တဖောက်ဖောက်နဲ့ စားကောင်းတဲ့ နှမ်းစေ့လေးက သင့်ကျန်းမာရေးကိုသာမကအလှအပကိုပါ စောင့်ရှောက်မှု ပေးပါသေးတယ်။ နှမ်းစေ့လေးတွေက ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝသလို ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင် ရှိပါတယ်။
ထွက်မှာ သေချာပြီလား။
တဖောက်ဖောက်နဲ့ စားကောင်းတဲ့ နှမ်းစေ့လေးက သင့်ကျန်းမာရေးကိုသာမကအလှအပကိုပါ စောင့်ရှောက်မှု ပေးပါသေးတယ်။ နှမ်းစေ့လေးတွေက ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝသလို ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင် ရှိပါတယ်။
အရေပြားကျန်းမာစေဖို့ အာဟာရဖြည့်ပေးသလို အသားအရေ ကျန်းမာစေဖို့ လိုအပ်တဲ့ သွေးစီးဆင်းမှု ကောင်းစေဖို့လည်း အကောင်းဆုံး အားဖြည့်ပေးပါတယ်။
နှမ်းစေ့မှာ ပါတဲ့ omega-6၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ phosphorus၊ သံဓာတ်၊ ဗီတာမင် B၊ ဗီတာမင် E တို့ကလည်း ပါဝင်နေပါတယ်။ ကဲ အသားအရေအတွက် နှမ်းစေ့လေးက ဘယ်လို အထောက်အကူ ပြုလဲဆိုတာကို ဒီ ဆောင်းပါးလေး ထဲမှာ ဖတ်ကြည့်နော်။
နှမ်းစေ့လေးက အသားအရေကို အခုလိုတွေ အထောက်အကူ ပြုပေးပါတယ်။
နှမ်းစေ့က ရောင်ရမ်းမှုကို ကျဆင်းစေနိုင်ပြီး အနာကျက် စေနိုင်တဲ့ အာနိသင် ရှိပါတယ်။ ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်တဲ့ အာနိသင် ရှိတာကြောင့် အရေပြားကို ဘက်တီးရီးယားတွေ၊ မှိုပိုးတွေကြောင့် ထိခိုက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။
နေတွေ၊ လေတွေကြောင့် နေလောင်တာကို သက်သာစေဖို့လည်း နှမ်းစေ့ကို အသုံးပြုလို့ ရပါတယ်။ ခရမ်းလွန်ရောင်ခြည်ကြောင့် အသားအရေ ထိခိုက်တာကိုလည်း ကာကွယ်ပေးပါတယ်။ အရေးအကြောင်း ဖြစ်တာကို ကာကွယ်ပေးပြီး အသားအရောင်ပြောင်းတာကို အထိရောက်ဆုံး ကာကွယ်ပေးပါတယ်။ ကလိုရင်းကြောင့် အသားအရေ ထိခိုက်မှု မရှိစေဖို့လည်း ကာကွယ်ပေးပါတယ်။
နှမ်းစေ့မှာ ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝတာကြောင့် အရေပြားက အဆိပ်အတောက်တွေကို အထိရောက်ဆုံး ဖယ်ရှားပေးပါတယ်။ နှမ်းစေ့ကို စားပေးတာ ဒါမှမဟုတ် အရေပြားမှာ နှမ်းဆီ လိမ်းပေးတာက အသားအရေကို အဆိပ်အတောက် ကင်းစေဖို့ အကောင်းဆုံး အထောက်အပံ့ပေးနိုင်မှာပါ။
နှမ်းစေ့က လေဒီတိုင်း နှစ်ခြိုက်တဲ့ Glow Skin လေးရစေဖို့လည်း အထောက်အကူ ပြုပေးပါသေးတယ်။ အသားအရေကို တင်းရင်းစေပြီး နူးညံ့စေပါတယ်။ အရေပြား ကျန်းမာဖို့ လိုအပ်တဲ့ အာဟာရတွေကို ပြည့်ဝစေပြီး ထိခိုက် ရှနာတွေကို အမြန်ဆုံး သက်သာစေနိုင်ပါတယ်။ ချွေးပေါက်တွေကို ကျဉ်းစေနိုင်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Sesame-Sesamum indicum https://www.healthbenefitstimes.com/health-benefits-sesame-seeds/ Accessed Date 7 July 2020
15 Health and Nutrition Benefits of Sesame Seeds https://www.healthline.com/nutrition/sesame-seeds Accessed Date 7 July 2020
SESAME https://www.webmd.com/vitamins/ai/ingredientmono-1514/sesame Accessed Date 7 July 2020
29 Amazing Benefits Of Sesame Seeds For Skin And Health https://www.stylecraze.com/articles/benefits-of-sesame-seeds-for-skin-hair-and-health/ Accessed Date 7 July 2020