အိပ်ရေးပျက်တဲ့အခါ ဝက်ခြံ ပိုထွက်လာတာကို ကြုံဖူးမှာပေါ့။ ဒါက တိုက်ဆိုင်မှု သက်သက် မဟုတ်ပါဘူး။ အိပ်ရေးပျက်တာကြောင့် ထွက်လာတဲ့ ဝက်ခြံတွေပါ။ အိပ်ရေးပျက်ရင် ဝက်ခြံထွက်မှာလား …. ဘာကြောင့် ထွက်ရတာလဲဆိုတာကို ဆောင်းပါးလေးထဲ ဖတ်ကြည့်လိုက်နော်။
ဝက်ခြံ ပေါက်လာခြင်း ဖြစ်စဉ်
အရေပြားပေါ်မှာ ချွေးပေါက်လေးတွေရှိနေပြီး ဒီချွေးပေါက်လေးတွေမှာ အဆီ၊ ဘက်တီးရီးယား နဲ့ အရေပြားပေါ်က ဆဲလ်သေတွေ၊ ပတ်ဝန်းကျင်က ညစ်ညမ်းတဲ့အရာတွေ၊ ဖုန်မှုန့်တွေ ပိတ်ဆို့သွားတဲ့အခါ ဝက်ခြံလေးတွေဖြစ်လာကြတာပါ။
ဒါကိုမှ ညှစ်မယ်၊ ကုတ်မယ်၊ ဖဲ့မယ်ဆိုရင် အမာရွတ်တွေ ကျန်တာ၊ ဝက်ခြံတွေ ပိုးဝင်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။
အိပ်ရေးပျက်ရင် ဝက်ခြံထွက်မှာလား

အိပ်ရေးပျက်ရင် ဝက်ခြံထွက်မှာလား ….. ဆိုတော့ ထွက်မှာပါ။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။
အိပ်ရေးပျက်တာက စိတ်ဖိစီးတဲ့အခါ ခန္ဓာကိုယ်မှာ ထွက်လာတဲ့ ကော်တီစော ဟော်မုန်းပမာဏကို တိုးစေနိုင်ပါတယ်။ ဒီလို ကော်တီစော ပမာဏတိုးလာတာက အရေပြားမှာ အဆီတွေကို ဖြစ်စေပြီး အရေပြားပေါ်က ချွေးပေါက်လေးတွေ ရောင်ရမ်းလာပါတယ်။ ဒီလိုကနေ အရေပြားကို ပိုးဝင်ကူးစက်ပါတော့တယ်။
ဒီလို ပိုးဝင်ကူးစက်တာက ပြည်ဖုလေးတွေ ဖြစ်စေပြီး ဝက်ခြံ ဖြစ်လာတာပါ။ ဝက်ခြံကို ဖြစ်စေတဲ့ အခြား အကြောင်းအရင်းတွေလည်း ရှိပေမယ့် ဝက်ခြံဖြစ်စေတဲ့ အဓိက အကြောင်းအရင်းတွေထဲက တစ်ခုက အိပ်ရေးပျက်တာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။