အဘယ်ကြောင့် တွဲဖက်ကုသမှု့ကို အသုံးပြုသနည်း။
PUVA ကုသမှု့ကို Psoriasis အရေပြား ရောဂါကြောင့် မသန်စွမ်း ဖြစ်သူများ၊ ဆေးဝါးပေးကုသမှု့ အပေါ် တုန့်ပြန်မှု့ မရှိသူများတွင် အသုံးပြုပါသည်။
Psoriasis အရေပြား ရောဂါ၏ အဓိကမျိုးကွဲ ၂ မျိုး ဖြစ်သော plaque psoriasis နှင့် guttate psoriasis ၂ မျိုးလုံး၏ ပျံနှံနှုန်းကို UVA တစ်မျိုးတည်း သီးသန့်ပေး၍ ကုသနိုင် ပါသည်။
ဆိုးကျိုးများ
ရောင်ခြည်ပေး ကုသမှု့တွင် အောက်ပါဆိုးကျိုးများ ရှိပါသည်။
- ပျို့အန်ခြင်း – နို့၊ ဂျင်း ဘီယာ သို့မဟုတ် ဂျင်း ဖြည့်စွက်စာ များ စားသုံးခြင်းဖြင့် ပျို့ခြင်းကို တားဆီးနိုင်ပါသည်။ သို့သော် သင်၏ ကုသမှု့အပေါ် သက်ရောက်မှု့ ရှိမရှိ အရေပြား ဆရာဝန်ကို မေးမြန်းပါ။
- အရေပြား ပျက်စီးခြင်း – သင့်အနေဖြင့် ယားယံခြင်း၊ နီရဲခြင်း နှင့် အရေပြား အိုမင်းခြင်းကို ခံစားရနိုင်ပါသည်။ ပြင်းထန်သော အခြေအနေတွင် အရေပြား ကင်ဆာ အထိဖြစ်နိုင်ပါသည်။
- မျက်စိတိမ်စွဲခြင်း – သင်၏ မျက်စိမှန်ဘီလူးနားတွင် တိမ်ကဲ့ သို့ အဖြူရောင် အစက်ရှိနေပြီး သင်၏အမြင် အာရုံကို ထိခိုက်စေပါမည်။ မျက်စိတိမ်စွဲခြင်းကို ရောင်ခြည်ခံနေချိန် တွင် နေကာမျက်မှန် တပ်ဆင်ထားရပါမည်။
- လိင်အင်္ဂါ ကင်ဆာရောဂါ – UV ရောင်ခြည်သည် အမျိုးသာ လိင်အင်္ဂါကင်ဆာ ဖြစ်နှုန်းက်ု မြင့်တက်စေပါသည်။
ရောင်ခြည်ပေးကုသမှု့သည် Psoriasis အရေပြား ရောဂါအတွက် အထိရောက်ဆုံး ကုသမှု့ပင် ဖြစ်ပါသည်။ ဤကုသမှု့တွင် UV ရောင်ခြည်များသည် အရေပြားဆဲလ် အသစ်များ၏ ပွားများမှု့ ကို တားဆီးနိုင်ပြီး အရေပြား ထူလာခြင်းကိုပါ သက်သာစေ ပါသည်။ သို့သော်လည်း ရောင်ခြည်ကုသမှု့သည် ဆိုးကျိုးများ ရှိတတ်သဖြင့် သင်အနေဖြင့် ကုသမှု့ ခံယူရန် အရေပြားဆရာဝန် နှင့် တိုင်ပင်သင့်ပါသည်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချ က်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။