backup og meta

မင်းဂွတ်သီး အသားအရေ လှစေသလား .....

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 15/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မင်းဂွတ်သီး အသားအရေ လှစေသလား .....

    စားလို့ကောင်းပြီး အသွင်အပြင်လေးက ချစ်စရာကောင်းတဲ့ မင်းဂွတ်သီးလေးက ကျန်းမာရေးအတွက် ထောက်ကူပေးသလို အလှအပအတွက်လည်း ထောက်ကူပေးပါသတဲ့။ ဒီတစ်ခေါက်တော့ စားရတာ အရသာရှိပြီး ကျန်းမာရေးအတွက် အထောက်အကူပြုပေးတဲ့ မင်းဂွတ်သီး အသားအရေ လှစေသလား ….. ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

    မင်းဂွတ်သီး ဆိုတာ

    မင်းဂွတ်သီးဆိုတာ အရှေ့တောင်အာရှဒေသတွေမှာ ပေါက်ရောက်တွေ့ရှိရတဲ့ အပင်ရဲ့ အသီးပါ။ အသွင်အပြင်ကို ပြောပြရရင် အစိမ်းရောင် အညှာလေးနဲ့ အခွံလေးက အညိုရောင်စိုစိုလေးပါ။ အောက်ဘက်နားလေးမှာ အသီးထဲမှာပါတဲ့ အမွှာအရေအတွက်ကို ပြတဲ့ အရာလေးပါပါတယ်။

    အတွင်းဆံလေးတွေက ဖြူဖြူလေးနဲ့ အထဲမှာ အစေ့ အညိုရောင်ဖျော့ဖျော့လေး ပါပါတယ်။ အပူပိုင်းဒေသရဲ့ ဘုရင်မလို့တောင် တင်စားရတဲ့ အသီးပေါ့။ အာဟာရပြည့်ဝစွာ ပါဝင်နေပါတယ်။ အရသာကတော့ ချိုချိုချဉ်ချဉ်နဲ့ ရင်အေးစေတဲ့ အရသာမျိုးပါ။

    အရသာကို ခံစားမိအောင် ပြောပြရရင် သစ်တော်သီးနဲ့ လိမ္မော်သီးတို့ ကြားထဲက အရသာမျိုးပါ။ သစ်တော်သီးလောက် အချိုမများသလို လိမ္မော်သီးလောက်လည်း အချဉ်မများပါဘူး။ အခွံက ဖန်နိုင်ပေမယ့် အတွင်းက အဖြူဆံလေးတွေကတော့ ချိုချိုလေးပါ။

    မင်းဂွတ်သီးမှာ ဘယ်လို အာဟာရဓာတ်တွေ ပါဝင်နေလဲ ……

    စားရတာ အရသာရှိလှတဲ့ မင်းဂွတ်သီးမှာ

  • ကယ်လ်လိုရီ
  • ကာဗိုဟိုက်ဒရိတ်
  • အမျှင်ဓာတ်
  • အဆီဓာတ်
  • ပရိုတင်း
  • ဗီတာမင် C
  • ဗီတာမင် B9 (folate)
  • ဗီတာမင် B1 (thiamine)
  • ဗီတာမင် B2(riboflavin)
  • မဂ္ဂနိ့
  • Copper
  • မဂ္ဂနီဆီယမ်တို့ ပါဝင်နေပါတယ်။
  • မင်းဂွတ်သီး အသားအရေ လှစေသလား …..

    မင်းဂွတ်သီး အသားအရေ လှစေသလား .....

    မင်းဂွတ်သီး အသားအရေ လှစေသလား ….. ဆိုတော့ လှစေပါတယ်။ ဘယ်လိုမျိုး အသားအရေ ကျန်းမာလှပစေဖို့ ထောက်ကူပေးနိုင်လဲဆိုတာကိုတော့ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

    ဝက်ခြံ သက်သာစေတယ်

    မင်းဂွတ်သီးမှာ ဘက်တီးရီးယားတွေ နဲ့ မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ ဒြပ်ပေါင်းတွေ ပါဝင်နေပါတယ်။ အရေပြားပြဿနာ တော်တော်များများကို သက်သာစေနိုင်ပါတယ်။

    ဘက်တီးရီးယားတွေကြောင့် ဝက်ခြံဖြစ်တာမျိုး မဖြစ်အောင် ကာကွယ်ပေးသလို ဝက်ခြံဖြစ်တာကိုလည်း သက်သာစေပါတယ်။ ဝက်ခြံကြောင့် အမည်းစက်တွေ ကျန်တာကို သက်သာစေပြီး အဆီပြန်တာ၊ အသားခြောက်တာတွေကိုလည်း သက်သာစေနိုင်ပါတယ်။

    ဆဲလ်တွေ အသစ်ဖြစ်ပေါ်စေတယ်

    မင်းဂွတ်သီးမှာ Xanthone ဒြပ်ပေါင်းတွေ အခြား သစ်သီးတွေထက် ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒီလို ပါဝင်နေတာကြောင့် အရေပြားပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်သလို ပျက်စီးသွားတဲ့ အရေပြားဆဲလ်တွေကို ပြုပြင်ပေးပါတယ်။ အရေပြားဆဲလ်တွေ အသစ်ဖြစ်ပေါ်စေဖို့ ထောက်ကူပေးသလို ဆဲလ်တွေ ပျက်စီးမှု နည်းအောင်လည်း လုပ်ဆောင်ပေးပါတယ်။

    အရွယ်တင်စေတယ်

    ဓာတ်တိုးပစ္စည်းတွေကြောင့် အသားအရေကို ထိခိုက်စေပြီး အရွယ်မတိုင်ခင် အိုမင်းတာကို ဖြစ်စေနိုင်ပါတယ်။ မင်းဂွတ်သီးမှာ catechin လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်နေတာကြောင့် ဓာတ်တိုးပစ္စည်းတွေကို တိုက်ထုတ်ပေးပြီး ဓာတ်တိုးပစ္စည်းတွေကြောင့် အရွယ်မတိုင်ခင် အိုမင်းတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

    မင်းဂွတ်သီး ပုံမှန် စားပေးတာက အရွယ်တင်စေမှာပါ။

    မှိုပိုးကူးစက်မှု မဖြစ်အောင် ကာကွယ်ပေးတယ်

    မင်းဂွတ်သီးမှာ Xanthones ပါဝင်နေတာက မှိုပိုးတွေ နဲ့ ဗိုင်းရပ်စ်တွေကြောင့် ထိခိုက်မှု မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ အရေပြားမှာ မှိုပိုးကြောင့် ဖြစ်တဲ့ ကျန်းမာရေးပြဿနာတွေ မဖြစ်စေဖို့ ကာကွယ်ပေးသလို ခြေသည်းလက်သည်းလေးတွေ မှိုစွဲတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။

    အရောင်ကျစေနိုင်တယ်

    ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတဲ့ မင်းဂွတ်သီးက အနာကျက်စေနိုင်သလို အရောင်ကျစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ထိခိုက်မိတာ၊ ဝက်ခြံ စတာတွေကြောင့် ရောင်ရမ်းတာကို သက်သာစေနိုင်ပါတယ်။

    အရေပြား ရောင်ရမ်းနာကျင်မှုတွေ သက်သာစေဖို့ မင်းဂွတ်သီး စားပေးလို့ ရပါတယ်။

    အရေးအကြောင်းတွေ သက်သာစေနိုင်တယ်

    မင်းဂွတ်သီး ရဲ့ နောက်ထပ် အသားအရေအလှအပအတွက် ထောက်ပံ့ပေးမှု တစ်ရပ်ကတော့ အရေးအကြောင်းတွေ သက်သာစေနိုင်တာပါ။ အရွယ်မတိုင်ခင် အိုမင်းတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးသလို အသက်အရွယ်ကြောင့် အရေးအကြောင်းဖြစ်တာတွေကို ကာကွယ်ဖို့အတွက်လည်း စားပေးလို့ ရပါတယ်။

    အသားအရေ ကြည်လင်စေတယ်

    မင်းဂွတ်သီးရဲ့ နောက်ထပ် ကျန်းမာရေး အာနိသင်တစ်ရပ်ကတော့ အသားအရေကို ကြည်လင်စေတာပါ။ အသားဖြူချင်တယ်၊ တင်းတင်းရင်းရင်း နဲ့ ကြည်ကြည်လင်လင် လှပချင်တယ်ဆိုရင် မင်းဂွတ်သီး စားပေးလို့ ရပါတယ်။

    မင်းဂွတ်သီး အသားအရေ လှစေပါတယ်

    မင်းဂွတ်သီး စားပေးတာက
    • ဝက်ခြံ သက်သာစေတယ်
    • ဆဲလ်တွေ အသစ်ဖြစ်ပေါ်စေတယ်
    • အရွယ်တင်စေတယ်
    • မှိုပိုးကူးစက်မှု မဖြစ်အောင် ကာကွယ်ပေးတယ်
    • အရောင်ကျစေနိုင်တယ်
    • အရေးအကြောင်းတွေ သက်သာစေနိုင်တယ်
    • အသားအရေ ကြည်လင်စေတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 15/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement