သောက်နိုင်ပါတယ်။ ရောဂါလက္ခဏာတွေကို ဖြစ်စေတဲ့ အကြောင်းရင်းတွေကို ကုသပါ။ သင့်ဆရာဝန်က Hives တွေဟာ အခြားအခြေအနေ တစ်ခုကြောင့် ဖြစ်တယ်လို့ထင်ရင် ဒီအခြေအနေကို ကုသဖို့ အရင်ကြိုးစားပါလိမ့်မယ်။ ဥပမာ နာတာရှည် Hives တွေရဲ့ Thyroiditis တွေမှာ Thyroid ရောဂါကို အရင်ကုခြင်းဟာ အကောင်းဆုံးဖြစ်ပါတယ်။ အိပ်မငိုက်တဲ့ antihistamine တွေကို သောက်သုံးနိုင်ပါတယ်။ Antihistamine ဆေးတွေဟာ နေ့စဉ် Histamine ထုတ်လုပ်တာကို တားပေးတာကြောင့် ယားယံမှုကို သက်သာစေပါတယ်။ နောက်ပိုင်းပေါ်လာတဲ့ antihistamine ဆေးကတော့ […]


အခြားအရေပြားပြဿနာများ

နှင်းခူနာကိုပျောက်စေသော သဘာဝနည်းလမ်းများ

အဓိပ္ပါယ်ဖွင့်ဆိုချက် နှင်းခူနာဆိုတာဘာလဲ။ နှင်းခူနာဟာ အရေပြားကို နီရဲပြီး ယားယံစေတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ ကလေးတွေမှာ အဖြစ်များပြီး အသက်အရွယ်တိုင်းမှာ ဖြစ်နိုင်ပါတယ်။ သူဟာ နာတာရှည်ဖြစ်ပြီး အချိန်ပိုင်းအလိုက်ပြန်ဖြစ်လိုက် သက်သာသွားလိုက် ဖြစ်တတ်ပါတယ်။ ဒီရောဂါဟာ ပန်းနာရင်ကျပ် (သို့) ဓါတ်မတည့်ရောဂါ တို့နဲ့ တွဲဖြစ်တတ်ပါတယ်။ ကုသမှု နှင်းခူနာကို ဘယ်လိုသဘာဝ နည်းတွေနဲ့ကုသနိုင်သလဲ။ စိုစွတ်ပြီးအေးတဲ့ အရာနဲ့ ဖိထားပါ။ ဖြစ်ပွားတဲ့နေရာမှာ အရေပြားကို ကာကွယ်ဖို့နဲ့ ယားယံမှုကို ကာကွယ်ဖို့ ပတ်တီးစည်းထားနိုင်ပါတယ်။ ရေနွေးနဲ့ ရေချိုးပါ။ ချိုးမယ့်ရေကို မုန့်ဖုတ်ဆိုဒါ၊ မချက်ရသေးတဲ့ အုပ်ဂျုံ သို့ colloidal oatmeal တွေဖြူးပေးပါ။ ၁၀ မိနစ်ကနေ ၁၅ မိနစ်အထိ စိမ်ပြီး အခြောက်သုတ်ကာ ဆေးပါတဲ့ လိုးရှင်းတွေ၊ အစိုဓါတ်ထိန်းပစ္စည်း တွေ၊ ဒါမှမဟုတ် နှစ်မျိုးလုံး ပေါင်းပြီး အသုံးပြုနိုင်ပါတယ်။ ဆိုးဆေး […]


အခြားအရေပြားပြဿနာများ

နှင်းခူပေါက်နေစဉ် ရှောင်ကြဉ်သင့်သော အစားအစာများ

နှင်းခူနာဆိုတာဘာလဲ။ နှင်းခူနာဟာ အရေပြားကို နီရဲပြီး ယားယံစေတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ ကလေးတွေမှာ အဖြစ်များပြီး အသက်အရွယ်တိုင်းမှာ ဖြစ်နိုင်ပါတယ်။ သူဟာ နာတာရှည်ဖြစ်ပြီး အချိန်ပိုင်းအလိုက်ပြန်ဖြစ်လိုက် သက်သာသွားလိုက် ဖြစ်တတ်ပါတယ်။ ဒီရောဂါဟာ ပန်းနာရင်ကျပ် (သို့) ဓါတ်မတည့်ရောဂါ တို့နဲ့ တွဲဖြစ်တတ်ပါတယ်။ နှင်းခူနာကို ကုသရင် ဘယ်အစားအစာတွေကို ရှောင်ကြဉ်သင့်သလဲ။ နှင်းခူနာဟာ တစ်ခါတရံမှာ အစားအသောက်နဲ့ မတည့်တာကြောင့် ဖြစ်တတ်ပါတယ်။ အထူးသဖြင့် အသက်တစ်နှစ်မပြည့်မီမှာ အဖြစ်များပါတယ်။ နှင်းခူနာဖြစ်တဲ့ ကလေးတွေမှာ လုပ်ထားတဲ့ လေ့လာမှုအချို့က ဒီကလေးတွေရဲ့ သုံးပုံပုံ တစ်ပုံကနေ နှစ်ပုံအထိဟာ အစားအသောက်နဲ့ မတည့်တာ ဖြစ်ပါတယ်။ ဒါဟာ အစားအသောက်ဓါတ်မတည့်ခြင်းက နှင်းခူနာ ဖြစ်စေတယ်လို့ မဆိုလိုပါဘူး။ ဒါကြောင့် အစားအသောက် ရပ်လိုက်ခြင်းဟာ နှင်းခူနာကို မကုသပေးနိုင်ပါဘူး။ ဒါပေမယ့် ကလေးတွေမှာ ဖြစ်နေတဲ့ လက္ခဏာတွေကိုတော့ သက်သာစေနိုင်ပါတယ်။ […]


ကူးစက်နိုင်သော အရေပြားရောဂါများ

သင့်ဆီမှာပွေးရှိနေသလား ဘယ်လိုသိနိုင်မလဲ

ပွေး ဟာ အဖြစ်များတဲ့ အရေပြားရောဂါပိုးတစ်ခု ဖြစ်ပါတယ်။ သူတို့ဟာ အလွန်ကူးစက်လွယ်ပြီး အနီရောင် အကွက်တွေ စက်ဝိုင်းပုံစံ ဖြစ်တာမျိုး ဖြစ်ပါတယ်။ ဒီအနီရောင်အကွက်ဟာ အကြေးခွံပုံစံမျိုးလည်း ရှိတတ်ပါတယ်။ တခါတရံမှာ ဒီအကွက်တွေဟာ ဦးရေပြားမှာ ဆံပင်ကျွတ်ခြင်း၊ ယားယံခြင်းနဲ့ အရည်ကြည်ဖုတွေကို ဖြစ်စေပါတယ်။ ပွေးဟာ လူတွေမှာရော တိရိစ္ဆာန်တွေမှာပါ ဖြစ်တတ်ပါတယ်။ တိရိစ္ဆာန်ကနေ လူတွေကို ပွေးကူးစက်ခံရမှုတွေ ပါရှိပါတယ်။ ကလေးငယ်တွေမှာ အဖြစ်များပေမယ့် အသက်အရွယ် မရွေးဖြစ်နိုင်ပါတယ်။ ပွေးတွေဟာ သံကောင်တွေကြောင့် ဖြစ်တာမဟုတ်ပဲ tinea လို့ ဆေးပညာအရ အသိများတဲ့ မှိုတစ်မျိုးကြောင့် ဖြစ်တဲ့ အရေပြား ကူးစက်ရောဂါတစ်မျိုးဖြစ်ပါတယ်။ မှိုတွေဟာ အလွန်သေးတယ်တဲ့ အကောင်တွေဖြစ်ပြီး ကိုယ်ခန္ဓါ အရေပြား၊ ဆံပင်၊ လက်သည်းခြေသည်းတွေရဲ့ ဆဲလ်အသေတွေထဲမှာ နေထိုင်ကြပြီး သစ်ပင်အခေါက်မှာ ပေါက်ပွားတဲ့ မှိုတွေနဲ့ […]


ကူးစက်နိုင်သော အရေပြားရောဂါများ

ဘက်တီးရီးယားပိုးကြောင့်ဖြစ်သော ကူးစက်မြန်အရေပြားရောဂါ (impetigo)

Impetigo ဟာ လွန်စွာကူးစက်နိုင်ပြီး ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ အရေပြားရောဂါတစ်ခုဖြစ်ပါတယ်။ Impetigo နှစ်မျိုးရှိပါတယ်။ Impetigo Contagiosa သူ့ကို non-bullous impetigo လို့ ခေါ်ပါတယ်။ ဒီအမျိုးအစားဟာ အတွေ့အများဆုံးဖြစ်ပြီး အထူးသဖြင့် ကလေးတွေမှာ ပိုအဖြစ်များပါတယ်။ ဒီ Impetigo ဟာ ပါးစပ်နဲ့ နှာခေါင်းတစ်ဝိုက်မှာ နီးမြန်းတဲ့အနာတွေ ဖြစ်ပွားစေပါတယ်။ အရည်ကြည်ဖုတွေ ပေါက်သွားတဲ့အခါ အကွက်တွေ ဖြစ်လာတာဖြစ်ပါတယ်။ အကွက်တွေဟာ အနီရောင်ရှိပြီး အရည်စိမ့်ထွက်တတ်ပါတယ်။ သင့်မှာ ရောင်ရမ်းနေတဲ့ ပြန်ရည်ကျိတ်ရှိနိုင်ပြီး ထိုအကျိတ်ဟာ ပဲစေ့ပုံသဏ္ဍာန်ရှိပြီး ရောဂါပိုးကို တိုက်ထုတ်ပေးနိုင်တဲ့ ဂလင်းဖြစ်ပါတယ်။ Bullous Impetigo အသက်နှစ်နှစ်အောက် ကလေးတွေမှာ ဒီအမျိုးအစားကို အတွေ့များပါတယ်။ လက္ခဏာတွေကတော့ ရင်ဘတ်ပိုင်း၊ လက်နဲ့ ခြေထောက်တွေမှာတွေ့ရတဲ့ အရည်ကြည်ဖုတွေဖြစ်ပါတယ်။ ဒီအရည်ကြည်ဖုတွေဟာ အစပိုင်းမှာ အကြည်ရောင် ရှိပြီး နောက်ပိုင်းမှာ နောက်လာပြီး ပတ်ပတ်လည်မှာ အနီရောင်သန်းလာပါလိမ့်မယ်။ […]


အခြားအရေပြားပြဿနာများ

မွှေးညှင်းပေါက်များရောင်ရမ်းခြင်း

Folliculitisဆိုတာ ခန္တာကိုယ်ရှိမွှေးညင်းများပေါက်သော အပေါက်ငယ်လေးများရောင်ရမ်းခြင်းဖြစ်တယ်။ ခန္ဓါကိုယ်တပြင်လုံး အမွှေးပေါက်သောနေရာတိုင်းမှာ ဖြစ်နိုင်ချေရှိပြီး အထူးသဖြင့် မုတ်ဆိတ်မွှေးနေရာ၊ လက်မောင်း၊ ကျော၊ တင်ပါးနှင့် ခြေထောက်တို့မှာ အဖြစ်များပါတယ်။ အသက်အန္တရာယ်မထိခိုက်နိုင်ဘူးဆိုပေမယ့် ပြင်းထန်တဲ့အခြေအနေတွေမှာဆိုရင် အမွှေးများကျွတ်သွားပြီး အမာရွတ်များကျန်နေတတ်တာကြောင့် ရှက်စရာဖြစ်နိုင်ပါတယ်။   လက္ခဏာများ စစချင်းမှာ မွေးညင်းပေါက်တဝိုက်မှာ အနီရောင် သို့မဟုတ် အဖြူရောင်အဖုသေးသေးလေးတွေအဖြစ် ပေါ်လာနိုင်ပါတယ်။ မွေးညင်းပေါက်တဝိုက်အရေပြားမှာ နီရဲ ရောင်ရမ်းနေတတ်ပြီး ယားယမ်းခြင်း၊ နာကျင်ခြင်းတွေလည်း ရှိတတ်ပါတယ်။ အလယ်မှာအမွှေးလေးတွေပါနေတဲ့ အနီရောင်ဝက်ခြံဖုလေးတွေနဲ့ဆင်တတ်ပြီး ပေါက်သွားရင်တော့ ပြည် သို့မဟုတ် သွေးအနည်းငယ်ထွက်နိုင်ပါတယ်။ ၂-၅ မီလီမီတာ အရွယ်ဝန်းကျင်လောက်ရှိပါတယ်။ သာမန် Folliculitisလေးတွေဟာ အမာရွတ်မကျန်ဘဲ အလျင်အမြန်ပျောက်သွားပါတယ်။ ပြင်းထန်တဲ့အခြေအနေတွေမှာဆိုရင်တော့ မွေးညင်းပေါက်တစ်ခုလုံး ရောဂါပိုးဝင်ပြီး cellulitis (ဆဲလ်များရောင်ရမ်းထိခိုက်ခြင်း) ထိဖြစ်သွားနိုင်ကာ နာကျင်ပြီး မွေးညင်းများကျွတ်သွားနိုင်ပါတယ်။ ပြင်းထန်ပြီး ခဏခဏဖြစ်နေရင်တော့ ဆရာဝန်ပြသင့်ပါတယ်။   အကြောင်းအရင်း Folliculitisဖြစ်ရခြင်း အကြောင်းနှစ်ချက်ရှိတယ်- ရောဂါပိုးဝင်ပြီး မွေးညင်းပေါက်ရောင်ရမ်းခြင်း ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ မှို၊ ကပ်ပါးကောင်တွေကြောင့် […]


အခြားအရေပြားပြဿနာများ

အရည်အိတ်များဖြစ်ခြင်း

Ganglion cyst (အရည်လုံးများ) ဟာ အထူးသဖြင့် လက်နှင့် လက်ကောက်ဝတ်အရေပြားမှာဖြစ်ပေါ်တတ်သော အရည်များပြည့်နေသည့် အဖုများဖြစ်တယ်။ ပျော့ပျောင်းလုံးဝန်းပြီး အထိမခံသောအဖုများဖြစ်ပါတယ်။ အသက်အန္တရာယ်ခြိမ်းခြောက်မှုမရှိသော်လည်း ဖြစ်ပေါ်သည့်နေရာပေါ်မူတည်ပြီး စိတ်ကသိကအောက်ဖြစ်စေကာ ကုသဖို့လိုနိုင်ပါတယ်။ များသောအားဖြင့်အမျိုးသမီးတွေမှာ အဖြစ်များပြီး အသက် ၂၀၊ ၃၀၊ ၄၀ ဝန်းကျင်တွေမှာအဖြစ်များပါတယ်။ Ganglion cyst ဆိုတာဘာလဲ ခန္ဓါကိုယ်ရှိအဆစ်များ၊ အထူးသဖြင့် လက်ကောက်ဝတ်၊ လက်နှင့် လက်ချောင်းများမှာ ဖြစ်ပေါ်တတ်တဲ့ အဖုတစ်မျိုးဖြစ်တယ်။ အဆစ်များလှုပ်ရှားရလွယ်ကူပြီး နာကျင်မှုမရှိစေရန် ခံထားသည့် Synovial fluid ဆိုသောအရည်တစ်မျိုး ပါဝင်ပါတယ်။ အရွယ်အမျိုးမျိုးရှိပေမယ့် တစ်လက်မထက်ပိုမကြီးပါဘူး။ ရုတ်တရတ်ဖြစ်ပေါ်လာပြီး တဖြေးဖြေးမှပျောက်ကာ တခါတရံလ၊ နှစ်ချီပြီးကြာနိုင်ပါတယ်။ ဒါပေမယ့် အန္တရာယ်မရှိသလို ကင်ဆာလည်းမဟုတ်ပါဘူး။ တကယ်လို့ နာကျင်မှု၊ ကသိကအောက်ဖြစ်စေမှုမရှိဘူးဆိုရင်တော့ ပျောက်ဖို့နှစ်အနည်းငယ်ထိကြာနိုင်ပေမယ့် ကုသစရာမလိုပဲ သူ့အလိုလို ရှုံ့သွား၊ ပေါက်သွားပါလိမ့်မယ်။ Ganglion cyst […]


အခြားအရေပြားပြဿနာများ

အညိုအမည်းစွဲခြင်းအကြောင်းသိကောင်းစရာ

အညိုအမည်းစွဲခြင်းဆိုတာ ထိခိုက်သွားသော သွေးကြောများဆီမှသွေးများ အရေပြားအောက်ရှိ တစ်သျှူးများဆီစိမ့်ထွက်ခြင်းကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်တယ်။ သာမန်ကျန်းမာသူတစ်ယောက်ဆိုရင် နှစ်ပတ်အတွင်းမှာ ပျောက်လေ့ရှိပါတယ်။ လက္ခဏာများ ဖြစ်ပေါ်ကာစမှာ နီရဲနေပြီး အချိန်ကြာလာတာနဲ့အမျှ နီပြာပြာ၊ သို့မဟုတ် နက်ပြာရောင်ပြောင်းသွားတယ်၊ ထို့နောက်အဝါရောင်သန်းလာပြီး ပျောက်သွားပါတယ်။ တခါတရံမှာ ကမ္ဘာမြေထုဆွဲအားကြောင့် အောက်ဖက်ဆီပျံ့သွားသည်များလည်း ရှိတတ်ပါတယ်။ အညိုအမည်းရာများပျောက်သွားပြီး နှစ်ပတ် သုံးပတ်အကြာမှာ ထိခိုက်ထားသောနေရာပြန်ကောင်းပါတယ်။ မျက်နှာ၊ လက်မောင်းမှအညိုအမည်းရာများဟာ ခြေထောက်ကအညိုအမည်းရာများထက် ပိုမြန်မြန်ပျောက်လေ့ရှိတယ်။ ပထမရက်တွေမှာနာကျင်နိုင်သော်လည်း အရောင်လျော့လာတာနဲ့အမျှ နာကျင်မှုလည်းပျောက်သွားပါတယ်။ အရေပြားထိခိုက်မှုမရှိ၊ ရောဂါပိုးဝင်မှုမရှိလျှင် အန္တရာယ်မရှိပါဘူး။ ရောင်ရမ်းနာကျင်မှုကို မိမိဖာသာသက်သာအောင်လုပ်လို့ရပါတယ်။ ဒါပေမယ့် ပြင်းထန်တယ်ဆိုရင်တော့ သတိထားဖို့လိုပြီး ဆရာဝန်ပြဖို့လိုပါလိမ့်မယ်။ အသက်ကြီးသူများမှာ ထိခိုက်မှုသေးသေးလေးကနေတောင် အလွယ်တကူအညိုအမည်းစွဲနိုင်ပါတယ်။ အထူးသဖြင့် လက်မောင်း၊ လက်နဲ့ ခြေထောက်တွေမှာအဖြစ်များတယ်။ အကြောင်းအရင်း အညိုအမည်းစွဲခြင်းဟာ တစ်ခုခုနဲ့တိုက်မိ၊ ထိခိုက်မိပြီး အရေပြားအောက်မှာ သွေးယိုခြင်းကြောင့်ဖြစ်တယ်။ တချို့သူများမှာ တခြားလူများထက် အညိုအမည်းစွဲနိုင်ချေပိုများတယ်။ ဥပမာ- အသက်ကြီးသူတွေမှာ အရေပြားများရော့ရဲလာသည့်အပြင် နေရောင်ကြောင့်သွေးကြောများအားနည်းလာတာကြောင့် […]


အခြားအရေပြားပြဿနာများ

အသက်ကြီးလာ၍ ပေါ်လာသော အစက်အပြောက်များ (Age spot) ဆိုတာဘာလဲ

Age spot ဆိုသည်မှာ နေလောင်များရင်၊ အသက်အရွယ်ရလာရင်ပေါ်လာတတ်ပြီး အသည်းထိခိုက်မှုရှိလျှင်လည်းပေါ်တတ်တဲ့ အရေပြားပေါ်က အညိုရောင်၊ မီးခိုးရောင် သို့မဟုတ် အမည်းရောင် အစက်အပြောက်တွေဖြစ်တယ်။ မျက်နှာ၊ လက်၊ ပုခုံးနဲ့ လက်မောင်းများကဲ့သို့ နေလောင်ခံများသော အရေပြားပေါ်မှာ ပေါ်လေ့ရှိတယ်။ အရွယ်အစားအမျိုးမျိုးရှိပြီး အရေပြားကင်ဆာနဲ့ ဆက်နွယ်ခြင်းမရှိပါဘူး။ အသက် ၅၀ နောက်ပိုင်းမှာ ပေါ်ပေါက်လေ့ရှိပြီး အသက်ငယ်သူတွေမှာတော့ နေရောင်အထိများသောလူများမှာ ပေါ်လေ့ရှိပါတယ်။ ဘယ်လိုပုံစံရှိလဲ များသောအားဖြင့် အသားလတ်သော၊ ဖြူသောသူများမှာ ထင်ရှားလေ့ရှိပြီး အသားညိုသူတွေမှာလည်း တွေ့ရတတ်ပါတယ်။ မှဲ့ခြောက်အရွယ်မှ တစ်စင်တီမီတာအထိ အရွယ်အမျိုးမျိုးရှိသော ဘဲဥပုံ ရှည်မျောမျောအစက်တွေဖြစ်တယ်။ ပုံမှန်အသားအရေ အရောင်ပေါ်မူတည်ပြီး အညိုဖျော့ဖျော့မှ အမည်းထိ အရောင်အမျိုးမျိုးရှိပါတယ်။ လက်ဖမိုး၊ ခြေဖမိုး၊ မျက်နှာ၊ ပုခုံး၊ ကျောပြင်အပေါ်ပိုင်းတွေလို နေရောင်ကို နှစ်ရှည်လများထိတွေ့လာရသော အစိတ်အပိုင်းတွေမှာ ပေါ်လေ့ရှိတယ်။ တစ်စက်တစ်စက်ဟာ သေးငယ်ပေမယ့် […]


အသားအရေ ထိန်းသိမ်းခြင်း

အသက်အရွယ်ကြီး၍ ပေါ်လာသော အစက်အပြောက် (Age spot) ဖြစ်ခြင်းကို ကာကွယ်ပေးသော အစားအသောက်များ

Age spot ဆိုတာ နေလောင်များရင်၊ အသက်အရွယ် ရလာရင်ပေါ်လာတတ်ပြီး အသည်းထိခိုက်မှုရှိလျှင်လည်း ပေါ်တတ်တဲ့ အရေပြားပေါ်က အညိုရောင်၊ မီးခိုးရောင် သို့မဟုတ် အမည်းရောင် အစက်အပြောက်တွေဖြစ်တယ်။ မျက်နှာ၊ လက်၊ ပုခုံးနဲ့ လက်မောင်းများကဲ့သို့ နေလောင်ခံများသော အရေပြားပေါ်မှာ ပေါ်လေ့ရှိတယ်။ အရွယ်အစား အမျိုးမျိုးရှိပြီး အရေပြားကင်ဆာနဲ့ ဆက်နွယ်ခြင်းမရှိပါဘူး။ အသက် ၅၀ နောက်ပိုင်းမှာ ပေါ်ပေါက်လေ့ရှိပြီး အသက်ငယ်သူတွေမှာတော့ နေရောင်အထိ များသောလူများမှာ ပေါ်လေ့ရှိတယ်။ ဒါပေမယ့် ထိုအစက်တွေဟာ စားသောက်မှုပုံစံ ပြောင်းလဲခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ တူနာငါး တူနာငါးဟာ niacin ၊ pyridoxine ၊ မဂ္ဂနီဆီယမ် ၊ ပိုတက်ဆီယမ် နဲ့ ဆယ်လီနီယမ် စသည့် အာဟာရဓါတ်တွေ ကြွယ်ဝသော စားစရာတစ်မျိုးဖြစ်တယ်။ နေရောင်ကြောင့်ဖြစ်တဲ့ အမည်းစက်တွေနဲ့ အရေပြားထိခိုက်မှုတွေကို ကာကွယ်ပြုပြင်နိုင်စွမ်းရှိပါတယ်။ ဓါတ်တိုးဆန့်ကျင်သော […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Hello Sayarwon Medical Panel

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း