လိင်ဆက်ဆံတဲ့ အကြိမ်ရေ များလွန်းနေလား ဆရာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဖေ‌ဖော်ဝါရီ 15, 2021 . 2 mins read
Share now

ဒါကတော့ အိမ်ထောင်သည်တွေ၊ ချစ်သူတွေအပြင် ပုံမှန်လိင်အပျော်အပါးလိုက်စားလေ့ရှိတဲ့သူတိုင်း မေးတတ်ကြတဲ့ မေးခွန်းတွေထဲက တစ်ခုပါ။ ဒီမေးခွန်းနဲ့ ပတ်သက်ပြီးပြန်ဖြေပေးရမယ်ဆိုရင် လိင်ဆက်ဆံတဲ့ အကြိမ်ရေ ကို ကိုယ်တိုင်ကလွဲပြီး ဘယ်သူကမှ နည်းတယ်၊ များတယ် သတ်မှတ်လို့ မရပါဘူး။ အာသာဖြေတာဖြစ်ပါစေ၊ လိင်ဆက်ဆံတာဖြစ်ပါစေ လူတိုင်းမှာ ကိုယ်နိုင်သလောက် အတိုင်းအတာတစ်ခုရှိပါတယ်။ ဒီအတိုင်းအတာထက် ကျော်သွားမှသာ ကိုယ်ခန္ဓာက မောပန်းနွမ်းနယ်လာတာ၊ အောင့်ပြီး ကြွက်သားတွေ နာကျင်တာ၊ ခေါင်းမူးခေါင်းကိုက် ဖြစ်တာ စတဲ့လက္ခဏာတွေ ဖြစ်လာတတ်ပါတယ်။

တချို့ကျတော့လည်း ဇနီးမောင်နှံအချင်းချင်း အကြိမ်ရေများများ ဆက်ဆံနိုင်တယ်၊ ဒါပေမယ့် ဘေးလူတွေက ဒီကိစ္စက မှားယွင်းနေတယ်၊ အဲ့လောက် အကြိမ်ရေ အများကြီးလုပ်လွန်းရင် မကောင်းဘူး၊ ကျန်းမာရေးထိခိုက်နိုင်တယ်ဆိုပြီး ဘေးလူက ဝေဖန်တာမျိုးတွေလည်း ရှိပါတယ်။ တကယ်တော့ လူသားတိုင်း အိပ်၊ စား၊ ကာမနဲ့ မကင်းနိုင်ပါဘူး။ ကိုယ်တိုင်က ကာမနဲ့ပတ်သက်ပြီး အားအင်အပြည့်ရှိတယ်၊ စိတ်လည်း ပါတယ်၊ ကိုယ်နဲ့ ဆက်ဆံသူကလည်း ကိုယ့်လိုပဲ စိတ်အပြည့်အဝ ရှိတယ်ဆိုရင် ဘယ်သူပြောတဲ့ စကားမှ နားဝင်နေစရာမလိုပါဘူး။

ဒါဆို လိင်ဆက်ဆံဖို့ အကြိမ်ရေမှာ အတိုင်းအဆ လုံးဝမရှိတော့ဘူးလား။

အပေါ်မှာ ပြောခဲ့သလိုပါပဲ။ ကိုယ်နိုင်ရင် နိုင်သလောက် အကြိမ်ရေများများ ဆက်ဆံလို့ရသလို နည်းနည်းပဲ ဆက်ဆံလို့လည်း ပြဿနာမရှိပါဘူး။ ဒါက ကာယကံရှင် နှစ်ဦးနဲ့ပဲ သက်ဆိုင်တာပါ။ တချို့လူတွေမှာ တစ်နေ့တည်းနဲ့ အကြိမ်ပေါင်းများစွာ ဆက်ဆံနိုင်တယ်၊ တစ်နေ့ကို တစ်ကြိမ်လောက်ပဲ သို့မဟုတ် တစ်ပတ်ကို တစ်ကြိမ်လောက်ပဲ ဆက်ဆံနိုင်တဲ့သူတွေလည်း ရှိတယ်။ ဒီလိုလိင်ဆက်ဆံချင်စိတ်ကို ဖြစ်စေတဲ့၊ ကာမဆက်ဆံဖို့ အကြိမ်ရေ အတိုင်းအဆ ဆိုတာ တစ်ယောက်နဲ့ တစ်ယောက်တော့ တူမှာမဟုတ်ပါဘူး။

ဒါပေမယ့် ထိခိုက်ဒဏ်ရာ ရလောက်တဲ့အထိ အကြိမ်ရေများလာတာ၊ လိင်စိတ်ဆန္ဒ ပြီးမြောက်ပြီးနောက်မှာ အပြင်းအထန် ခေါင်းမူးခေါင်းကိုက်လာတာ၊ လိင်ကိစ္စကလွဲပြီး ဘာမှ လုပ်ချင်ကိုင်ချင်စိတ် မရှိတော့တာ၊ ဒီအကြောင်းကိုပဲ အမြဲတမ်း စိတ်ထဲ ရောက်ပြီး ဘာကိုမှ အာရုံစိုက်လို့ မရတာကိုတော့ ပြဿနာလို့ သတ်မှတ်လို့ရပါတယ်။

လိင်ဆက်ဆံတဲ့ အကြိမ်ရေ များလောက်အောင် ဘယ်အရာတွေက တွန်းပို့နေတာလဲ။

• နှစ်ဦးလုံး ကျန်းမာရေးအရမ်းကောင်းပြီး စိတ်ပျိုကိုယ်နုဖြစ်နေတာ
• တစ်ဦးနဲ့ တစ်ဦး စိတ်ခံစားချက်ဆိုင်ရာအရရော လိင်ပိုင်းဆိုင်ရာအရပါ ခံစားချက်ပြီးမြောက်မှု အပြည့်အဝ ပေးစွမ်းနိုင်တာ
• မွေးရာပါ လိင်စိတ်ဆန္ဒ တက်ကြွတာ
စိတ်ဖိစီးမှုတွေကို ပြေလျော့စေတာကြောင့်
• ကိုယ်ဝန်ရစေဖို့ ကြိုးပမ်းနေတဲ့ ကာလ
• ဆန္ဒပြီးမြောက်ပြီးနောက်မှ ညစ်နေသမျှ ပြေလျော့ပြီး စိတ်ကြည်လင် ပျော်ရွှင်စေတာကြောင့်
• ပြင်ပမှာ ကြုံနေရတဲ့ စိတ်ဖိစီးမှု၊ လောကဓံကနေ လွတ်မြောက်လိုတဲ့ ထွက်ပေါက်တစ်ခု အဖြစ် လိင်ဆက်ဆံတဲ့ အကြိမ်ရေက များသွားတတ်ပါတယ်။

လိင်ဆက်ဆံတဲ့ အကြိမ်ရေ က ကိုယ့်အတိုင်းအတာထက် လွန်နေပြီဆိုရင် ဘယ်လိုသိနိုင်မလဲ။

ပုံမှန်အားဖြင့်က တစ်နေ့ တစ်ကြိမ် နေ့တိုင်းလိုလို လိင်ဆက်ဆံရုံလောက်နဲ့ ကိုယ်ခန္ဓာက ဘေးထွက်ဆိုးကျိုးတွေ မဖြစ်နိုင်သလောက် နည်းပါတယ်။ ဒါပေမယ့် လူတစ်ယောက်နဲ့ မတူညီတာကြောင့် ကိုယ်နိုင်သလောက် အတိုင်းအတာထက် ကျော်လွန်သွားမယ်ဆိုရင်တော့

လိင်အင်္ဂါအရေပြား ခြောက်သွေ့ကြမ်းတမ်းလာတာ
• လိင်အင်္ဂါတစ်ဝိုက်မှာ နာကျင်နေတာ၊ ထုံကျဉ်နေတာ၊ ဖူးရောင်နေတာ
• အမျိုးသမီးတွေဆိုရင် မိန်းမကိုယ်လမ်းကြောင်းတစ်လျှောက်နဲ့ သားအိမ်မှာ အောင့်နေတာ
• လိင်ဆက်ဆံနေစဉ် နာကျင်မှုကို ခံစားရတာ
ဆီးလမ်းကြောင်း ပိုးဝင်တာ
• ဇက်က တောင့်တင်းပြီး လှုပ်ရ၊ စောင်းရမလွယ်ကူတာ
• အစားပျက်၊ အအိပ်ပျက်ခံပြီး လိင်ဆက်ဆံခြင်းကို မရပ်မနားပြုနေတဲ့အတွက် ပိန်လာတာ၊ အာဟာရပြတ်လပ်တာ၊ အိပ်ရေးမဝတာ
• ခြေထောက်ကြွက်တက်တာ
• ခေါင်းမူးတာ၊ ခေါင်းကိုက်တာတွေ ဖြစ်နိုင်ပါတယ်။

လိင်ဆက်ဆံအကြိမ်ရေနဲ့ ပတ်သက်ပြီး ဘာတွေသိထားသင့်လဲ။

၁။ အကြိမ်ရေ များခြင်း၊ နည်းခြင်းသည် ကာမဆက်ယှက်နေတဲ့ ကာယကံရှင် နှစ်ဦးနဲ့ပဲ သက်ဆိုင်ပါတယ်။ ဘေးလူတွေ စကားကို နားယောင်နေစရာမလိုပါဘူး။

၂။ လူတိုင်းမှာ ကိုယ်နိုင်သလောက် အတိုင်းအတာဆိုတာ ရှိပါတယ်။ အဲ့ဒီအတိုင်းအတာထက်ကို ကျော်လွန်ပြီး မလုပ်ပါနဲ့။

၃။ လိင်ဆက်ဆံတဲ့ အကြိမ်ရေ၊ အနေအထား၊ သက်တောင့်သက်သာ ရှိခြင်း မရှိခြင်းဆိုတာတွေကို ကိုယ်နဲ့ ဆက်ဆံမယ့်အဖော်နဲ့ သေချာတိုင်ပင်ကြည့်ပါ။

၄။ လိင်ဆက်ဆံခြင်းသည် ဆက်ဆံသူ နှစ်ဦးစလုံးကို စိတ်ပျော်ရွှင်စေပြီး သာယာမှုကို ပေးစွမ်းနိုင်တဲ့ကိစ္စပါ။

၅။ လိင်ဆက်ဆံတဲ့ အကြိမ်ရေများလို့ဆိုပြီး ရှက်နေစရာ၊ တစ်ခုခုမှားယွင်းနေတယ်လို့ ထင်စရာမလိုပါဘူး။

၆။ လိင်ဆက်ဆံရာကနေ ခဏအနားယူဖို့ လိုအပ်နေပြီဆိုရင် ပွင့်ပွင့်လင်းလင်းပြောပါ။ အတင်းအကျပ်လုပ်ယူပြီး ဆက်ဆံတာမျိုး မလုပ်သင့်ပါဘူး။

ဒါဆို လိင်ဆက်ဆံတဲ့ အကြိမ်ရေ များလွန်းနေလား၊ နည်းလွန်းနေလားဆိုပြီး သောကရောက်နေကြတဲ့ Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း စိတ်ကျေနပ်တဲ့ အဖြေတစ်ခု ရလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ခုလို ဆောင်းတွင်းမှာ နွေးနွေးထွေးထွေး ဖြစ်စေဖို့၊ သာယာတဲ့ လိင်မှုဘဝတစ်ခု ပိုင်ဆိုင်ရဖို့ ဆုတောင်းပေးရင်းနဲ့ နိဂုံးချုပ်လိုက်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အချစ်ကပေးတဲ့ဒါဏ်ရာ (သို့) ချစ်တင်းနှောရင်းရနိုင်တဲ့ ဒါဏ်ရာအနာတရတွေ

လိင်ဆက်ဆံမှုက အမြဲတမ်းသာယာချမ်းမြေ့မှုကိုချည်းပေးတာတော့မဟုတ်ပါဘူး။ အချစ်ကပေးတဲ့ဒါဏ်ရာ ဒါမှမဟုတ် ချစ်တင်းနှောရင်းရနိုင်တဲ့ဒါဏ်ရာအနာတရတွေ ဆိုပါတော့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

Psywar တွေ ကြားမှာ စိတ်ကျန်းမာနေစေဖို့

Psywar တွေက ကြောက်ဖို့ ကောင်းတာ မှန်ပေမယ့် လက်ခံတဲ့သူပေါ် မူတည်ပါတယ်။ လက်ခံတဲ့သူက ပါးနပ်ရင် ပါးနပ်သလောက် Psywarတွေကို ကျော်ဖြတ်နိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

စိုးရိမ်ပူပန်မှု တွေက ကျန်းမာရေးကို ဘယ်လောက်ထိခိုက်စေနိုင်သလဲ။

စိုးရိမ်ပူပန်မှု တွေက ကျွန်တော်တို့ ကိုယ်ထဲကို မသိလိုက်တဲ့ အချိန်မှာ ဝင်ရောက်လာပြီး တအိအိနဲ့ နေရာဝင်ယူသွားပါတယ်။ နာတာရှည်ရောဂါလို ဒုက္ခလှည့်ပေးတော့မှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

စိတ်ဖိစီးမှု တွေကြားမှာ ဘယ်လိုပျော်အောင် အိပ်ကြမလဲ။

စိတ်ဖိစီးမှု တွေကြောင့် အိပ်ဖို့ခက်တာက လူတိုင်း ကြုံရတဲ့ ကိစ္စပါ။ ဒါပေမယ့် အားတင်းပြီး အိပ်ပျော်အောင် အိပ်ဖို့၊ ကျန်းမာရေး ဂရုစိုက်ဖို့ အကြံပြုချင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

sleep-benefits-health ပင်ပန်းလာရင် အိပ်

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်လို့ ဘာအကျိုးရှိနိုင်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 1, 2021 . 2 mins read
how-this-empath-copes-with-shocking-events မျှဝေခံစားလိုစိတ်

အခက်ခဲဆုံးအချိန်တွေကို မျှဝေခံစားလိုစိတ် နဲ့ ကျော်ဖြတ်ပါ

ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 23, 2021 . 2 mins read
စိတ်ဖိစီးလွန်း ရင် ရာသီထိမ် တတ်သလား။

စိတ်ဖိစီးလွန်းလို့ ရာသီထိမ် နေတာလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 22, 2021 . 2 mins read
ချစ်မဝတဲ့လိင်မှုဘဝ မျိုး ပိုင်ဆိုင်ချင်တယ်ဆိုရင်

ချစ်မဝတဲ့လိင်မှုဘဝ မျိုး ပိုင်ဆိုင်ချင်တယ်ဆိုရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read