backup og meta

အရေပြားမှိုရောဂါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Ye Mhan Linn မှ ရေးသားသည်။ · 03/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရေပြားမှိုရောဂါ

    မှိုကြောင့်ဖြစ်သော အရေပြားရောဂါ တစ်မျိုး ဖြစ်တဲ့ အရေပြားမှိုရောဂါ သည် အရေပြားရောဂါများတွင် အတွေ့ရများသော ရောဂါဖြစ်ပါသည်။ အရေပြားရောဂါ ဖြစ်စေ သော မှိုအမျိုးအစား များစွာရှိပြီး အရေပြား ယားယံခြင်း၏ အဓိက လက်သည်လည်း ဖြစ်ပါသည်။

    အရေပြားမှိုရောဂါ

    မှိုပိုးများသည် dead keratin ဟုခေါ်သော ပရိုတိန်းကို အမှီပြု နေထိုင်ကြပြီး ယင်းပရိုတိန်းမှာ အရေပြား၊ ဆံပင်နှင့် လက်သည်း များကို ဖြစ်ပေါ်စေပါသည်။ မှိုရောဂါကို ဖြစ်ပွားနေသော မှိုပိုးအမျိုး အစားပေါ် မူတည်ပြီး ခွဲခြားထားပါသည်။ မှိုပိုးများသည် အများ အားဖြင့် ခြေမ၊ လိင်အင်္ဂါတဝိုက်၊ ရင်သားအောက်ဘက် စသော စိုထိုင်းစ များသောနေရာများတွင် ပေါက်ပွားကြပါသည်။ အဓိက မှိုရောဂါ ဖြစ်စေသော အုပ်စု နှစ်စုရှိပြီး ပထမအုပ်စုကို တစေးမှို (yeasts)၊ နှင့် ဒုတိယအုပ်စုကို အရေပြား မှိုအုပ်စု (dermatophytes) ဟုခေါ်ပါသည်။

    Yeasts အုပ်စုတွင် ကန်ဒီဒါ (candida) နှင့် Malassezia furfur တို့ အတွေ့ရများပါသည်။ Dermatophytes အုပ်စုတွင်မူ Microsporum နှင့် Trichophoten တို့ အတွေ့ရများပါသည်။ မှိုပိုး အများစုသည် အရေပြားအပေါ်ဆုံး အလွှာဖြစ်သော stratum corneum အလွှာတွင်သာ နေထိုင်ကြ ပါသည်။ ထိုထက်နက်သော အရေပြား အလွှာများကို ထိုးဖောက် နိုင်စွမ်း မရှိကြပါ။ လေ့လာတွေရှိချက်များအရ ဝသောသူများသည် အရေပြားတွန့်ခေါက်မှု ပိုများသဖြင့် မှိုပိုးများ ပိုမိုခိုအောင်းနိုင်ပြီး အရေပြား ယားယံခြင်းများ ပိုမိုဖြစ်တတ်ပါသည်။ ထို့အတူ ဆီးချို ရောဂါသည်များတွင်လည်း ပိုဖြစ်တတ်ကြောင်း တွေ့ရှိရပါသည်။

    ရောဂါ လက္ခဏာများ

    အရေးကြီး သတိပြုရန်မှာ မှိုရောဂါသည် ရောဂါပိုးရှိနေသော အင်္ဂါ အစိတ်အပိုင်းတွင် မဟုတ်ဘဲ အခြားအစိတ်အပိုင်းတွင် အင်ပြင်ကွက်များ ဖြစ်ပေါ်နိုင်ပါသည်။ ဥပမာ အနေဖြင့် ခြေထောက်တွင် ရှိနေသော မှိုရောဂါပိုးကြောင့် လက်ချောင်းများတွင် ယားယံဖုများ ဖြစ်စေနိုင်ပါသည်။ အများအားဖြင့် အနာများသည် dermatophytes များကြောင့် ဖြစ်တတ်ပြီး ယင်းမှိုပိုးသည် ဓါတ်မတည့်သော ပြဿနာကို ဖြစ်စေသောကြောင့် ဖြစ်ပါသည်။ အချို့ မှာ ယင်းယားယံဖုများသည် မှိုရောဂါရှိသော အစိတ်အပိုင်းကို ထိမိခြင်းကြောင့် ကူးစက်သည်ဟု ထင်ကြသော်လည်း အဖြစ်မှန်မှာ ဤသို့မဟုတ်ပါပေ။

    ရောဂါရှာဖွေခြင်း

    အထွေထွေကု ဆရာဝန်များ၊ အရေပြားအထူးကုများသည် မှိုရောဂါပိုးများကို ခွဲခြားနိုင်ပါသည်။ ထို့ကြောင့် သင့်အနေဖြင့် နီရဲ၊ ရောင်ရမ်း၊ ယားယံနေသော အရေပြား နေရာများကို ဆရာဝန်နှင့် ပြသရပါမည်။ တိကျသေချာစွာ ပိုးအမည်တပ်နိုင်ရန်မူ အဏုကြည့် မှန်ဘီလူးနှင့် စစ်ဆေးခြင်းဖြင့် သော်လည်းကောင်း၊ ပိုးမွေးခြင်းဖြင့် သော်လည်းကောင်း စစ်ဆေးကြည့်နိုင်ပါသည်။

    ကုသခြင်း

    အရေပြားမှိုရောဂါ များကို ဒီနည်းလမ်းတွေနဲ့ ကုသလို့ ရပါတယ်။

    • မှိုသတ်ဆေးများ

    မှိုရောဂါ အတွက် အထိရောက်ဆုံး ကုသနည်းမှာ မှိုသတ်ဆေးများ ဖြစ်ပါသည်။ မှိုသတ်ဆေး လိမ်းဆေး အနေဖြင့် ရောဂါဖြစ်သော နေရာကို တိုက်ရိုက်လိမ်းနိုင်ပြီး အများဆုံးအသုံးပြုသော နည်း လမ်းဖြစ်ပါသည်။ လိမ်းဆေးအနေဖြင့် creams, gels, lotions, solutions, or shampoos ပုံစံများဖြင့် ရရှိနိုင်ပါသည်။ အချို့သော မှိုသတ်ဆေးများ အနေဖြင့် သောက်ဆေးပုံစံလည်း ရရှိနိုင်ပါသည်။ အချို့သော လူနာများတွင်မူ ရောင်ရမ်း၊ ယားနာခြင်းကို သက်သာ စေရန်အတွက် corticosteroids များကို ပေးတတ်ပါသည်။

    • စိုစွတ်မှုကို လျော့ချခြင်း

    မှိုသတ်ဆေးများ သုံးစွဲခြင်းအပြင် လူအများအနေဖြင့် ဖြစ်ပွားသော အစိတ်အပိုင်းကို ခြောက်သွေ့စေရန် ပြုလုပ်ကြပါသည်။ ဥပမာအား ဖြင့် ပေါင်ဒါမှုန့်များ အသုံးပြုခြင်း၊ ထိပ်ပွင့်ဖိနပ်များ စီးခြင်း စသည်တို့ ပြုလုပ်နိုင်ပါသည်။

    မှိုရောဂါသည် ကုသရန်ခက်ခဲ တတ်ပါသည်။ ရောဂါလက္ခဏာများ ကို တိတိကျကျ သိရှိရန် အရေးကြီး သကဲ့သို့ အရေပြားရောဂါ၊ လက်သည်းပိုးဝင်ခြင်း စသည့်ဖြင့် ကုသမှု တိတိကျကျ ပေးနိုင်ရန် လိုအပ်သဖြင့် သင့်အနေဖြင့် လက္ခဏာ တစ်ခုခုရှိပါက ဆရာဝန်နှင့် ပြသရန် အရေးကြီးပါသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Ye Mhan Linn မှ ရေးသားသည်။ · 03/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement