အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်ဆက်ဆံလို့ ရတဲ့ အရွယ်ရောက်ပြီဆိုရင် လိင်ကတဆင့် ရောဂါတွေ ကူးစက်တာ၊ သူများကို ကူးစေတာတွေ ဖြစ်လာနိုင်ပါတယ်။ အန္တရာယ်ကင်းစွာ လိင်ဆက်ဆံပြီး လိင်မှကူးစက်တဲ့ ရောဂါတွေကို ကာကွယ်ဖို့ ဒီမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်ဆက်ဆံရင်း သေနိုင်တဲ့ အကြောင်းခြင်းရာ (၇)ချက်

လိင်ဆက်ဆံရင် သေနိုင်တယ်လားဆိုပြီး တွန့်မသွားပါနဲ့ဦး။ ခုပြောမှာက ဖြစ်တတ်တဲ့ အကြောင်းတရားတွေပါ။ အတူနေတဲ့အခါ ဒီအချက်တွေကို ဆင်ခြင်လိုက်ရင် လိင်ဆက်ဆံရင်း သေနိုင်တဲ့ အထိ ဖြစ်တော့မှာ မဟုတ်ပါဘူး။ လိင်ဆက်ဆံရင်း သေနိုင်တဲ့ အကြောင်းခြင်းရာ (၇)ချက် ခုပြောမယ့် အကြောင်းရင်းတွေက လိင်ဆက်ဆံရင်း ကူးစက်ခံရတဲ့ HIVလို၊ အသည်းရောင်အသားဝါ ဘီပိုးတွေလို ဖြည်းဖြည်းချင်း သေဆုံးနိုင်တဲ့ အကြောင်းအရာတွေ မဟုတ်ပါဘူး။ လိင်ဆက်ဆံရင်း တန်းလန်းနဲ့ကို ကုတင်ပေါ်မှာတင် သေဆုံးနိုင်တဲ့ အခြေအနေတွေပါ။ ဒါဆို စကြည့်လိုက်ရအောင်။ (၁) ရုတ်တရက် နှလုံးရပ်တာ ရှားပါးပေမယ့် ဖြစ်တတ်ပါတယ်။ UKမှာလုပ်တဲ့ လေ့လာချက်မှာဆိုရင် ငယ်ရွယ်တဲ့ ဆက်ဆံသူတွေနဲ့ အမျိုးသမီးတွေမှာပါ ဖြစ်နေတာကို တွေ့ရပါတယ်။ အဲ့စာတမ်းအရဆိုရင် အဖြစ်အများဆုံးအကြောင်းရင်းက sudden arrhythmic death syndromeလို့ ခေါ်တဲ့ နှလုံးခုန်မမှန်တဲ့ ရောဂါကြောင့်လို့ ဆိုပါတယ်။ ဒီရောဂါရှိတဲ့ လူနာတွေမှာက […]

အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း ကို ရှာဖွေမည်။

အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

စအိုဖြင့် လိင်ဆက်ဆံပြီးနောက် ဘာကြောင့် သွေးထွက်တာလဲ

စအိုဖြင့် လိင်ဆက်ဆံပြီးနောက် ဘာကြောင့် သွေးထွက်တာလဲ ...... စအိုမှ မဟုတ်ပါဘူး။ ဘယ်လိုထိုးသွင်းဆက်ဆံမှုမဆို ပြီးသွားတဲ့အချိန်မှာ အနည်းငယ်တော့ သွေးထွက်တတ်ကြပါတယ်။ ဒါဟာ ကျန်းမာရေးပြဿနာကြောင့် မဟုတ်တဲ့အတွက် သိပ်ပြီး စိတ်ပူဖို့ မလိုပါဘူး။ စအိုအတွင်းသားနံရံမှာ ရှိတဲ့ တစ်ရှူးတွေဟာ နူးညံ့လွန်းတာကြောင့်၊ ထိုးသွင်းဆက်ဆံသူ အမျိုးသားရဲ့ လိင်အင်္ဂါက ကြီးလွန်းတာ သို့မဟုတ် ပြင်းပြင်းထန်ထန် လိင်ဆက်ဆံတာကြောင့် သွေးကတော့ ထွက်တတ်ပါတယ်။ အဲ့လိုမှမဟုတ်ဘဲ သွေးထွက်တာ အရမ်းများလွန်းတာ၊ ပန်းနုရောင် သွေးစလေးတွေ ထွက်လာတာ၊ ၂ရက်နဲ့အထက် ကြာတဲ့အထိ နေလို့ထိုင်လို့ အဆင်မပြေတာ၊ သွေးမတိတ်တော့တာ၊ ဝမ်းသွားရခက်ခဲတဲ့ အခြေအနေတွေ၊ အပြင်းအထန်ဖျားလာတာ အစရှိတဲ့ လက္ခဏာတွေ ဖြစ်လာပြီဆိုရင်တော့ တခြား ကျန်းမာရေးပြဿနာတွေကြောင့် ဖြစ်နိုင်ပါတယ်။ အကောင်းဆုံးကတော့ ဆရာဝန်နဲ့ သေချာပြသကြည့်ပြီး ပြဿနာအရင်းအမြစ်ကို အဖြေရှာတာပါပဲ။ စအိုဖြင့် လိင်ဆက်ဆံပြီးနောက် […]


ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

တစ်ကိုယ်ရေအာသာဖြေခြင်းနှင့် ပုရိသတို့ရဲ့ အလွဲများ

အမျိုးသားတွေရဲ့ နေ့စဉ်ဘဝမှာ လိင်မှုကိစ္စနဲ့ တစ်ကိုယ်ရေအာသာဖြေခြင်းဆိုတာ အမြဲတမ်း ပါနေပါတယ်။ ဒါဟာ မှားယွင်းမှုမဟုတ်တဲ့ ပုံမှန်ဖြစ်ရိုးဖြစ်စဉ် ကိစ္စတစ်ခုပါ။ ဒါပေမယ့် ကိုယ့်လူတို့ကလည်း စိတ်ပူတတ်ကြတာ အများသား။ အာသာဖြေတာ များလွန်းရင် ဆံပင်ကျွတ်နိုင်လား၊ ဝက်ခြံတွေ အရမ်းပေါက်လာတာ အာသာဖြေမိလို့လား၊ ပန်းသေပန်းညှိုးဖြစ်နိုင်လား အစရှိသဖြင့်ပေါ့။ အဲ့လိုမေးခွန်းတွေအပေါ်မှာ လူတွေသိထားကြတဲ့ အလွဲတွေကလည်း တဖြည်းဖြည်း များလာပါတယ်။ ဒီနေ့မှာတော့ တစ်ကိုယ်ရေအာသာဖြေခြင်းနှင့် ပုရိသတို့ရဲ့ အလွဲများ အကြောင်း ဖြေရှင်းပေးမှာပါ။ တစ်ကိုယ်ရေအာသာဖြေခြင်းနှင့် ပုရိသတို့ရဲ့ အလွဲများ တစ်ကိုယ်ရေအာသာဖြေခြင်းနှင့် ပုရိသတို့ရဲ့ အလွဲများ ကတော့ ၁။ အာသာဖြေရင် ဆံပင်ကျွတ်နိုင်တယ်။ (အမှား) ကျား၊ မ မရွေး တစ်နေ့ကို ဆံပင် အပင် ၅၀ မှ ၁၀၀ ထိ ကျွတ်တယ်ဆိုတာ ပုံမှန်ပါပဲ။ ဆံသားအသစ်တွေ ပြန်ထွက်လာဖို့ ဆံသားအဟောင်းတွေ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

အမျိုးသားတစ်ယောက် သုက်ပိုးပြည့်ဝနေဖို့ ဘယ်လောက်ကြာလဲ

အမျိုးသားတစ်ယောက်ရဲ့ ဝှေးစေ့ကနေ နေ့စဉ် သုက်ပိုးတွေကို ထုတ်လုပ်ပေးပါတယ်။ သုက်ပိုးတွေဟာ ကျန်းမာပြီး လျင်မြန်စွာသွားလာနိုင်မှ ကိုယ်ဝန်ရနိုင်ခြေနဲ့ မွေးလာတဲ့ ကလေးက ကျန်းမာဖွံ့ဖြိုးမှာပါ။ ဒီအတွက် အမျိုးသားတစ်ယောက်ရဲ့ သုက်ရည်တွေဟာ ကျန်းမာတဲ့ သုက်ပိုးတွေနဲ့ ပြည့်နေဖို့ အရေးကြီးပါတယ်။ ဒီတော့ အမျိုးသားတစ်ယောက် သုက်ပိုးပြည့်ဝနေဖို့ ဘယ်လောက်ကြာလဲ ဆိုတာကို လေ့လာလိုက်ရအောင်နော်။ အမျိုးသားတစ်ယောက် သုက်ပိုးပြည့်ဝနေဖို့ ဘယ်လောက်ကြာလဲ အမျိုးသားတစ်ယောက် သုက်ပိုးပြည့်ဝနေဖို့ ဘယ်လောက်ကြာလဲ ဆိုတာကို အချက်အလက်လေးတွေနဲ့ ပြောပြပေးထားပါတယ်။ သုက်ပိုးကောင်ရေ ပြည့်ဝခြင်း ဖြစ်စဉ် (Spermatogenesis) သုက်ရည်အတွင်းမှာ သုက်ပိုးကောင်တွေ ပြည့်သွားပြီး မျိုးပွားဖို့အတွက် အဆင်သင့်ဖြစ်နေတဲ့ အခြေအနေဖြစ်ပါတယ်။ နေ့စဉ် သုက်ပိုးတွေ ထုတ်လုပ်ပေးပြီး လုံးဝပြည့်သွားဖို့ ၆၄ ရက်ထိ ကြာနိုင်ပါတယ်။ ဒီလို သုက်ပိုးတွေ ပြည့်ဝနေတဲ့အခါ ထိုးသွင်းဆက်ဆံမှုအပြီး မိန်းမကိုယ်ကနေ မျိုးဥအတွင်းသို့ လျင်မြန်စွာ သွားလာနိုင်ပြီး […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်အင်္ဂါပေါ် အနီစက်တွေ၊ အနီဖုတွေ ဖြစ်လာတာ ဘာကြောင့်လဲ

လိင်အင်္ဂါပေါ် အနီစက်တွေ၊ အနီဖုတွေ ဖြစ်လာတာ ဘာကြောင့်လဲ ...... အမျိုးသားတွေမှာ မကြာခဏ ဖြစ်တတ်တဲ့ ပြဿနာလို့ ဆိုနိုင်ပါတယ်။ တခြားရောဂါ ကြီးကြီးမားမား မရှိဘဲ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းတာ၊ ကိုယ်သုံးနေတဲ့ ဆပ်ပြာ၊ အလှကုန်ပစ္စည်းတွေနဲ့ ဓာတ်မတည့်တာ၊ ပွန်းပဲ့ထိခိုက်မိတာကြောင့် ဖြစ်နိုင်ပြီး ပုံမှန်အားဖြင့် တစ်ရက် နှစ်ရက်လောက်နဲ့ ပျောက်ကင်းသွားပါတယ်။ ဒီလိုမှမဟုတ်ဘဲ အနီစက်တွေ၊ အနီဖုတွေ ထနေတာ ရက်တွေ အရမ်းကြာနေပြီ၊ နေရာအနှံ့ကို ပျံ့လာတယ်ဆိုရင်တော့ တခြား ကူးစက်ခံရတဲ့ ရောဂါတစ်မျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ဒီအကြောင်းရင်းကြောင့်ဆိုရင်တော့ အနီစက်တွေသာမက တခြားသော လက္ခဏာအမျိုးမျိုးလည်း ပြနိုင်ပါတယ်။ လိင်အင်္ဂါပေါ် အနီစက်တွေ၊ အနီဖုတွေ ဖြစ်လာတာ ဘာကြောင့်လဲ လိင်အင်္ဂါပေါ် အနီစက်တွေ၊ အနီဖုတွေ ဖြစ်လာတာ ဘာကြောင့်လဲ ဆိုတော့ ကူးစက်ခံထားရတဲ့ ရောဂါအခြေအနေပေါ်မူတည်ပြီး ယားယံတာ၊ ပျော့အိအိဖြစ်နေတာ၊ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

မတော်တဆ ကွန်ဒုံးပေါက်သွား၊ပြဲသွားခဲ့ရင် ဘယ်လိုလုပ်မလဲ

အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းက HIV အပါအဝင် အခြားသော ကူးစက်ရောဂါများစွာကို ပျော်ပျော်ပါးပါးကြီး ဖိတ်ခေါ်နေသလို ဖြစ်တာကြောင့် လိင်ဆက်ဆံရင် (အထူးသဖြင့် ကိုယ်ဝန်မရချင်တဲ့ အခါမျိုး၊ ကိုယ့်အိမ်ထောင်ဖက် မဟုတ်သူနဲ့ လိင်ဆက်ဆံတဲ့အခါမျိုးမှာပေါ့) ကွန်ဒုံးသုံးရမယ်ဆိုတာ လူတိုင်းလိုလို သိကြပါတယ်။ သုံးလည်းသုံးကြပါတယ်။ ကွန်ဒုံးဟာ ရာနှုန်းပြည့်စိတ်ချရတယ် မဟုတ်ပေမယ့် ရာနှုန်းပြည့်နီးပါး အကာအကွယ်ပေးတာတော့ အမှန်ပါပဲ။ ဒါပေမယ့် ကွန်ဒုံး အသုံးပြုနေရင်း ကွန်ဒုံး ပေါက်ပြဲခြင်းစတဲ့ အခက်အခဲလေးတွေ ပေါ်ပေါက်လာတတ်ပါတယ်။ ဒီအခက်အခဲတွေထဲကမှ ကွန်ဒုံးပေါက်ပြဲသွားရင် ဘာဆက်လုပ်ရမလဲဆိုတာကို ဒီဆောင်းပါးလေးမှာ မျှဝေပေးသွားမှာပါ။ မတော်တဆ ကွန်ဒုံးပေါက်သွား၊ပြဲသွားခဲ့ရင် ဘယ်လိုလုပ်မလဲ မတော်တဆ ကွန်ဒုံးပေါက်သွား၊ပြဲသွားခဲ့ရင် ဘယ်လိုလုပ်မလဲ ဆိုတော့ ၁။ လမ်းခုလတ်မှာ ပေါက်သွား၊ပြဲသွားရင် ဘယ်လိုလုပ်မလဲ ကောင်းခန်းရောက်နေတုန်း ကွန်ဒုံးပေါက်သွားပြီလို့ ခံစားလိုက်မိရင် တချို့တချို့သော ဆရာသမားတွေဟာ အရှိန်ပျက်မခံဘဲ ဆက်လက်ချီတက်ကြပါတယ်။ ဒါဟာ အင်မတန်မှကို ကြောက်ဖို့ကောင်းသလို၊အင်မတန်လည်း […]


ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

ပုရိသတို့နှင့် လိင်စိတ်ပြီးမြောက်မှု အဟန့်အတားဖြစ်ခြင်း

လိင်စိတ်ပြီးမြောက်မှု အဟန့်အတားဖြစ်ခြင်းဆိုတာ ဘာလဲ။ လိင်ဆက်ဆံနေစဉ်နဲ့ လိင်စိတ်ပြီးမြောက်တဲ့အချိန်မှာ သုက်ထွက်ဖို့၊ လိင်စိတ်ဆန္ဒပြည့်ဝဖို့ အဟန့်အတားဖြစ်ခြင်းကို ဆိုလိုတာပါ။ လေ့လာချက်အရ အမျိုးသမီးတွေမှာ ပိုအတွေ့များပြီး အမျိုးသားအများစုမှာ လိင်စိတ်ပြီးမြောက်မှု အဟန့်အတားဖြစ်တဲ့ လက္ခဏာတွေကို တွေ့ရပါတယ်။ များသောအားဖြင့် ဒီလိုမျိုး လက္ခဏာတွေက ကျန်းမာရေးဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာမှာ တစ်ခုခု ချွတ်ယွင်းချက် ရှိနေတာကြောင့်ပါပဲ။ ဖွင့်ဟဝန်ခံရမှာ ရှက်ရွံ့တာကြောင့် အမျိုးသားတော်တော်များများက မြိုသိပ်ထားလိုက်တဲ့အခါ အလွယ်တကူ ပျောက်နိုင်တဲ့ ဝေဒနာက နှစ်ရှည်လများ စွဲသွားပြီး လိင်မှုဘဝနဲ့ ကျန်းမာရေးကို ပိုပြီး ထိခိုက်လာတော့တာပေါ့။ လိင်စိတ်ပြီးမြောက်မှုကို ဟန့်တားနေတဲ့ အရာတွေက ဘာတွေလဲ။ ၁။ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ - ဆီးချို၊ နှလုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါတွေ၊ ဦးနှောက်နဲ့ အာရုံကြော ထိခိုက်မိတာ၊ ဟော်မုန်းမျှခြေ ကမောက်ကမ ဖြစ်တာ (အမျိုးသားတွေမှာ ကျားဟော်မုန်း Testosterone […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ကွန်ဒုံးတွေကို အန္တရာယ် ကင်းကင်းနဲ့ ဘယ်လိုသုံးကြမလဲ။

ကွန်ဒုံးတွေကို အန္တရာယ် ကင်းကင်းနဲ့ ဘယ်လိုသုံးကြမလဲ။ သင်က လိင်ဆက်ဆံချင်တယ်၊ သန္ဓေနဲ့ လိင်မှတစ်ဆင့်ကူးစက်တဲ့ ရောဂါ sexually transmitted infections (STIs) တွေကိုလည်းတားဆီးချင်တယ်၊ ဆေးလည်းမသောက်ချင်ဘူးဆိုရင် ကွန်ဒုံးတွေက သင့်အတွက် ရွေးချယ်စရာတစ်ခုပါပဲ။ ကွန်ဒုံးတွေကို အန္တရာယ် ကင်းကင်းနဲ့ ဘယ်လိုသုံးကြမလဲ။ ကွန်ဒုံးတွေကို အန္တရာယ် ကင်းကင်းနဲ့ ဘယ်လိုသုံးကြမလဲ။ ဆိုတော့ ကွန်ဒုံးတွေဟာ ဈေးလည်းသိပ်မကြီးတဲ့ အပြင် လူလုပ်ဟော်မုန်းတစ်ခုမှ မပါဘဲ လိင်အင်္ဂါနှစ်ခုကြား အကာတစ်ခုအနေနဲ့ လုပ်ဆောင်ပေးတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဒါအပြင် ကွန်ဒုံးတွေကို သင့်ရဲ့ နီးစပ်ရာ ဆေးဆိုင်တွေနဲ့ တစ်ခြားစတိုးဆိုင်တွေမှာ အလွယ်တကူ ဝယ်ရလို့ရနိုင်ပါသေးတယ်။ ကွန်ဒုံးတွေက ဘယ်လိုသန္ဓေတားပေးသလဲ။ ကွန်ဒုံးတွေဟာ လိင်ဆက်ဆံချိန်မှာ သင်နဲ့ သင့်အဖော်အကြား အတားအဆီးတစ်ခု အဖြစ်လုပ်ဆောင်ပေးတာ ဖြစ်ပါတယ်။ ကွန်ဒုံးတွေဟာ သင် ခန္တာကိုယ်ထွက် အရည်နဲ့ အစိတ်အပိုင်းတစ်ချို့ကို အဖော်ဖြစ်သူရဲ့ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ကွန်ဒုံး ကို ပါးစပ်နဲ့လိင်ဆက်ဆံချိန် အသုံးပြုဖို့ လိုလား

ကွန်ဒုံး ဆိုတာ လုံခြုံစိတ်ချရတဲ့ လိင်မှုဘဝအတွက်တော့ မရှိမဖြစ်ပါ။ ကွန်ဒုံးတွေဟာ ကိုယ်ဝန်ရရှိခြင်းနဲ့ လိင်မှတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါပိုးတွေကို ကာကွယ်ပေးပါတယ်။ သူတို့ဟာ သုက်ပိုးနဲ့ မိန်းမကိုယ်၊ စအို၊ နဲ့ ပါးစပ်တို့ကထွက်ရှိတဲ့ အရည်တွေကို ပေးတဲ့ ခြားထားပေးတဲ့ ကြားခံအရာအဖြစ် အလုပ်လုပ်ပါတယ်။ အမျိုးသားရော အမျိုးသမီးအတွက်ပါ ကွန်ဒုံးတွေရှိပါတယ်။ ဒါပေမယ့် နှစ်ခုလုံးကို တစ်ကြိမ်တည်းမှာ ရောမသုံးရပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ဟာ တစ်ခုနဲ့ တစ်ခုကပ်ပြီး ပေါက်တတ်လို့ ဖြစ်ပါတယ်။ ကွန်ဒုံး ကို ပါးစပ်နဲ့လိင်ဆက်ဆံချိန် အသုံးပြုဖို့ လိုလား ကွန်ဒုံးကို ပါးစပ်နဲ့လိင်ဆက်ဆံချိန် အသုံးပြုဖို့ လိုလား ဆိုတာကို ဆောင်းပါးထဲမှာ ဆက်ကြည့်လိုက်ပါ။ အမျိုးသားသုံး ကွန်ဒုံးဆိုတာ ဘာကိုပြောတာလဲ။ အမျိုးသားသုံးကွန်ဒုံးဆိုတာ လိင်ဆက်ဆံတဲ့အခါ အမျိုးသားရဲ့ လိင်တံပေါ်မှာ ဝတ်ရတဲ့ ပါးလွှာတဲ့ ပလပ်စတစ် အဖုံးတစ်ခုဖြစ်ပါတယ်။ ပုံစံအမျိုးမျိုးရှိတတ်ပါတယ်။ ပလပ်စတစ် ကွန်ဒုံးတွေကို […]


ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်အစော်ကားခံရပြီး နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ

မှုခင်းသတင်းတွေထဲမှာ ထိပ်ဆုံးကနေ အမြဲတက်လာပြီဆိုရင် စိတ်မချမ်းမြေ့ဖွယ်ရာ လိင်အကြမ်းဖက်အစော်ကားခံရတဲ့ သတင်းတွေချည်းပါပဲ။ ဒီလို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားမှုတွေ တစ်နေ့ထက် တစ်နေ့ များလာတယ်ဆိုတာ ပြည်သူလူထုအားလုံးအတွက် စိတ်မအေးစရာ အခြေအနေပါ။ ဒါ့အပြင် အစော်ကားခံရတဲ့ သူတွေမှာလည်း တစ်သက်စာ စိတ်ဒဏ်ရာအမာရွတ်တွေအပြင် နောက်ဆက်တွဲ လူမှုရေးနဲ့ ကျန်းမာရေးပြဿနာတွေကြောင့် သူတို့တွေရဲ့ ဘဝက အမြဲထိတ်လန့်ပူလောင်ကြောက်ရွံ့နေရမှာပါ။ ဒီနေ့ပြောပြပေးမယ့် အကြောင်းအရာကတော့ အလိုမတူဘဲ လိင်အစော်ကားခံရသူတွေရဲ့ ဘဝမှာ ဖြစ်လာနိုင်တဲ့ ပြဿနာတွေနဲ့ ကျန်းမာရေးပြဿနာတွေအကြောင်းပဲဖြစ်ပါတယ်။ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားမှု ဘယ်နှစ်မျိုးရှိလဲ။ ၁။ အလိုမတူဘဲ သားမယားပြုကျင့်တာ ၂။ လုပ်ငန်းခွင်မှာ လုပ်ဖော်ကိုင်ဖက်အချင်းချင်း ထိကပါး ရိကပါး လုပ်တာ ၃။ အထက်လူကြီးက လက်အောက်ငယ်သား ဝန်ထမ်းဖြစ်သူကို ခြိမ်းခြောက်ပြီး အကြပ်ကိုင်ပြီး လိင်မှုကိစ္စပြုကျင့်ဖို့ ကြံစည်ခြင်း ၄။ ကျား၊ မ အခြေပြု လိင်အကြမ်းဖက်စော်ကားခြင်း ၅။ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ၊ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

အနောက်တံခါးထဲ ချစ်သူကိုပေးမဝင်ခင် ဘာတွေပြင်ဆင်ထားမလဲ

မိန်းကလေးတွေအတွက်တော့ လိင်မှုကိစ္စဆောင်ရွက်ရဖို့ အမြဲစိုးရိမ်နေရတာ၊ စဉ်းစားတွေးတောစရာတွေ များတာ သဘာဝပါပဲ။ ချစ်သူ၊ လင်မယားရယ်လို့ ဖြစ်လာပြီဆိုရင် ဒီကိစ္စနဲ့ပတ်သက်ပြီး ရှက်နေလို့တော့ ဘယ်ဖြစ်မလဲ။ သိထားဖို့ လိုအပ်တာကတော့ လိင်မှုကိစ္စဆိုတာ လူသားတိုင်းရဲ့ ဘဝမှာ မရှိမဖြစ် ပါဝင်သင့်တဲ့ အရေးကြီးဆုံး အရာတွေထဲက တစ်ခုဆိုတာပါပဲ။ ဒါပေမဲ့လည်း ကိုယ်က ဒီလို ကိစ္စတွေ ဆောင်ရွက်ဖို့ကို အဆင်သင့်ဖြစ်နေမှ၊ စိတ်ပါနေမှ အဆင်ပြေမှာပါ။ အထူးသဖြင့် ပုံမှန်လိင်ဆက်ဆံမှုမျိုးမှာတောင် တွေဝေနေတတ်တဲ့ မိန်းမသားတွေအတွက် အနောက်တံခါးထဲ (စအိုဖြင့်) လိင်ဆက်ဆံရမှာကို ပိုပြီးတောင် စိုးရိမ်ပူပန်နေမှာပါ။ ဒီဆောင်းပါးလေးမှာတော့ စအိုဖြင့် လိင်ဆက်ဆံခြင်းမပြုမီ ဘာတွေသိထားသင့်လဲ၊ ဘာတွေကို ကြိုပြီး ပြင်ဆင်ထားသင့်လဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ အနောက်တံခါးထဲ ချစ်သူကိုပေးမဝင်ခင် ဘာတွေပြင်ဆင်ထားမလဲ ၁။ အရင်ဆုံး ကိုယ့်ချစ်သူနဲ့ သေချာတိုင်ပင်ကြည့်ပါ။ ဘယ်သူ့ရဲ့ ဆန္ဒကြောင့်ပဲဖြစ်ပါစေ ဒီလိုအပြုအမူအတွက် ၂ဦး၂ဖက် […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)