အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်ဆက်ဆံလို့ ရတဲ့ အရွယ်ရောက်ပြီဆိုရင် လိင်ကတဆင့် ရောဂါတွေ ကူးစက်တာ၊ သူများကို ကူးစေတာတွေ ဖြစ်လာနိုင်ပါတယ်။ အန္တရာယ်ကင်းစွာ လိင်ဆက်ဆံပြီး လိင်မှကူးစက်တဲ့ ရောဂါတွေကို ကာကွယ်ဖို့ ဒီမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်ဆက်ဆံရင်း သေနိုင်တဲ့ အကြောင်းခြင်းရာ (၇)ချက်

လိင်ဆက်ဆံရင် သေနိုင်တယ်လားဆိုပြီး တွန့်မသွားပါနဲ့ဦး။ ခုပြောမှာက ဖြစ်တတ်တဲ့ အကြောင်းတရားတွေပါ။ အတူနေတဲ့အခါ ဒီအချက်တွေကို ဆင်ခြင်လိုက်ရင် လိင်ဆက်ဆံရင်း သေနိုင်တဲ့ အထိ ဖြစ်တော့မှာ မဟုတ်ပါဘူး။ လိင်ဆက်ဆံရင်း သေနိုင်တဲ့ အကြောင်းခြင်းရာ (၇)ချက် ခုပြောမယ့် အကြောင်းရင်းတွေက လိင်ဆက်ဆံရင်း ကူးစက်ခံရတဲ့ HIVလို၊ အသည်းရောင်အသားဝါ ဘီပိုးတွေလို ဖြည်းဖြည်းချင်း သေဆုံးနိုင်တဲ့ အကြောင်းအရာတွေ မဟုတ်ပါဘူး။ လိင်ဆက်ဆံရင်း တန်းလန်းနဲ့ကို ကုတင်ပေါ်မှာတင် သေဆုံးနိုင်တဲ့ အခြေအနေတွေပါ။ ဒါဆို စကြည့်လိုက်ရအောင်။ (၁) ရုတ်တရက် နှလုံးရပ်တာ ရှားပါးပေမယ့် ဖြစ်တတ်ပါတယ်။ UKမှာလုပ်တဲ့ လေ့လာချက်မှာဆိုရင် ငယ်ရွယ်တဲ့ ဆက်ဆံသူတွေနဲ့ အမျိုးသမီးတွေမှာပါ ဖြစ်နေတာကို တွေ့ရပါတယ်။ အဲ့စာတမ်းအရဆိုရင် အဖြစ်အများဆုံးအကြောင်းရင်းက sudden arrhythmic death syndromeလို့ ခေါ်တဲ့ နှလုံးခုန်မမှန်တဲ့ ရောဂါကြောင့်လို့ ဆိုပါတယ်။ ဒီရောဂါရှိတဲ့ လူနာတွေမှာက […]

အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း ကို ရှာဖွေမည်။

အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ရာသီလာနေစဉ် လိင်ဆက်ဆံ မယ်ဆိုရင်

ရာသီလာနေစဉ် လိင်ဆက်ဆံ မယ်ဆိုရင် တချို့အချက်တွေတော့ သိထားဖို့လိုပါမယ်နော်။ ရာသီလာတယ်ဆိုတာ သားအိမ်နံရံက အလွှာလေးတွေ ကွာကျလာပြီး မိန်းမကိုယ်ကတစ်ဆင့် အပြင်ကို ဆင်းလာတာကို ခေါ်တာပါ။ တချို့အတွဲတွေကတော့ တခြားရက်တွေထက် ရာသီလာနေတဲ့ရက်တွေမှာ လိင်ဆက်ဆံရတာကို ပိုပြီးနှစ်သက်တတ်ကြပါတယ်။ အဲဒီလို ရာသီလာနေချိန်အတွင်း အတူနေဖို့ စိတ်ကူးရှိတယ်ဆိုရင်တော့ အကျိုးအပြစ် ဘာတွေရှိသလဲဆိုတာ ကြိုသိထားဖို့ လိုပါတယ်။ တချို့လူတွေ ထင်တတ်ကြသလို၊ ရာသီလာနေစဉ် အတူနေတာဟာ ကျန်းမာရေးကို ကြီးကြီးမားမား မထိခိုက်စေပါဘူး။ အန္တရာယ်တခုခု ဖြစ်စေနိုင်တာမျိုးလည်း မရှိဘူး။ ဒါပေမယ့်လည်း ဒီလိုအချိန်မှာ အတူနေတာက နည်းနည်းတော့ အလုပ်ရှုပ်ပါတယ်။ အထူးသဖြင့်တော့ ရာသီစပေါ်တဲ့ ပထမဆုံးရက်တွေမှာပေါ့။ ရာသီလာနေစဉ် လိင်ဆက်ဆံ မယ်ဆိုရင် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးများ (၁) ရောဂါပိုးကူးစက်ခံရနိုင်ခြင်း ရာသီသွေးကတစ်ဆင့် HIV ပိုးလို လိင်ကတစ်ဆင့် ကူးစက်တဲ့ ရောဂါပိုးတွေ ရသွားနိုင်ပါတယ်။ ဒါကြောင့်မို့ HIV […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ပါးစပ်နဲ့ လိင်ဆက်ဆံခြင်း ရဲ့ အကောင်းအဆိုးများ

ပါးစပ်နဲ့ လိင်ဆက်ဆံခြင်း ဆိုတာကို အတော်များများ ကြားဖူးကြမှာပါ။ ဒီဆောင်းပါးလေးမှာတော့ သူ့ရဲ့ အကျိုးအပြစ် .. အားသာချက်နဲ့ အားနည်းချက်လေးတွေကို ပြောပြချင်ပါတယ်။ ဘယ်အရာမဆို ကောင်းခြင်းဆိုးခြင်းဆိုတာ ဒွန်တွဲနေတတ်စမြဲမို့ မိမိနဲ့ မိမိချစ်သူကို အကျိုးများစေနိုင်လား ဘယ်လိုကျန်းမာရေးပြဿနာတွေ ပေးနိုင်မလဲဆိုတာ သေချာလေ့လာကြည့်ရအောင်နော်။ ပါးစပ်နဲ့ လိင်ဆက်ဆံခြင်း ဆိုတာ ဘာလဲ လိင်တံ၊ ဒါမှမဟုတ် မိန်းမကိုယ်ကို ပါးစပ်အသုံးပြုပြီး လိင်စိတ်နှိုးဆွခြင်းကို ခေါ်တာပါ။ လိင်တံကို ပါးစပ်နဲ့ ဆက်ဆံပေးခြင်းကို Fellatio လို့ခေါ်ပြီး မိန်းမကိုယ်ကို ဆက်ဆံပေးခြင်းကိုတော့ Cunnilingus လို့ခေါ်ပါတယ်။ ပါးစပ်နဲ့ ဆက်ဆံခြင်းဟာ ကိုယ့်အဖော်နဲ့ ရင်းနှီးချစ်ခင်မှုကို ပိုစေပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းမှာလည်း မကောင်းတဲ့အချက်များလည်း ရှိပါတယ်။ https://hellosayarwon.com/sexual-wellness/more-stis-stds/stds-cause-by-oral-sex/ ပါးစပ်နဲ့ လိင်ဆက်ဆံခြင်း ရဲ့ အားသာချက်များ ဆက်ဆံရေးနှင့် ရင်းနှီးမှုကို ပိုကောင်းစေခြင်း ပါးစပ်နဲ့ ဆက်ဆံတာကို စိတ်ကျေနပ်မှုရဖို့ဆိုရင် ကိုယ်နဲ့ ကိုယ့်အဖော်ကြားမှာ စစ်မှန်ပြီး […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)