backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ကြွက်နို့ ဘယ်လိုကုသကြမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 25/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကြွက်နို့ ဘယ်လိုကုသကြမလဲ

ကြွက်နို့ ဘယ်လိုကုသကြမလဲ ……. ကြွက်နို့တွေဟာ အလွန်ကူးစက်လွယ်ပြီး တိုက်ရိုက်ထိမိခြင်းနဲ့ ကူးစက်နိုင်ပါတယ်။ ကြွက်နို့အများစုဟာ နာကျင်ခြင်း မရှိပေမယ့် အချို့ကတော့ နာကျင်မှု (သို့) ကသိကအောက် ဖြစ်တာမျိုးတွေ ရှိတတ်ပါတယ်။ ကြွက်နို့အကုန်လုံးဟာ ကုသဖို့ မလိုအပ်ပါဘူး။ သူတို့ဟာ လပေါင်းများစွာ (သို့) နှစ်ပေါင်းများစွာ ကြာရင် အလိုလို ပျောက်သွားတတ်ပါတယ်။ ဒါဟာ ဘာလို့လဲဆိုတော့ အချိန်ကြာလာတာနဲ့ အမျှ ကိုယ်ခံအားစနစ်က ကြွက်နို့ကိုဖြစ်စေတဲ့ Human Papilloma Virus ဗိုင်းရပ်စ် ကို ဖျက်ဆီးနိုင်လို့ပဲဖြစ်ပါတယ်။

ကြွက်နို့ ဘယ်လိုကုသကြမလဲ

ကြွက်နို့ ဘယ်လိုကုသကြမလဲ ဆိုတော့ ကြွက်နို့ ကိုကုသခြင်း (သို့) သူ့အလိုလို ပျောက်သွားအောင် စောင့်ဆိုင်းခြင်းဟာ သင့်အပေါ်ပဲ မူတည်ပါတယ်။ ဒါပေမယ့် အောက်ဖော်ပြပါ အချက်တွေ ရှိရင်တော့ ကုသဖို့ လိုအပ်ပါလိမ့်မယ်။

  • နာကျင်ခြင်း
  • စိတ်ကသိကအောက်ဖြစ်ခြင်း
  • ယားယံခြင်း
  • ကြီးလာခြင်း (သို့) အခြား ကိုယ်ခန္ဓါအစိတ်အပိုင်းတွေကို ရောက်သွားခြင်း

ကြွက်နို့ကုသခြင်းဟာ စိတ်ရှည်ဖို့လိုအပ်ပါတယ်။ မကုသမီမှာ ကြွက်နို့ကို သေချာကြည့်ဖို့လိုအပ်ပါတယ်။

  • တကယ်လို့ သင့်မှာ မခက်ခဲတဲ့ ကြွက်နို့ ရှိနေခဲ့မယ်ဆိုရင် (ဥပမာ လက်မှာ မျက်နှာမှာ အစရှိသည်) သူ့ကို လျစ်လျူရှု ထားနိုင်ပါတယ်။ သူဟာ လပေါင်းများစွာ နှစ်ပေါင်းများစွာ ကြာရင် အလိုလိုပျောက်သွားမှာ ဖြစ်ပါတယ်။ အိမ်မှာ လုပ် နိုင်တဲ့ ဆေးတွေနဲ့လည်း စမ်းကြည့်လို့ရပါတယ်။ မြန်မြန်ပျောက်ချင်တယ်ဆိုရင်တော့ ဆရာဝန်ကို ပြသသင့်ပြီး ဆရာဝန်က ကြွက်နို့ ကို ခဲစေခြင်း (သို့) လျှပ်စစ်နဲ့ ဖျက်စီးခြင်းကို လုပ်ပေးနိုင်ပါတယ်။ ဒီနည်းလမ်းတွေဟာ ရိုးရှင်းပြီး အမာရွတ် ထင်ကျန်ခြင်း မရှိပါဘူး။
  • ခက်ခဲတဲ့ အခြေအနေတွေမှာတော့ ကြွက်နို့ကို ဆရာဝန်မပြခင် အိမ်မှာ ရက်သတ္တပတ်အနည်းငယ် ကုသသင့်ပါတယ်။ ခက်ခဲတဲ့ ကြွက်နို့တွေဟာ သူ့ကို လုံးဝပျောက်ကင်းအောင် လုပ်ဖို့ နှစ်ခါ (သို့) နှစ်ခါထပ်ပိုပြီး ဆရာဝန်ဆီ သွားရနိုင်ပါတယ်။

ကြွက်နို့ကုသမှုတစ်ခုဟာ အမြဲမအောင်မြင်နိုင်ပါဘူး။ တကယ်လို့ ကြွက်နို့ဟာ ကျုံ့သွားတာမျိုး၊ ပျောက်သွားတာမျိုး ဖြစ်ရင်တောင် သူတို့တွေဟာ ပြန်ဖြစ်လာတတ်ပြီး အခြားကိုယ်ခန္ဓါအစိတ် အပိုင်းတွေကိုလည်း ပြန့်နှံ့သွားတတ်ပါတယ်။ ဒါဟာ ဘာလို့လဲဆိုတော့ ကုသမှုဟာ ကြွက်နို့တစ်ခုတည်းကိုသာ ကုသခြင်းဖြစ်ပြီး သူ့ကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးကို မသတ်ပစ်တာကြောင့် ဖြစ်ပါတယ်။

ကိုယ်တိုင် ကြွက်နို့ကို ကုသနည်း

အိမ်မှာ ကုသဖို့အတွက် မတူညီတဲ့ နည်းအမျိုးမျိုးကို သုံးနိုင်ပါတယ်။ ကပ်ခွာတိပ်၊ ဆေးဆိုင်မှာ ဝယ်လို့ရတဲ့ ဆေးရည်၊ salicylic acid ပါဝင်တဲ့လိမ်းဆေး စတဲ့ ဆေးတွေပဲဖြစ်ပါတယ်။

ဒီလိုကုသဖို့မှာတော့ salicylic acid ဟာ အပေါ်ယံမာနေတဲ့ နေရာကို ပျော့သွားစေပြီး ကပ်ခွာတိပ် ကတော့ ဆေးတွေကို အငွေ့ပျံခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။

အောက်ဖော်ပြပါ အချက်တွေကတော့ အိမ်မှာ ကုသနည်း အဆင့်တွေပဲဖြစ်ပါတယ်။

အဆင့် ၁ – ကြွက်နို့ဖြစ်နေတဲ့နေရာကို ပျော့သွားစေဖို့ မိနစ် အနည်းငယ်ခန့် ရေစိမ်ထားပါ။

အဆင့် ၂ – အဝတ်စ (သို့) ရေမြှုပ်ကျောက်နဲ့ ကြွက်နို့အပေါ်က ဆဲလ်အသေတွေကို ပွတ်တိုက်ဖယ်ရှားနိုင်ပါတယ်။ ဒါဟာ ဆေးကို ကြွက်နို့ထဲဝင်ဖို့ကိုလည်း ပိုမိုအားပေးနိုင်ပါတယ်။ အဝတ်စ (သို့) ရေမြှုပ်ကျောက်ကို နောက်တစ်ခါ ပြန်လည်အသုံးပြုခြင်း မပြုလုပ်သင့်ပါဘူး။ သူတို့မှာ ဗိုင်းရပ်စ်ပိုး ရှိနေနိုင်တာကြောင့် နောက်တစ်ခါ ပြန်လည်ရောဂါ ကူးစက်နိုင်လို့ပဲဖြစ်ပါတယ်။

အဆင့် ၃ – ဆေးရည် (သို့) လိမ်းဆေး ကိုလိမ်းပါ။ Salicylic acid ပါတာကို အသုံးပြုသင့်ပါတယ်။ Salicylic acid ပါတာကို ရှာမတွေ့ရင် petroleum jelly ကိုလည်း သုံးလို့ရပါတယ်။

အဆင့် ၄ – ကပ်ခွာတိပ် ကို ကြွက်နို့ပေါ်ကပ်ပါ။ တစ်ညလုံး ဒီအတိုင်းထားပြီး မနက်ကျရင် တိတ်ကို ဖယ်ရှားလိုက်ပါ။

ဆရာဝန်နှင့် ဆေးကုသမှု

အချို့အခြေအနေတွေမှာ အိမ်မှာ ကုသခြင်းဟာ မအောင်မြင်တတ်ပါဘူး။ ဒါဆိုရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ဆရာဝန်ကတော့ အောက်ဖော်ပြပါ ကုသနည်းတွေနဲ့ ကုသပေးနိုင်ပါတယ်။

  • Cryotherapy – ကြွက်နို့ကို ခဲစေခြင်း
  • Retinoid cream, cantharidin သို့ imiquimod အစရှိတဲ့ဆေးများ
  • ခွဲစိတ်ကုသခြင်း – လျှပ်စစ်နဲ့ ကုသခြင်းနဲ့ လေဆာနဲ့ ကုသခြင်းကို ခက်ခဲတဲ့ ကြွက်နို့တွေအတွက် အသုံးပြုနိုင်ပါတယ်။ ခွဲစိတ်ကုသမှုကိုတော့ များသောအားဖြင့် အသုံးမပြုသင့်ပါဘူး။
  • ဓါတုပစ္စည်းတွေဖြစ်တဲ့ glycolic acid၊ tretinoin သို့ အခြားပြင်းထန်တဲ့ salicylic acid ပါတဲ့ ကြွက်နို့ကွာကျစေတဲ့ ပစ္စည်းများ
  • ကြွက်နို့တွေဟာ စိတ်ရှုပ်ထွေးဖွယ်ဖြစ်ပါတယ်။ ဒါပေမယ့် ပြင်းထန်တဲ့ ပြဿနာမဟုတ်တာကြောင့် စိတ်မပူသင့်ပါဘူး။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 25/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ad iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    ad iconadvertisement
    ad iconadvertisement