အုန်းဆီ လက်ဖက်စားဇွန်း (၄) ဇွန်းကို မီးအပူလေး နည်းနည်း ပေးလိုက်ပါ။ ပြီးရင်တော့ သံပုရာရည် လက်ဖက်စားဇွန်း(၂) ဇွန်းနဲ့ နှံ့သွားအောင် ရောမွှေလိုက်ပါ။ ဆံပင်နဲ့ ဦးရေပြားမှာ လိမ်းပြီး (၁၅) မိနစ်လောက်ထားပါ။ နောက်မှ ခေါင်းလျှော်ရည်လေးနဲ့ လျှော်ပါနော်။ တစ်ပတ်ကို (၃) ကြိမ်လောက်လုပ်မယ်ဆိုရင် ဦးရေပြားခြောက်သွေ့တာတွေ ကင်းပြီး ဗောက်လည်း ရှင်းမှာပါ။
- မျက်နှာအသားအရေကြည်လင်ပြီး ဆားဝက်ခြံ ကင်းစေမယ့်နည်းလမ်း
သံပုရည်ရည်နဲ့ နွားနို့ အရောအနှောက မျက်နှာက တင်းတိပ်၊ ဆားဝက်ခြံနဲ့ အသားအရေ မညီတာတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ကျိုချက်ပြီးသား နွားနို့ထဲကို သံပရာရည်လေး ညှစ်လိုက်ပါ။ နွားနို့က ပူနေတယ်ဆိုရင် အအေးခံဖို့ မမေ့ပါနဲ့။ ဂွမ်းစလေးနဲ့ ယူပြီး လိမ်းပါ။ ပြီးရင်တော့ ရေနွေးလေးနဲ့ မျက်နှာသစ်ပေးလိုက်ပါ။ နှစ်ရက် သုံးရက်လောက်ဆိုရင် သိသာလာမှာပါ။
- ချွေးပေါက်ကျယ်တာတွေ ကျဉ်းစေမယ့် နည်းလမ်း
ချွေးပေါက်တွေ ကျယ်တာက အရမ်းစိတ်ညစ်ဖို့ ကောင်းတယ်ဆိုတာ မိတ်ကပ်လိမ်းတဲ့ မိန်းကလေးတိုင်း သိကြမှာပါ။ ချွေးပေါက်တွေ ရှိနေရင် မိတ်ကပ်၊ သနပ်ခါးတွေ မျက်နှာမှာ ကြာကြာရှိမနေတော့ဘဲ ဟိုတစ်ကွက် ဒီတစ်ကွက်နဲ့ ပျက်ကုန်တော့တာပါပဲ။ ဒါတွေ မဖြစ်ဖို့ သံပုရာသီးကို အသုံးပြုနိုင်ပါတယ်နော်။ သံပုရာသီးက သဘာဝအတိုင်း ချွေးပေါက်တွေကို ကျဉ်းစေမှာပါ။ သံပုရာရည်လေးကို ညှစ်ပြီး ချွေးပေါက်ရှိတဲ့နေရာလေးတွေမှာ ပွတ်လိမ်းပေးပါ။ တစ်လလောက်ဆိုရင် ချွေးပေါက်လေးတွေ ကျဉ်းသွားတာကို မျက်ဝါးထင်ထင် တွေ့မြင်ရမှာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။