အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen

နေရောင်ခြည်နဲ့ ထိတွေ့မှုများရင် နေလောင်တာ၊ အရေပြားတွေ ပျက်စီးတာကိုတော့ သိထားကြမှာပါ။ နောက်ထပ် ပိုအရေးကြီးတဲ့အချက်က နေရောင်ခြည်မှာပါတဲ့ UVလှိုင်းတွေက အရေပြားကင်ဆာ ဖြစ်စေနိုင်တယ်ဆိုတာပါပဲ။ အရေပြားကင်ဆာဖြစ်စေတဲ့ အချက်တွေထဲမှာ နေရောင်ခြည်က ထိပ်ဆုံးက ပါနေပါတယ်။ ဒါကြောင့် နေရောင်ခြည်ကို ကာကွယ်တာက အရေပြားကင်ဆာကို ကာကွယ်နေတာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ Sunscreenတွေက အရေးကြီးလာပါပြီ။ Sunscreenတွေက နေရောင်ခြည်က UVလှိုင်းတွေကို ကာကွယ်ပေးနိုင်တာကြောင့် Sunscreenတွေကို ပုံမှန်လိမ်းတာက အရေပြားကင်ဆာကို ကာကွယ်နည်းတစ်မျိုးပါပဲ။ Sunscreenလိမ်းတာအပြင် နေပူထဲသွားတဲ့အခါ ထီး၊ ဦးထုပ်ဆောင်းမယ်၊ အဝတ်အစားကို လုံလုံခြုံခြုံဝတ်မယ်ဆိုရင် အရေပြားကင်ဆာ ဖြစ်နိုင်ခြေက တော်တော်ကြီး နည်းသွားမှာ ဖြစ်ပါတယ်။ အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen Sunscreenနဲ့ ပတ်သက်လာရင် သိထားဖို့လိုတဲ့ ‘W’ ၅လုံး ရှိပါတယ်။ WHO (ဘယ်သူတွေ လိမ်းဖို့လိုသလဲ) နေရောင်တဲ့ထိတွေ့တဲ့ ဘယ်သူမဆို […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

အသားအရေ ထိန်းသိမ်းခြင်း

အလှအပအတွက်တင်မက ကျန်းမာရေးအတွက်ပါ အသုံးဝင်တဲ့ မြန်မာ့ သနပ်ခါး

သနပ်ခါး ဆိုတာကို အထူးတလည် မိတ်ဆက်ပေးဖို့ လိုမယ်တော့ မထင်ပါဘူး။ မြန်မာနိုင်ငံက အမျိုးသမီးတွေနဲ့ ကလေးငယ်လေးတွေ မျက်နှာပြင်မှာ အတွေ့ရများပါတယ်။ မြန်မာအမျိုးသမီးတွေက ရှေးအစဉ်အဆက် ကာလတွေကတည်းက သနပ်ခါးကို နှစ်နှစ်ခြိုက်ခြိုက် လူးလာခဲ့ကြတာပါ။ လူကြီးလူငယ်မရွေးလည်းလူးလို့ သင့်တော်ပါတယ်။ သနပ်ခါး ရဲ့ အသားအရေအတွက် ကောင်းကျိုးတွေက ဘာတွေများလဲ သနပ်ခါးက အသားအရေအတွက် ကောင်းတယ်ဆိုတာကို သိပ်ပြောစရာတောင် လိုမယ်မထင်ပါဘူး။ နွေရာသီလိုမျိုး ပူပြင်းတဲ့အခါ သနပ်ခါးရေကျဲလေး လူးပေးတာက အသားအေးသွားစေပါတယ်။ နေရောင်ခြည်ကြောင့် အသားအရေ နေလောင်တာတွေကိုလည်း သနပ်ခါးလူးပေးရင် သက်သာစေပါတယ်။ ခန္ဓာကိုယ်မှာ အပူဖုတွေ မိတ်ဖုတွေ ထွက်တဲ့အခါမျိုးမှာလည်း သနပ်ခါးလေး အုံထားလိုက် သက်သာသွားမယ်လို့ လူကြီးတွေပြောတာ ကြားဖူးကြမယ် ထင်ပါတယ်။ သနပ်ခါးက အရေပြားကို ခရမ်းလွန်ရောင်ခြည်ဒဏ်က ကာကွယ်ပေးနိုင်တဲ့ သဘာဝဆေး တစ်မျိုးပါ။ အရေပြား အစိုဓာတ်ကိုလည်း ထိန်းပေးပါသေးတယ်။ […]


အသားအရေ ထိန်းသိမ်းခြင်း

ကွန်ပျူတာနဲ့ဖုန်းမျက်နှာပြင်တွေကနေထွက်လာတဲ့ အလင်းရောင်တွေက အရေပြားကိုထိခိုက်စေနိုင်သလား

ကွန်ပျူတာနဲ့ဖုန်းမျက်နှာပြင်တွေကနေထွက်လာတဲ့ အလင်းရောင်တွေက အရေပြားကိုထိခိုက်စေနိုင်သလား ဆိုတာကို အဖြေထုတ် ကြည့်လိုက်ရအောင်နော်။ တိုးတက်လာတဲ့ခေတ်စနစ်အရ အလုပ်ခွင်တိုင်းမှာ ကွန်ပျူတာအသုံးပြုရတာတွေများလာသလို ဖုန်းမကိုင်တဲ့သူရယ်လို့လည်း သိပ်တောင်မရှိကြတော့ပါဘူး။တစ်နေ့တာရဲ့ အချိန်တော်တော်များများကိုလည်း ကွန်ပျူတာရှေ့မှာကုန်ဆုံးလာကြပါတယ်။ ကွန်ပျူတာတွေ၊ဖုန်းတွေသုံးတာများလာရင် မျက်လုံးကို ထိခိုက်လာနိုင်တယ်ဆိုတာကိုတော့ သိထားပြီးဖြစ်မှာပါ။ ဒီနေရာမှာပြောချင်တာက ကွန်ပျူတာ၊ ဖုန်းနဲ့ တီဗွီဖန်သားပြင်တွေက ထွက်လာတဲ့ အလင်းရောင်တွေက မျက်လုံးကိုပဲထိခိုက်စေနိုင်တာမဟုတ်ပါဘူး။ အသားအရေကိုပါထိခိုက်စေနိုင်သေးတယ် ဆိုတာပါ။ ကွန်ပျူတာနဲ့ဖုန်းမျက်နှာပြင်တွေကနေထွက်လာတဲ့ အလင်းရောင်တွေက အရေပြားကိုထိခိုက်စေနိုင်သလား အသားအရေကို ခရမ်းလွန်ရောင်ခြည်နဲ့ ပတ်ဝန်းကျင်က ညစ်ညမ်းတဲ့အရာတွေ ထိတွေ့မှုကြောင့်ပဲ ထိခိုက်ပျက်စီးနိုင်တာမဟုတ်ပါဘူး။ ကိုယ်တိုင်တောင်ထင်မထားတဲ့ အချို့အရာတွေကြောင့်လည်း အသားအရေထိခိုက်တာတွေဖြစ်နိုင်ပါတယ်။ ဘာတွေများဖြစ်မလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်။ " Computer face" ဆိုတာ ကွန်ပျူတာ မျက်နှာပြင်က ထွက်လာတဲ့ အလင်းရောင်တွေကြောင့် အရွယ်မတိုင်ခင် အသားအရေအိုမင်းရင့်ရော်တာကိုဆိုလိုတာပါ။ Destok ကွန်ပျူတာ မျက်နှာပြင်တွေက မျက်နှာမှာ အရေးအကြောင်းတွေ၊ အသားအရေတွန့်တာနဲ့ အရေပြားထိခိုက်ပျက်စီးတာတွေကိုဖြစ်စေနိုင်တဲ့ ခရမ်းလွန်ရောင်ခြည်တွေကို ထုတ်လွှတ်ပါတယ်။ ကံကောင်းတာတစ်ခုက […]


အသားအရေ ထိန်းသိမ်းခြင်း

အသားအရေခြောက်တဲ့သူတွေ ရွေးချယ်သင့်တဲ့ မျက်နှာသစ်ဆေး၊ အစိုဓါတ်ထိန်းခရင်မ်နဲ့ အစားအစာ

အသားအရေခြောက်တဲ့သူတွေ ရွေးချယ်သင့်တဲ့ မျက်နှာသစ်ဆေး၊ အစိုဓါတ်ထိန်းခရင်မ်နဲ့ အစားအစာ ပျိုမဒီလေးတွေရဲ့ အသားအရေတွေဟာ တစ်ယောက်နဲ့ တစ်ယောက် တော်တော်လေးကို မတူညီကြပါဘူးနော်။ အသားအရေ အမျိုးအစားကလည်း အမျိုးမျိုး ကွဲနေပါတယ်။ ခြောက်သွေ့တဲ့ အသားအရေ၊ အဆီပြန်တတ်တဲ့ အသားအရေ၊ ပေါင်းစပ်အသားအရေနဲ့ ထိခိုက်လွယ်တဲ့ အသားအရေဆိုပြီး ရှိပါတယ်။ ပျိုမဒီလေးရဲ့ အသားအရေက ဘယ်အမျိုးအစားလဲဆိုတာ သိထားဖို့ လိုအပ်ပြီး သင့်တော်တဲ့ မျက်နှာသစ်ဆေးနဲ့ အစိုဓါတ်ထိန်းခရင်မ်ကိုလည်း ရွေးချယ်တတ်ဖို့ လိုပါတယ်နော်။ ဒီတစ်ခါမှာတော့ အသားအရေခြောက်တဲ့ ပျိုမဒီလေးတွေအတွက် လမ်းညွန်ပေးမယ်နော်။ မျက်နှာသစ်ဆေး ပျိုမဒီလေး အသားအရေနဲ့ ပတ်သက်ပြီးတော့ မျက်နှာမှာ တင်းတင်းကျပ်ကျပ်ကြီး ဖြစ်နေတာနဲ့ အလွှားလိုက်လိုမျိုး ဖြစ်တာကို ခံစားမိနေတယ်ဆိုရင်တော့ ခြောက်သွေ့တဲ့ အသားအရေ ပိုင်ရှင်ပါ။ အသားအရေခြောက်ပြီး အမြဲလိုလို မွဲခြောက်နေတာကို ဘယ်သူမှ ကြိုက်မှာ မဟုတ်ဘူးနော်။ လိုအပ်တဲ့ အဆီ […]


အသားအရေ ထိန်းသိမ်းခြင်း

သုံးတဲ့ အလှကုန်တွေက ကိုယ့်အသားအရေနဲ့ မှားယွင်းနေတယ်ဆိုတာ သိနိုင်မယ့်အချက်များ

သုံးတဲ့ အလှကုန်တွေက ကိုယ့်အသားအရေနဲ့ မှားယွင်းနေတယ်ဆိုတာ သိနိုင်မယ့်အချက်များ ပျိုပျိုမေတို့ရေ တစ်ယောက်နဲ့တစ်ယောက် အသားအရေတွေက မတူညီကြပါဘူး။ အဲဒီတော့ သူများသုံးတဲ့ အလှကုန်ပစ္စည်းက ကိုယ်နဲ့လည်း တည့်ချင်မှ တည့်မှာပါ။ ဒီတော့ အလှကုန်ပစ္စည်းတွေ ဝယ်ယူတဲ့အခါမှာ သူများအသားအရေနဲ့ကိုက်ညီတိုင်း ကိုယ်နဲ့ အဆင်ပြေချင်မှ ပြေမယ်ဆိုတာကို သတိရပါ။ ဝယ်ပြီးတဲအခါမှာလည်း ကိုယ့်အသားအရေနဲ့ကိုက်ညီမှု ရှိမရှိဆိုတာ စစ်ဆေးပါ။ စစ်ဆေးနိုင်မယ့် နည်းလမ်းတစ်ချို့ကို ဖော်ပြလိုက်ပါတယ်နော်။ အဖုအပိန့်တွေ ထွက်လာခြင်း အဖုအပိန့်တွေ ထွက်တာဟာ တချို့ အလှကုန် ကုန်ပစ္စည်းတွေ အသုံးပြုခြင်းရဲ့ တုံ့ပြန်မှုကြောင့်ဖြစ်တဲ့ အလာဂျစ်တွေကြောင့် အများဆုံးဆိုပေမယ့် တခြားအချက်အလက်တွေ အများကြီး ရှိနေနိုင်ပါသေးတယ်။ မိတ်ကပ်တွေမှာ အလာ့ဂျစ်ဖြစ်စေတဲ့ ပစ္စည်းတွေ ပါဝင်မှု နည်းပေမယ့် မျက်နှာ ကြာရှည်စွဲထင်အောင်နဲ့ အနံ့ကောင်းအောင် ပြုလုပ်ထားတဲ့ ပစ္စည်းတွေကတော့ အဖုအဖိန့် ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အဖုအဖိန့်တွေ ဖြစ်လာတယ်ဆိုရင် […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

မျက်ခုံးမွေးထူထူနက်နက်ဖြစ်အောင် လုပ်လို့ရမယ့် နည်းလမ်းများ

မျက်ခုံးမွေး ထူထူနက်နက်ဖြစ်အောင် လုပ်လို့ရမယ့် နည်းလမ်းများ အကြောင်း ဖော်ပြပေးလိုက်ပါတယ်။ ယောက်ျားလေးရော မိန်းကလေးရော မျက်ခုံးမွေးလေးတွေ ထူပြီး နက်မှောင်နေရင် တော်တော်လေးကို ကြည့်ကောင်းပြီး လှတာကို သတိထားမိကြမှာပါ။ မိန်းကလေးတွေမှာဆိုရင် မျက်ခုံးမွေးလေး ထူနေတဲ့ပုံစံပေါက်အောင် မျက်ခုံးမွေးဆွဲခဲတံနဲ့ ဆွဲတာတွေ ရှိသလို တက်တူးလိုမျိုး ပုံဖော်ပြီးထိုးတာတွေလည်း ရှိလာပါပြီ။ ဒီတစ်ခါမှာတော့ ခဲတံမကူ၊ တက်တူးမလိုဘဲ သဘာဝအတိုင်းလေး ထူပြီး နက်မှောင်နေအောင် လုပ်လို့ရမယ့် သဘာဝနည်းလမ်းလေး မျှဝေချင်ပါတယ်။ https://hellosayarwon.com/skin-health/skin-care-cleansing/what-is-the-shelf-life-of-cosmetics/ မျက်ခုံးမွေးထူထူနက်နက်ဖြစ်အောင် လုပ်လို့ရမယ့် နည်းလမ်းများ မျက်ခုံးမွေးထူထူနက်နက်ဖြစ်အောင် လုပ်လို့ရမယ့် နည်းလမ်းများ ကတော့ အုန်းဆီ အုန်းဆီက ဆံပင်တင်မဟုတ်ဘူး၊ မျက်ခုံးမွေးအတွက်ပါ လိမ်းလို့ရတယ်နော်။ အုန်းဆီဟာ အစိုဓာတ်ပေးတဲ့ Moisturizer တွေလိုမျိုး ပေါင်းတင်ဆေးတစ်မျိုးဖြစ်ပြီး သွေးလည်ပတ်မှုကို အားကောင်းစေပါတယ်။ အုန်းဆီထဲမှာ ပါဝင်တဲ့ Fatty acid ဟာ ဆံပင်လိုမျိုး မျက်ခုံးမွေးတွေ ကျိုးကြေ ပျက်စီးတာကို […]


အသားအရေ ထိန်းသိမ်းခြင်း

ပျိုပျိုမေတို့ရဲ့ ခေါင်းအစခြေအဆုံးအလှကို သံပုရာသီး နဲ့ပြင်ကြမယ်

သံပုရာသီး က ကျန်းမာရေးအတွက် အစွမ်းထက်တယ်ဆိုတာတော့ သိထားပြီး ဖြစ်မှာပါ။ တကယ်တော့ သံပုရာသီးက ကျန်းမာရေးအပြင် အလှအပ ရေးရာမှာလည်း တော်တော်လေး အသုံးဝင်တဲ့ အစွမ်းထက် အသီးတစ်မျိုးပါပဲ။ ပျိုမဒီလေးတို့ရဲ့ ဆံပင်၊ မျက်နှာက ဝက်ခြံတွေနဲ့ ချိုင်းက အမည်းတွေကို ဖယ်ရှားချင်တယ်တော့ ဆိုရင်တော့ သံပုရာသီးကို ချက်ချင်း သတိရလိုက်နော်။ သံပုရာသီး တစ်အောင်စမှာ ဗီတာမင်စီဓာတ် (၉.၂) မီလီဂရမ် ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါ့အပြင် ဗီတာမင်အေ၊ ဗီတာမင်အီး၊ ဗီတာမင်ကေ၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်တွေလည်း ပါဝင်ပါသေးတယ်။ သံပုရာသီးက အမည်းစက်တွေကို ကင်းစေပြီး အသက်အရွယ်ကြီးရင့်ခြင်းကြောင့် ဖြစ်ပေါ်တဲ့ လက္ခဏာ အရေးအကြောင်းတွေ ဖြစ်တာကိုလည်း လျှော့ချပေးပါတယ်။ UV raysတွေကြောင့် အသားအရေ မညီတာကိုလည်း ထိန်းညှိပေးပါတယ်။ မျက်နှာပေါ်မှာ ကြွက်သားတွေ တင်းမာမှုကြောင့် […]


အသားအရေ ထိန်းသိမ်းခြင်း

Sunscreenကို ဘာကြောင့်လိမ်းသင့်သလဲ

ပျိုပျိုမေတို့ရေ အလှအပဆိုတာ မျက်နှာပေါ်က ကာလာစုံအလှတွေအပြင် အသားအရေရဲ့ အလှအပလည်း လိုအပ်ပါတယ်။ ဒါမှ မျက်နှာလေး လှသလို အသားအရေလေးလည်း စိုပြေပြီး လိုက်ဖက်ညီစွာ လှမှာပါ။ ဒီလို စိုပြေကြည်လင်တဲ့ မျက်နှာနဲ့ အသားအရေ ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ Sunscreen ကို မေ့ထားလို့ မရဘူးနော်။ ပျိုပျိုမေတို့ရေ နေပူထဲ ထွက်တဲ့အခါတိုင်းမှာ Sunscreen လေး မဖြစ်မနေလိမ်းပါ။ နေပူထိနိုင်မယ့် ကိုယ်ရဲ့ အသားအရေနေရာရာတွေကို လိမ်းပေးပါ။ Sunscreen ဘာလို့လိမ်းသင့်တယ်ဆိုတာ Hello Sayarwon ကနေ မျှဝေလိုက်ပါတယ်။ ပျိုပျိုမေတိုင်း ငယ်ရွယ်နုပျိုခြင်းနဲ့ ကျန်းမာတဲ့ အသားအရေကို ပိုင်ဆိုင်ချင်ကြတာပါပဲ။ ဒါက Sunscreen လိမ်းကို လိမ်းသင့်တဲ့ အကြောင်းရင်းပါပဲနော်။ Sunscreen ဟာ တင်းတိပ်နဲ့ အရေးအကြောင်းတွေလိုမျိုး အသက်အရွယ်ကြီးရင့်မှု လက္ခဏာတွေ ပြခြင်းကနေ […]


အသားအရေ ထိန်းသိမ်းခြင်း

ဒူးနဲ့ တံတောင်ဆစ်က အမည်းတွေကို လက်ပြနှုတ်ဆက်နိုင်ဖို့ ဘာတွေ လုပ်ဆောင်မလဲ

ဒူးနဲ့ တံတောင်ဆစ်မှာ အမည်းတွေရှိတာကို အာရုံအစိုက်ဆုံးကတော့ မိန်းကလေးတွေ ဖြစ်မယ်လို့ ထင်ပါတယ်။ ဒူးနဲ့ တံတောင်ဆစ်မှာ အမည်းတွေရှိနေတာကို ကိုကိုတွေအနေနဲ့ အများကြီး မခံစားပေမယ့် မမတွေကတော့ အလှဖျက်တဲ့အရာလို့တောင် တွေးတတ်ပါတယ်။ ဘာလို့လဲဆိုတော့ အင်္ကျီလက်တိုနဲ့ ဘောင်းဘီ၊ စကပ် ဒူးအထက်လေးတွေ ဝတ်ရင် မလှမှာ စိုးတာကြောင့်ပါ။ ဒူးနဲ့တံတောင်ဆစ် မည်းရတဲ့ အကြောင်းရင်းတွေလည်း ရှိပါသေးတယ်။ မျိုးရိုးလိုက်ခြင်း၊ အသားအရေခြောက်သွေ့ခြင်း၊ နေရောင်ခြည်အထိတွေ့များခြင်း၊ ဆေးတွေသောက်ရခြင်း၊ ကျန်းမာရေးလိုက်စားမှု အားနည်းခြင်း၊ အဝလွန်ခြင်းနဲ့ Addison’s syndrome လိုမျိုး ရောဂါ ရှိခြင်း၊ ဟော်မုန်းအပြောင်းအလဲ ဖြစ်ခြင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဒီလိုဆိုရင်တော့ ဒူးနဲ့ တံတောင်ဆစ်က အမည်းတွေကို လက်ပြနှုတ်ဆက်လိုက်ဖို့ အချိန်ရောက်ပါပြီ။ ဘာတွေလုပ်ဆောင်ရမလဲဆိုတာ ဖတ်ကြည့်ပါဦးနော်။   (၁) ပျားရည် ပျားရည်ဟာ တံတောင်ဆစ်ရဲ့ အမည်းတွေအတွက်တော့ သဘာဝအကောင်းဆုံး အဆီတစ်မျိုးပါပဲ။ […]


အသားအရေ ထိန်းသိမ်းခြင်း

ကျန်းမာလှပတဲ့အသားအရေ ပိုင်ဆိုင်နိုင်စေမယ့် အလေ့အထ ၆ ခု

ကိုယ့်ရဲ့ အသက်အရွယ်က ၁၅ နှစ်ပဲဖြစ်ဖြစ် ၆၅ နှစ်ပဲဖြစ်ဖြစ် အသားအရေကိုတော့ ဂရုစိုက်ဖို့လိုနေမှာပါပဲ။ အားတဲ့ရက်မို့ နေပူထဲလျှောက်သွားနေနေ၊အလုပ်သွားရင်းပဲဖြစ်ဖြစ် နေ့တိုင်းသွားလာနေရတဲ့ အလုပ်မျိုးကိုလုပ်နေရရင်ပဲဖြစ်ဖြစ် ဘယ်လိုအနေအထားမျိုးမှာပဲ ပဲဖြစ်နေ ဖြစ်နေ လူတိုင်းက အရင်ဆုံးသတိထားမိမှာက ကျွန်မတို့အသားအရေကိုပါ။ ကျန်းမာလှပတဲ့အသားအရေ ပိုင်ဆိုင်ထားခြင်းကလည်း လူကိုယုံကြည်မှုပိုတိုးစေတဲ့အရာတစ်ခုပါပဲ။ ကျန်းမာလှပတဲ့ အသားအရေပိုင်ရှင် ဖြစ်ချင်တဲ့ဆန္ဒ လူတိုင်းမှာရှိမယ်ထင်ပါတယ်။ ဒါပေမယ့် ကျန်းမာလှပတဲ့ အသားအရေပိုင်ဆိုင်ဖို့ဆိုတာက ဆန္ဒရှိရုံ နဲ့ဖြစ်လာမယ့်အရာတော့မဟုတ်ပါဘူး။ အလုပ်များတယ်ဆိုပေမယ့်လည်း ကျွန်မတို့မိန်းကလေးတွေရဲ့ အလှတရားပို ပိုမိုပြီးပြည့်စုံစေတဲ့ အသားအရေကောင်းခြင်းကိုရရှိဖို့အတွက် ဒီနေ့ကစပြီး အချိန်နည်းနည်းပေးကြည့်ကြရအောင်လား။ အသားအရေကျန်းမာလှပစေဖို့က နေ့စဉ်လုပ်ဆောင်နေကျ အလေ့အထတွေက ကျန်းမာရေးနဲ့ညီညွတ်ဖို့လိုသလို အသားအရေနဲ့ လိုက်ဖက်မယ့် အသားအရေထိန်းသိမ်းမှုတွေလုပ်ဆောင်ဖို့လိုတယ်ဆိုတာကိုလည်း မေ့ထားလို့မရပါဘူး။ အသားအရေကျန်းမာလှပအောင်လုပ်ရမယ့် အရာလေးတွေက ဘာတွေများဖြစ်မလဲဆိုတာကို ကြည့်လိုက်ရအောင်။ အသားအရေကျန်းမာလှပစေမယ့် အလေ့အထများ ရေသောက်ပေးပါ။ သိပြီးသားဖြစ်ကောင်းဖြစ်မှာပါ။ အသားအရေလှပစေဖို့ ရေလုံလောက်အောင်သောက်ပေးရမယ်ဆိုတဲ့အချက်ကို တော်တော်များများ ကြားဖူးမယ်ထင်ပါတယ်။ အသားအရေကျန်းမာလှပဖို့ဆိုတာက ခန္ဓါကိုယ်ကရေဓါတ် […]


ဝက်ခြံ

ဆားဝက်ခြံကို ဘယ်လိုဖယ်ရှားမလဲ

ဆားဝက်ခြံတွေကတော်တော်လေးကိုအလှပျက်စေတဲ့အရာတစ်ခုလို့ဆိုလို့ရပါတယ်။ မျက်နှာပေါ်မှာဆားဝက်ခြံတွေရှိနေရင် စိတ်ကသိကအောင့်ဖြစ်သလို အသားကိုယားယံတာမျိုးလည်းဖြစ်စေနိုင်ပါတယ်။ ဆားဝက်ခြံက အမျိုးသားရော အမျိုးသမီးတွေမှာပါဖြစ်တတ်ပါတယ်။ ဒီတစ်ခေါက်ကတော့ ဆားဝက်ခြံ ဘယ်လိုဖြစ်လာတာလဲဆိုတာကနေ စလို့ ဘယ်လိုလုပ်ရင် သက်သာစေမလဲဆိုတာအထိ ဖတ်မိသမျှကိုပြန်လည်ဝေမျှပေးချင်ပါတယ်။ ဆားဝက်ခြံဆိုတာ နားလည်အလွယ်ဆုံးဖြစ်အောင်ပြောပြရရင် ဆားဝက်ခြံဆိုတာက မျက်နှာပေါ်ကချွေးပေါက်တွေထဲမှာ အဆီပိုတွေနဲ့ မျက်နှာအရေပြားပေါ်က ဆဲလ်သေတွေ ပိတ်ဆို့ရာကနေဖြစ်လာတဲ့အရာတွေပါ။ ဆားဝက်ခြံကလည်း ဝက်ခြံအမျိုးအစားတစ်ခုပါပဲ။ များသောအားဖြင့်ကတော့ မျက်နှာမှာအဖြစ်များပါတယ်။ကျော၊ ရင်ဘတ် နဲ့ ပုခုံးတွေမျာလည်း ဆားဝက်ခြံတွေဖြစ်တတ်ပါတယ်။ တချို့ဆိုရင် နားတွေထဲမှာတောင်ဖြစ်တာမျိုးတွေ့ဖူးပါတယ်။   ဆားဝက်ခြံက ဘာလို့အနက်ရောင်ဖြစ်နေရတာလဲ ညစ်ပတ်ဖုန်မှုန့်တွေနဲ့ အဆီတွေထိတွေ့တာကြောင့် အနက်ရောင်ဖြစ်သွားတယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ မဟုတ်ပါဘူး။ အရေပြားအတွင်းပိုင်းက အဆီနဲ့ ပြင်ပလေထုထဲကအောက်ဆီဂျင်တို့ထိတွေ့မိတာကြောင့် အနက်ရောင်အဖြစ်ပြောင်းလဲသွားတာပါ။   ဘယ်သူတွေမှာ ဆားဝက်ခြံဖြစ်နိုင်သလဲ ဆယ်ကျော်သက်တွေမှာ အဖြစ်များပါတယ်။ အရွယ်ရောက်ပြီးသူတွေမှာလည်း ဆားဝက်ခြံတွေဖြစ်တတ်ပါတယ်။ ဆယ်ကျော်သက်တွေရဲ့ မျက်နှာပြင်ပေါ်မှာတော့ ဆားဝက်ခြံက အဖြစ်အများဆုံးပါပဲ။ နဖူးနဲ့ နဖူးတဝိုက်မှာပိုအဖြစ်များပါတယ်။   ဆားဝက်ခြံမဖြစ်အောင်ဘယ်လိုကာကွယ်မလဲ အဆီများတဲ့အသားအရေ ထိန်းသိမ်းမှုပစ္စည်းတွေကိုရှောင်ရှားပေးပါ။ရေကိုအခြေခံပြီးထုတ်ထားတဲ့ အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေကိုပဲ အဓိကထားရွေးချယ်ပေးပါ။ မိတ်ကပ်လိမ်းတတ်တဲ့သူတွေဆိုရင်လည်း အစိုဓါတ်ထိန်းခရင်မ်ပါပြီးသား မိတ်ကပ်ကိုရွေး […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Hello Sayarwon Medical Panel

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း