ဆံပင်ကျွတ်တာ သက်သာစေတယ်
ခေါင်းဖြီးတာက ဆံပင်ကျွတ်စေတယ်လို့ ယူဆမှုတွေ ရှိနေပါတယ်။ တကယ်ကတော့ ဆံပင်ကို သေချာလေးဖြီးမယ်ဆိုရင် ဆံပင်ကျွတ်တာကို သက်သာစေမှာပါ။ ခေါင်းဖြီးတာက ဦးရေပြားက ဆံချည်မျှင်သွေးကြောလေးတွေကို လှုံ့ဆော်ပေးပြီး ဦးရေပြားမှာ သွေးစီးဆင်း ရောက်ရှိမှု ကောင်းစေပါတယ်။
ဒါတင်မကပါဘူး ဆံပင်အမြစ်တွေဆီကို အောက်ဆီဂျင် ရောက်ရှိမှု ကောင်းစေသလို ဆံပင်အတွက် လိုအပ်တဲ့ အာဟာရကို ဖြည့်ပေးပါတယ်။ ဆံပင်ကို သန်စွမ်းစေပြီး ဆံပင်ကျွတ် သက်သာစေဖို့ဆိုရင် ခေါင်းဖြီးပေးတာက နည်းလမ်းကောင်းပါ။
ဦးရေပြား အဆီပြန်တာကို သက်သာစေတယ်
ခေါင်းဖြီးတဲ့အခါ ဦးရေပြားက ဆံချည်မျှင်သွေးကြောလေးတွေကို လှုံ့ဆော်ပေးပြီး သွေးစီးဆင်းရောက်ရှိမှု ကောင်းစေတာက ဆံပင်အမြစ်ကို အောက်ဆီဂျင် ရောက်ရှိစေနိုင်ပါတယ်။ ဒီလိုရောက်ရှိမှုက ဆံပင်အတွက် လိုအပ်တဲ့ အာဟာရကို ဖြည့်ပေးပြီး အဆီတွေမထွက်အောင် ထိန်းညှိပေးပါတယ်။
ခေါင်းသေသေချာချာ ဖြီးပေးတာက ဦးရေပြား အဆီပြန်တာကို သက်သာစေမယ့် အလွယ်ကူဆုံး နည်းလမ်းပါ။
ဦးရေပြား ကျန်းမာစေတယ်
ခေါင်းဖြီးတဲ့အခါ ဦးရေပြားကို နှိပ်နယ်ပေးသလိုပါပဲ။ ဦးရေပြားကို သွေးစီးဆင်းရောက်ရှိမှုကောင်းစေပြီး ဦးရေပြားမှာ အရေပြားပြဿနာတွေ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ဒါကြောင့် ကျန်းမာတဲ့ ဦးရေပြားကို ပိုင်ဆိုင်ချင်တယ်ဆိုရင် ပုံမှန် ခေါင်းဖြီးပေးဖို့လိုပါမယ်။
ကဲ………….. ဦးရေပြားနဲ့ဆံသားကျန်းမာစေဖို့ တစ်နေ့ကို အနည်းဆုံး ၂ ကြိမ်တော့ ခေါင်းဖြီးဖို့လိုမယ်နော် ………….
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။