backup og meta

ကျန်းမာသော အသားအရေအတွက် လိုအပ်သော ဗီတာမင်ဓါတ် ၅ မျိုး


Kyaw Thura Htun မှ ရေးသားသည်။ · 03/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျန်းမာသော အသားအရေအတွက် လိုအပ်သော ဗီတာမင်ဓါတ် ၅ မျိုး

    ဗီတာမင် တွေဟာ သင့်ကျန်းမာရေး နဲ့ ခန္ဓါကိုယ် လုပ်ငန်းစဉ်တွေအတွက် အရေးပါတဲ့အပြင်ဗီတာမင် မလုံလောက်မှုက သင့်ရဲ့အရေပြားကို ဆိုးကျိုးဖြစ်လာစေနိုင်ပါတယ်။ ဗီတာမင် စီ ချို့တဲ့ခြင်းက စကာဗီ လို့ခေါ်တဲ့ သွေးအားနည်းရောဂါတစ်ခုကိုဖြစ်စေပါတယ်။ ဗီတာမင် စီ နဲ့ အီး ဟာ သင့်အရေပြားကို နေရောင်မှကာကွယ်ပေးတဲ့အတွက် အဲဒီ ဗီတာမင်တွေ ချို့တဲ့ခြင်းက အရေပြားကင်ဆာကို ဖြစ်စေနိုင်ပါတယ်။ လေ့လာမှုတွေအရ အရေပြားကင်ဆာဟာ အမေရိကားနိုင်ငံ မှာ အဖြစ်အများဆုံး ကင်ဆာဖြစ်ပါတယ်။ အောက်မှာဖော်ပြသွားမှာကတော့ သင့်အရေပြားအတွက်လိုအပ်တဲ့ ဗီတာမင် ငါးမျိုးဖြစ်ပါတယ်။

    ဗီတာမင် ဒီ

    ဗီတာမင် စီ ရဲ့ အဓိကကောင်းကျိုးက ကယ်လ်ဆီယံတွေစုပ်ယူပေးတာဆိုပေမယ့် သူက အရိုးတွေအတွက်ဘဲ ကောင်းတာမဟုတ်ပါဘူး။ ဗီတာမင် ဒီ က ဆိုရီရေးစစ် လို့ခေါ်တဲ့ အရေပြားရောဂါတစ်မျိုးကို ကုသရာမှာ အထောက်အကူဖြစ်ပါတယ်။ ကယ်လ်စီထရိုင်အော (calcitriol) လို့ခေါ်တဲ့ လူလုပ် ဗီတာမင် ဒီ သရီး က လူခန္ဓါကိုယ်က ထုတ်လုပ်တဲ့ ဗီတာမင် ဒီ ရဲ့အမျိုးအစားတစ်ခုပါ။ ကယ်လ်စီထရိုင်အော က ဆိုရီရေးစစ် ကိုကုသရာမှာ ထိရောက်တဲ့ ခရင်မ်တစ်ခုဖြစ်ပါတယ်။ လေ့လာမှုတွေမှာ ကယ်လ်စီထရိုင်အော ဆိုရီရေးစစ် ရောဂါ ရှိသူတွေမှာ လိမ်းခြင်းက အရေပြား ယားယံခြင်းနဲ့ ရောင်ရမ်းခြင်းကို လျော့ကျစေပြီး ဆိုးကျိုး အနည်းငယ်သာရှိပါတယ်။

    ဗီတာမင် အေ

    ဗီတာမင် အေ က အရေပြားကို ပြန်လည်ပြင်ဆင်ပေးပြီး ထိန်းသိမ်းပေးပါတယ်။ ဗီတာမင် အေ မလုံလောက်ခြင်း က သင့်အရေပြားကိုခြောက်သွေ့စေမှာပါ။ ဗီတာမင် အေ လိမ်းဆေးတွေကို ဝက်ခြံနဲ့ တခြားအရေပြားပြဿနာတွေကို ကုသဖို့သုံးပါတယ်။ ဗီတာမင် အေ ပါဝင်မှုများတဲ့အစားအစာတွေက အသည်း၊ ငရုတ်သီး၊ မုန်လာဥ၊ တရုတ်ဇီးသီး၊ ကိုက်လန်၊ ကန်ဇွန်းဥနဲ့ ဟင်းနုနွယ်တို့ပဲဖြစ်ပါတယ်။ ဗီတာမင် အေ ကို အားဆေး အနေနဲ့သောက်တာထက်စာရင် အစားအစာကနေ ယူတာကပိုကောင်းပါတယ်။ ဗီတာမင်အေ က လိုတာထက်ပိုသုံးမိရင် ဆိုးကျိုးတွေရှိနိုင်ပါတယ်။ သင့် အနေနဲ့ ဗီတာမင် အေ ရဲ့ရှေ့ပြေးပုံစံဖြစ်တဲ့ beta carotene ကိုသောက်သုံးသင့်ပါတယ်။ သူက ဗီတာမင် အေ လို ဆေးပမာဏလွန်ပြီး ဆိုးကျိုးမဖြစ်ပါဘူး။

    ဗီတာမင် စီ

    ဈေးကွက်ထဲမှာ အရွယ်တင်စေပါတယ်ဆိုတဲ့ ထုတ်ကုန်တွေအရောင်းထိုင်းတာမရှိပါဘူး။ အဲဒီထုတ်ကုန်တွေရဲ့ အဓိကပါဝင်တာတွေထဲကတစ်ခုက ဗီတာမင် စီ ပါ။ ဗီတာမင် စီ ဟာ သူ့ရဲ့ ဓါတ်တိုးဆန့်ကျင်ဂုဏ်သတိနဲ့ ကော်လဂျင် (Collagen) စုဆောင်းမှုမှာ အရေးပါတဲ့အတွက် အရေပြားကို အထောက်အကူပြုပါတယ်။ ဗီတာမင် စီ ကိုသောက်သုံးခြင်းက လိမ်းထားတဲ့ နေလောင်ဒဏ်ခံ ခရင်မ်တွေကို ပိုပြီးထိရောက်စေပါတယ်။ အကြောင်းက ဗီတာမင် စီ က ဆဲလ်ထိခိုက်မှုကိုကာကွယ်ပေးပြီး အရေပြားထိခိုက်တာတွေကို ပြန်လည်ကုသပေးလို့ပါ။ ဗီတာမင် စီ က လူ့ကိုယ်ရဲ့ ကော်လဂျင် စုဆောင်းမှုမှာ အဓိကကျတဲ့အတွက် အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးပါတယ်။ သူကပျက်စီးနေတဲ့အရေပြားကိုပြန်လည်အားဖြည့်ပေးရုံသာမက နေလောင်ကွက်တွေမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

    ဗီတာမင် အီး

    ဗီတာမင် စီ လိုမျိုးပဲ ဗီတာမင် အီး က အရေပြားကို နေရောင်ခြည်ကြောင့်ထိခိုက်ခြင်းမှ ကာကွယ်ပေးပါတယ်။ ဗီတာမင် အီး လိမ်းဆေး က နေရောင်ခြည်မှ ဆိုးကျိုးဖြစ်စေတဲ့ခရမ်းလွန်ရောင်ခြည်တွေကို စုပ်ယူပေးပါတယ်။ Photoprotection (ရောင်ခြည်ဒဏ်ကာကွယ်ခြင်း) ဆိုတာက ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားပျက်စီးမှုကို လျှော့ချတဲ့ လူ့ကိုယ်ရဲ့ စွမ်းရည်ကိုပြောတာပါ။ ဗီတာမင် စီ နဲ့ ဗီတာမင် အီး နှစ်မျိုးလုံးပါဝင်တဲ့ ထုတ်ကုန်တွေက တစ်မျိုးတည်းပါတဲ့ ထုတ်ကုန်တွေထက် ရောင်ခြည်ဒဏ်ကာကွယ်နိုင်စွမ်း ကိုပိုပြီးထိရောက်စေတာတွေ့ရပါတယ်။ ဗီတာမင် အီး က အရေပြားရောင်ရမ်းခြင်းကုသမှုမှာလည်း ကူညီပေးပါတယ်။

    ဗီတာမင် ကေ

    ဗီတာမင် ကေ ကို အရေပြားအတွက် ခရင်မ်တွေ တော်တော်များများမှာ တွေ့ရပြီး သူက အရေပြားပြသနာတော်တော်များများကို ကုသပေးပါတယ်။ ဆရာဝန်တွေက အခုလေးတင်ခွဲစိတ်ပြီးတဲ့လူနာတွေကို ဗီတာမင် ကေ ပါတဲ့ ခရင်မ်တွေကိုလူးပေးပါတယ်။ ဗီတာမင် ကေ က လူ့ကိုယ်ရဲ့သွေးခဲခြင်းလုပ်ငန်းစဉ်မှာကူညီပေးပြီး ခွဲစိတ်ထားတဲ့အနာကိုအကျက်မြန်စေပါတယ်။ ဗီတာမင် ကေ ပါတဲ့ ခရင်မ် တွေက မျက်ကွင်းညိုတာ၊ အရေပြားယားယံတာ၊ အမာရွတ်ဖြစ်တာတွေကိုလည်း သက်သာစေပါတယ်။ ဒါပေမယ့် ဗီတာမင် ကေ က ဗီတာမင် စီ နဲ့ အီ လောက် ကျယ်ကျယ်ပြန့်ပြန့်လေ့လာထားတာ မရှိသေးပါဘူး။

    ဗီတာမင် အားဆေး တွေက အခုခေတ်မှာ အလွယ်တကူရနိုင်တဲ့အတွက် ဆရာဝန်နဲ့ဆွေးနွေးပြီး သင့် ကျန်းမာရေးအတွက် သင့်တော်ရာရွေးချယ်ပါ။ နောက်တစ်ခါဈေးဝယ်ထွက်လို့ အလှကုန်တန်းဘက်ရောက်ရင် သင်ကြိုက်တဲ့ အလှကုန်တွေကမှာ ဒီ ဗီတာမင် တွေပါလားကြည့်ခဲ့ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Kyaw Thura Htun မှ ရေးသားသည်။ · 03/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement