backup og meta

လေဆာဖြင့်အရေပြားစားခြင်းနည်း ၅ မျိုး


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 02/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လေဆာဖြင့်အရေပြားစားခြင်းနည်း ၅ မျိုး

    လေဆာဖြင့်အရေပြားမျက်နှာပြင်စားခြင်းဟာ ဝက်ခြံအမာရွတ်တွေ၊ အဆီပေါက်၊ ချွေးပေါက်များကျယ်ခြင်းတွေအတွက် အထိရောက်ဆုံးနည်းများမှ တစ်နည်းဖြစ်တယ်။ သုံးနေကျနည်းလမ်းတွေအပြင် နည်းအသစ်တွေပါ ထပ်မံတွေ့ရှိလာကြပါတယ်။

    နည်းအမျိုးမျိုးကိုသိရှိပြီး သင့်အတွက်အသင့်တော်ဆုံးနည်းကိုရှာတွေ့ဖို့အတွက် ဒီအချက်လေးတွေကိုကြည့်လိုက်ရအောင်-

    လေဆာဖြင့်အရေပြားစားခြင်းနည်းလမ်းအမျိုးမျိုးကို မသိရှိမီ အရင်နားလည်ထားသင့်တဲ့ အခေါ်အဝေါ်လေးတွေရှိပါတယ်။

    · လှိုင်းအလျား – သင့်အရေပြားဆီပို့လွှတ်မယ့် အလင်းသွားမည့် အကွာအဝေးဖြစ်တယ်။ နာနိုမီတာနှင့်တိုင်းတာပြီး လှိုင်းအလျားရှည်လေလေ၊ သင့်အရေပြားပိုနက်ရာဆီဖောက်နိုင်လေလေပါပဲ။

    · စုတ်ယူခြင်း – သင့်အရေပြားက ကုသမည့်အလင်းကို မည်မျှကောင်းကောင်းစုတ်ယူနိုင်သလဲ ဆိုတာကိုဖော်ပြဖို့သုံးပါတယ်။

    · အလင်းပြန်ခြင်း၊ အလင်းကွဲခြင်း – လှိုင်းအလျားတိုလေလေ၊ အရေပြားကော်လဂျင်တွေကြောင့် အလင်းပြန်သွား၊ ကွဲသွားဖို့နည်းလေလေပါပဲ။ စိတ်ဝင်စားစရာကောင်းအောင်ပဲ လှိုင်းအလျား ၅၃၂-၁၀၆၄ နာနိုမီတာရှိတဲ့ laser Q-switch ကလှိုင်းအလျား ၁၀၆၀၀ ရှိတဲ့ laser CO2 ထက်ပိုနက်နက်ဖောက်နိုင်ပါတယ်။

    နည်းလမ်း ၅ မျိုးရှိတယ်-

    ၁။ Q-switch Laser

    ဒီနည်းဟာ လှိုင်းအလျားအမျိုးမျိုးရှိသော အလင်းတန်းများကိုသုံးပြီး သင့်အသားအရေကိုကုသတယ်။ အမည်းစက်များ၊ ဝက်ခြံမှည့်ခြောက်၊ တက်တူး၊ အမွှေးအမျှင်များကိုဖယ်ပေးနိုင်သလို ချွေးပေါက် အဆီပေါက်များကိုလည်း ကျဉ်းစေပါတယ်။

    လေဆာမှအပူက အဆီဂလင်းများကို အဆီထုတ်ခြင်းလျော့ကျစေတယ်။ လှိုင်းအလျားမြင့်သော အလင်းတန်းနှင့် လှိုင်းအလျားနိမ့်သော အလင်းတန်း အမျိုးမျိုးပြောင်းလဲပြီးအလုပ်လုပ်တယ်။

    ထို နည်းလမ်းတွင်သုံးသော အလင်းလှိုင်းအလျားမှာ အသုံးပြုသောပစ္စည်းပေါ်မူတည်ပါတယ။် ဒါတွေကိုသုံးလေ့ရှိတယ်-

    · Q-switched Nd: လှိုင်းအလျား ၁၀၆၄-၅၃၂ နာနိုမီတာ

    · Q-switched ruby လှိုင်းအလျား ၆၉၄ နာနိုမီတာ

    · Q-switched alexandrite လှိုင်းအလျား ၇၅၅ နာနိုမီတာ

    အသုံးအများဆုံးကတော့ Q-switched Nd:YAG (RevLiteâ, MedLiteâ) ဖြစ်တယ်။ ထိုနည်းလမ်းဟာ ဘက်စုံသုံးနိုင်မှု၊ ဘေးကင်းမှု၊ ညိုမှောင်သောအသားအရေတို့တွင် ရလဒ်ကောင်းမှုတို့ကြောင့် အမေရိကား၊ အာရှ တို့မှာထင်ရှားပါတယ်။

    အသက်ကြီး၍ပေါ်သော အမည်းစက်များ၊ နေလောင်စက်များ စသည်ဖြင့် အရောင်ရင့်အစက်များ၊ တက်တူးဖယ်ခြင်း နှင့် သွေးကြောများကြောင့် အရေပြားထိခိုက်မှုများအတွက် အသုံးဝင်ပါတယ်။ အရေပြားအောက်လွှာမှ ရောင်ခြယ်ပစ္စည်းထုတ်ပေးသောဆဲလ်များကို ဖြိုခွဲဖျက်ဆီးပြီး အရေပြားအသစ်ဖြစ်လာရန် ကော်လဂျင်ထုတ်မှုကိုအားပေးတယ်။

    မလိုချင်သောအမွှေးအမျှင်များကို ဖယ်ရန်လည်း သုံးနိုင်ပါတယ်။ အရေပြားအပြင်လွှာကိုမထိခိုက်စေဘဲ အတွင်းလွှာမှာအလုပ်လုပ်ပါတယ်။

    Q-switch laser နည်းဟာ ခွဲခြင်းစိတ်ခြင်းလည်းမရှိဘဲ အန္တာရယ်၊ ဘေးထွက်ဆိုးကျိုးလည်းနည်းပါတယ်။ ဘေးထွက်ဆိုးကျိုးအနည်းငယ်မှာ ကုသစဉ်နာကျင်ခြင်း၊ ကုသပြီးချိန်တွင်အရေပြားနီရဲ၊ ရောင်ရမ်း၊ ယားယံတတ်ခြင်း၊ အသားရောင်ပြောင်းလဲတတ်ခြင်းနှင့် ရှရာပွန်းရာများ ကျန်ခြင်းတို့သာဖြစ်တယ်။

    2. Carbon Dioxide (CO2) Laser

    ဒီနည်းဟာလည်း ခွဲစိတ်စရာမလိုသောနည်းဖြစ်ပြီး လှိုင်းအလျား ၁၀၆၀၀ နာနိုမီတာရှိသော အလင်းကိုသုံးကာ ထိခိုက်ထားသော အရေပြားအပြင်လွှာကိုဖယ်ရှားပြီး ပိုပြီးချောမွေ့နူးညံ့သော အရေပြားလွှာအသစ်ဖြစ်ပေါ်စေပါတယ်။ ထိုနည်းဟာနက်သောအရေးအကြောင်းများ၊ အမည်းစက်များ၊ ဝက်ခြံအမာရွတ်များနှင့် မှည့်များကိုဖယ်ပစ်ရန် အသုံးအများဆုံးဖြစ်တယ။်

    သွေးထွက်မှုနည်းစေပြီး အရေပြားဧရိယာသေးသေးလေးမှာတောင် လုပ်နိုင်ပါတယ်။ ဒါကြောင့်ဘေးပတ်ဝန်းကျင်မှ အရေပြားများထိခိုက်ခြင်း နည်းပြီး၊ အမာရွတ်ကျန်နိုင်ချေလည်းနည်းပါတယ်။ ကုသပြီးတဲ့အခါ ၅-၇ ရက်လောက်မှာ ကွာကျသွားမည့် အလွှာပါးလေးတစ်ခုဖြစ်လာနိုင်ပါတယ်။ သေချာပျောက်ကင်းကောင်းမွန်ရန်အတွက် စောင့်ရှောက်ရမည့်နည်းများကို သေချာလိုက်နာသင့်ပါတယ်။

    ၃။ Platelet-Rich Plasma (PRP) Therapy – Vampire Facelift

    ထိုနည်းဟာ “Vampire Facelift.” လို့လည်းခေါ်ပြီး နောက်ထပ်သုံးလေ့ရှိသော နည်းဖြစ်တယ်။ PRP နည်းဟာ သင့်သွေးထဲမှ platelets ဟုခေါ်သော သွေးဆဲလ်တစ်မျိုးကိုသုံးကာ သင့်အရေပြားကို ပြုပြင်ကောင်းမွန်စေပါတယ်။

    ပါးစပ်၊ မျက်လုံး၊ နှာခေါင်း၊ ပါးမှအရေးအကြောင်းများ၊ အသားရေလျော့ရဲခြင်းများကို ကုသရန်သုံးတယ်။ လက်ဖဝါး၊ ခြေဖမိုး၊ တံတောင်ဆစ်၊ ဒူးတို့မှာ အသားအရေပျော့တွဲခြင်းတို့အတွက်လည်း သုံးနိုင်ပါတယ်။

    သင့်သွေး ၂၀-၄၀ စီစီလောက်ယူကာ စက်နဲ့လှည့်ပြီး platelets များနှင့် သွေးနီဥများကိုခွဲထုတ်ပါလိမ့်မယ်။ platelets တွေမှာ ပျက်စီးနေတဲ့ အသားအရေအတွက် ပရိုတင်းများကိုထုတ်နိုင်ပြီး ဆရာဝန်က ထို platelets များကို ကုသလိုသောနေရာဆီ ထိုးထည့်မှာဖြစ်တယ်။ ကော်လဂျင်ထုတ်မှု၊ အရေပြားပြန်လည်ပြုပြင်မှု၊ ဆဲလ်ကြီးထားမှု၊ တစ်သျှူးထုတ်လုပ်မှုတို့အတွက်ဖြစ်တယ်။

    PRP နည်းဟာ ဘေးထွက်ဆိုးကျိုးအနည်းငယ်ရှိပါတယ်။ ဆေးထိုးရာမှာ ပွန်းခြင်းရှခြင်း၊ နာကျင်ခြင်း၊ ရောင်ရမ်းနီရဲခြင်းတွေဖြစ်တတ်တယ်။ ရက်အနည်းငယ်သာကြာမည်ဖြစ်ပြီး ထို့ထက်ပိုကြာ၊ ပိုဆိုးပါက ဆရာဝန်ကိုချက်ခြင်းအသိပေးသင့်ပါတယ်။

    ၄။ Dual Fractional Laser

    Fraxel Dual လို့လည်းသိသော ထိုနည်းဟာ အရေပြားစားခြင်းနည်းအသစ်ဖြစ်တယ်။ အညိုအမည်းစက်၊ ရောင်ခြယ်ပစ္စည်းများခြင်းများအတွက် အာနိသင်ပိုရှိပါတယ်။ အရေးအကြောင်းများ၊ အမာရွတ်များ၊ ရောင်ခြယ်ပစ္စည်းများနေသောအသားအရေ၊ နေလောင်ခြင်း၊ ကင်ဆာမတိုင်မီအရေပြားဆဲလ်ပွားခြင်းများကိုကုသနိုင်ပြီး လေဆာနှစ်မျိုးသုံးပါတယ်။

    တစ်ခုမှာ လှိုင်းအလျား ၁၉၂၇ နာနိုမီတာသုံးပြီး နောက်တစ်ခုက လှိုင်းအလျား ၁၅၅၀ နာနိုမီတာသုံးတယ်။

    ထိုနည်းလမ်းဟာ အရေပြားအတွက် သက်တောင့်သက်သာရှိတယ်လို့ဆိုကြပါတယ်။ ကုသနေစဉ်အတွင်းမှာ အနည်းငယ်ပူနွေးနိုင်ပြီး ပြီးလျှင် နီရဲကျန်နေတတ်ပေမယ့် ရက်သတ္တပတ်အနည်းငယ်အတွင်း ပျောက်သွားပါတယ်။ ၁ရက်မှ ၄ရက်ခန့်မှာ ကုသမှုအရှင်းကောင်းလေ့ရှိတယ်။

    ၅။ Fractional Radiofrequency (RF) – Growth factors

    ထိုနည်းဟာ bipolar radiofrequency energy ကိုသုံးသော နည်းအသစ်ဖြစ်တယ်။ လှိုင်းအလျားက ၈၀၀၀၀ နာနိုမီတာဖြစ်ပြီး အမည်းစက်များ၊ အရေးအကြောင်းများ၊ ဝက်ခြံအမာရွတ်များ၊ အကြောပြတ်ရာများကိုကုသရန်သုံးနိုင်တယ်။

    Dual laser fractional နည်းကဲ့သို့ပင် ဒီနည်းမှာ ခွဲရန်စိတ်ရန်မလိုဘဲ အသားအရေအမျိုးမျိုးအတွက်သုံးနိုင်ပြီး ကုသမှုအပြီးမှာလည်း နီရဲခြင်းနည်းပါတယ်။ အချိန်တိုတိုအတွင်းပြန်ကောင်းပြီး ကုသမှုအပြီး စောင့်ရှောက်ဖို့ကလည်း ဝန်နည်းပါတယ်။

    မည်သည့်နည်းသုံးသင့်သလဲ မသေချာပါက အရေပြားအထူးကုနှင့်သေချာတိုင်ပင်သင့်ပါတယ်။ ထည့်တွက်သင့်သောအရာများမှာ ကုန်ကျစရိတ်၊ ပြန်ကောင်းရန်ကြာချိန်နှင့် သင့်အရေပြား၊ ပြဿနာတို့နှင့် အဆင်ပြေမပြေတို့ဖြစ်တယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 02/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement