အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen

နေရောင်ခြည်နဲ့ ထိတွေ့မှုများရင် နေလောင်တာ၊ အရေပြားတွေ ပျက်စီးတာကိုတော့ သိထားကြမှာပါ။ နောက်ထပ် ပိုအရေးကြီးတဲ့အချက်က နေရောင်ခြည်မှာပါတဲ့ UVလှိုင်းတွေက အရေပြားကင်ဆာ ဖြစ်စေနိုင်တယ်ဆိုတာပါပဲ။ အရေပြားကင်ဆာဖြစ်စေတဲ့ အချက်တွေထဲမှာ နေရောင်ခြည်က ထိပ်ဆုံးက ပါနေပါတယ်။ ဒါကြောင့် နေရောင်ခြည်ကို ကာကွယ်တာက အရေပြားကင်ဆာကို ကာကွယ်နေတာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ Sunscreenတွေက အရေးကြီးလာပါပြီ။ Sunscreenတွေက နေရောင်ခြည်က UVလှိုင်းတွေကို ကာကွယ်ပေးနိုင်တာကြောင့် Sunscreenတွေကို ပုံမှန်လိမ်းတာက အရေပြားကင်ဆာကို ကာကွယ်နည်းတစ်မျိုးပါပဲ။ Sunscreenလိမ်းတာအပြင် နေပူထဲသွားတဲ့အခါ ထီး၊ ဦးထုပ်ဆောင်းမယ်၊ အဝတ်အစားကို လုံလုံခြုံခြုံဝတ်မယ်ဆိုရင် အရေပြားကင်ဆာ ဖြစ်နိုင်ခြေက တော်တော်ကြီး နည်းသွားမှာ ဖြစ်ပါတယ်။ အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen Sunscreenနဲ့ ပတ်သက်လာရင် သိထားဖို့လိုတဲ့ ‘W’ ၅လုံး ရှိပါတယ်။ WHO (ဘယ်သူတွေ လိမ်းဖို့လိုသလဲ) နေရောင်တဲ့ထိတွေ့တဲ့ ဘယ်သူမဆို […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ခေါင်းဖြီးတာက တကယ်လိုအပ်လား ...........

မနက်ခင်း အိပ်ရာက ထတဲ့အချိန်၊ အပြင်မသွားခင်နဲ့ ညနေ ရေချိုးပြီးချိန်တွေမှာ ခေါင်းဖြီးလား။ ဒါမှမဟုတ် တစ်နေ့လုံးနေမှ တစ်ကြိမ်ပဲ ခေါင်းဖြီးတာလား....... ခေါင်းကို လုံးဝမဖြီးဘဲနေလား......  ခေါင်းဖြီးတာက တကယ်လိုအပ်လား ........... ခေါင်းဖြီးတာက အလှအပအတွက်တင် မဟုတ်ပါဘူး။ ဆံသားနဲ့ ဦးရေပြားကိုပါ ကျန်းမာစေတာပါ။ ဘယ်လိုတွေများ အကျိုးထူးစေလဲ သိချင်ရင် ဒီဆောင်းပါးလေးက အဆင်ပြေစေမှာပါနော်။ ခေါင်းဖြီးတာက တကယ်လိုအပ်လား ........... ခေါင်းဖြီးတာက တကယ်လိုအပ်လား ........... ဆိုတော့ ခေါင်းပုံမှန်ဖြီးပေးတာကြောင့် အိပ်ပျော်စေတယ် ခေါင်းဖြီးတာက စိတ်ရော ကိုယ်ပါ လန်းဆန်းစေပြီး အင်အားပြည့်စေဖို့ အထောက်အပံ့ပေးပါတယ်။ ညဘက်မှာ ကောင်းကောင်း အိပ်ပျော်ချင်တယ်ဆိုရင်တော့ မအိပ်ခင်မှာ ခေါင်းဖြီးပါတဲ့။ ဆံပင်ကို နဖူးစပ်က အဖျားထိရောင်အောင် သေချာလေး ဖြီးပေးပါ။ ဒီလိုဖြီးပေးတာက ဆံပင်တွေကို ရှင်းစေသလို ညဘက် ကောင်းကောင်းအိပ်ပျော်စေဖို့လည်း အကောင်းဆုံး အထောက်အပံ့ပေးနိုင်မှာပါ။ ဆံပင်မှာ ကပ်တွယ်နေတဲ့အရာတွေကို […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆံပင်အဖျား နှစ်ခွတွေကို ဒီလိုဖြေရှင်းပါ

ဆံပင်ကလည်း ထိန်းသိမ်းစောင့်ရှောက်ဖို့လိုတဲ့ အစိတ်အပိုင်းတစ်ခုပါ။ ဆံပင်ကို သေချာဂရုစိုက်မှာ ကျန်းမာသန်စွမ်းတဲ့ ဆံသားကို ပိုင်ဆိုင်နိုင်မှာပါ။ ဒီတစ်ခေါက်တော့ ဆံပင် အဖျားနှစ်ခွဖြစ်တာကို သက်သာစေမယ့် နည်းလမ်းလေးတွေကို ပြောပြပေးပါရစေ။ ဆံပင် အဖျားနှစ်ခွဆိုတာ ဘာလဲ................ ဆံပင် အဖျားနှစ်ခွဆိုတာ ဆံသားရဲ့ အဖျားမှာ ဆံပင်က တစ်ခုထဲမဟုတ်ဘဲ နှစ်ခုကွဲနေတာမျိုး တစ်ခါတလေ ၃ ခွ၊ ​၄ ခွလောက်အထိ ကွဲနေတာမျိုးတွေတောင်ရှိတတ်ပါတယ်။ အဖျားတွေက ခြောက်ဖွာပြီး ဒီလိုလေးတွေ ကွဲနေတာကို ဆံပင် အဖျား နှစ်ခွဖြစ်တယ်၊ လို့ ခေါ်တာပါ။ ဘာတွေကြောင့် ဆံပင် အဖျားနှစ်ခွ ဖြစ်ရတာလဲ....... ဆံပင် အဖျား နှစ်ခွဖြစ်ရတဲ့ အကြောင်းအရင်းက တစ်ခုမကရှိနိုင်ပါတယ်။ အပူချိန် ပြင်းပြင်းနဲ့ ထိတွေ့တာ ဖုန်မှုန့် နဲ့ ညစ်ညမ်းတဲ့အရာတွေနဲ့ အချိန်ကြာမြင့်စွာ ထိတွေ့တာ ဆံပင်ကို ခဏခဏလျှော်တာ ဓာတုပစ္စည်းပါတဲ့ […]


ဝက်ခြံ

ဝက်ခြံရှိသူတွေ အသုံးပြုနိုင်မယ့် သဘာဝ အသားအရေထိန်း ပစ္စည်းလေးတွေ

ဝက်ခြံရှိတဲ့သူလေးတွေက အသားအရေထိန်းသိမ်းမှုတွေလုပ်ချင်ပေမယ့် ရှိရင်းစွဲ ဝက်ခြံတွေ ပိုဆိုးလာမှာစိုးတာကြောင့် မလုပ်ဖြစ်ကြတာများပါတယ်။ ဒါကြောင့် သဘာဝပစ္စည်းလေးတွေနဲ့ပဲ အသားအရေထိန်းမယ်ဆိုတော့လည်း တည့်ပါ့မလားများစွာနဲ့ အတွေးရခက်နေသူလေးတွေရှိလား... ဒါဆိုရင်တော့ ဝက်ခြံအတွက် အသင့်တော်ဆုံး သဘာဝပစ္စည်းလေးတွေကို တူတူကြည့်လိုက်ရအောင်လား.............. ဝက်ခြံနဲ့ အသင့်တော်ဆုံး သဘာဝ အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းလေးတွေက ဘာတွေများလဲ...... ဝက်ခြံလေးတွေ သက်သာပြီး ​ကြည်လင်တဲ့ အသားအရေ ပိုင်ဆိုင်နိုင်စေဖို့ဆိုရင် Tea tree oil ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပြီး ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားဖြစ်တဲ့ P. acnes ကိုလည်း တိုက်ဖျက်ပေးနိုင်ပါတယ်။  ဝက်ခြံသက်သာစေသလို နာကျင်ရောင်ရမ်းမှုကို သိသိသာသာလျော့ကျစေနိုင်မှာပါ။  ဝက်ခြံသက်သာစေသလို ဝက်ခြံမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ Jojoba oil ပျက်စီးသွားတဲ့ အသားအရေကို ပြန်လည် ကျန်းမာလာစေပါတယ်။ အနာကျက်မြန်စေနိုင်ပြီး ဝက်ခြံအမာရွတ်တွေကို သိသိသာသာ လျော့ကျစေနိုင်ပါတယ်။ ဝက်ခြံရောင်ရမ်းတာကို သက်သာစေနိုင်သလို နီးမြန်းတာကိုလည်း လျော့ပါးစေနိုင်ပါတယ်။ […]


ဝက်ခြံ

မသိလိုက်ဘဲ လုပ်မိနေတဲ့ ဝက်ခြံဖြစ်စေနိုင်တဲ့ အလေ့အကျင့်လေးတွေ

ဝက်ခြံဖြစ်တာက ဟော်မုန်းပြောင်းလဲမှုကြောင့်ပဲလား... အခြားအကြောင်းအရင်းတွေရော ရှိသေးတယ်လို့ထင်လား........... ဟုတ်ပါတယ်။ ဝက်ခြံဖြစ်ရတာက အစားအသောက်နဲ့ နေ့စဉ်လုပ်မိနေတဲ့ အပြုအမူတွေကြောင့်လည်း ပါပါတယ်။ ဒါဆိုရင် ကိုယ်ဝက်ခြံပေါက်နေရတဲ့ အကြောင်းအရင်းလေးကို အတူတူရှာ ကြည့်​ကြစို့လား။ ဝက်ခြံပေါက်အောင် ကိုယ်လုပ်မိနေတဲ့ အပြုအမူက ဘာလဲ........... ဝက်ခြံထွက်လာရတဲ့ အကြောင်းအရင်းက ဘာများလဲဆိုတာ တူတူဆန်းစစ်ကြည့်ရအောင်။ မျက်နှာကို ခဏခဏကိုင်တာ တစ်ခုခုစိတ်ဝင်စားရင်ဖြစ်ဖြစ်၊ တွေးနေရင်ဖြစ်ဖြစ် မျက်နှာကို ကိုင်တတ်ကုတ်တတ်သူလား။ ဒါဆိုရင်တော့ သင်ဝက်ခြံပေါက်ရတဲ့ အကြောင်းအရင်းက မျက်နှာကို ကိုင်တာကြောင့်ပါ။ လက်ချောင်းမှာ ကပ်နေတဲ့ ဘက်တီးရီးယားလေးတွေက ချွေးပေါက်ထဲဝင်ရောက်ပြီး ဝက်ခြံတွေကိုဖြစ်စေတာပါ။ မျက်နှာကို လက်နဲ့ မထိမိစေဖို့ ကြိုးစားပါ။ ဝက်ခြံညှစ်တာ ဝက်ခြံက ညှစ်လိုက်လို့မသက်သာသွားပါဘူး။ ပိုဆိုးသွားမှာပါ။ ဝက်ခြံညှစ်လိုက်တဲ့အခါ ဘက်တီးရီးယားတွေက အရေပြားအောက်ထဲကို အလွယ်တကူဝင်ရောက်သွားပြီး ဝက်ခြံကို ပိုရောင်ရမ်းစေနိုင်သလို အမာရွတ်တွေ ကျန်ခဲ့စေနိုင်ပါတယ်။ ဝက်ခြံမညှစ်ပါနဲ့။ မျက်နှာကို ပုံမှန် မသန့်စင်တာ မျက်နှာကို […]


ဝက်ခြံ

ဝက်ခြံရှိသူလေးတွေ လုပ်မိတတ်တဲ့ အသားအရေထိန်းသိမ်းမှု အလွဲလေးများ

ဝက်ခြံက လူတော်တော်များများ ခံစားနေရတဲ့ အရေပြားပြဿနာတစ်ခုပါ။ ဝက်ခြံက အလှအပကို ထိခိုက်စေသလို ယုံကြည်မှုကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒီပြဿနာကို ကင်းစေဖို့ဆိုရင် စနစ်တကျ မလုပ်ဆောင်ဘူးဆိုရင်တော့ ကောင်းလာထက်ဖို့ထက် ဆိုးသွားဖို့က ဖြစ်နိုင်ခြေ ပိုများနေပါတယ်။ ဒီတော့ ဝက်ခြံရှိသူလေးတွေ ဝက်ခြံပျောက်ချင်လို့ဆိုပြီး အခုလို အများတွေများလုပ်မိနေလားဆိုတာ ဆန်းစစ်ကြည့်ရအောင်လား........... ဝက်ခြံကို ဒါတွေများလုပ်မိနေလား................ မျက်နှာပေါ်မှာ ပေါက်တဲ့ ဝက်ခြံလေးတွေ ပျောက်ချင်ဇောနဲ့ ဒါတွေလုပ်မိနေလား ဆန်းစစ်ကြည့်ရအောင်။ မျက်နှာကို ခဏခဏသစ်နေမိတယ် မျက်နှာ ခဏခဏသစ်လို့ ဝက်ခြံမပျောက်ပါဘူး။ အသားအရေက ခြောက်သွေ့ပြီး ထိခိုက်လွယ်တဲ့ အနေအထားဖြစ်စေတာ​ကြောင့် မျက်နှာမှာ ရောင်ရမ်းတာတွေတောင် ပိုဖြစ်နိုင်ပါတယ်။ မျက်နှာကို ခဏခဏ scrub လုပ်တယ် ဝက်ခြံတွေကို သက်သာစေချင်တာရော မျက်နှာကိုနာအောင် အလှပျက်အောင်လုပ်တယ်ဆိုတဲ့ အငြိုးရော ပေါင်းပြီး scrub တွေ ခဏခဏလုပ်နေမိလို့ကတာ့ ဝက်ခြံတွေက အပြုံးမပျက်ဘဲ အထိနာမှာ လုပ်မိတဲ့ ကိုယ်တွေပါ။ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

အပူဒဏ်ကြောင့် ကျိုးကြေသွားတဲ့ ဆံသားတွေကို ပြုပြင်ဖို့ဆိုရင်

ဒီဘက်ခေတ်မှာ ဆံသားကို အပူပေးပြီး ဖြောင့်လိုက်၊ ကောက်လိုက် လုပ်တာတွေ သိပ်ကို များလာပြီနော်။ မိန်းကလေးတွေတင်မကဘဲ ယောက်ျားလေးတွေပါ အလှအပကို လိုက်စားလာတဲ့ ခေတ်ကို ရောက်လာပြီလေ။ ဆံသားနဲ့ ဦးရေပြားဆိုတာ အရမ်းကို နူးညံ့တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း ဖြစ်တာကြောင့် မကြာခဏဆိုသလို အပူပေးနေမယ်ဆိုရင်တော့ ပျက်စီးကျိုးကြေလာမှာ၊ ဦးရေပြားက ခြောက်သွေ့လာမှာ အသေအချာပဲပေါ့။ မကြာခဏ အပူပေးလို့ ဆံသားပျက်စီးတဲ့အခါ ဘာတွေလုပ်တတ်လဲ။ ဆံသားကို မကြာခဏ အပူပေးတဲ့အခါ ဦးရေပြားမှာ ရှိတဲ့ မွေးညှင်းပေါက်တွေဟာ ခြောက်သွေ့လာပြီး အာဟာရဓာတ်နဲ့ အဆီတွေဟာ ခမ်းခြောက်လာပါတယ်။ အဲ့ဒီအခါ ဆံသားတွေ ခြောက်လာမယ်၊ ကိုင်လိုက်ရင် ကြွပ်ဆတ်ဆတ် ဖြစ်လာမယ်၊ ဆံပင်နှစ်ခွဖြစ်မယ်၊ ဆံပင်အချင်းချင်း ငြိပြီး အထုံးလိုမျိုး ဖြစ်လာမယ်၊ ကျိုးကြေပြီး ဆံပင်တွေ အများကြီး ကျွတ်လာမယ်။ ဒါက […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆံသားနဲ့ ဦးရေပြားအတွက် Botox ပေါင်းတင်ဆေး

Botox ကို အသားအရေ အရမ်း ဂရုစိုက်တတ်တဲ့သူတွေ တော်တော်များများ သိထားကြမှာပါ။ အရေးအကြောင်းတွေကို ပြေလျော့စေဖို့၊ ငယ်ရွယ်နုပျိုစေဖို့၊ အသားအရေ တင်းတင်းရင်းရင်း ဖြစ်စေဖို့အတွက် Botox ဆေးတွေ ထိုးကြပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးမှာ ရှိတဲ့ အရေပြားတွေအတွက် Botox ထိုးလို့ ရသလို ဆံသားနဲ့ ဦးရေပြားအတွက် သီးသန့် Botox ဆေးတွေလည်း ရှိပါတယ်။ ဆေးအမျိုးအစားရော သုံးပုံသုံးနည်းရော မတူပေမဲ့ အသက်အရွယ်ကြောင့် ဆံပင်ကျွတ်လာတာ၊ ဦးရေပြား လျော့တိလျော့ရဲ ဖြစ်လာတာမျိုးကို ကာကွယ်ပေးဖို့အတွက် အသုံးပြုကြပါတယ်။ ဘာကွာခြားမှု ရှိလဲ။ အရေပြားမှာ အသုံးပြုတဲ့ Botox ထိုးဆေးလိုမျိုးတော့ Botulinum Toxin ဆိုတဲ့ အဓိက ပစ္စည်းတစ်မျိုး မပါဝင်ပါဘူး။ သူ့ကို Botox လို့ ခေါ်ရခြင်းဟာ အရေပြားမှာ အသုံးပြုတာနဲ့ ရည်ရွယ်ချက်ချင်း၊ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆံသားကျန်းမာဖို့ ခေါင်းလျှော်ရည် အပျော့စားကို ရွေးချယ်တော့မယ်ဆိုရင်

ခေါင်းလျှော်ရည် အပျော့စားဆိုတာ ဘာလဲ။ သူ့ထဲမှာ ပါဝင်တဲ့ ဓာတ်ပစ္စည်းတွေဟာ တခြားခေါင်းလျှော်ရည်တွေနဲ့ ယှဉ်လိုက်ရင် တော်တော်လေးကို ပျော့တယ်။ အဲ့တော့ ဆံသားနဲ့ ဦးရေပြားကိုလည်း အရမ်း မပျက်စီးစေနိုင်တော့ဘူးပေါ့။ ဦးရေပြား အမျိုးမျိုး၊ ဆံသားပြဿနာ ရှိသူတွေအတွက်ဆိုရင် တော်တော် အသုံးဝင်ပါတယ်။ တွေ့ကရာ ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်ချလိုက်တာထက် ဒီလို မပြင်းတဲ့ ဆပ်ပြာနဲ့ လျှော်မယ်ဆိုရင်တော့ ရေရှည်မှာ ကိုယ့်ဆံသားနဲ့ ဦးရေပြားအတွက် မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်မှာပါ။ ဘယ်လိုလူတွေအတွက် အသင့်လျော်ဆုံးလဲ။ • နေ့တိုင်းလိုလို ခေါင်းလျှော်တတ်တဲ့သူတွေ • ဓာတ်ပစ္စည်း သို့မဟုတ် အပူဒဏ်ကြောင့် ပျက်စီးနေတဲ့ ဆံသားပိုင်ရှင်တွေ • ခြောက်ပြီး ကြွပ်ဆတ်ဆတ် ဖြစ်နေတဲ့ ဆံပင်သားတွေ • အရမ်း ပျော့လွန်းပြီး အထိခိုက် မခံနိုင်တဲ့ ဆံနွယ်မျိုးတွေ • ဗောက်အရမ်း ထတဲ့သူတွေ • မကြာခဏ ဆံသား […]


အသားအရေ ထိန်းသိမ်းခြင်း

အိမ်မှာ အနားရတုန်း အသားအရေလေး ဂရုစိုက်စို့

ခုဆိုရင် ကုမ္ပဏီ တော်တော်များများက ခွင့်ရက်ရှည် အနေနဲ့ ပိတ်ပေးလိုက်ပြီ၊ တချို့ကျတော့လည်း Work from Home ဆိုပြီး ရုံးမလာဘဲ အိမ်ကနေပဲ အလုပ်လုပ်ဖို့ ခွင့်ပြုမိန့်ကျလာပြီ၊ COVID-19 ရဲ့ အခြေအနေကလည်း မြန်မာနိုင်ငံမှာ ကူးစက်ခံရသူ အရေအတွက်က တဖြည်းဖြည်း များလာနေပြီဆိုတော့ အပြင်သွားလို့ကလည်း သိပ်အဆင်မပြေတော့ဘူးနော်။ ဒီတော့ အိမ်မှာနေရင်း အလွယ်တကူ လုပ်လို့ရမယ့် အသားအရေ ထိန်းသိမ်းနည်းလေးတွေကို ဒီဆောင်းပါးကနေ ဖတ်ကြည့်ကြတာပေါ့။ ၁။ အခြေခံ လုပ်ရမယ့် Basic Step တွေကို ဘယ်တော့မှ မမေ့ပါနဲ့။ အိမ်မှာပဲ နေနေ အပြင်ပဲ သွားသွား၊ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် မျက်နှာလေးတော့ သစ်ပေးနော်။ ဘယ်မှ မသွားရဘူးဆိုပြီး တစ်ညလုံး အိပ်ထားတဲ့အတိုင်း နောက်နေ့ကျ နေဖင်ထိုးတဲ့အထိ အိပ်၊ ပြီးရင် […]


အခြားအရေပြားပြဿနာများ

မွေးကျွတ်နာဆိုတာ ဘာများလဲ………….

အရေပြားပေါ်မှာ ပေါက်နိုင်တဲ့အနာတွေ၊ ဖြစ်နိုင်တဲ့ အရေပြားပြဿနာတွေ အမျိုးမျိုးရှိပါတယ်။ အကြောင်းကတော့ ပြင်ပက ဘက်တီးရီးယားတွေ ဗိုင်းရပ်စ်တွေနဲ့ အခြားသော ဓာတ်မတည့်တဲ့အရာတွေက ကိုယ်တွင်းကို မဝင်ရောက်ခင်မှာ ခန္ဓာကိုယ်ရဲ့ ခံတပ် အရေပြားကို အရင်တိုက်ခိုက်တာကိုး။ ဒီတော့ အရေပြားက ပြဿနာအမျိုးမျိုး ကြုံရပြီပေါ့။ ဒီတစ်ခေါက်တော့ မွေးကျွတ်နာဆိုတာ ဘာများလဲ…………. ဆိုတာကို ပြောပြပေးချင်ပါတယ် မွေးကျွတ်နာဆိုတာ ဘာများလဲ…………. မွေးကျွတ်နာဆိုတာက အရေပြားမှာဖြစ်တဲ့ ပိုးဝင်တဲ့ ရောဂါတစ်မျိုးပါ။ အထူးသဖြင့် မွေးညှင်းပေါက်လေးတွေ အဆီဂလင်း လေးတွေ ပိတ်ဆို့မှုကနေ စတင်ဖြစ်တာပါ။ ပြီးတော့ ပိုးဝင်လာတာပေါ့။ ဖြစ်ကာစမှာ အရေပြားက အနီရောင်ပြောင်းလာမယ်။ ပြီးရင်ရောင်လာပြီး ပြည်တွေ စဖြစ်လာပါမယ်။ အနာဖြစ်ပြီး ၄ ရက် ကနေ ၇ ရက်လောက်မှာ ပြည်တွေက ဖောင်းတင်းနေပါလိမ့်မယ်။ ထိလိုက်ရင် တော်တော်လေးနာသလို ဖိမိရင်လည်း မျက်ရည်ကျတဲ့အထိ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Hello Sayarwon Medical Panel

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း