အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen

နေရောင်ခြည်နဲ့ ထိတွေ့မှုများရင် နေလောင်တာ၊ အရေပြားတွေ ပျက်စီးတာကိုတော့ သိထားကြမှာပါ။ နောက်ထပ် ပိုအရေးကြီးတဲ့အချက်က နေရောင်ခြည်မှာပါတဲ့ UVလှိုင်းတွေက အရေပြားကင်ဆာ ဖြစ်စေနိုင်တယ်ဆိုတာပါပဲ။ အရေပြားကင်ဆာဖြစ်စေတဲ့ အချက်တွေထဲမှာ နေရောင်ခြည်က ထိပ်ဆုံးက ပါနေပါတယ်။ ဒါကြောင့် နေရောင်ခြည်ကို ကာကွယ်တာက အရေပြားကင်ဆာကို ကာကွယ်နေတာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ Sunscreenတွေက အရေးကြီးလာပါပြီ။ Sunscreenတွေက နေရောင်ခြည်က UVလှိုင်းတွေကို ကာကွယ်ပေးနိုင်တာကြောင့် Sunscreenတွေကို ပုံမှန်လိမ်းတာက အရေပြားကင်ဆာကို ကာကွယ်နည်းတစ်မျိုးပါပဲ။ Sunscreenလိမ်းတာအပြင် နေပူထဲသွားတဲ့အခါ ထီး၊ ဦးထုပ်ဆောင်းမယ်၊ အဝတ်အစားကို လုံလုံခြုံခြုံဝတ်မယ်ဆိုရင် အရေပြားကင်ဆာ ဖြစ်နိုင်ခြေက တော်တော်ကြီး နည်းသွားမှာ ဖြစ်ပါတယ်။ အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen Sunscreenနဲ့ ပတ်သက်လာရင် သိထားဖို့လိုတဲ့ ‘W’ ၅လုံး ရှိပါတယ်။ WHO (ဘယ်သူတွေ လိမ်းဖို့လိုသလဲ) နေရောင်တဲ့ထိတွေ့တဲ့ ဘယ်သူမဆို […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

အသားအရေ ထိန်းသိမ်းခြင်း

Sunburn (နေလောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Sunburn (နေလောင်ခြင်း) ကဘာလဲ။ နေလောင်ခြင်းဟာနေရောင်ထိသောကြောင့်ဖြစ်လာသော ပုံမှန်တုံ့ပြန်မှုတစ်ခုဖြစ်တယ်။ ပိုသေသေချာချာနားလည်စေရန် အလင်းရောင်စဉ်ရဲ့ အခြေခံစည်းမျဉ်းတချို့ကိုလေ့လာကြည့်ရအောင်။ ခရမ်းလွန်ရောင်စဉ်ကို သုံးမျိုးခွဲထားပါတယ်။ နှစ်ခုကတော့ UVA နဲ့ UVA တို့ဖြစ်ပြီး ထိုနှစ်မျိုး၏လှိုင်းအလျားမှာ ကမ္ဘာထိရောက်ကာ ဆဲလ်တွေပေါ်မှာ သက်ရောက်နိုင်ပါတယ်။ UVC ကတော့ အိုဇုန်းလွှာမှစုပ်ယူသွားတာကြောင့် ကမ္ဘာပေါ်မရောက်ပါဘူး။ အရေပြားမှကိုလာရောက်ထိသော အလင်းပမာဏကို erythema dose ဟုခေါ်ပြီး နေမလောင်ဘဲ အရေပြားမှစုပ်ယူနိုင်သော အလင်းပမာဏကို MED ဟုခေါ်ပါတယ်။ နေရောင်အောက်မှ အချိန်ကြာနေတဲ့အခါ၊ သို့ နေလောင်ကာသော အဝတ်အစားများမဝတ်တဲ့အခါ အရေပြားကိုထိသောအလင်းများပြီး MED ကိုကျော်ကာ နေလောင်ခြင်းဖြစ်စေပါတယ်။ Sunburn (နေလောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အမတန်အဖြစ်များတယ်။ နေတစ်ခုတည်းကြောင့်မဟုတ်ဘဲ အနောက်တိုင်းတွေမှာ အသားညိုရန်အသုံးပြုသောမွေ့ရာ၊ အခြားခရမ်းလွန်ရောင်ခြည်ပါသော အရင်းအမြစ်တို့ကြောင့်လည်း နေလောင်နိုင်တယ်။ အရွယ်မရွေးဖြစ်နိုင်ပြီး ခရမ်းလွန်ရောင်ခြည်ဟာ တိမ်တွေကိုလည်းဖြတ်သွားနိုင်တာကြောင့် တိမ်ထူသောနေ့တွေမှာလည်း နေလောင်နိုင်ပါတယ်။ ဖြစ်နိုင်သောအခြေအနေတွေကို ရှောင်ရှားခြင်းဖြင့် ထိန်းသိမ်းနိုင်တယ်။ […]


အသားအရေ ထိန်းသိမ်းခြင်း

Dry Skin (အသားခြောက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Dry Skin (အသားခြောက်ခြင်း) ကဘာလဲ။ အရေပြားယားယံခြင်း၊အက်ကွဲခြင်း၊အဖတ်ဖတ်များကွာကျခြင်းစသည်တို့သည်အရေပြားခြောက်သွေ့ခြင်း၏လက္ခဏာများ ပင်ဖြစ်သည်။ အထူးသဖြင့်ခြေသလုံး၊လက်မောင်းနှင့်ဝမ်းဗိုက်နေရာတို့တွင်ဖြစ်ပေါ်တတ်သည်။ အသားခြောက်ခြင်းကိုကာကွယ်ရန် အောက်ပါတို့ကိုလုပ်ဆောင်သင့်ပြီး အသေးစိတ်အချက်အလက်များကိုတော့သက်ဆိုင်ရာဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်သည်။   လက္ခဏာများDry Skin (အသားခြောက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အသားခြောက်ခြင်း၏လက္ခဏာများမှာ- အရေပြားဆွဲဆန့်ထားသလိုတင်းတင်းကြီးခံစားရခြင်း (အထူးသဖြင့် ရေချိုးခြင်း ရေကူးခြင်းတို့ပြုလုပ်ပြီးနောက်) အရေပြားကြမ်းသည်ဟုခံစားရခြင်း ယားယံခြင်း အသားပတ်ခြင်း၊ပိုမိုဆိုးရွားစွာအဖတ်ဖတ်ကွာကျခြင်း အရေပြားအက်ကွဲခြင်း၊တွန့်ခါက်ခြင်း အသားညိုသူများတွင် အဖြူဖတ်ဖတ်များပေါ်လာခြင်း နီရဲလာခြင်း အက်ကွဲရာမှသွေးထွက်ခြင်း ထိုလက္ခဏာများသည်သေချာမထိန်းသိမ်းပါကအရေပြားရောင်ရမ်းခြင်းထိဖြစ်သွားနိုင်သည်။ အလွန်အမင်းအသားခြောက်ခြင်းသည် အက်ကွဲကြောင်းများပေါ်လာပြီးသွေးထွက်နိုင်ပြီး ပိုးမွှားများဝင်ရောက်နိုင်သည်။ ထိုသို့အရေပြား၏နောက်ဆက်တွဲဆိုးကျိုးများဖြစ်မလာအောင် နီးစပ်ရာဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်သည်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ အထက်ဖော်ပြပါလက္ခဏာတစ်ခုခုရှိခဲ့သည်ဖြစ်စေ သို့ အသားခြောက်ခြင်းနှင့်ပတ်သတ်ပြီး တစ်ခုခုခံစားရလျှင် နီးစပ်ရာဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်သည်။ အကြောင်းရင်းများDry Skin (အသားခြောက်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ အချို့သောကျန်းမာရေးပြသနာများသည်လည်းအသားခြောက်ကိုဖြစ်စေနိုင်သည်။ သို့သော်အများစုအသားခြောက်ခြင်းကိုဖြစ်ပေါ်စေသောအကြောင်းအရာများမှာ- ရာသီဥတု- ဆောင်းရာသီကဲ့သို့အအေးဓါတ်လွန်ကဲခြင်းနှင့်အစိုဓါတ်ကျဆင်းခြင်းတို့သည်အသားခြောက်ခြင်းကို ဖြစ်ပေါ်စေနိုင်သည်။ အပူပိုင်းဒေသများ၏အပူ လွန်ကဲခြင်းကလည်း အသားခြောက်ခြင်းကိုဖြစ်ပေါ်စေနိုင်သည်။ အပူလွန်ကဲခြင်း- အပူ ဓါတ်ရရှိအောင်သုံးလေ့ရှိသောအပူပေးစနစ်များ၊ထင်းမီးဖို၊မီးဖိုတို့သည် စိုထိုင်းမှုကို လျော့ကျစေခြင်းကြောင့် အရေပြားကိုခြောက်သွေ့စေသည်။ ရေနွေးဖြင့်အချိန်ကြာရေချိုးခြင်း၊ ကလိုရင်းခတ်ထားသောရေကူးကန်များတွင်ရေကူးခြင်းတို့သည်လည်း အရေပြးကိုခြောက်သွေ့စေသည်။ ဆပ်ပြာနှင့်အဝတ်လျှော်ဆပ်ပြာမှုန့် -အချို့ဆပ်ပြာနှင့်ဆပ်ပြာမှုန့်များတွင်ပါဝင်သောပစ္စည်းအချို့က အရေပြား၏အစို ဓါတ်ကိုပျက်စီးစေသည်။ ချွေးနံ့နှင့်ပိုးမွှားကင်းစင်စေသောဆပ်ပြာများသည် အဆိုးဆုံးဖြစ်သည်။ ခေါင်းလျှော်ရည်အချို့မှာလည်းထိုကဲ့သို့ပင်ဖြစ်သည်။ နေရောင်ခြည်နှင့်ထိတွေ့ခြင်း -နေရောင်ခြည်တွင်ပါသောခရမ်းလွန်ရောင်ခြည်သည်အရေပြားအတွင်းပိုင်းထိ ဝင်ရောက်နိုင်သည်။ ထိုအခါ အရေပြားပျက်စီးလာပြီး အရေးအကြောင်းများ၊အရေပြားတွဲကျခြင်းများဖြစ်ပေါ်လာနိုင်သည်။ အချို့ရောဂါ eczemaနှင့် […]


ကူးစက်နိုင်သော အရေပြားရောဂါများ

Scabies (ဝဲပေါက်ခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Scabies (ဝဲပေါက်ခြင်း ) ကဘာလဲ။ ဝဲသည် အရေပြားရောဂါတစ်ခုဖြစ်ပြီး သေးငယ်ငယ်သော ပိုးလှေးဖြစ်သည့် Sarcoptes scabiei ကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်။ သင့်အရေပြားတွင် ထိုပိုးမှမျိုးပွားပြီးနောက် အရေပြားကိုဆွကာ ဥများချလေ့ရှိသည်။ ထို့မှ ပိုးလှေးနှင့်ခန္ဓါကိုယ်ဓါတ်မတည့်မှုဖြစ်ပြီး ဖြစ်သောအရေပြားတစ်ဝိုက် ယားယံလာခြင်းဖြစ်သည်။ ညအခါတွင် အထူးကို ကုတ်ချင်နေပါလိမ့်မည်။ အဆိုမှအဏုကြည့်မှန်ပြောင်းနှင့်မှမြင်ရသည့် ပိုးလှေးများသည် ၂ လအထိ သင့်အရေပြားတွင် အောင်းနေနိုင်ပါသည်။ ဝဲကို အလွန်ကူးစက်လွယ်သောရောဂါအဖြစ် ယူဆကြ၏။ ၎င်းသည် မိသားစုတွင်း၊ မူကြိုတွင်း၊ ကျောင်းစာသင်ခန်းတွင်း၊ ထောင်တွင် စသည်ဖြင့် အရေပြားချင်းထိတွေ့ရာမှ ပျံ့နှံ့နိုင်ပါသည်။ Scabies (ဝဲပေါက်ခြင်း ) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါသည် အလွန်အဖြစ်များ၏။ ကမ္ဘာပေါ်၌ တစ်နှစ်လျှင် သန်း ၃၀၀ လောက်ကို ဖြစ်ကြောင်း တင်ပြချက်များရှိပါသည်။ ဆင်းရဲချမ်းသာမရွေး၊ လူမှုရေးလယ်ဗယ်မရွေး၊ နေထိုင်မှုပုံစံမရွေး၊ အသက်အရွယ်မရွေးဖြစ်နိုင်သည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို […]


အခြားအရေပြားပြဿနာများ

Skin Rash (အရေပြားအကွက်ထခြင်း)

Skin Rash (အရေပြားအကွက်ထခြင်း) အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အဓိပ္ပါယ်ဖွင့်ဆိုချက် Skin Rash (အရေပြားအကွက်ထခြင်း) ကဘာလဲ။ အရေပြားအကွက်ထခြင်း ဆိုသည်မှာ အရေပြား အရောင်နှင့်ပုံစံ ပုံမှန်မဟုတ်ပဲ ပြောင်းလဲသွားခြင်းကို ဆိုလိုပါသည်။ အကွက်များမှာ များသောအားဖြင့် အရေပြားရောင်ခြင်းကြောင့်ဖြစ်ရပြီး ၎င်းတွင်းလည်း အကြောင်းရင်းအမျိုးမျိုးရှိ၏။ အကွက်ထခြင်းအမျိုးမျိုးရှိပါသည်။ ၎င်းတို့မှာ- ညှင်းခူ ရေကျောက် ရေယုန် အပူလောင်ခြင်း Diaper ပူလောင်ခြင်း Lyme ရောဂါ အင်ပျဉ် Skin Rash (အရေပြားအကွက်ထခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါသည် အဖြစ်များ၏။ အမျိုးသားများထက် အမျိုးသမီးများတွင် ပိုအဖြစ်များ၏။ အသက်အရွယ် မရွေး ဖြစ်နိုင်သည်။ ရောဂါ ဖြစ်ပွားနိုင်သော အချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များ ထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။ လက္ခဏာများ Skin Rash (အရေပြားအကွက်ထခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အရေပြားအကွက်ထခြင်း ၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ ယားယံခြင်း […]


လက်သည်းခြေသည်း ထိန်းသိမ်းခြင်း

Paronychia (လက်သည်းပိုးဝင်ခြင်း(လက်စွယ်ငုပ်ခြင်း))

အဓိပ္ပါယ်ဖွင့်ဆိုချက်Paronychia (လက်သည်းပိုးဝင်ခြင်း(လက်စွယ်ငုပ်ခြင်း)) ကဘာလဲ။ လက်သည်းပိုးဝင်ခြင်းဆိုတာ လက်သည်းနဲ့ ခြေသည်းနားတစ်ဝိုက်က အရေပြားပိုးဝင်ခြင်းတစ်မျိုးပဲဖြစ်ပါတယ်။ ပိုးဝင်တဲ့လက်သည်းပန်းကုံးဟာ ရောင်လာမယ်၊ ဖောင်းလာမယ် ပြီးတော့ ထိရင်နာမယ်။ ယိစ်လို့ခေါ်တဲ့ မှိုနဲ့ တခြားမှိုတွေ၊ ဘတ်တီးရီးယားတွေဟာ ဖြစ်ပွားစေတဲ့ပိုးကောင်တွေပဲဖြစ်တယ်။ လက်သည်းပိုးဝင်ခြင်းဆိုတာ တစ်ဖြည်းဖြည်းချင်းဖြစ်ပြီး ရက်သတ္တပတ်အနည်းငယ်ကြာတယ်ပေမဲ့ တစ်ခါတစ်လေဗျုန်းစားကြီးပေါ်လာပြီး ၁ ရက် ၂ ရက်နဲ့ ပျောက်ကင်းသွားတတ်ပါတယ်။ ဆေးမကုပဲထားမယ်ဆိုရင်တော့ ပိုးဝင်တာဟာ ပိုဆိုးလာပြီးတော့ လက်သည်းကျွတ်တဲ့ထိဖြစ်နိုင်ပါတယ်။ Paronychia (လက်သည်းပိုးဝင်ခြင်း(လက်စွယ်ငုပ်ခြင်း)) က ဘယ်လောက်အဖြစ်များသလဲ အမေရိကနိုင်ငံမှာတော့ လက်ပိုးဝင်တဲ့ရောဂါတွေထဲက ၃၅% ဟာ လက်သည်းပိုးဝင်ခြင်းဖြစ်ပြီးတော့ အဖြစ်အများဆုံးလို့လည်း ပြောလို့ရပါတယ်။ အမျိုးသမီးတွေမှာ အဖြစ်များပြီးတော့ အမျိုးသားတွေထက် ၃ ဆ လောက်ကို ပိုဖြစ်တတ်ပါတယ်။ အသက်ရွယ်မရွေးဖြစ်နိုင်ပြီးတော့ အန္တရာယ်ဖြစ်စေတဲ့ အချက်တွေကိုလည်း ရှောင်ရှားနိုင်ပါတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။   လက္ခဏာများParonychia (လက်သည်းပိုးဝင်ခြင်း(လက်စွယ်ငုပ်ခြင်း)) ရဲ့လက္ခဏာတွေကဘာတွေလဲ လက်သည်းပိုးဝင်ခြင်းရဲ့ တွေ့ရများတဲ့လက္ခဏာတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။ လက်သည်းပြောင်းလဲခြင်း-ဥပမာ […]


အခြားအရေပြားပြဿနာများ

Pruritus (အရေပြားယားယံခြင်း)

Pruritus (အရေပြားယားယံခြင်း) ဆိုတဲ့ အကြောင်းလေးကို လေ့လာလိုက်ရအောင်နော်။ အဓိပ္ပါယ်ဖွင့်ဆိုချက် Pruritus (အရေပြားယားယံခြင်း) ကဘာလဲ။ အရေပြားယားယံခြင်းသည် အရေပြားတွင် မသက်မသာနှင့် ကျိန်းစပ်သောခံစားမှုကြောင့် ကုတ်ဖဲ့နေလိုသည့် အခြေအနေကို ဆိုလိုပါသည်။ ၎င်းသည် အပိန့်ထခြင်း သို့မဟုတ် တခြားသော အခြေအနေများဖြစ်သော psoriasis နှင့် အရေပြားရောင်ခြင်းတို့ကြောင့် ဖြစ်နိုင်ပါသည်။ အသည်းရောဂါ သို့မဟုတ် ကျောက်ကပ်အလုပ် မလုပ်နိုင်ခြင်းတို့ဖြစ်နေပါကလည်း အရေပြားယားယံခြင်းဖြစ်ပွားနိုင်၏။ အရေပြားယားယံခြင်း၏ အကြောင်းရင်းအားဆုံးဖြတ်ရန် သာမာန်ယားခြင်း သို့မဟုတ် အနီကွက်ထခြင်း၊ ကြမ်းတမ်းသော အဖုများထခြင်း၊ ရေကြည်ဖုများရှိမရှိ စသည်တို့အား ကြည့်ရမည်ဖြစ်သည်။ Pruritus (အရေပြားယားယံခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါသည် အဖြစ်များ၏။ ၎င်းသည် အရေပြားရောဂါများဖြစ်သော Xerosis, atopic dermatitis, အင်ပြင်၊ psoriasis, arthropod assault, mastocytosis, dermatitis herpetiformis, သို့မဟုတ် pemphigoid […]


ကူးစက်နိုင်သော အရေပြားရောဂါများ

Impetigo (အနာစက်)

အဓိပ္ပါယ်ဖွင့်ဆိုချက်Impetigo (အနာစက်) ကဘာလဲ။ အနာစက်ဆိုသည်မှာ အလွန်ကူးစက်လွယ်သော အရေပြားကူးစက်ရောဂါတစ်ခုဖြစ်ပြီး အရေပြားတွင် နာကျင်သောအနာများကို ဖြစ်စေပါသည်။ အနာများသည့် အနီရောင်ရှိပြီး နေရာအနှံ့ပေါက်နိုင်၏။ တစ်ချို့ဖြစ်ရပ်များတွင် နှာခေါင်း၊ ပါးစပ်၊ လက်နှင့် ခြေတွင် အဖြစ်များ၏။ အနာကွဲသည့်အခါတွင် အရည်များစိမ့်ထွက်တတ်ပြီး အဝါရောင်ချပ်ပြားများ ဖြစ်လာနိုင်ပါသည်။ Impetigo (အနာစက်) က ဘယ်လောက်အဖြစ်များသလဲ အနာစက်ရောဂါသည် ကလေးများတွင် အဖြစ်များသော အရေပြားကူးစက်ရောဂါဖြစ်ပြီး အထူးသဖြင့် ၂-၅ နှစ်အတွက်းကလေးများတွင် အဖြစ်များ၏။ လူကြီးများတွင်ဖြစ်ခဲသည်။ များသောအားဖြင့် တခြားသော အရေပြားလက္ခဏာ သို့မဟုတ် ကူးစက်ရောဂါတို့နှင့် တွဲလာတတ်ပြီး အမျိုးသားများတွင် အဖြစ်များသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။ လက္ခဏာများImpetigo (အနာစက်) ရဲ့လက္ခဏာတွေကဘာတွေလဲ အနာစက် ၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ အနီရောင်အနာများ မြန်မြန်ပေါက်လွယ်သော ရည်ကြည်ဖုများ ပေါက်ခြင်း ရည်အနည်းငယ်ကြာသည်အထိ အရည်များစီးကျတတ်ပြီး နောက်တွင် အဝါရောင်ချပ်ပြားကြီးဖြစ်သွားတတ်ခြင်း နှာခေါင်း၊ ပါးစပ်နှင့် တခြားနေရာများတွင် […]


အသားအရေ ထိန်းသိမ်းခြင်း

မိန်းကလေးတိုင်း သိထားသင့်တဲ့ မိတ်ကပ်လိမ်းတဲ့အခါ သတိပြုရမယ့်အချက်များ

မိန်းကလေးတိုင်း သိထားသင့်တဲ့ မိတ်ကပ်လိမ်းတဲ့အခါ သတိပြုရမယ့်အချက်များ လှသထက် လှနိုင်ဖို့အတွက် အလှကုန်ပစ္စည်းတွေလည်း အပြိုင်အဆိုင် ထုတ်ကြသလို ပျိုပျိုမေလေးတွေလည်း ပြင်ကြတယ်မလား။ ဒီလိုမျိုး လှအောင်လို့ မိတ်ကပ်ပြင်တဲ့အခါမှာ အလှအပကို အနှောင့်အယှက် ပေးနိုင်တဲ့ အရာလေးတွေကိုလည်း ကျော်လွှားနိုင်ဖို့ လိုပါတယ်။ ဒါမှ လူတကာ အားကျ ငေးမောယူရတဲ့ မျက်နှာလှ ပိုင်ရှင်လေး ဖြစ်မှာနော်။ မိတ်ကပ်လိမ်းတဲ့အခါမှာ လုပ်ရမယ့် အချက်တွေနဲ့ ရှောင်ရမယ့် အချက်လေးတွေ ပြောပြမယ်နော်။ အောက်ခံမိတ်ကပ်(foundation) ဟာ မျက်နှာတစ်ခုလုံးရဲ့ အရေးအကြီးဆုံး အလှပြင်ပစ္စည်းပါနော်။ မဟုတ်ရင် မျက်နှာမှာ အဆီတွေ ပြန်ပြီး ကွက်တာ၊ မိတ်ကပ်သား မတက်တာနဲ့ မျက်နှာမှာ မညီမညာတွေ ဖြစ်နိုင်ပါတယ်။ ဒါတွေကို မဖြစ်ရလေအောင် မျက်နှာမှာ အောက်ခံမိတ်ကပ် မလိမ်းခင် အစိုဓါတ်ဖြည့်ခရင်မ်နဲ့ Primerလေး အရင် လိမ်းပေးနော်။ […]


အသားအရေ ထိန်းသိမ်းခြင်း

ကိုယ့်အသားအရေနဲ့ အဆင်ပြေမယ့် Toner ရွေးချယ်ရခက်နေလား

ကိုယ့်အသားအရေနဲ့ အဆင်ပြေမယ့် Toner ရွေးချယ်ရ ခက်နေလား ! ဘယ်လို မိတ်ကပ်လေးပဲ လိမ်းလိမ်း လှနေဖို့ဆိုတာ အသားအရေ ကောင်းကောင်း ထိန်းသိမ်းထားမှ ဖြစ်မှာနော်။ အသားအရေ ထိန်းသိမ်းတဲ့အခါမှာလည်း ကိုယ်နဲ့ တကယ်ကို အဆင်ပြေပြေဖြစ်မယ့် ပစ္စည်းတွေလည်း ရွေးချယ်တတ်ဖို့ လိုပါတယ်။ သဘာဝနည်းလမ်းတွေနဲ့ ထိန်းသိမ်းလို့ ရသလို ကျွမ်းကျင်ပညာရှင်တွေက ထုတ်တဲ့ ကုန်ပစ္စည်းတွေနဲ့ ထိန်းသိမ်းလို့လည်း ရပါတယ်။ ဒီတစ်ခါမှာတော့ အသားအရေအတွက် လိုအပ်တဲ့ Toner လေးအကြောင်းနဲ့ အသားအရေနဲ့ လိုက်ဖက်ညီအောင် ရွေးချယ်တတ်ဖို့လည်း မျှဝေပေးချင်ပါတယ်။ ကိုယ့်အသားအရေနဲ့ အဆင်ပြေမယ့် Toner ရွေးချယ်ရခက်နေလား ! Toner ဆိုတာကတော့ မျက်နှာပေါ်မှာ ရှိတဲ့ အညစ်အကြေးတွေကို သန့်စင်အောင် ပြုလုပ်ပေးတဲ့ Skin care တစ်ခုပါ။ သူက ချွေးပေါက်ကျယ်တာတွေ မဖြစ်စေဘဲ မျက်နှာကို […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ပျိုပျိုမေလေးရဲ့ ဆံပင်ကို Hair Rebonding လုပ်မယ်လို့ စဉ်းစားထားရင်

ပျိုပျိုမေလေးရဲ့ ဆံပင်ကို Hair Rebonding လုပ်မယ်လို့ စဉ်းစားထားရင် ပျိုမဒီလေးရေ အလှအပဆိုင်ရာ အကြောင်းအရာတွေက ကုန်ကို မကုန်နိုင်ဘူးနော်။ ဆံပင်ကို အကောက်၊ အဖြောင့်၊ ဒစ်ဂျစ်တယ်အကောက်၊ ဆေးဖယောင်းသွင်း အစရှိသလို အကောက်၊ အဖြောင့်တွေ လုပ်ပြီးတဲ့နောက်မှာတော့ Hair Rebonding ဆိုတဲ့ ဆံပင်ပြန်လည်ပြုပြင်ခြင်းကလည်း ခေတ်စားလာတယ်နော်။ Hair Rebonding ဆိုတာကတော့ Chemical နည်းနဲ့ ဆံပင်ကို ပြုပြင်ထိန်းသိမ်းတာဖြစ်ပြီး ဖြောင့်ထားသလိုမျိုး စင်းစင်းလေး ဖြစ်နေတာပါပဲ။ ဖြောင့်ထားသလိုမျိုး ဆံပင်တော့ အရမ်းနာတာတွေ၊ ပျက်စီးတာတွေ မရှိဘူးပေါ့နော်။ ဆံပင်မှာ ရှိနေတဲ့ ပရိုတင်း မော်လီကျူလေးတွေမှာ သူ့နဂိုဗီဇ ရှိထားပြီး ဆံပင်တိုင်းမှာ ကောက်တာလေးတွေနဲ့ လှိုင်းအတွန့်လိုဖြစ်နေတာတွေတော့ ရှိနေတာပါပဲ။ ဒီလို ဆံပင်လေးတွေကို နည်းပညာသုံးပြီး Chemicalနဲ့ ဖြောင့်စင်းနေအောင် လုပ်ထားတာမျိုးပါ။ Hair Rebonding လုပ်တာကတော့ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Hello Sayarwon Medical Panel

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း