backup og meta

ဒူးနဲ့ တံတောင်ဆစ်က အမည်းတွေကို လက်ပြနှုတ်ဆက်နိုင်ဖို့ ဘာတွေ လုပ်ဆောင်မလဲ

ဒူးနဲ့ တံတောင်ဆစ်က အမည်းတွေကို လက်ပြနှုတ်ဆက်နိုင်ဖို့ ဘာတွေ လုပ်ဆောင်မလဲ

ဒူးနဲ့ တံတောင်ဆစ်မှာ အမည်းတွေရှိတာကို အာရုံအစိုက်ဆုံးကတော့ မိန်းကလေးတွေ ဖြစ်မယ်လို့ ထင်ပါတယ်။ ဒူးနဲ့ တံတောင်ဆစ်မှာ အမည်းတွေရှိနေတာကို ကိုကိုတွေအနေနဲ့ အများကြီး မခံစားပေမယ့် မမတွေကတော့ အလှဖျက်တဲ့အရာလို့တောင် တွေးတတ်ပါတယ်။ ဘာလို့လဲဆိုတော့ အင်္ကျီလက်တိုနဲ့ ဘောင်းဘီ၊ စကပ် ဒူးအထက်လေးတွေ ဝတ်ရင် မလှမှာ စိုးတာကြောင့်ပါ။

ဒူးနဲ့တံတောင်ဆစ် မည်းရတဲ့ အကြောင်းရင်းတွေလည်း ရှိပါသေးတယ်။ မျိုးရိုးလိုက်ခြင်း၊ အသားအရေခြောက်သွေ့ခြင်း၊ နေရောင်ခြည်အထိတွေ့များခြင်း၊ ဆေးတွေသောက်ရခြင်း၊ ကျန်းမာရေးလိုက်စားမှု အားနည်းခြင်း၊ အဝလွန်ခြင်းနဲ့ Addison’s syndrome လိုမျိုး ရောဂါ ရှိခြင်း၊ ဟော်မုန်းအပြောင်းအလဲ ဖြစ်ခြင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဒီလိုဆိုရင်တော့ ဒူးနဲ့ တံတောင်ဆစ်က အမည်းတွေကို လက်ပြနှုတ်ဆက်လိုက်ဖို့ အချိန်ရောက်ပါပြီ။ ဘာတွေလုပ်ဆောင်ရမလဲဆိုတာ ဖတ်ကြည့်ပါဦးနော်။

(၁) ပျားရည်

ပျားရည်ဟာ တံတောင်ဆစ်ရဲ့ အမည်းတွေအတွက်တော့ သဘာဝအကောင်းဆုံး အဆီတစ်မျိုးပါပဲ။ ပျားရည်ဟာ သဘာဝ ပဋိဇီဝတွေကိုလည်း ပေးစွမ်းနိုင်ပါတယ်။

တံတောင်ဆစ်က အမည်းတွေ လျှော့ကျဖို့အတွက် ပျားရည်၊ နွားနို့၊ နနွင်းမှုန့်တို့ကို လက်ဖက်စားဇွန်း(၁) ဇွန်းတို့ကို ဆတူစီ ရောမွှေလိုက်ပါ။ ပြီးရင်တော့ တံတောင်ဆစ်ရဲ့ မည်းတဲ့နေရာပေါ်မှာ လိမ်းလိုက်ပါ။ နာရီဝက်လောက် ကြာတဲ့အခါ ရေနွေးလေးနဲ့ ဆေးကြောလိုက်ပါ။ အပတ်တိုင်းလုပ်ဖို့ လိုတယ်နော်။

(၂) သကြား

တံတောင်ဆစ်နဲ့ ဒူးရဲ့ အသားအရေ ကြည်လင်တောက်ပစေဖို့အတွက် သကြား Scrub လေး လုပ်ဖို့ လိုပါတယ်။ သကြား Scrub က ဆဲလ်သေတွေကို ဖယ်ရှားပေးတဲ့အပြင် အသားအရေကိုလည်း နူးညံ့ပျော့ပြောင်းစေပါတယ်။

သကြားနဲ့ သံလွင်ဆီကို ဆတူရောစပ်ပါ။ ပြီးရင်တော့ ဒူးနဲ့ တံတောင်ဆစ်ရဲ့ အမည်းရှိတဲ့နေရာတွေမှာ (၅) မိနစ်လောက် စက်ဝိုင်းပုံစံလေးအတိုင်း လိမ်းပေးပါ။ နောက်မှ ဆပ်ပြာအပျော့စားလေးသုံးပြီး ရေနွေးလေးနဲ့ ဆေးကြောလိုက်ပါ။ သိသာတဲ့ ရလာဒ်လေး ရလာမှာ သေချာပါတယ်။

(၃) သံပုရာသီး

သံပုရာသီးကတော့ အစွမ်းထက် အသီးပဲနော်။ သံပုရာသီးမှာ ဗီတာမင် စီ ဓာတ်တွေ များများ ပါဝင်ပြီး ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်သလို အသားအရေရဲ့အရောင်ကိုလည်း ကြည်လင်စေပါတယ်။

ကောင်းမွန်ကျန်းမာတဲ့ ဆဲလ်အသစ်တွေ ဖြစ်ပေါ်လာဖို့ကိုလည်း အားပေးပါတယ်။ သံပုရာသီး အရည်ကို ဒူးနဲ့ တံတောင်ဆစ်မှာ လိမ်းပြီး နည်းနည်းလေးနှိပ်နယ်ပေးပါ။ မိနစ်(၂၀) လောက်ကြာရင်တော့ ရေနွေးလေးနဲ့ ဆေးကြောပြီး အစိုဓာတ်ပါဝင်တဲ့ ခရင်မ်လေး တစ်မျိုးမျိုး လိမ်းပေးထားပါ။

(၄) ရှားစောင်းလက်ပပ်

နောက်ထပ် အိမ်မှာတင် စိုက်ထားပြီး လွယ်လွယ်ကူကူ အသုံးပြုလို့ရတဲ့ သဘာဝ ဒူးနဲ့တံတောင်ဆစ် အမည်းတွေကို ဖယ်ရှားနိုင်တဲ့ နည်းလမ်းလေးလည်း ရှိပါသေးတယ်။ ဒါကတော့ ရှားစောင်းလက်ပပ်ပါ။

ရှားစောင်းလက်ပပ်ကို ရေစင်အောင်ဆေးကြောပြီး အလယ်ကနေ လှီးပါ။ ဂျယ်လ် လေးတွေ ထွက်လာတာကို ယူပြီး လိမ်းပါ။ မိနစ်(၂၀) လောက် ထားပြီးမှ ရေနွေးလေးနဲ့ ဆေးကြောလိုက်ပါနော်။ အနည်းဆုံး တစ်ပတ်ကို (၂) ကြိမ်လောက်တော့ ပြုလုပ်ပါ။ ဒီနည်းလမ်းလေးတွေ သုံးပြီး ဒူးနဲ့တံတောင်ဆစ်က အမည်းတွေကို တာ့တာ ပြလိုက်တော့နော်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Home Remedies for Dark Elbows and Knees

https://www.top10homeremedies.com/home-remedies/home-remedies-dark-elbows-knees.html

25 Effective Home Remedies To Get Rid Of Dark Elbows

http://www.stylecraze.com/articles/effective-home-remedies-to-get-rid-of-dark-elbows/

How to Lighten Dark Elbows Fast, Naturally With Home Remedies

http://www.skincareorg.com/elbows/how-to-lighten-dark-elbows-home-remedies-fast-naturally/

ယခုပုံစံ

14/07/2022

Eaindray Kha မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကျန်းမာလှပတဲ့အသားအရေ ပိုင်ဆိုင်နိုင်စေမယ့် အလေ့အထ ၆ ခု

အလှအပရေးရာအတွက် ဗီတာမင် ကေ ရဲ့ ကောင်းကျိုးများ



Eaindray Kha မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement