backup og meta

ဖရဲသီး ကပေးတဲ့ အသားအရေ လှပမှု


Aye Thi Mon မှ ရေးသားသည်။ · 14/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဖရဲသီး ကပေးတဲ့ အသားအရေ လှပမှု

    အခွံ စိမ်းစိမ်း အတွင်းသား နီနီ၊ အရည်ရွှမ်းရွှမ်းနဲ့ ချိုပြီး အေးနေတဲ့ ဖရဲသီးက ကျန်းမာရေး အတွက်တင် မဟုတ်ဘဲ အလှအပ အတွက်ပါ အကျိုးပြု ပေးပါသေးတယ်။ ဘာတွေများ အကျိုးပြုလဲ သိချင်ရင် ဒီ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။

    ဖရဲသီး ကပေးစွမ်းတဲ့ အသားအရေ လှပမှု

    ရေဓာတ် ၉၂ ရာခိုင်နှုန်း ပါဝင်ဖွဲ့စည်းထားတဲ့ ဖရဲသီးက စားရတာ အရသာရှိသလို အသားအရေကိုလည်း အခုလို အကျိုးကျေးဇူးလေးတွေ ပေးပါသေးတယ်။

    အသားအရေကို ရေဓာတ် ဖြည့်ပေးတယ်

    ဖရဲသီးက ရေဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အသားအရေကို ရေဓာတ် ဖြည့်ပေးပြီး အရေပြားကို အစိုဓာတ် ထိန်းပေးပါတယ်။ အသားအရေ ခြောက်သွေ့မှု ကင်းချင်တယ်ဆိုရင် တစ်နေ့ကို ဖရဲသီး တစ်စိတ်လောက် စားပေးရင်ကို လုံလောက်ပါတယ်။

    ဝက်ခြံ ကာကွယ်ပေးတယ်

    အရေပြားမှာ ဝက်ခြံတွေ တအားပေါက်တယ်။ ဆားဝက်ခြံတွေ ဖြစ်တယ်ဆိုတာက ခန္ဓာကိုယ်မှာ ရှိတဲ့ အဆီဂလင်းတွေက အဆီတွေကို အလွန်အကျွံ ထုတ်နေတာကြောင့်ပါ။ ဖရဲသီးမှာပါတဲ့ ဗီတာမင် A က အဆီပြန်တာကို သက်သာစေပြီး အဆီတွေကြေင့် ချွေးပေါက် ပိတ်ဆို့ပြီး ဝက်ခြံ ဖြစ်တာမျိုးတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

    အရွယ်တင်စေနိုင်တယ်

    ဖရဲသီးမှာ ဗီတာမင် C လိုမျိုး ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် နေ့စဉ် ထိတွေ့နေတဲ့ ဓာတ်တိုး ပစ္စည်းတွေကြောင့် အသားအရေ ထိခိုက်တာ၊ အရွယ်မတိုင်ခင် အိုမင်းတာတွေကို ကာကွယ်ပေးပါတယ်။

    အသားအရေ တင်းတင်းလေးနဲ့ အရွယ်တင်ချင်ရင် ဖရဲသီးလေး စားပေးပါ။

    အသားအရေ ကျန်းမာစေတယ်

    အရေပြားကို အပူဒဏ်၊ အအေးဒဏ်တွေကြောင့် ထိခိုက်ပျက်စီးမှု ကင်းချင်တယ်ဆိုရင်တော့ ဖရဲသီး စားပေးလို့ ရပါတယ်။ အရေပြား အဖက်လန်တာကို သက်သာစေဖို့လည်း ဖရဲသီးကို စားပေးလို့ ရပါတယ်။

    ဖရဲသီးမှာပါတဲ့ အမိုင်နို အက်ဆစ် တစ်မျိုးဖြစ်တဲ့ L-arginine ပါဝင်နေတာကြောင့် အရေပြားကို ပတ်ဝန်းကျင်က အပူဒဏ်၊ အအေးဒဏ်တွေကြောင့် ထိခိုက်မှုတွေကနေ ကာကွယ်ပေးပါတယ်။

    အရေပြားက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတယ်

    ဗီတာမင် C ကြွယ်ဝတဲ့ ဖရဲသီးက မျက်နှာကို အတွင်းပိုင်းထဲအထိ သန့်စင်ပေးပြီး အသားအရေကို ကြည်လင်လန်းဆန်း စေပါတယ်။ ဖရဲသီးမှာပါတဲ့ သကြားတွေ ပွင့်နေတယ်၊လို့ ပြောတတ်ကြတဲ့ အမှုန်လေးတွေက အရေပြားကို အတွင်းပိုင်းအထိ သန့်စင်ပေးနိုင်ပါတယ်။

    မျက်နှာကို ဖရဲသီးလေးနဲ့ ပွတ်ပေးတာက အသားအရေကို ကြည်လင်စေမှာပါ။ တစ်ပတ်ကို နှစ်ကြိမ် ပုံမှန် လုပ်ပေးရုံပါ။

    ဆဲလ်သေတွေ ဖယ်ရှားပေးတယ်

    အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားဖို့ အတွက်လည်း ဖရဲသီးကို အသုံးပြုပေးလို့ ရပါတယ်။ ဖရဲသီးကို ကြိတ်ခြေပြီး ဆား နည်းနည်းထည့်ပါ။ ရလာတဲ့ အရောကို အရေပြားပေါ်မှာ လိမ်းကျံပေးပြီး ၁၅ မိနစ်လောက် ထားလို့ ရေဆေးချလိုက်ရုံပါ။

    ဖရဲသီးမှာပါတဲ့ citric နဲ့ malic acid တွေက အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အရေပြားကို နူးညံ့စေပါတယ်။

    နေလောင်တာကို သက်သာစေတယ်

    နေလောင်တာကို သက်သာစေဖို့အတွက်။ အရေပြားမှာ အဖုအပိမ့်တွေ ဖြစ်တာကို သက်သာစေဖို့အတွက် ဖရဲသီးကို သုံးလို့ ရပါတယ်။ ဖရဲသီးမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေ နဲ့ သတ္တုဓာတ်တွေက အရေပြား နီမြန်းတာ၊ ရောင်ရမ်းတာနဲ့ အရေပြားမှာ အဖုအပိမ့် ထွက်တာတွေကို သက်သာစေနိုင်ပါတယ်။

    ခပ်ပါးပါးလှီးထားတဲ့ ဖရဲသီးကို နေလောင်တဲ့နေရာမှာ ကပ်ပေးရုံပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 14/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement