backup og meta

လိင်တူချစ်သူတို့အတွက် ဘေးကင်းစိတ်ချရတဲ့ ကြည်နူးဖွယ်ဆက်ဆံရေး ပိုင်ဆိုင်နိုင်စေဖို့

လိင်တူချစ်သူတို့အတွက် ဘေးကင်းစိတ်ချရတဲ့ ကြည်နူးဖွယ်ဆက်ဆံရေး ပိုင်ဆိုင်နိုင်စေဖို့

လိင်တူ ဆက်ဆံသူတွေမှာ အတူနေကြတဲ့အခါ အရေပြားချင်း ထိတွေ့တာတွေ၊ ပါးစပ်နဲ့ ဆက်ဆံမှုတွေ၊ စအိုနဲ့ ဆက်ဆံတာတွေ၊ sex toys တွေကို မျှဝေ အသုံးပြုတာအပြင် ခန္ဓာကိုယ်က ထွက်တဲ့ အရည်တွေ၊ သွေးတွေကြောင့် ရောဂါကူးစက်နိုင်ခြေ ရှိပါတယ်။ တကယ်ကတော့ လိင်တူဆက်ဆံလို့ ဒီလို ကူးစက်မှုတွေ များတာ မဟုတ်ပါဘူး။ ဘေးကင်းစိတ်ချရတဲ့ ဆက်ဆံရေးကို ဖန်တီးဖို့ အမှုမဲ့ အမှတ်မဲ့ ဖြစ်နေတာကြောင့်ပါ။ ဒီတစ်ခေါက်တော့ လိင်တူချစ်သူတို့အတွက် ဘေးကင်းစိတ်ချရတဲ့ ကြည်နူးဖွယ်ဆက်ဆံရေး ပိုင်ဆိုင်နိုင်စေဖို့ ဘယ်အချက်လေးတွေကို လိုက်နာရမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။

လိင်တူချစ်သူတွေမှာ ဘယ်လို ကျန်းမာရေး ပြဿနာတွေ ဖြစ်နိုင်လဲ

လိင်တူချစ်သူတွေမှာ လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ဖြစ်ကြတဲ့

လိင်တူချစ်သူတို့အတွက် ဘေးကင်းစိတ်ချရတဲ့ ကြည်နူးဖွယ်ဆက်ဆံရေး ပိုင်ဆိုင်နိုင်စေဖို့

လိင်တူချစ်သူတို့အတွက် ဘေးကင်းစိတ်ချရတဲ့ ကြည်နူးဖွယ်ဆက်ဆံရေး ပိုင်ဆိုင်နိုင်စေဖို့ ဆိုရင် ဒီအချက်လေးတွေကို လိုက်နာဖို့ လိုပါမယ်။

  • ရောဂါကူးစက်နိုင်ခြေ နည်းတဲ့ နည်းလမ်းကို ရွေးပါ

တစ်ဦးနဲ့ တစ်ဦး ပွေ့ဖက်တာ၊ ထိတွေ့တာ၊ လက်နဲ့ အာသာဖြေတာမျိုးတွေက ရောဂါပိုးတွေ ကူးစက်နိုင်ခြေ အနည်းဆုံး နည်းလမ်းတွေပါ။ ဒီနည်းလမ်းတွေက တစ်ဦးနဲ့ တစ်ဦးကြားမှာ ချစ်ခြင်းကို တိုးစေနိုင်သလို ရောဂါပိုးတွေ အန္တရာယ်ကနေလည်း ကာကွယ်ပေးပါတယ်။

  • အကာအကွယ် သုံးပါ

ပါးစပ်နဲ့ ဆက်ဆံတာက စအိုနဲ့ ဆက်ဆံတာ၊ မိန်းမကိုယ်နဲ့ ဆက်ဆံတာတွေထက် လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ကူးစက်ရနိုင်ခြေ များစေပါတယ်။ ဒါကြောင့် လိင်တူချစ်သူတွေ အနေနဲ့လည်း အခြားစုံတွဲတွေလိုပဲ အတူနေတဲ့အခါ ကွန်ဒုံး သုံးတာ၊ အမျိုးသမီးသုံး ကွန်ဒုံး သုံးတာ၊ ပါးစပ်အကာသုံးတာမျိုးတွေ လုပ်ဆောင် ပေးပါ။

ဒီလို လုပ်ဆောင်တာက လိင်ကတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေကို ကာကွယ်နိုင်မှာပါ။

  • လက်သန့်ရှင်းရေး ဂရုစိုက်ပါ

လိင်တူချစ်သူတွေ အနေနဲ့ ကြည်နူးစရာ ကောင်းတဲ့ ဆက်ဆံရေးကို ဖန်တီးတဲ့အခါ လက်တွေကို အသုံးပြုကြပါတယ်။ ဒီလို အသုံးပြုတဲ့အခါ လက်သည်းတွေကြောင့် ထိခိုက်တာတွေ ပိုးဝင်တာမျိုးတွေ မဖြစ်စေဖို့ လက်သည်းတွေကို သေချာ ညှပ်တာ တိတာတွေ လုပ်ဖို့ လိုသလို အတူမနေခင်မှာ လက်တွေကို သေချာလေး သန့်စင်ဆေးကြောဖို့ လိုပါမယ်။

ဒီလိုလုပ်ဆောင်တာက ကိုယ်တိုင်ကိုရော ကိုယ်ရဲ့အဖော်ကိုပါ ရောဂါပိုးတွေ ကူးစက်မှုကနေ ကာကွယ်ပေးနိုင်မှာပါ။

  • ရာသီလာချိန်တွေမှာ အတူမနေပါနဲ့

ရာသီလာချိန်မှာ အတူနေတာက ရာသီသွေး အပါအဝင် ခန္ဓာကိုယ်က ထွက်တဲ့ အရည်တွေကြောင့် ရောဂါပိုးတွေ ကူးစက်နိုင်ခြေက ပုံမှန်ထက် ပိုများနေပါတယ်။ ဒီအချိန်မှာ လိင်ကတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေကြောင့် ထိခိုက်တာမျိုး မဖြစ်စေဖို့အတွက် ရာသီလာချိန်မှာ အတူမနေပါနဲ့။ ရာသီလာပြီးလို့ ရက်အနည်းငယ် ကြာပြီးမှ အတူနေပါ။

  • Sex Toys တွေကို မျှဝေသုံးစွဲတာမျိုး မလုပ်ပါနဲ့

Sex Toys တွေကနေတဆင့်လည်း ရောဂါပိုးတွေ ကူးစက်နိုင်ပါတယ်။ ဒါကြောင့် Sex Toys တွေကို အသုံးပြုပြီးချိန်မှာ သေချာ သန့်စင်ဆေးကြောပြီး ခြောက်သွေ့အောင် လုပ်ဆောင်ပါ။ မျှဝေသုံးစွဲတာမျိုး မလုပ်ပါနဲ့။

  • ကာကွယ်ဆေးတွေ ထိုးနှံထားပါ

HPV ဗိုင်းရပ်စ်လိုမျိုး ဗိုင်းရပ်စ်တွေကို ကာကွယ်ဆေး ထိုးနှံ ကာကွယ်ပေးလို့ ရပါတယ်။ ဒီလို ထိုးနှံထားတာကလည်း အချို့သော ကျန်းမာရေး ပြဿနာတွေကို ကာကွယ်ရာရောက်ပါတယ်။ ဒါကြောင့် ကာကွယ်ဆေးတွေကို ထိုးထားပါ။ HIVဆိုရင်လည်း မိမိရဲ့ ကူးစက်နိုင်ခြေပေါ် မူတည်ပြီး ကြိုတင်ကာကွယ်ဖို့ ဆေးဝါးတွေ သောက်သုံးနိုင်ပါတယ်။

ဒီနည်းလမ်းလေးတွေက လိင်တူချစ်သူတို့အတွက် ဘေးကင်းစိတ်ချရတဲ့ ကြည်နူးဖွယ်ဆက်ဆံရေးလေး ဖန်တီး ပေးနိုင်မှာပါ။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

An LGBTQIA+ Guide to Having Safer Sex https://www.verywellmind.com/have-safer-sex-with-this-lgbtq-guide-5211210 Accessed Date 2 November 2022

Safer Sex for LGBTQ+ Teens! https://www.teensource.org/hookup/safer-sex-lgbtq-teens Accessed Date 2 November 2022

Safer sex for rainbow youth https://www.healthnavigator.org.nz/healthy-living/s/safer-sex-for-rainbow-youth/#:~:text=always%20using%20a%20condom%20or,toys%20and%20washing%20them%20afterwards Accessed Date 2 November 2022

What is safer sex? https://www.optionsforsexualhealth.org/facts/sti/safer-sex-tips/ Accessed Date 2 November 2022

Safe Sex Tips for Same-Sex Couples https://wny-obgyn.com/2018/09/safe-sex-tips-sex-couples/ Accessed Date 2 November 2022

ယခုပုံစံ

10/08/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လိင်ဆက်ဆံခြင်းနည်းလမ်းများ နဲ့ ကျန်းမာရေးကောင်းကျိုးဆိုးကျိုးများ

သင့်ခံစားနေရတာ လိင်ကတဆင့်ကူးစက်ရောဂါလက္ခဏာ တွေလား။


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 10/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement