backup og meta

အသားအရေထိန်းသိမ်းခြင်းအကြောင်း အများဆုံးမေးတတ်ကြတဲ့ မေးခွန်းများ


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသားအရေထိန်းသိမ်းခြင်းအကြောင်း အများဆုံးမေးတတ်ကြတဲ့ မေးခွန်းများ

    အသားအရေထိန်းသိမ်းခြင်းဟာအမျိုးသားတွေအတွက်ရောအမျိုးသမီးတွေအတွက်ပါအမှန်တကယ်အရေးကြီးပါတယ်။ ရုပ်ရည်နဲ့အသားအရေလှပကောင်းမွန်မှုရှိမရှိဟာနေ့စဉ်လှုပ်ရှားသွားလာမှု၊တဦးနဲ့တဦးဆက်သွယ်ပြောဆိုမှုနဲ့မိမိကိုယ်ကိုယုံကြည်မှုရှိမှုစတဲ့အချက်တွေပေါ်များစွာအကျိုးသက်ရောက်မှုရှိပါတယ်။ ဒါပေမယ့်လူအများအပြားဟာအရေပြားထိခိုက်မှုဒါဏ်ကိုခံစားနေရပါတယ်။ ဒါကြောင့်မို့အသားအရေထိန်းသိမ်းခြင်းနဲ့ပတ်သက်ပြီးအများဆုံးမေးတတ်ကြတဲ့မေးခွန်းတွေကိုအောက်မှာဖော်ပြပေးထားပါတယ်။

    ၁။ အဆီအရမ်းပြန်တာကိုဘယ်လိုထိန်းချုပ်ရမလဲ။

    အဆီပြန်တာကိုထိန်းချုပ်ဖို့အတွက်မျက်နှာအလွန်အကျွံမသစ်သင့်ပါဘူး။ ဒီလိုလုပ်ခြင်းအားဖြင့်အရေပြားကိုအလွန်အကျွံခြောက်သွေ့သွားစေတဲ့အတွက်အစိုဓါတ်ပြန်ထိန်းနိုင်ဖို့ခန္ဓါကိုယ်ကနေအဆီတွေပိုပြီးထုတ်ပေးအောင်ဆွလိုက်သလိုသာ ဖြစ်သွားစေတာမို့ဝက်ခြံတွေကိုပိုဆိုးစေပါတယ်။ ဒါ့ကြောင့်မျက်နှာကိုမှန်ကန်စွာသစ်ရမှာဖြစ်တဲ့အပြင်အရေပြားအစိုဓါတ်ကိုထိန်းပေးထားဖို့လည်းလိုအပ်လှပါတယ်။ ခြောက်သွေ့တဲ့အသားအရေကိုသာမကအဆီပြန်တတ်တဲ့အသားအရေကိုလည်းအစိုဓါတ်ထိန်းပေးဖို့အရေးကြီးပါတယ်။ အစိုဓါတ်ကောင်းစွာရရှိတဲ့အရေပြားဟာကျန်းမာပြီးဘက်တီးရီးယားပိုးမွှားတွေရန်ကလည်းကာကွယ်နိုင်စွမ်းရှိပါတယ်။ အဆီပြန်တတ်တဲ့အသားအရေပိုင်ရှင်တွေအနေနဲ့ petroleum ဒါမှမဟုတ်အဆီဓါတ်ကိုအခြေခံပြီးထုတ်လုပ်ထားတဲ့အလှကုန်ပစ္စည်းတွေကိုတော့ရှောင်ရှားသင့်ပါတယ်။ သူတို့အတွက်ရေကိုအခြေခံပြီးထုတ်လုပ်ထားကာပျစ်စေးမှုမရှိတဲ့အလှကုန်တွေကသာအသင့်တော်ဆုံး ဖြစ်လို့ပါ။

    ၂။ အသားအရေလှပကျန်းမာအောင်ဘယ်လိုအစားအစာမျိုးတွေကိုစားရမလဲ။

    ဟော်မုန်းနဲ့မျိုးဗီဇတို့နည်းတူအစားအသောက်ဟာလည်းအသားအရေထိန်းသိမ်းမှုမှာအရေးပါတဲ့အခန်းကဏ္ဍကပါဝင်ပါတယ်။

    ဒါကြောင့်အောက်ပါအစားအစာတွေကိုပိုမိုစားသုံးသင့်ပါတယ်။

    • ငါး ။ အိုမီဂါ – ၃နဲ့အိုမီဂါ- ၆ ဖက်တီးအက်ဆစ်တွေပါဝင်တဲ့အတွက်ငါးဟာနီရဲရောင်ရမ်းတာတွေကိုသက်သာစေပြီးဝက်ခြံတွေကိုပါးသွားစေပါတယ်။
    • ကမာ ။ ကမာကောင်တွေမှာပါဝင်တဲ့ဇင့်ဓါတ်ဟာဝက်ခြံရဲ့ဆိုးကျိုးတွေကိုလျော့ပါးစေပါတယ်။ ဇင့်သတ္တုဓါတ်ကိုနွားကလေးသား၊အသည်း၊အမဲသား၊ရွှေဖရုံသီး၊ကျောက်ဖရုံစေ့နဲ့ဖရဲစေ့တွေမှာတွေ့ရှိရတတ်ပါသေးတယ်။
    • သစ်သီး ။ လိမ္မော်သီး၊မုန်လာဥနီအစရှိတဲ့လိမ္မော်ရောင်အသီးတွေဟာဗီတာမင်စီဓါတ်ကြွယ်ဝစွာပါဝင်တာမို့အရေပြားရဲ့ကော်လဂျင်ဓါတ်ထုတ်လုပ်မှုကိုများစေပါတယ်။ အမည်းရောင်ဘယ်ရီသီးမှာပါဝင်တဲ့အာဟာရဓါတ်တွေဟာအသားအရေကိုပိုကောင်းစေသလိုအစိမ်းပုပ်ရောင်ရှိတဲ့အရွက်တွေဟာလည်းခန္ဓါကိုယ်တွင်းမှာရှိတဲ့အညစ်အကြေးတွေကိုကူညီဖယ်ရှားပေးနိုင်ပါတယ်။

    အောက်ပါအစားအစာတွေကိုတော့ရှောင်ကြဉ်သင့်ပါတယ်။

  • နွားနို့ ။ ဝက်ခြံတွေအပေါ်နွားနို့ရဲ့အကျိုးသက်ရောက်မှုကို ငြင်းခုန်မှုအချို့ရှိနေပေမယ့်နွားနို့ဟာဟော်မုန်းတွေကိုများစေတဲ့အတွက်ဝက်ခြံကိုပိုဆိုးစေပါလိမ့်မယ်။ အင်ဆူလင်ပမာဏလည်း မြင့်တက်လာပြီးအရေပြားကနေအဆီတွေပိုထုတ်လုပ်လာတဲ့အတွက်ဝက်ခြံဖြစ်ဖို့အားပေးစေပါတယ်။
  • အာဟာရတန်ဖိုးနည်းပါးတဲ့အစားအစာတွေ။ ဒီအစားအစာတွေဟာဟော်မုန်းဓါတ်အပြောင်းအလဲကို ဖြစ်စေတဲ့အပြင်သွေးတွင်းသကြားဓါတ်ကိုလည်း မြင့်တက်စေပါတယ်။
  • အသင့်စားအစာတွေ။ အာဟာရတန်ဖိုးနည်းပါးတဲ့အစားအစာတွေနည်းတူအသင့်စားအစာတွေဟာလည်းကျန်းမာရေးအတွက်မသင့်တော်ပါဘူး။ သူတို့ဟာနီရဲရောင်ရမ်းမှုကို ဖြစ်စေတဲ့အတွက်ဝက်ခြံတွေနဲ့အနီဖုတွေထွက်လာစေပါတယ်။

    ၃။ ထိခိုက်လွယ်တဲ့အသားအရေကိုဘယ်လိုဂရုတစိုက်ကိုင်တွယ်ထိန်းသိမ်းသင့်သလဲ။

    ထိခိုက်လွယ်တဲ့အသားအရေပိုင်ရှင်တွေအဖို့မိမိနဲ့ကိုက်ညီမယ့်အလှကုန်ပစ္စည်းတွေကိုရွေးချယ်ရတာတကယ်ကိုခေါင်းခဲစရာပါ။ ထိခိုက်လွယ်တဲ့အသားအရေကိုထိန်းသိမ်းရာမှာအရေးကြီးဆုံးအချက်ကတော့ ပြင်းထန်မှုမရှိတဲ့ခပ်ပျော့ပျော့ကုန်ပစ္စည်းကိုရွေးချယ်မိဖို့ ဖြစ်ပါတယ်။ သူတို့အနေနဲ့သဘာဝပစ္စည်းတွေကိုအခြေခံထုတ်လုပ်ထားတဲ့ပစ္စည်းတွေကိုဦးစားပေးရွေးချယ်သင့်ပါတယ်။ ဒါပေမယ့်တခုသတိထားရမှာကသဘာဝပစ္စည်းအချို့ဟာလူတိုင်းနဲ့တည့်မှာမဟုတ်ဘဲတချို့လူတွေမှာဓါတ်မတည့်တဲ့ ပြဿနာတွေနဲ့ရင်ဆိုင်ရစေနိုင်ပါတယ်။

  • ၄။ ပုံမှန်အသားအရေထိန်းသိမ်းမှုမှာဘယ်အရာတွေကအရေးပါသလဲ။

    ကြိုတင်ကာကွယ်ခြင်းနဲ့ဆေးကြောသန့်စင်ခြင်းဟာပုံမှန်အသားအရေထိန်းသိမ်းမှုမှာအရေးကြီးဆုံးသောအချက်တွေ ဖြစ်ပါတယ်။ ဘက်တီးရီးယားပိုးမွှားတွေပေါက်ပွားတာနဲ့မလိုလားအပ်တဲ့အဆီတွေထွက်ရှိတာကိုကာကွယ်နိုင်ဖို့အတွက်ညအိပ်ယာမဝင်ခင်တိုင်းမှာမျက်နှာကိုသေချာစွာဆေးကြောသန့်စင်ရပါမယ်။ နေလောင်ဒါဏ်ကိုကာကွယ်နိုင်ဖို့နေလောင်ခံခရင်မ်တွေလိမ်းဖို့လည်းလိုအပ်ပါတယ်။ နေလောင်ခံခရင်မ်လိမ်းခြင်းဟာအရေတွန့်တာနဲ့အမည်းစက်ထွက်တာတွေကိုလျော့နည်းစေတဲ့အပြင်အရေပြားကင်ဆာကိုပါကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမယ့်မိမိအသားအရေနဲ့လိုက်လျောညီထွေရှိတဲ့နေလောင်ခံခရင်မ်အမျိုးအစားကိုမှန်ကန်စွာရွေးချယ်မိဖို့တော့အရေးကြီးပါတယ်။ တကယ်လို့သင့်အနေနဲ့အထက်ပါလက္ခဏာတွေကိုခံစားနေရမယ်ဒါမှမဟုတ်ဝက်ခြံပြဿနာတွေနဲ့ရင်ဆိုင်နေရမယ်ဆိုရင်သေချာစွာစစ်ဆေးပြီးသင့်တော်မှန်ကန်တဲ့ကုသမှုတွေကိုခံယူနိုင်ဖို့အတွက်ဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါတယ်။ သဘာဝပစ္စည်းတွေ၊ဆေးဝါးတွေဒါမှမဟုတ်လေဆာရောင်ခြည်ကိုအသုံးပြုပြီးဝက်ခြံတွေကိုနည်းအမျိုးမျိုးနဲ့သင့်တော်သလိုကုသနိုင်ပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement