အရေပြားပြဿနာတွေကတော့ တော်တော်လေး များပါတယ်။ ဒီလို များပြားလှတဲ့ အရေပြား ပြဿနာတွေထဲကမှ ဆိုရီရေးစစ် (Psoriasis) အရေပြားပြဿနာ ခံစားနေရတာဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဒီလို ပြောရတာက ဒီဆောင်းပါးလေးထဲမှာ ဆိုရီရေးစစ် (Psoriasis) အရေပြားပြဿနာ ရှိရင် ဘာတွေ မစား သင့်ဘူးလဲ ဆိုတာကို ပြောပြပေးသွားမှာ မို့လို့ပဲ ဖြစ်ပါတယ်။
- အယ်လ်ကိုဟော အလွန်အကျွံ သောက်သုံးတာ
- နွားနို့ကနေ ထုတ်ထားတဲ့ နို့ထွက်ပစ္စည်းတွေ
- သန့်စင်ထားတဲ့ ကာဗိုဟိုက်ဒရိတ်တွေ
- ပြည့်ဝဆီ နဲ့ အသွင်ပြောင်းဆီ များတဲ့ အစားအစာတွေ
- ဂလူတန် ပါဝင်မှု များတဲ့ အစားအစာတွေ
- အချိုကဲတဲ့ စားစရာသောက်စရာတွေက ဆိုရီရေးစစ်ကို ပိုဆိုးစေနိုင်ပါတယ်။