ယနေ့ခေတ်ကြီးမှာ လူတွေဟာ အလှအပပိုင်းဆိုင်ရာကို စိတ်ဝင်စားလာတာနဲ့အမျှ အသားအရေ တင်းရင်းစိုပြေအောင်၊ နုပျိုအောင် collagen တွေကို နေရာအမျိုးမျိုးမှာ အသုံးပြုလာကြပါတယ်။ collagen ကို လိမ်းဆေး၊ lotion တွေမှာရော၊ supplement သောက်ဆေးအနေနဲ့ရော၊ အလှအပပိုင်းဆိုင်ရာ ကုထုံးတွေနဲ့ အစားအသောက်၊ စွပ်ပြုတ်ရည် တွေမှာပါ တွင်ကျယ်စွာ ထည့်သွင်းအသုံးပြုလာကြတာကိုလည်း တွေ့လာရပါတယ်။ ဒီနေ့ဆောင်းပါးလေးမှာတော့ အဲ့ဒီလို popular ဖြစ်နေတဲ့ collagenလေးအကြောင်းကို မျှဝေပေးသွားမှာပါ။