အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen

နေရောင်ခြည်နဲ့ ထိတွေ့မှုများရင် နေလောင်တာ၊ အရေပြားတွေ ပျက်စီးတာကိုတော့ သိထားကြမှာပါ။ နောက်ထပ် ပိုအရေးကြီးတဲ့အချက်က နေရောင်ခြည်မှာပါတဲ့ UVလှိုင်းတွေက အရေပြားကင်ဆာ ဖြစ်စေနိုင်တယ်ဆိုတာပါပဲ။ အရေပြားကင်ဆာဖြစ်စေတဲ့ အချက်တွေထဲမှာ နေရောင်ခြည်က ထိပ်ဆုံးက ပါနေပါတယ်။ ဒါကြောင့် နေရောင်ခြည်ကို ကာကွယ်တာက အရေပြားကင်ဆာကို ကာကွယ်နေတာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ Sunscreenတွေက အရေးကြီးလာပါပြီ။ Sunscreenတွေက နေရောင်ခြည်က UVလှိုင်းတွေကို ကာကွယ်ပေးနိုင်တာကြောင့် Sunscreenတွေကို ပုံမှန်လိမ်းတာက အရေပြားကင်ဆာကို ကာကွယ်နည်းတစ်မျိုးပါပဲ။ Sunscreenလိမ်းတာအပြင် နေပူထဲသွားတဲ့အခါ ထီး၊ ဦးထုပ်ဆောင်းမယ်၊ အဝတ်အစားကို လုံလုံခြုံခြုံဝတ်မယ်ဆိုရင် အရေပြားကင်ဆာ ဖြစ်နိုင်ခြေက တော်တော်ကြီး နည်းသွားမှာ ဖြစ်ပါတယ်။ အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen Sunscreenနဲ့ ပတ်သက်လာရင် သိထားဖို့လိုတဲ့ ‘W’ ၅လုံး ရှိပါတယ်။ WHO (ဘယ်သူတွေ လိမ်းဖို့လိုသလဲ) နေရောင်တဲ့ထိတွေ့တဲ့ ဘယ်သူမဆို […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

အသားအရေ ထိန်းသိမ်းခြင်း

အရွယ်တင်နုပျိုစေဖို့ နည်းလမ်း ၆ သွယ်

အစဉ်အမြဲနုပျိုလိုပါသလား။ သင့်ရဲ့နာရီများကိုတော့ ရပ်တန့်နိုင်မှာ မဟုတ်ပါဘူး။ ဇရာက ဟန့်တားလို့ မရတာလည်း မှန်ပါတယ်။ ဒါပေမယ့် သင့်ကို ရှိရင်းစွဲအသက်အရွယ်ထက် ပိုပြီးငယ်ရွယ်တယ်ထင်ရအောင် နေထိုင်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ အောက်ပါနည်းလမ်းတချို့ကို စမ်းကြည့်ပါ။ နူးညံ့တဲ့ မျက်နှာသစ်ဆေးတွေသုံးပါ Skin Care လုပ်ရာမှာ မျက်နှာကို အရင်ဆုံးသန့်စင်ပေးဖို့ အဆင့်ဟာ အရေးကြီးပါတယ်။ တစ်နေ့တာ သင်လိမ်းထားတဲ့ မိတ်ကပ်တွေအပြင် အဆီတွေ၊ ချေးညှော်အညစ်အကြေးတွေ၊ ဘက်တီးရီးယားတွေကို ဖယ်ရှားပစ်ဖို့ လိုအပ်ပါတယ်။ ဒါမှသာ သင်လိမ်းလိုက်တဲ့ skin care ခရင်မ်၊ လိုးရှင်း စတာတွေဟာ အသားအရေထဲကို စိမ့်ဝင်နိုင်ပြီး ပိုမိုထိရောက်မှာ ဖြစ်ပါတယ်။ မျက်နှာသန့်စင်ဆေးရည်များဟာ အသားအရေကို သန့်ရှင်းစေရုံသာမက ရေဓာတ်ဆုံးရှုံးမှုမရှိအောင်၊ အရေပြားမပျက်စီးရအောင် ထိန်းသိမ်းပေးပါတယ်။ pH မြင့်မားတဲ့ ဆပ်ပြာများဟာ မျက်နှာအသားအရေအတွက် မသင့်တော်ပါဘူး။ အသားအရေကို ပိုမိုထိခိုက်ပျက်စီးစေပါတယ်။ နောက်ထပ်ရှောင်ရှားရမယ့် ဓာတ်ပစ္စည်းတစ်မျိုးကတော့ […]


အသားအရေ ထိန်းသိမ်းခြင်း

ကွမ်းရွက်လေးနဲ့ အလှအပ ထိန်းသိမ်းပါ

ကွမ်းရွက်လို့ ပြောလိုက်ရင် ကွမ်းယာစားဖို့အတွက်ပဲ အသုံးဝင်တယ်လို့ ယူဆနေတုန်းလား။ ကွမ်းရွက်က ကွမ်းယာအတွက်ပဲ မဟုတ်ပါဘူး။ အလှအပအတွက်လည်း အသုံးဝင်ပါသေးတယ်။ ဒီတစ်ခေါက်တော့ ကွမ်းရွက်လေးနဲ့ အလှအပ ထိန်းသိမ်းနိုင်မယ့် နည်းလမ်းလေး အကြောင်း ပြောပြပေးပါရစေ။ ကွမ်းရွက်လေးနဲ့ အလှအပ ထိန်းသိမ်းပါ ကွမ်းရွက်လေးက ဆံပင်ကျွတ်တာ သက်သာစေတယ် ကွမ်းရွက်ကို ဆံသားနဲ့ ဦးရေပြား ပြဿနာ အမျိုးမျိုးအတွက် အသုံးပြုပေးလို့ ရပါတယ်။ ဆံပင်ကျွတ်တတ်သူတွေအနေနဲ့ ကွမ်းရွက် ၅ ရွက် ကနေ ၆ ရွက်ခန့်ကို ကြိတ်ခြေပါ။ ကြိတ်ခြေထားတဲ့ ကွမ်းရွက်ထဲကို နှမ်းဆီ ဒါမှမဟုတ် အုန်းဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ ထည့်လို့ သမအောင် မွှေပါ။ ရလာတဲ့ အနှစ်ကို ဦးရေပြားပေါ်မှာ လိမ်းလို့ လက်ချောင်းလေးတွေ သုံးပြီး နှိပ်နယ်ပါ။ မိနစ် ၂၀ လောက်ထားပြီးရင် ခေါင်းကို လျှော်နေကျ ခေါင်းလျှော်ရည် […]


အသားအရေ ထိန်းသိမ်းခြင်း

နှမ်းကပေးတဲ့ အသားအရေ လှပမှု

တဖောက်ဖောက် နဲ့ စားကောင်းတဲ့ နှမ်းစေ့လေးက သင့် ကျန်းမာရေးကို သာမက အလှအပကိုပါ စောင့်ရှောက်မှု ပေးပါ သေးတယ်။ နှမ်းစေ့လေးတွေက ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝသလို ဘက်တီးရီးယား နဲ့ ဗိုင်းရပ်စ်တွေကို တိုက်ဖျက် ပေးနိုင်တဲ့ အာနိသင် ရှိပါတယ်။ အရေပြား ကျန်းမာစေဖို့ အာဟာရ ဖြည့်ပေးသလို အသားအရေ ကျန်းမာစေဖို့ လိုအပ်တဲ့ သွေးစီးဆင်းမှု ကောင်းစေဖို့လည်း အကောင်းဆုံး အားဖြည့်ပေးပါတယ်။ နှမ်းစေ့မှာ ပါတဲ့ omega-6၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ phosphorus၊ သံဓာတ်၊ ဗီတာမင် B၊ ဗီတာမင် E တို့ကလည်း ပါဝင်နေပါတယ်။  ကဲ နှမ်းကပေးတဲ့ အသားအရေ လှပမှု ကို ဒီ ဆောင်းပါးလေး ထဲမှာ ဖတ်ကြည့်နော်။ နှမ်းကပေးတဲ့ အသားအရေ လှပမှု နှမ်းစေ့လေးက […]


အသားအရေ ထိန်းသိမ်းခြင်း

Collagen (သို့) နုပျိုခြင်းရဲ့ သော့ချက်

ယနေ့ခေတ်ကြီးမှာ လူတွေဟာ အလှအပပိုင်းဆိုင်ရာကို စိတ်ဝင်စားလာတာနဲ့အမျှ အသားအရေ တင်းရင်းစိုပြေအောင်၊ နုပျိုအောင် collagen တွေကို နေရာအမျိုးမျိုးမှာ အသုံးပြုလာကြပါတယ်။ collagen ကို လိမ်းဆေး၊ lotion တွေမှာရော၊ supplement သောက်ဆေးအနေနဲ့ရော၊ အလှအပပိုင်းဆိုင်ရာ ကုထုံးတွေနဲ့ အစားအသောက်၊ စွပ်ပြုတ်ရည် တွေမှာပါ တွင်ကျယ်စွာ ထည့်သွင်းအသုံးပြုလာကြတာကိုလည်း တွေ့လာရပါတယ်။ ဒီနေ့ဆောင်းပါးလေးမှာတော့ အဲ့ဒီလို popular ဖြစ်နေတဲ့ collagenလေးအကြောင်းကို မျှဝေပေးသွားမှာပါ။ Collagen ဆိုတာဘာလဲ။ Collagenဆိုတာကတော့ ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်ကနေ သဘာဝအတိုင်း ထွက်နေတဲ့ ပရိုတင်းဓာတ် တစ်မျိုးပါပဲ။ collagenဟာ ခန္ဓာကိုယ်မှာ ရှိနေတဲ့ ပရိုတင်းဓာတ်အားလုံးရဲ့ သုံးပုံတစ်ပုံလောက်အထိကို ရှိနေပြီး ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ဖြစ်အောင် အများကြီးအထောက်အပံ့ပေးနေတဲ့ အရေးကြီး ပရိုတင်းလေးတစ်မျိုးဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်မှာ collagenအမျိုးအစားပေါင်း ၁၆ မျိုးလောက်ရှိပါတယ်။ Collagenက […]


အသားအရေ ထိန်းသိမ်းခြင်း

ဖရဲသီး ကပေးတဲ့ အသားအရေ လှပမှု

အခွံ စိမ်းစိမ်း အတွင်းသား နီနီ၊ အရည်ရွှမ်းရွှမ်းနဲ့ ချိုပြီး အေးနေတဲ့ ဖရဲသီးက ကျန်းမာရေး အတွက်တင် မဟုတ်ဘဲ အလှအပ အတွက်ပါ အကျိုးပြု ပေးပါသေးတယ်။ ဘာတွေများ အကျိုးပြုလဲ သိချင်ရင် ဒီ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ ဖရဲသီး ကပေးစွမ်းတဲ့ အသားအရေ လှပမှု ရေဓာတ် ၉၂ ရာခိုင်နှုန်း ပါဝင်ဖွဲ့စည်းထားတဲ့ ဖရဲသီးက စားရတာ အရသာရှိသလို အသားအရေကိုလည်း အခုလို အကျိုးကျေးဇူးလေးတွေ ပေးပါသေးတယ်။ အသားအရေကို ရေဓာတ် ဖြည့်ပေးတယ် ဖရဲသီးက ရေဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အသားအရေကို ရေဓာတ် ဖြည့်ပေးပြီး အရေပြားကို အစိုဓာတ် ထိန်းပေးပါတယ်။ အသားအရေ ခြောက်သွေ့မှု ကင်းချင်တယ်ဆိုရင် တစ်နေ့ကို ဖရဲသီး တစ်စိတ်လောက် စားပေးရင်ကို လုံလောက်ပါတယ်။ ဝက်ခြံ ကာကွယ်ပေးတယ် အရေပြားမှာ ဝက်ခြံတွေ […]


အခြားအရေပြားပြဿနာများ

နတ်သမီးအမှတ် ဆိုတာ ဘာလဲ။

တချို့တွေရဲ့ ခါးအနောက်ဘက် ကျောရိုးမကြီးရဲ့ တစ်ဘက်ဆီမှာ အချိုင့်လေးတွေ ရှိတတ်ကြတယ်။ အချိုင့်တစ်စုံပေါ့။ လူတိုင်းမှာ မရှိတတ်တဲ့အတွက် ဒါလေးရှိတဲ့သူတွေက ဘာလေးလဲ။ ဘာလို့ချိုင့်နေတာလဲ။ အထဲမှာ အရိုးများ တစ်ခုခုဖြစ်လို့လား။ မွေးရာပါအမှတ်လေးလား။ တစ်ခုခု ကုသဖို့ လိုမလား စသဖြင့် မေးတတ်ကြပါတယ်။ နတ်သမီးအမှတ် လို့လည်း ခေါ်ကြတော့ အရင်ဘဝက နတ်ဝင်စားတာလားပေါ့။ စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းလေးကို ဆက်ကြည့်ကြည့်ရအောင်။ နတ်သမီးအမှတ် ဒါမှမဟုတ်  Dimples of Venus ပါးမှာ ပါးချိုင့် ရှိသလို ခါးမှာလည်း ခါးချိုင့် ရှိပါတယ်။ ဒါက တင်ပဆုံရိုးမှာရှိတဲ့ အရိုးတစ်ခုနဲ့ ခါးနဲ့ကြားမှာ အရွတ်တွဲလေးတစ်ခု လာတွဲနေလို့ပါ။ ဒါကြောင့် အရေပြားမှာ အချိုင့်လေး ဖြစ်နေတာပါ။ Dimples of Venusလို့ ခေါ်တာကတော့ ရောမအလှနတ်ဘုရား Venusရဲ့ ခါးမှာလည်း ဒါမျိုး […]


အသားအရေ ထိန်းသိမ်းခြင်း

သင့်အသားအရေအတွက် အကောင်းဆုံးအဆီများ

သင့်အသားအရေစိုပြေစေဖို့ သုံးနေကြ moisturizer များကို စိတ်ပျက်လာပါသလား။ သဘာဝဆန်ဆန် အဆီများကို လိမ်းပြီး သင့်အရေပြားရဲ့ အစိုဓာတ်ကို ထိန်းသိမ်းဖို့ အကြံပြုလိုပါတယ်။ သဘာဝဆီများကို လိမ်းခြင်းအားဖြင့် သင့်မျက်နှာကို ဝင်းဝါစိုပြည်ရုံမကဘဲ ဖက်တီးအက်ဆစ်များနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း များ ပါဝင်တာကြောင့် အရေပြားကျန်းမာရေးအတွက် ကောင်းစွာ အထောက်အကူပြုပါလိမ့်မယ်။ ယခုဆက်လက်ပြီး သဘာဝအဆီများက သင့်ကို ဘယ်လိုအကျိုးပြုနိုင်သလဲဆိုတာ ဖော်ပြသွားပေးပါမယ်။ အုန်းဆီ (Coconut oil) အုန်းသီးကနေ ကြိုချက်ထုတ်လုပ်ထားတဲ့ အုန်းဆီဟာ မြန်မာပြည်မှတော့ ဆံပင်လိမ်းဖို့ အဓိက အသုံးပြုကြပါတယ်။ တကယ်တော့ စားသုံးနိုင်သလို မျက်နှာပေါ်မှာလည်း လိမ်းပေးနိုင်ပါသေးတယ်။ ဆေးဖက်ဝင်ပစ္စည်းအနေနဲ့လည်း သုံးစွဲကြပါသေးတယ်။ အုန်းဆီမှာ ဗီတာမင် E ကြွယ်ဝတာမို့ သဘာ၀ moisturizer အနေနဲ့ မှတ်ယူသုံးစွဲနိုင်ပါတယ်။ ဖက်တီးအက်ဆစ်လည်း ကြွယ်ဝတာကြောင့် အသားအရေပေါ်လိမ်းထားရင် အစိုဓာတ်ကို အပြင်ထွက်မသွားအောင် တားဆီးပေးပါတယ်။ […]


အခြားအရေပြားပြဿနာများ

ငွေဝင်တော့မယ့် လက်ဖဝါးနုနု ယားယံနေပြီလား

လက်ဖဝါး ယားတာနဲ့ ပတ်သက်ပြီး ရှေးလူကြီးတွေက ရွှေ၊ ငွေ၊ ဥစ္စာတစ်ခုခု ဝင်မယ်၊ အိမ်ရဲ့ စီးပွားရေးတွေ တက်တော့မယ်ဆိုပြီး ပြောတာကို ခဏခဏ ပြောတာ ကြားဖူးကြမယ် ထင်ပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ ရှေးအယူဝါဒအကြောင်းတွေ ပြောမှမဟုတ်ဘဲ ကျန်းမာရေးပြဿနာ ရှုထောင့်ကနေပြီးတော့ပဲ ပြောပြပေးချင်ပါတယ်။ လက်ကလေး ခဏခဏ ယားလို့ ဘာလုပ်ရမှန်းမသိတဲ့ သူတွေအတွက်လည်း ဒီဆောင်းပါးလေးက ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ လက်ဖဝါး ယားယံခြင်းဟာ ကြီးမားတဲ့ ပြဿနာတစ်ခုလား။ ကျန်းမာရေးအရ ကြီးကြီးမားမား စိုးရိမ်ရလောက်တာမျိုးမဟုတ်ဘဲ ဖြစ်တဲ့အကြောင်းရင်းပေါ် မူတည်ပြီး သေချာကုသမှု ခံယူဖို့ လိုအပ်တဲ့ အရေပြားပြဿနာလို့ ဆိုရမှာပါ။ အသားအရေ သေချာဂရုမစိုက်ဘဲ ပစ်ထားတာကစလို့ မှိုစွဲပြီး ဖြစ်တဲ့ အရေပြားရောဂါအထိကို ပုံစံအမျိုးမျိုး ရှိနိုင်ပါတယ်။ ၁။ အရေပြား ခြောက်ခြင်း များသောအားဖြင့် အသားခြောက်တဲ့သူတွေက သူများထက်ပိုပြီး ယားယံတာ၊ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

အသက်က ငယ်ငယ် ဆံပင်ဖြူ လေးနဲ့ရယ်

ဆံပင်ဖြူ ပေါက်နေပြီ ဆိုရင် အသက်ကြီးလာတဲ့ လက္ခဏာ အဖြစ် သိထားကြတာပါ။ ဒါပေမယ့် ကျောင်းသားအရွယ် တည်းက ဆံပင်ဖြူလေးတွေ ရှိနေကြတဲ့ သူတွေဆို ဘယ်လိုမျိုးပါလိမ့်နော်။ ငယ်ငယ်လေးပေမယ့် ဆံပင်ဖြူ ရှိနေကြသူတွေအတွက် ဆက်ပြီး လေ့လာကြည့်ရအောင်။ လူငယ်တွေ ဘာလို့ ဆံပင်ဖြူကြလဲ အရွယ်မတိုင်ခင် ဆံပင်ဖြူ ပေါက်ရတာ စိတ်ဖိစီးမှု များလို့၊ စိတ်ပင်ပန်းရလို့ ဆိုပြီး ယူဆကြတာပါ။ ဒါပေမယ့် တခြားအကြောင်းရင်းတွေလည်း အများကြီးရှိနေပါသေးတယ်နော်။ (၁) သိုင်းရွိုက်ရောဂါ ဆံပင်ဖြူရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုက သိုင်းရွိုက်ရောဂါ ဖြစ်ပါတယ်။ သိုင်းရွိုက်ဂလင်းရဲ့ အလုပ်လုပ်တာ များလွန်းတာ ဒါမှမဟုတ် နည်းလွန်းတာတွေက ဆံသားအတွင်း melanin ထွက်ရှိမှုကို ထိခိုက်စေပြီး အရွယ်မတိုင်မီ ဆံပင်ဖြူခြင်းကို ဖြစ်လာစေနိုင်ပါတယ်။ (၂) ဗီတာမင် B12 ချို့တဲ့ခြင်း B12 ဓာတ် ချို့တဲ့ရင် ငယ်ရွယ်စဉ်မှာ ဆံပင်ဖြူ […]


အခြားအရေပြားပြဿနာများ

အမာရွတ်ကင်း လှပခြင်းအတွက်

လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာဆိုရင် ဘာကိုအရင်ဆုံး သတိထားမိကြသလဲ။ ချောခြင်း၊ လှခြင်း၊ ရုပ်ဆိုးခြင်း စတာတွေကို ဘာတွေကိုကြည့်ပြီး သတ်မှတ်တတ်သလဲ။ အဖြေကတော့ မျက်နှာပါ။ သင့်မျက်နှာလေးရဲ့ လှပခြင်းအတွက် အမျိုးမျိုး ပြင်ဆင်မယ် မဟုတ်လား။ အသားအရေ ထိန်းသိမ်းမယ်၊ မျက်ခုံးမွှေးဆွဲမယ်၊ နှုတ်ခမ်းနီဆိုးမယ်၊ မိတ်ကပ် လိမ်းမယ် စသဖြင့် ခြယ်သတတ်ကြပါတယ်။ ဒါပေမယ့် ပြဿနာတွေကြုံရရင်လည်း ဒီမျက်နှာလေးပါပဲ။ ဝက်ခြံ ပြဿနာဟာ မျက်နှာအတွက် အဆိုးရွားဆုံး အဖျက်သမားပါ။ ဝက်ခြံတွေရဲ့ အလွန်မှာ အမာရွတ်တွေ ကျန်ခဲ့ပါတယ်။ အမာရွတ်ဖြစ်ရခြင်းရဲ့ အဓိက လုပ်ရပ်ကတော့ အဖုတွေကို  ကုတ်ခြင်း၊ ဖဲ့ခြင်း၊ ထိုးဆွခြင်းကြောင့်ပါ။ ဒီလို မကုတ်မဖဲ့ဖို့အတွက် လက်တွေ့ကျတဲ့ နည်းလမ်းတွေကို ပြောပြပေးချင်ပါတယ်။ (၁)     မှန်မကြည့်ပါနဲ့။ ဝက်ခြံရှိနေတယ်ဆိုတာကို သင်သိနိုင်တဲ့အချက်၊ စိတ်အနှောင့်အယှက် ဖြစ်ရနိုင်တဲ့အချက်ကတော့ မှန်ကြည့်ခြင်းပါပဲ။ ရှိသမျှမှန်တွေကိုပိတ်ပြီး မိမိရဲ့ ဝေးဝေးမှာ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Hello Sayarwon Medical Panel

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း