လိင်တူစိတ်ဝင်စားသူအဖြစ် ပွင့်ပွင့်လင်းလင်းဘယ်လိုဝန်ခံမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

လိင်တူစိတ်ဝင်စားသူတွေအတွက်တော့ကိုယ့်အနေအထား ကို ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်ဖို့က အကြီးမားဆုံး စိန်ခေါ်မှုအခက်အခဲပါပဲ။ ဒီသတင်းကိုကြားရရင် ကိုယ့်မိသားစုနဲ့အသိမိတ်ဆွေတွေက ဘယ်လိုတုံ့ပြန်လာ လေမလဲဆိုတာ စိုးရိမ်မိတာသဘာဝကျပါတယ်။ လူမှုရေး လောကရဲ့ဝေဖန်ပြောဆိုမှုတွေကို ကြောက်တာနဲ့ပဲ သင့်အနေအထားကို ပြန်ဖုံးကွယ်မိစေပါတယ်။ ဒါပေမယ့် ကိုယ့်အနာဂတ်အတွက် ပြန်စဉ်းစားသင့်ပါတယ်။ ဖွင့်ဟ ဝန်ခံလိုက်တာကပဲ သင့်ရဲ့ချစ်ခင်ရသူတွေအပေါ်မလိမ်ညာ၊ မကွယ်ဝှက်ဘဲ ရိုးရိုးသားသားဆက်ဆံနိုင်မယ့် တစ်ခုတည်းသောနည်းလမ်းဖြစ်ပါတယ်။

ဒီလိုဝန်မခံခင်မှာ အရင်ဆုံးလုပ်ရမှာက ကိုယ့်ကိုယ်ကိုယ် နားလည်အောင်လုပ်ဖို့ပါပဲ။ တချို့က အရမ်းငယ်ရွယ်သေးတဲ့အချိန်ကတည်းက ကိုယ့်ရဲ့လိင်အမျိုးအစားကိုသိထားတာတောင် ကိုယ်ဟာ ကျားလား ၊မလား အချိန်ကြာလာတဲ့အမျှ ခံစားချက် ဇဝေဇဝါ ရှုပ်ထွေးနေဆဲ ဖြစ်နေနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်သိခြင်းဟာ အပြစ်မကင်းစိတ်၊ ငြင်းပယ်ခံရမှာကြောက်ရွံ့စိတ်တို့လို ကိုယ့်ခံစားချက်တွေ ကို ကျော်ဖြတ်အောင်မြင်ရမယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါ တယ်။ ဒီအခြေအနေကို မဖြေရှင်းနိုင်ရင် ဆွေးနွေးတိုင်ပင် လို့ရမယ့်လူကိုရှာပါ။ ကိုယ့်မှာဖြစ်နေတဲ့အခြေအနေနဲ့ ပတ်သက်ပြီး အတွေ့အကြုံရှိသူ ပညာရှင်တွေနဲ့ ဆွေးနွေးအကြံပြုချက် တောင်းသင့်ပါတယ်။

ဖွင့်ထုတ်ဝန်ခံလိုက်တဲ့ စစချင်းအချိန်မှာတော့ အခက်ခဲဆုံးအချိန်ဖြစ်နေနိုင်ပါတယ်။ တစ်လောကလုံးကို အသိမပေးခင်မှာ ကိုယ်နဲ့အရင်းနှီးဆုံးသူတွေနဲ့ အရင်ပြောဆိုကြည့်ဖို့ ကြိုးစားသင့်ပါတယ်။ မိဘ ဒါမှမဟုတ် ဝမ်းကွဲဆွေမျိုးတစ်ဦးဦးဖြစ်ဖြစ်၊ သူငယ်ချင်း ဒါမှမဟုတ် ဆရာ၊ဆရာမဖြစ်ဖြစ် ကိုယ်ယုံကြည်ရသူလည်း ဖြစ်၊ ကိုယ့်ကိုအကူအညီပေးမယ့်သူလည်းဖြစ်တဲ့ လူတစ်ယောက်ယောက်ကို ရွေးပါ။ မေးလာနိုင် မယ့်မေးခွန်းတွေလည်း ကြိုစီထားဖို့လိုပါတယ်။ သင်ပြောပြလိုက်တဲ့လူတွေက သင့်ရဲ့ဘဝသစ်အကြောင်းကို ပိုသိချင်ကြပါလိမ့်မယ်။ ဒါ့ကြောင့် တတ်နိုင်သလောက် အချက်အလက်တွေစုပြီး အရာအားလုံးကိုအစွမ်းကုန်ရှင်းပြလိုက်ပါ။ ဒါပေမယ့် သူတို့ရဲ့တုံ့ပြန်မှုက မကောင်းခဲ့ရင် ဒီကိစ္စကို လက်ခံပေးနိုင်ဖို့ သူတို့ကို အချိန်ပေးလိုက်ပါ။ သူတို့အနေနဲ့ လက်ခံပေးဖို့ကို အတင်းမတိုက်တွန်းပါနဲ့။ ဒီလိုမှမဟုတ်ရင် ပိုလို့တောင် ခါးခါးသီးသီးငြင်းပယ်ခံရနိုင်ပါတယ်။

ကိုယ့်ရဲ့နာမည် ဒါမှမဟုတ် ဝတ်ပုံစားပုံကို ပြောင်းလဲဖို့ ရည်ရွယ်ထားတယ်ဆိုရင် ပိုပြီးစိတ်ရှည်ဖို့လိုပါတယ်။ လူတွေက သင့်ကို သိလာခဲ့တာကြာပြီမို့ သင့်ရဲ့ဘဝသစ် ကို လိုက်နားလည် လက်ခံပေးဖို့ မလွယ်လှပါဘူး။ သင်တောင်မှ ကိုယ့်ကိုယ်ကိုယ်နားလည်ဖို့ အချိန် အတော်ယူခဲ့ရတာမဟုတ်လား။ စိတ်ရှည်ပါ ၊ဇွဲရှိပါ။ လူတွေက သင့်ကို နာမ်စားမှားခေါ်နေတဲ့အခါ သူတို့ကို သတိပေးပြီးပြင်ခေါ်ခိုင်းဖို့ မဝံ့မရဲဖြစ်မနေပါနဲ့။ ရိုးသားတဲ့ အမှားလည်းဖြစ်နေနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်က နာမည်ပြောင်းထားတဲ့အတွက် နောက်ပိုင်း ဥပဒေနဲ့ ပတ်သက်ပြီးပြဿနာဖြစ်မလာစေဖို့ ဥပဒေရေးရာ စာရွက်စာတမ်းတွေကို အသစ်ပြင်ဆင်ဖို့ မမေ့ပါနဲ့။

စနစ်တကျ အစီအစဉ်ရေးဆွဲတာက သင့်အတွက် ဝန်ခံနိုင်ဖို့ပိုလွယ်စေနိုင်ပါတယ်။ အလောတကြီးလုပ်ဖို့ မလိုပါဘူး။ အချိန်ယူပြီး သေချာပြင်ဆင်ပါ။ အားလုံးပြီးသွားရင်တော့ ဖြစ်လာတာက သင့်ရဲ့ဘဝပါပဲ။ ကိုယ်မှန်တယ်ထင်တဲ့အရာကို ကိုယ်လုပ်ခွင့်ရှိပါတယ် (ဥပဒေနဲ့တော့ညီတဲ့အလုပ်ဖြစ်ရပါမယ်)။ သင်က ထုတ်ဖော်ဝန်ခံသည်ဖြစ်စေ ဝန်မခံသည်ဖြစ်စေ ကိုယ့်ကို အမှန်တကယ်မေတ္တာမှန်ကန်သူတွေဟာ သင်က ဘာပဲဖြစ်နေပါစေ ဆက်ပြီးချစ်ခင်နေဦးမှာပဲဆိုတာ မမေ့ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကွန်ဒုံး ကို ပါးစပ်နဲ့လိင်ဆက်ဆံချိန် အသုံးပြုဖို့ လိုလား

ကွန်ဒုံး ဆိုတာ လုံခြုံစိတ်ချရတဲ့ လိင်မှုဘဝအတွက်တော့ မရှိမဖြစ်ပါ။ ကွန်ဒုံးတွေဟာ ကိုယ်ဝန်ရရှိခြင်းနဲ့ လိင်မှတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေကို ကာကွယ်ပေးပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr . Phyu Mon Latt

ဖွားဖက်တော် သေးနေလို့ သင့်အဖော် စိတ်မကျေနပ်လောက်ဘူးလို့ ထင်နေပါသလား

အမျိုးသားထုတွေကြားမှာ မကြာခဏ အမေးများတဲ့ မေးခွန်းကတော့ သူတို့ ငယ်ပါ အရွယ်အစား ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

ဗိုက်တစ်လုံးခြား ဆက်ဆံရေး

လိင်ကျန်းမာရေး လိင်ဆက်ဆံမှု လိင်တံထောင်မတ်ခြင်း ကျားဟော်မုန်း ဘီယာဗိုက် လိင်ကိစ္စ စိတ်ဝင်စားမှုနည်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

ဘယ်အကာအကွယ်ပစ္စည်းကို သုံးပြီး လိင်ဆက်ဆံသင့်သလဲ(အမျိုးသမီးသုံး သားအိမ်ကာပစ္စည်းနှင့် အမျိုးသားသုံး ကွန်ဒုံးများ)

အကာအကွယ်ဆိုသည်မှာ လိင်ဆံဆက်စဉ်တွင် သုတ်ကောင်နှင့်မျိုးဥများကို မထိတွေ့မိစေရန် ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
ရေးသားသူ Dr. K Zin Thwe

သင့်အတွက် ရွေးချယ်ထားသည်

တွဲနေတဲ့ရင်သားတွေ ပြန်လည်ဦးမော့လာစေဖို့

တွဲနေတဲ့ရင်သားတွေ ပြန်လည်ဦးမော့လာစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Seinn Moe Satt
ရေးသား ထုတ်ဝေခဲ့သည် မေ 1, 2020 . 2 mins read

အာသာဖြေဖို့ပဲ ချောင်းနေတဲ့ဘော်ဒါတွေ ကိုယ့်စိတ်ကို ထိန်းချုပ်ဖို့လိုအပ်နေပြီလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 16, 2019 . 2 mins read

မနက်နိုးလာရင် ဖွားဖက်တော်ထောင်မတ်နေတာ ဘာကြောင့်လဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဧပြီ 10, 2019 . 2 mins read

ကွန်ဒုံးတွေကို အန္တရာယ် ကင်းကင်းနဲ့ ဘယ်လိုသုံးကြမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Arkar Hein
ရေးသား ထုတ်ဝေခဲ့သည် ဧပြီ 8, 2019 . 6 mins read