backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

Sunscreenကို ဘာကြောင့်လိမ်းသင့်သလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Eaindray Kha မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Sunscreenကို ဘာကြောင့်လိမ်းသင့်သလဲ

ပျိုပျိုမေတို့ရေ အလှအပဆိုတာ မျက်နှာပေါ်က ကာလာစုံအလှတွေအပြင် အသားအရေရဲ့ အလှအပလည်း လိုအပ်ပါတယ်။ ဒါမှ မျက်နှာလေး လှသလို အသားအရေလေးလည်း စိုပြေပြီး လိုက်ဖက်ညီစွာ လှမှာပါ။ ဒီလို စိုပြေကြည်လင်တဲ့ မျက်နှာနဲ့ အသားအရေ ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ Sunscreen ကို မေ့ထားလို့ မရဘူးနော်။ ပျိုပျိုမေတို့ရေ နေပူထဲ ထွက်တဲ့အခါတိုင်းမှာ Sunscreen လေး မဖြစ်မနေလိမ်းပါ။ နေပူထိနိုင်မယ့် ကိုယ်ရဲ့ အသားအရေနေရာရာတွေကို လိမ်းပေးပါ။ Sunscreen ဘာလို့လိမ်းသင့်တယ်ဆိုတာ Hello Sayarwon ကနေ မျှဝေလိုက်ပါတယ်။

ပျိုပျိုမေတိုင်း ငယ်ရွယ်နုပျိုခြင်းနဲ့ ကျန်းမာတဲ့ အသားအရေကို ပိုင်ဆိုင်ချင်ကြတာပါပဲ။ ဒါက Sunscreen လိမ်းကို လိမ်းသင့်တဲ့ အကြောင်းရင်းပါပဲနော်။ Sunscreen ဟာ တင်းတိပ်နဲ့ အရေးအကြောင်းတွေလိုမျိုး အသက်အရွယ်ကြီးရင့်မှု လက္ခဏာတွေ ပြခြင်းကနေ ကာကွယ်ပေးပါတယ်။ လေ့လာသူတွေအရတော့ အသက်(၅၅) နှစ်အောက် Sunscreen သုံးတဲ့သူတွေဟာ မသုံးတဲ့သူတွေထက် (၂၄%)လောက် အသက်အရွယ်ကြီးရင့်တဲ့ လက္ခဏာတွေ လျှော့နည်းတယ်လို့ ဆိုထားပါတယ်။

Sunscreen လိမ်းတာက အလှအပအတွက်သာမက ကျန်းမာရေးအတွက်လည်း ကောင်းကျိုးသက်ရောက်စေပါတယ်။ Sunscreen နေ့တိုင်းလိမ်းပေးမယ်ဆိုရင် melanoma လိုမျိုး အရေပြားကင်ဆာ အမျိုးအစားတွေ ဖြစ်ခြင်းကတောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါဟာ အသက်(၂၀) ပတ်ဝန်းကျင်လောက်ရှိတဲ့ အမျိုးသမီးတွေအတွက်တော့ သူတို့ကို ခြိမ်းခြောက်နေတဲ့ အရေပြားကင်ဆာပါပဲ။

Sunscreen ကို လိမ်းသင့်တဲ့ နောက်ထပ်အချက်တွေကတော့ Sunscreen ဟာ မျက်နှာပေါ်မှာ အညိုရောင်အကွက်နဲ့ အရေပြားအရောင်မညီခြင်းတွေ ဖြစ်ခြင်းကို တားဆီးပေးပါတယ်။ မျက်နှာပြင်ပေါ် အနီရောင်သွေးကြောတွေ ပေါ်လာခြင်းနဲ့ အသားအရေပေါ်မှာ အဖုအဖိန့်တွေ ဖြစ်ခြင်းကိုလည်း လျှော့ကျစေပါတယ်။ အိုဇုန်းလွှာက ပျက်စီးနေတာမို့ အရေပြားကို ထိခိုက်နာကျင်စေမယ့် ဓါတ်ရောင်ခြည်တွေ ခန္ဓါကိုယ်ကို မထိအောင်လည်း ကာကွယ်ဖို့ လိုအပ်ပါတယ်။

Sunscreen ကို လိမ်းမယ်ဆိုရင်တော့ အနည်းဆုံး SPF 25 ပါဝင်တဲ့ Sunscreen ကို အသုံးပြုပါ။ မျက်နှာအတွက်တော့ စားပွဲတင်တစ်ဇွန်းစာလောက် လိမ်းပြီး ခန္ဓါကိုယ်အတွက်ကိုတော့ (၂) အောင်စလောက် လိမ်းပေးပါ။ ခပ်ထူထူလေးပေါ့။

Sunscreen ကို မျက်နှာနဲ့ တိုက်ရိုက်ထိတွေ့ပြီး မလိမ်းပါနဲ့။ အရင်ဆုံး လက်ထဲ ညှစ်ထည့်ပြီး လက်နဲ့ နည်းနည်းချင်းစီ ပွတ်ပြီး လိမ်းပေးပါ။ ဒီလိုလိမ်းနည်းက မျက်နှာက Sunscreenကို စုပ်ယူမှု ပိုအားကောင်းစေပါတယ်။ နေပူထဲမထွက်ခင်မှာ Sunscreen ကို လိမ်းပေးပါ။ မိနစ်(၂၀) လောက် ကြိုတင်ပြီး လိမ်းထားပါ။

Sunscreen လေး ပုံမှန်အသုံးပြုမယ်ဆိုရင် ကျန်းမာပြီး အပြစ်အနာအဆာ ကင်းတဲ့ အသားအရေမျိုးလေးလည်း ပိုင်ဆိုင်ရဦးမှာပါ။ ဘာလို့လဲဆိုတော့ အရေပြားမှာ ရှိဖို့လိုအပ်တဲ့ collagen၊ keratin နဲ့ elastin တွေလိုမျိုး ပရိုတင်းတွေ ရှိနေအောင် ကာကွယ်ပေးထားတာကြောင့်ပါ။ ဒီပရိုတင်းဓါတ်ဟာ အသားအရေကို ချောမွတ်ကြည်လင်စေပါတယ်။ ဝက်ခြံထွက်စေခြင်းနဲ့ နေရောင်ခြည်ဒဏ်ခံရခြင်းတွေကိုလည်း သက်သာစေပါတယ်။

ဗီတာမင် ဒီ ဓါတ်ရဖို့အတွက် နေရောင်ခြည်ဓါတ် ခံကြတယ်ဆိုပေမယ့် နေရောင်ခြည် အထိလွန်တာက ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ရှိလာနိုင်ပါတယ်။ နေရောင်ခြည်ဒဏ်ကို အဝတ်အစားတွေနဲ့ အမြဲတမ်း ဖုံးအုပ်ထားဖို့ကလည်း သိပ်တော့ မဖြစ်နိုင်ပါဘူးနော်။ လက်ရှည်မဝတ်တဲ့ အခါတွေမှာ နေရောင်ခြည်က ထိနေဦးမှာပါပဲ။ ဒါတွေကို အကောင်းဆုံး ကာကွယ်ဖို့ကတောါ Sunscreen လေး လိမ်းဖို့ပါ။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Eaindray Kha မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement