လေဆာဖြင့် ပြုပြင်ပြီး ဘယ်လိုရလဒ်မျိုးများ ရရှိနိုင်မည်နည်း။
ထိုနည်းလမ်းကို အရေပြား ဆရာဝန်နှင့် ပလတ်စတစ် ဆာဂျင်များမှ ပြုလုပ်ပေးနိုင်ပါသည်။ ဆေးရုံတက်စရာ မလိုပါ။ တစ်ထိုင်တည်း ပြုလုပ်နိုင်ပါသည်။ အရေပြားကု ဆေးခန်းများတွင် ထိုနည်းလမ်းများ ပြုလုပ်နိုင်ပါသည်။ ဝက်ခြံ ကုသမှုအပြင် မျက်လုံး၊ ပါးစပ်၊ နဖူး နားတစ်ဝိုက် အရေတွန့်ခြင်းတို့လည်း ကုသနိုင်ပါသည်။ ကုသရမည့် နေရာသေးလျှင် ထုံဆေးနှင့် ကုပေးပါမည်။
မျက်နှာ တစ်ခုလုံးဆိုလျှင် မေ့ဆေးနှင့် ကုသပေးပါသည်။ မျက်နှာ၏ တစ်စိတ်တစ်ပိုင်းသာ ကုသမည်ဆိုပါက နာရီဝက်မှ ၄၅ မိနစ်အထိကြာနိုင်ပါသည်။ မျက်နှာ တစ်ခုလုံး ပြုလုပ်မည်ဆိုပါက ၂ နာရီခန့် ကြာမြင့်နိုင်ပါသည်။
ကုသမှုယူပြီးလျှင် ဆရာဝန်က ပတ်တီးစည်းပေးပါမည်။ ၂၄ နာရီအတွင်း ထိုနေရာကို တစ်နေ့ ၄ ကြိမ်မှ ၅ ကြိမ် အထိ သန့်ရှင်းရေး လုပ်ပေးရပါမည်။ ထို့နောက် အဆီတစ်မျိုး လိမ်း၍ အနာဖေးဖြစ်ခြင်းမှ ကာကွယ်နိုင်ပါသည်။ ကုသမှု ခံယူပြီး ရောင်ခြင်းသည် ပုံမှန်ဖြစ်စဉ် ဖြစ်ပါသည်။ အရောင်သက်သာစေရန် ဆရာဝန်က အရောင်ကျဆေး ပေးပါလိမ့်မည်။ ခေါင်းအုံးတစ်လုံး ပိုခု၍ အိပ်ခြင်းဖြင့်လည်း အရောင်သက်သာစေပါသည်။
လေဆာဖြင့် ကုသခြင်းသည် အသားအရေ အရောင်အသွေး ကောင်းစေရန် ပြုလုပ်သော နာမည်ကျော်ကြားသည့် နည်းလမ်းတစ်မျိုး ဖြစ်ပါသည်။ ဝက်ခြံ အမာရွတ်ရှိခြင်းကြောင့် စိတ်ဝေဒနာများ မခံစားရတော့ပါ။ ထိုကုသမှုမျိုးသည် မိမိအတွက် အဆင်ပြေ၊ မပြေ ဆရာဝန်နှင့် တိုင်ပင်ပါ။
ရေးသားသူ− Dr Zin Thu Thu Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။