အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen

နေရောင်ခြည်နဲ့ ထိတွေ့မှုများရင် နေလောင်တာ၊ အရေပြားတွေ ပျက်စီးတာကိုတော့ သိထားကြမှာပါ။ နောက်ထပ် ပိုအရေးကြီးတဲ့အချက်က နေရောင်ခြည်မှာပါတဲ့ UVလှိုင်းတွေက အရေပြားကင်ဆာ ဖြစ်စေနိုင်တယ်ဆိုတာပါပဲ။ အရေပြားကင်ဆာဖြစ်စေတဲ့ အချက်တွေထဲမှာ နေရောင်ခြည်က ထိပ်ဆုံးက ပါနေပါတယ်။ ဒါကြောင့် နေရောင်ခြည်ကို ကာကွယ်တာက အရေပြားကင်ဆာကို ကာကွယ်နေတာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ Sunscreenတွေက အရေးကြီးလာပါပြီ။ Sunscreenတွေက နေရောင်ခြည်က UVလှိုင်းတွေကို ကာကွယ်ပေးနိုင်တာကြောင့် Sunscreenတွေကို ပုံမှန်လိမ်းတာက အရေပြားကင်ဆာကို ကာကွယ်နည်းတစ်မျိုးပါပဲ။ Sunscreenလိမ်းတာအပြင် နေပူထဲသွားတဲ့အခါ ထီး၊ ဦးထုပ်ဆောင်းမယ်၊ အဝတ်အစားကို လုံလုံခြုံခြုံဝတ်မယ်ဆိုရင် အရေပြားကင်ဆာ ဖြစ်နိုင်ခြေက တော်တော်ကြီး နည်းသွားမှာ ဖြစ်ပါတယ်။ အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen Sunscreenနဲ့ ပတ်သက်လာရင် သိထားဖို့လိုတဲ့ ‘W’ ၅လုံး ရှိပါတယ်။ WHO (ဘယ်သူတွေ လိမ်းဖို့လိုသလဲ) နေရောင်တဲ့ထိတွေ့တဲ့ ဘယ်သူမဆို […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

အသားအရေ ထိန်းသိမ်းခြင်း

ဖြူဝင်းလှပတဲ့ လည်တိုင်ကျော့ကျော့လေးဖြစ်ချင်တယ်ဆိုရင်

မျက်နှာအသားအရေကိုပေါင်းတင်တာ၊ရွှေသွင်းတာ၊ အဆိပ်ထုတ်တာ စတာတွေအတွက် ဆိုင်တွေခဏခဏ သွားကြတယ်ဟုတ်။ maskလေးတွေဝယ်ကပ်၊ emulsionလေး၊နို့ရည်လေးဝယ်၊ အစိုဓါတ်ထိန်းဖို့ moistuirizer လေးလည်းသုံးရနဲ့ စုံပလုံစိနေတဲ့ အလှအပနည်းလမ်းကောင်းတွေနဲ့ ကျွန်မတို့ မိန်းကလေးတွေအလုပ်ရှုပ်နေကျပါပဲ။ ဒီနေရာမှာ အများစုမေ့လျော့ထားမိတာက လည်တိုင်ကျော့ရဲ့ အလှတရားကိုပါ။ မျက်နှာလေးလှနေလျက်နဲ့ လည်ပင်းအသားအရေက ညိုနေတယ်၊ ညစ်နေတယ်၊ အသားအရောင်မညီဘူးဆိုရင် မလိုက်ဖက်လှဘူးလေ။ ဒီလိုမေ့ထားရင်းနဲ့ပဲ မျက်နှာလေးဖြူဝင်းလှပလာလေ လည်တိုင်လေးက ညိုညစ်နေလေဖြစ်လာနိုင်ပါတယ်။ အသားအရောင်က ကွာနေပြီကိုး။ မျက်နှာသန့်စင်တဲ့အခါ ၊ရေချိုးတဲ့အခါ လည်ပင်းကိုသေချာသန့်စင်ဖို့ မလုပ်မိတာများပါတယ်။ ကြာလာတော့ ကပ်ကျန်နေတဲ့ချေးညှော်၊အညစ်အကြေးတွေကစုမိလာပြီး လည်ပင်းအသားအရေကိုထိခိုက်စေတာပေါ့။ ကိုယ်ကရေချိုးဆပ်ပြာနဲ့သေချာသန့်စင်တယ်၊ scrub (ဆဲလ်သေဖယ်ရှား) လုပ်ပေးတယ်ဆိုရင်တောင်မှ အစိုဓါတ်ထိန်း moisturizer သုံးပေးဖို့မေ့နေနိုင်တယ်လေ။ လည်ပင်းကမဖြူတော့ အလှပြင်လည်း မိတ်ကပ်လိုက်ဖြည့်နေရတာနဲ့၊ လည်တိုင်အလှပေါ်လွင်စေမယ့် ဂါဝန်လေးတွေ၊ပွဲတက်ဝတ်စုံလေးတွေနဲ့ဆိုလည်း အသားအရောင်မညီမှာစိုးရ၊ ဓါတ်ပုံထဲလည်း သိသာနေမှာစိုးရတာနဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလျော့ကျနိုင်ပါတယ်။ ဒီအတွက် နာမည်ကြီး အသားအရေထိန်းပစ္စည်းတွေပြေးဝယ်ဖို့ မစဉ်းစားခင် အိမ်မှာရှိတဲ့သဘာဝပစ္စည်းတွေနဲ့ ကိုယ်တိုင် […]


အသားအရေ ထိန်းသိမ်းခြင်း

Bikini waxing ဆိုတာဘာလဲ

Bikini waxing ဆိုတာ ဘာလဲ Bikini waxing ဆိုတာ ခုနောက်ပိုင်း spaတော်တော်များများမှာတွေ့ရတဲ့ treatment တစ်မျိုးပါပဲ။ တချို့ မိန်းကလေးတွေမှာ မိန်းမကိုယ်ယားယံခြင်း၊ ဆားဝက်ခြံလို အစေ့တွေ ထွက်နေခြင်း၊ အမွှေးအမျှင်တွေ များလွန်းခြင်းနဲ့ အနံ့ဆိုးထွက်ခြင်းတွေ ရှိတတ်ပါတယ်။ ဒီလိုအခြေအနေတွေကိုကျော်လွှားချင်တဲ့သူတော်တော်များများက Bikini waxingပြုလုပ်ကြပါတယ်။ အရမ်းနာလား Bikini waxing လုပ်တဲ့အခါမှာ အနည်းငယ် နာတာတွေတော့ ရှိနိုင်ပါတယ်။ ဒါက waxing လုပ်တဲ့အခါမှာပြုလုပ်ပေးသူရဲ့ငြင်သာမှုနဲ့ ဆိုင်သလို အမွှေးအမျှင်ရဲ့ အရှည်နဲ့လည်း ဆိုင်ပါတယ်။ အရမ်းရှည်ရင်လည်း နာနိုင်သလို အရမ်းတိုနေရင်လည်း နာကျင်နိုင်ပါတယ်။ ဒါကြောင့် Bikini waxing လုပ်မယ်ဆိုရင် ဂျုတ်နဲ့ ရိတ်တာမျိုး မလုပ်သွားဘဲနဲ့ ကတ်ကြေးလေးနဲ့ နည်းနည်းတိတာမျိုးလေး လုပ်သွားပါ။ ပြုလုပ်ပုံအဆင့်ဆင့် Bikini waxingပြုလုပ်ပုံအဆင့်ဆင့်ကတော့ spaပေါ် မူတည်ပြီး ကွဲပြားပါတယ်။ ပုံမှန်ဆိုရင် မိန်းမကိုယ်ကို […]


ဝက်ခြံ

မျက်နှာမှာမပေါက်တဲ့ဝက်ခြံများအကြောင်း

ဝက်ခြံဆိုရင် အားလုံးနီပါး မျက်နှာပေါ်က အဖြူဝတ်ဆံတွေနဲ့ ရဲမှည့်နေတဲ့ အဖုကြီးတွေကိုပဲ အရင်ဆုံး မြင်မိကြမှာပါ။ တချို့လူတွေမှာတော့ ဝက်ခြံက မျက်နှာမှာ ပေါက်ပေမယ့် တချို့တွေမှာ မျက်နှာမဟုတ်ဘဲ နား၊ လည်ပင်း၊ ကျောပြင်နဲ့ ဝမ်းဗိုက်တွေမှာ ပေါက်လေ့ ရှိကြပါတယ်။ တော်တော်များများက မျက်နှာပေါ်က ဝက်ခြံတွေကို ပျောက်ကင်းသက်သာစေဖို့ ကြိုးစားအားထုတ်ကြပေမယ့် ခန္ဓါကိုယ်ပေါ်က ဝက်ခြံတွေကိုတော့ မေ့လျော့နေပါတယ်။ တကယ်တော့ ခန္ဓါကိုယ်က ဝက်ခြံတွေ ရောင်ရမ်းပြီး နာကျင်တာကလည်း ခံရခက်တဲ့ ဝေဒနာပါပဲ။ ခန္ဓါကိုယ်မှာ ဝက်ခြံထွက်ပေါ်ရတဲ့အကြောင်းရင်းများ American Academy of Dermatology အရ ခန္ဓါကိုယ်မှာ ချွေးပေါက်တွေ ပိတ်ဆို့နေခြင်း၊ ဆဲလ်သေတွေ ရှိနေခြင်းနဲ့ ခန္ဓါကိုယ်ကထွက်တဲ့ သဘာဝအဆီတွေက ချွေးပေါက်တွေထဲ ပိတ်မိနေပြီး ဘက်တီးရီးယားတွေ ပေါက်ဖွားလွယ်စေပြီး ဝက်ခြံထွက်စေပါတယ်။ ဒါကဝက်ခြံတွေအပြင် ခန္ဓါကိုယ်မှာ ဆားဝက်ခြံတွေပါ […]


အသားအရေ ထိန်းသိမ်းခြင်း

မျက်နှာပေါ်က အဆီဖုတွေကြောင့် စိတ်ညစ်နေရလား

မျက်နှာပေါ်က အဆီဖုတွေကြောင့် စိတ်ညစ်နေရလား ....... မျက်နှာမှာ ဝက်ခြံ၊ တင်းတိပ်၊ ဆားဝက်ခြံနဲ့ အရေးအကြောင်းတွေ ရှိတတ်ကြပါတယ်။ ဒါ့အပြင် အဆီဖုတွေလည်း ရှိနေတတ်ပါတယ်။ ဆားဝက်ခြံနဲ့ ဝက်ခြံတွေက ညှစ်ထုတ်ပစ်လိုက်လို့ ရပေမယ့် အဆီဖုတွေက ညှစ်ဖို့အတွက်လည်း ခက်ခဲပါတယ်။ အဆီဖုလေးတွေဟာ နဖူး၊ မျက်လုံးအောက်ဘက်နဲ့မေးစေ့တွေမှာ အဖြစ်များပါတယ်။ မျက်နှာပေါ်က အဆီဖုတွေကြောင့် စိတ်ညစ်နေရလား အဆီဖုလေးတွေဟာ ပုံမှန်အားဖြင့်တော့ ရောင်ရမ်းတာတွေ၊ ယားယံတာတွေမရှိပါဘူး။ အဆီဖုလေးတွေရှိနေတာကြောင့် မျက်နှာချောချောမွေ့မွေ့ မဖြစ်လို့ စိတ်ညစ်နေရတယ်ဆိုရင်တော့ဖြစ်ရတဲ့အကြောင်းရင်း၊ ဘယ်လိုကုသမလဲဆိုတဲ့ နည်းလမ်းလေးတွေ လိုလာပါပြီ။ အဆီဖုဖြစ်ပွားရတဲ့ အကြောင်းအရင်း အဆီဖုက လူတိုင်းနီးပါးတော့ မဖြစ်ကြပါဘူး။နေရောင်ခြည်ဒဏ် အထိများခြင်း၊ ပိုးမွှားဝင်ရောက်ခြင်း၊ မိတ်ကပ်မဖျက်ဘဲ ညအိပ်ရာဝင်ခြင်းတွေကြောင့် အဖြစ်များပါတယ်။ နောက်ထပ်အကြောင်းရင်းကတော့ မျိုးရိုးကြောင့်ပါ။ အဆီဖု အမျိုးအစား (၁) မျက်စိအောက်ဘက်မှာ ထွက်တတ်တဲ့ အဆီဖု အမျိုးအစားကတော့ အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ ဖြစ်နိုင်ချေ များပါတယ်။ မျက်စိအောက်ဘက်မှာပေါက်တဲ့ […]


အသားအရေ ထိန်းသိမ်းခြင်း

ပျိုမေလေးတို့အတွက် အသားအရေထိန်းသိမ်းမှု အဆင့်ဆင့်

မိန်းကလေးတို့ရေ မနက်ခင်း အလုပ်သွား အပြင်သွားတဲ့အခါမှာ မိတ်ကပ်လေးတွေ အဆင့်ဆင့် လိမ်းကြတယ် မဟုတ်လား။ မိတ်ကပ်တွေ မကွက်ဖို့၊ ကြာရှည်ခံဖို့ဆိုတာကလည်း အသားအရေကောင်းမှဖြစ်မှာပါ။ ဒီတော့ အသားအရေကောင်းဖို့ဆိုရင် မိတ်ကပ်ထက် အသားအရေထိန်းပစ္စည်းတွေ သုံးဖို့ လိုပါတယ်။ ခုခေတ်မှာ အသားအရေထိန်းသိမ်းခြင်းကိုလည်းတော်တော်များများပြုလုပ်လာကြပါပြီ။ ထိန်းသိမ်းတဲ့အခါမှာ နည်းလမ်းမှန်မှန်လေး ထိန်းသိမ်းဖို့တော့ လိုပါတယ်နော်။ ဒါမှ အသားအရေ မပျက်စီးဘဲနဲ့ ပိုမိုကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေဖြစ်လာမှာပါ။ မနက်ခင်းမှာ မိတ်ကပ်အဆင့်ဆင့် လိမ်းကြသလိုပဲ ညဘက်ရောက်တဲ့အခါမှာလည်း အဆင်ဆင့် အသားအရေ ထိန်းဖို့လိုတာမို့ တစ်ဆင့်ချင်းစီ ကြည့်ကြည့်ပါဦးနော်။ မိတ်ကပ်ဖျက်ဆေး ညရောက်ပြီဆိုရင်တော့ တစ်မနက်လုံးက မျက်နှာမှာ ရှိခဲ့သမျှ မိတ်ကပ်တွေနဲ့ အိုင်းလိုင်နာတွေကို ဖျက်ဖို့ အချိန်တန်ပါပြီ။ make up remover အရည်လေးတွေကို cotton padလေးမှာစွတ်ပြီး မိတ်ကပ်တွေကိုပြောင်စင်အောင် ဖျက်ပါ။ နှာခေါင်းကြားနေရာက မိတ်ကပ်တွေကိုပြောင်စင်အောင်ဖျက်ပါ။ cleansing water မိတ်ကပ်ဖျက်တဲ့အဆင့်ပြီးပြီဆိုရင်တော့ cleansing […]


အသားအရေ ထိန်းသိမ်းခြင်း

Sleeping Mask သုံးရင် မျက်နှာမှာဘာတွေအကျိုးထူးမလဲ

Sleeping Mask သုံးရင် မျက်နှာမှာဘာတွေအကျိုးထူးမလဲ မျက်နှာလေး အမြဲတမ်းကြည်လင်လှပနေဖို့ဆိုရင် မိတ်ကပ်လိမ်းရုံနဲ့တင် မလုံလောက်ပါဘူးနော်။ အသားအရေထိန်းပစ္စည်းတွေလည်း လိမ်းပေးဖို့ လိုပါတယ်။ မိတ်ကပ်တွေ အမျိုးမျိုးရှိသလို အသားအရေထိန်းပစ္စည်းတွေလည်း အမျိုးမျိုး ရှိကြပါတယ်။ အခုနောက်ပိုင်းမှာတော်တော်များများ လိမ်းကြတဲ့ အသားအရေထိန်းပစ္စည်းတစ်မျိုးအကြောင်းပြောပြချင်ပါတယ်။ အဲဒါကတော့ Sleeping mask အကြောင်းပါ။ ဘယ်လိုအသားအရေပိုင်ရှင်မဆို၊ အသက်အရွယ်ဘယ်လောက်ဖြစ်ဖြစ် လိမ်းနိုင်ပါတယ်။ Sleeping mask မှာလည်း အသားအရေအမျိုးအစားကိုလိုက်ပြီး ထုတ်လုပ်ထားတာတွေ ရှိပါတယ်။ ပုံမှန်maskတွေဆိုရင် လိမ်းထားပြီးနောက်ပိုင်းမှာ မျက်နှာပြန်သစ်ရတာတွေရှိပါတယ်။နောက်ပြီးတော့ moistureတွေလည်း အစရှိသလို လိမ်းရပါတယ်။ Sleeping mask ကတော့ မျက်နှာပြန်သစ်စရာ မလိုတဲ့ mask အမျိုးအစားပါ။ ကိုယ့်ရဲ့ မျက်နှာကို သန့်စင်ဆေးကြောပြီးပြီဆိုရင် Sleeping maskလေး လိမ်းလိုက်ရုံပါပဲ။ Sleeping maskလေး လိမ်းတဲ့အခါမှာ လက်ထဲကို ထည့်ပြီး […]


အခြားအရေပြားပြဿနာများ

မိုးရာသီမှာ ဖြစ်တတ်တဲ့ အရေပြားပြဿနာများ

နွေရာသီ၊ ဆောင်းရာသီတွေမှာ အရေပြားခြောက်သွေ့ခြင်း၊ အသားပပ်ခြင်းစတဲ့ အရေပြားပြဿနာတွေ ကြုံတွေ့ရသလိုပဲ မိုးရာသီမှာလည်း အရေပြားပြဿနာတွေ ကြုံတွေ့ရနိုင်ပါတယ်။ စိုစိုစိစိဖြစ်နေတဲ့ရေတွေ၊ ဗွက်တွေကြား သွားလာရင်း ထိတွေ့ရတာနဲ့ မိုးရေတွေ ထိပြီး ဦးရေပြား ယားယံတာတွေလည်း ရှိနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ မိုးရာသီမှာ ဖြစ်တတ်တဲ့ အရေပြားပြဿနာများ အကြောင်း နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ မိုးရာသီ စိုစိုစွတ်စွတ်မှာ ဘက်တီးရီးယားတွေလည်း ပိုမိုပေါက်ဖွားလွယ်ပါတယ်။ ဒီဘက်တီးရီးယားတွေကြောင့် ခြေထောက် နဲ့ ခြေသည်းကြားမှာ မှိုစွဲတာတွေဖြစ်တတ်ပါတယ်။ ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်တွေမှာ အလာ့ဂျစ်ဖြစ်ခြင်းတွေက မိုးရာသီမှာ ပိုဖြစ်ပါတယ်။ ဒါက ပတ်ဝန်းကျင်ရဲ့ သန့်ရှင်းမှုနဲ့လည်း သက်ဆိုင်ပါတယ်။ မိုးရာသီမှာ ဖြစ်တတ်တဲ့ အရေပြားပြဿနာများ မိုးရာသီမှာ ဖြစ်တတ်တဲ့ အရေပြားပြဿနာများကတော့ ဝက်ခြံ မိုးရာသီမှာ ဝက်ခြံတွေ ပိုပြီး အဖြစ်လွယ်ပါတယ်။ စိုစွတ်နေတဲ့ မိုးရာသီမှာ ပတ်ဝန်းကျင် သန့်ရှင်းမှုက အရမ်းကို အရေးကြီးပါတယ်။ […]


အသားအရေ ထိန်းသိမ်းခြင်း

Eye cream ဘယ်အချိန်စပြီး လိမ်းရမလဲ

ခုနောက်ပိုင်း skin careတွေထဲမှာ ညဘက်အိပ်ခါနီး eye cream လိမ်းခြင်းဆိုတဲ့ အဆင့်လည်း စတင်ပြီး ပါဝင်လာပါပြီနော်။ eye creamတော်တော်များများလည်းဈေးကွက်ထဲမှာနေရာယူနေပါပြီ။ ဒီတော့ ကိုယ်နဲ့ အဆင်ပြေမယ့် ပစ္စည်းကို ဝယ်ယူသုံးစွဲရုံပါပဲ။ မဝယ်ယူခင်မှာတော့ eye cream ဆိုတာ ဘာလဲ၊ ဘယ်လိုအကျိုးပြုသလဲ၊ အသက်အရွယ်ဘယ်လောက်ကနေစပြီး သုံးသင့်သလဲဆိုတာ သိထားသင့်ပါတယ်။ Eye cream ဆိုတာကတော့ အလှအပအတွက်ရေများများသောက်ဖို့ လိုသလိုမျိုး လိုအပ်တဲ့ အလှအပပစ္စည်းတမျိုးပါပဲ။ Eye cream ကို အသက်(၂၅) နှစ်လောက်ကတည်းက စပြီး ပုံမှန်လေး လိမ်းသင့်ပါတယ်။ Eye cream လိမ်းခြင်းအားဖြင့် မျက်လုံးဖောင်းအစ်အစ်ဖြစ်ခြင်း၊ မျက်ကွင်းညိုခြင်း၊ အရေးအကြောင်းဖြစ်ခြင်းတွေကိုလျှော့ချပေးသလို ကြိုတင်ကာကွယ်ပေးပြီးသားလည်းဖြစ်ပါတယ်။ လိမ်းတဲ့အခါမှာလည်း Eye cream ကို လက်ချောင်းလေးနဲ့ အသာအယာလေးယူပြီး မျက်ဝန်းတဝိုက် အသာအယာလေး […]


အသားအရေ ထိန်းသိမ်းခြင်း

အမျိုးသားတွေလည်း ကျန်းမာလှပတဲ့ အသားအရေ ပိုင်ဆိုင်ဖို့လိုအပ်ပါတယ်

အမျိုးသမီးတွေပဲ အလှအပတရားနဲ့သက်ဆိုင်ပြီး အမျိုးသားတွေ ရော မသက်ဆိုင်ဘူးလား။တော်တော်များများယူဆထားတာက အလှအပတရားက အမျိုးသမီးတွေအတွက်လို့ပဲထင်ထားတာပါ။ယောက်ျားလေးပဲ ဘာဖြစ်လဲ လှဖို့မလိုပါဘူး၊လို့ယူဆထားကြပါတယ်။ တကယ်တော့ ဒီအယူအဆကမှားယွင်းနေတယ်လို့ပြောပါရစေ။ လူသားတိုင်းက အလှအပတရားနဲ့ သက်ဆိုင်သူချည်းပါ။ ဒီနေရာမှာယောက်ျားလေးက အလှအပတရားနဲ့ သက်ဆိုင်တယ်ဆိုလို့ မိတ်ကပ်တွေပြင်တာမျိုးတော့ လှမ်းမတွေးလိုက်နဲ့နော်။ မိတ်ကပ်လိမ်းတဲ့အလှအပမျိုးမဟုတ်ဘဲ ကျန်းမာလှပတဲ့ အသားအရေကို ပိုင်ဆိုင်ထားတဲ့ယောက်ျားပီသတဲ့ အလှအပတရားကိုပြောချင်တာပါ။ အသားအရေလှပမှုကလည်း လူတွေကြားထဲမှာ ထင်းခနဲမြင်သာစေတဲ့အရာတစ်ခုပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးစေတဲ့ အချက်တစ်ခုဆိုလည်း မှန်ပါတယ်။ ဒါကြောင့်ယောက်ျားပီပီသသနဲ့ ကျန်းမာလှပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်စေဖို့ လုပ်ဆောင်သင့်တဲ့ အချက်လေးတွေကိုပြောပြပေးပါရစေ။ အမျိုးသားတွေလည်း ကျန်းမာလှပတဲ့ အသားအရေ ပိုင်ဆိုင်ဖို့လိုအပ်ပါတယ် ကျန်းမာလှပတဲ့ အသားအရေ ပိုင်ဆိုင်ဖို့အတွက်က ရေလုံလောက်အောင်သောက်ပါ - ခန္ဓာကိုယ်ကျန်းမာဖို့အတွက်ရေဓာတ်လုံလောက်စွာရရှိဖို့လိုအပ်ပါမယ်။ တကယ်လို့များ ခန္ဓာကိုယ်မှာရေဓာတ်နည်းလာပြီဆိုရင် အသားအရေကခြောက်သွေ့ပြီး အရေပြား အဖတ်လန်တာမျိုးတွေဖြစ်နိုင်သလို အရေးအကြောင်းတွေလည်းဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အသားအရေကျန်းမာလှပဖို့ဆိုရင် အရင်ဆုံးမဖြစ်မနေ လိုက်နာသင့်တာကနေ့စဉ်ရေလုံလောက်အောင်သောက်တဲ့ အကျင့်ကိုမွေးမြူဖို့ပါ။ တစ်နေ့ကို […]


အသားအရေ ထိန်းသိမ်းခြင်း

အသားအရေ ညီညာချောမွတ်စေမည့် ပစ္စည်း ငါးမျိုး

သဘာ၀ အတိုင်း အသားအရေ တောက်ပ၊ ညီညာ၊ ချောမွတ် နေရန် မှာ အမျိုးသမီးတိုင်း အတွက် အိပ်မက်ပင် ဖြစ်ပါသည်။ ယင်းအိပ်မက်ကို အကောင်အထည်ပေါ်စေနိုင်သည့် သဘာ၀ အတိုင်းရော၊ လူလုပ် ပစ္စည်းများရော များစွာရှိပါသည်။ ဒီပစ္စည်းများစွာ ထဲကမှ ငါးမျိုးကို လေ့လာကြည့် ကြပါစို့။ ၁။ Alpha Lipoic Acid (ALA) ALA သည် အိုမင်းခြင်းကို နှေးကွေးစေသည့် အဓိကဓါတ် အနေဖြင့် ယူဆထားကြပြီး ခန္ဓါကိုယ်တွင်း နိုက်ထရစ် အောက်ဆိုဒ် ထုတ်လုပ်မှုကို မျှတစေပြီး အရေပြားသို့ သွားသော သွေးပမာဏကို ထိန်းချုပ်ပါသည်။ ယင်းသို့ ပြုလုပ်ပေးခြင်းသည် ဖြူဆုတ်ဆုတ် မှိုင်းတိုင်းတိုင်း အသား အရေကို ရွန်းလဲ့တောက်ပစေပါလိမ့်မည်။ ထိုအတူပင် နီရဲခြင်းနှင့် အမဲစက်များ ဖြစ်ပေါ်ခြင်းကို သက်သာစေ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Hello Sayarwon Medical Panel

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း